လကွယ်ညမှာ ချစ်သူအရိပ်တွေ ဘယ်များတွယ်ကပ်နေမလဲ စိတ်ပူတဲ့ အရူးတစ်ယောက်လို အရှိုက်ကို ထိုးနှက်ခံခဲ့ရလို့ လူမမြင်နိုင်တဲ့ ရင်ဘတ်ထဲ တစစီဖြစ်ခဲ့ရပြီ အဲတာ အတွင်းကြေ။ နှလုံးသား မှတ်တမ်းတွေ ထားစရာနေရာမရှိတာလား ည ည ငါ့အခန်းထဲ ငါတစ်ယောက်ထဲ ကဗျာတွေနဲ့ ရှုပ်နေတာ အဲတာ အလုပ်တခုပေါ့ လဲမကျဖူးတဲ့ ခြေလှမ်း ဘယ်များရှိမလဲ ခဏခဏ လဲကျတယ် ခဏခဏ ပြန်ထတယ် မကြာခဏ အရှုံးနဲ့ရင်ဆိုင်ရတယ် မကြာခဏ အနိုင်ရပြန်တယ် အဲတာလူ့လောက ။ မင်းအကြောင်း ကောင်းသတင်း မကောင်းသတင်း အစုံ ကြားနေရမှာ ကောင်းသတင်းပြောသူများကို ချစ်ခင်ပြီး မကောင်းသတင်းပြောသူများကိုလဲ ကြင်နာပါ မမုန်းမိပါစေနဲ့ လူတိုင်းမှာ အကြောင်းပြချက်တွေ အများကြီးရှိနေတဲ့ ကမ္ဘာ အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ ငါ့နှလုံးသား ခံစားချက် စစ်စစ်တွေ လူချင်းနီးနေလဲ စိတ်ချင်းဝေးတဲ့ ဘ၀ ငါမလိုချင်ဘူးကွယ် တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ နှလုံးသားထပ်တူနဲ့ ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ ။ jasmine |
အမြဲ ထပ်တူ
Posted by
စံပယ်ချို
|
Monday, July 30, 2012
Popular Posts
-
ရင်ဘတ်လွင်ပြင် နှလုံးသားရင်ပြင် အကြင်နာမြေဆီပေါ်ဝယ် ဘုရားပေးတဲ့ ချစ်ခြင်းမျိုးစေ့ ငါပျိုးထားခဲ့တယ် မေတ္တာရေလောင်းပြီး အတ္တပေါင်းပင်တွေ အ...
-
ငါ့ အတွေးထဲက ရှိစု မဲ့စု စကားလုံးတွေ အားလုံး ရေးချ ပြီး ကဗျာလုပ်တော့ ကာရံတွေကျဲလာတယ် ကောင်းကင်ကြီးအမြဲမှောင်မဲနေတယ် အလင်းရောင်...
-
http://kokomaunguk.blogspot.com/(သာဂျီးမင်း) စံပယ်ချို အမယ်အို တကယ်ပျို။ မွေးနေ့မှာ ထွေးပွေ့စရာ ပြေးတွေ့ရှာ။ ရည်စူးကာနေ ကြည်နူးပါစေ သီ...
-
မိုးရာသီရဲ့ ဖောက်ပြန်ခြင်းအောက်က ထီးမရှိတဲ့ ဘ၀တွေ နွေရာသီရဲ့ အပူဒဏ်အောက်က ဖိနပ်မပါတဲ့ လူတွေ ကိုယ်ကျင့်တရား မညီညာခြင်းနဲ့ ပတ်ဝန်း...
-
ကြားမိလား နိုဝင်ဘာလိုလို ဒီဇင်ဘာလိုလို အေးအေး ချမ်းချမ်း အပြုံးတွေ သရမ်းမှု မရှိပဲ သူဝင်လာတာပါ ကြားမိလား တည်တည် တန့်တန့် ...
-
ဒီနေ့ ၂၈-၁၂-၂၀၁၁ ကတော့ ကျွန်မ jasmine ရဲ့မွေးနေ့ဖြစ်ပါတယ်ရှင် ကိုယ်တိုင် ဘာမှ မလုပ်နိုင်ပဲ တီတင့်- Angelhlaing-အဖြူလေး-မောင်တစ်လုံး တို့ရဲ့ေ...
-
မပေါင်းလဲခက်၊ ပေါင်းလဲခက် မရှိမကောင်း၊ ရှိမကောင်း မတောင်းရင်ပေး၊ တောင်းရင်ငေး ကျွေးရင်မစား၊ မကျွေးရင်ပွား အဲတာ ကျွန်မ အကြောင်းများပါရှင့် ။ ...
