Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကဗ်ာတုိ(ရ)

| Saturday, July 21, 2012
ကျေးဌက်တွေမှာ 
စကားသံတွေရှိတယ်
စမ်းရေတွေထဲမှာ 
သံဇဉ်တွေရှိတယ်
ငါ့ နှလုံးသားထဲ 
မင်းအမြဲရှိနေတယ် 
ယုံပေးပါ ချစ်သူ။ 

jasmine

24 comments:

{ လွင်ပြင်လှိုင်းငယ် } at: July 21, 2012 at 10:12 PM said...

ကျေးငှက်ရဲ့ စကားသံမှာ
ချစ်ခြင်းတွေပါမယ်
စမ်းချောင်းထဲက သံယောဇဉ်တွေက
နှလုံးသားပင်လယ်ထဲကို စီးဝင်မယ်
မင်းမရှိတဲ့ နှလုံးသားက ပုပ်အက်နေမယ်
ထို့ကြောင့်
လန်းလန်းလေးလှတဲ့ နှလုံးသားလေးရှိရန်
မင်းက နှလုံးသားမှာ ထ၀ရရှိနေမယ်ဆိုတာလဲ
ချစ်သူလေး ယုံပေးပါ ။

ဟဲ ဟဲ ဘယ်ရမလဲ သဲဘုစုခရု
နာလဲ ပြန်ရေးတာပေါ့ ။

{ အလွမ်းမြို့ } at: July 21, 2012 at 11