-
မိုးဖွဲလေးရွာနေတာတညလုံး မိုးလင်းထိ၊ တချက် တချက်လေပြင်းရိုက်ချက်ကလူတကိုယ်လုံးလွှင့်ထွက်မတတ်ခံစားရတယ် ပတ်ဝန်းကျင်ကမြင်မြင်သမျှ မှုန်ပြ...
-
“အလုပ်မလုပ်ရ သေးတဲ့ နှလုံးသား ” ဆရာဝန် တစ်ဦးသည် နှလုံး အသစ် လဲလှယ်တပ်ဆင်မှ...
-
ဘဝဆိုတာ ဆေးစက်ကျရာ အရုပ်ထင်သလို စိတ်ကူးသက်သက်နဲ့သာ တည်ဆောက်လို့ရရင် ဘယ်လောက်များ ငြိမ်းချမ်းသာယာလိုက်မလဲနော် တိတ်ဆိတ်ငြိမ်းချမ်းတဲ့ တောင...
30 comments:
ကဗျာလာဖတ်ပါတယ် အစ်မစံပယ်..နောက်ဆုံးကစာကြောင်းကလေး ကြိုက်လိုက်တား)
အနေရှုပ်ထွေးတဲ့ လောကကြီးအလယ်မှာ
တစ်ယောက်နဲ့တစ်ယောက် အလှမ်းဝေးနေလည်း
နှလုံးသားချင်း ထပ်တူကျနေရင် အားလုံးပြီးပြည့်စုံပါပြီ ဂျက်ရေ။ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ
နှလုံးသားထပ်တူနဲ့
ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ
:):)
အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ
မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ
ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ....
အတွင်းကြေဆိုတော့ ဖြူဖြူကျော်သိန်းပေါ့နော်.
အားပေးတွားတယ် စံပယ်ရေ။ တကယ်ကောင်းတဲ့
ကဗျာလေးပါ...
ချစ်တဲ့
အလွမ်း
ခုန မန့်တာ အကောင့်မှားလို့...သများအကောင့်
လုပ်ပေးရင် မန့်မိတယ် စံပယ်ရေ။
ကဗျာလေးက အရမ်းကောင်းတယ်။
အတွင်းကြေဆိုတော့ (ဖြူဖြူကျော်သိန်းပေါ့နော်)
အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ
မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ
ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ
အရှိုက်ကို ထိုးနှက်ခံခဲ့ရလို့
လူမမြင်နိုင်တဲ့
ရင်ဘတ်ထဲ
တစစီဖြစ်ခဲ့ရပြီ
အဲတာ
အတွင်းကြေ။.....ဟုတ်တယ်နော်မမ အဲ့ဒါ အတွင်းကြေ...:)))
ခံစားအားပေးလျှက်..
လူချင်းနီးနေလဲ
စိတ်ချင်းဝေးတဲ့ ဘ၀ ငါမလိုချင်ဘူးကွယ်
*ကဗျာလေးအ၇မ်းကောင်းတာပဲတခါတမျိုးမရိုးနိုင်ဘူး...
အရိုးထဲကိုစိမ့်ဝင်သွားဒတာပဲ..*မစံပါယ်ရယ်..
ငါ့နှလုံးသား
ခံစားချက် စစ်စစ်တွေ
လူချင်းနီးနေလဲ
စိတ်ချင်းဝေးတဲ့ ဘ၀ ငါမလိုချင်ဘူးကွယ်
တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ
နှလုံးသားထပ်တူနဲ့
ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ ။
အဲစာသားလေးအရမ်းကြိုက်တယ်မမရေ
ဆက်လက်ကြည်ဖြူချစ်ရည်တူကြပါစေ မမစံပယ် ရေ
ချစ်တဲ့
ဂျာရစ်
လူတိုင်းမှာ
အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ
မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ
ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ
ရင်မှာခံစားသူမမြင်နိုင်ပေ ....
ခင်တဲ့
မိုးသူ(တောင်ကြီး)
ကွန့်မန့်လေး ပေးရဖို့ ရှာလိုက်ရတာ...မော
ခံစားချက်အတုတွေနဲလာဖတ်သွားပါတယ်...အဟဲ
ခင်မင်တဲ့
seesein
ကွန့်မန့်လေးရေးဖို့ရှာလိုက်ရတာ......ဟောဟဲမော
ခံစားချက်စစ်စစ်တွေကို ခံစားချက်အတုတွေနဲ့လာဖတ်သွားပါတယ်
ခင်မင်တဲ့
seesein
လူမမြင်နိုင်တဲ့ရင်ဘတ်ထဲ တစ်စစီဖြစ်ခဲ့တာ ကြာပါပြီ။ ဟုတ်ပါတယ် အဲဒါ အတွင်းကြေ တကယ့်အတွင်းကြေ စစ်စစ်ကြီးရယ်။
ကဗျာကလေးက ခံစားချက်အစစ်တွေနဲ့ဆိုတော့ စကားလုံးတွေလည်း ထိမိလိုက်တာ.. စံပါယ်ရေ.. :)
ချစ်ခြင်းတွေ အမြဲထပ်တူကျပါစေ
လဲမကျဖူးတဲ့ ခြေလှမ်း
ဘယ်များရှိမလဲ
ခဏခဏ လဲကျတယ်
ခဏခဏ ပြန်ထတယ်...
ကောင်းသတင်းပြောသူများကို ချစ်ခင်ပြီး
မကောင်းသတင်းပြောသူများကိုလဲ
ကြင်နာပါ မမုန်းမိပါစေနဲ့...
စကားလုံးတွေက လက်ရာမြောက်လိုက်တာစံပယ်ရာ.
အားပေးခဲ့ပါတယ်နော်။
ခင်တက်တဲ့
လေပြေချို
ည ည ငါ့အခန်းထဲ
ငါတစ်ယောက်ထဲ
ကဗျာတွေနဲ့ ရှုပ်နေတာ
အဲတာ အလုပ်တခုပေါ့ .. မီးကိုစောင်းပြောနေသလိုပဲ :))
လဲမကျဖူးတဲ့ ခြေလှမ်း
ဘယ်များရှိမလဲ
ခဏခဏ လဲကျတယ်
ခဏခဏ ပြန်ထတယ်
မကြာခဏ အရှုံးနဲ့ရင်ဆိုင်ရတယ်
မကြာခဏ အနိုင်ရပြန်တယ်
အဲတာလူ့လောက ။
သိပ်ကိုမှန်တဲ့စကားလေးပဲ အစ်မဂျက်.။
တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ
နှလုံးသားထပ်တူနဲ့
ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ ။
ခံစားသွားတယ် အမရေ...:-)
ကောင်းလိုက်တဲ့ ကဗျာလေး ဂျက်စ်ရေ
ထပ်တူခံစားသွားပါတယ်နော်..
လူတိုင်းမှာ
အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ
အဲ့ဒါလေးတော့ အရမ်းမှန်တယ် မဂျက်ရေ...
လာလည်သွားပါတယ်...နောက်လည်းလာလည်ပါဦးမယ်
ဟိုး...နောက်ထပ်နောက်ထပ်လည်းလာပါမယ်...ဟီးဟီး...ပထမဆုံးရောက်တာပါ..ကဗျာလေးတွေဖတ်သွားပါတယ်....
ရေးတတ်လိုက်တာ။အရမ်းကြိုက်တယ်
မမစံပယ်တို့ကတော့ ဘယ်ချိန်ရေးရေး
ကဗျာလေးကကောင်းနေတာပဲ
မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ
ရင်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားမူလေးကို
ကဗျာထဲမှာသောင်းကျန်းမိသူလေးပေါ့
နှလုံးသား မှတ်တမ်းတွေ
ထားစရာနေရာမရှိတာလား
ည ည ငါ့အခန်းထဲ
ငါတစ်ယောက်ထဲ
ကဗျာတွေနဲ့ ရှုပ်နေတာ
အဲတာ အလုပ်တခုပေါ့
လဲမကျဖူးတဲ့ ခြေလှမ်း
ဘယ်များရှိမလဲ
ခဏခဏ လဲကျတယ်
ခဏခဏ ပြန်ထတယ်
မကြာခဏ အရှုံးနဲ့ရင်ဆိုင်ရတယ်
မကြာခဏ အနိုင်ရပြန်တယ်
အဲတာလူ့လောက ။
အမှန်တရားတွေပါပဲ အမရေ..
လာအားပေးသွားတယ်နော်..း)
လူတိုင်းမှာ
အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ
မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ
ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ
ငါ့နှလုံးသား
ခံစားချက် စစ်စစ်တွေ
လူချင်းနီးနေလဲ
စိတ်ချင်းဝေးတဲ့ ဘ၀ ငါမလိုချင်ဘူးကွယ်
တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ
နှလုံးသားထပ်တူနဲ့
ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ ။
ဒီအပိုဒ်လေး အရမ်းမိုက်တယ်ဗျာ........
စာလာဖတ်ပါတယ်.........
ခရီးလွန်တာတွေ မအားတာတွေ
အထွေထွေကိစတွေများလို့
တစ်ခါတစ်လေမှ စာတွေပေါင်းဖတ်ဖြစ်
လို့ စိတ်မရှိပါနဲ့လို့
ခဏခဏ လဲကျတယ်
ခဏခဏ ပြန်ထတယ်
မကြာခဏ အရှုံးနဲ့ရင်ဆိုင်ရတယ်
မကြာခဏ အနိုင်ရပြန်တယ်
အဲတာလူ့လောက ။
Post a Comment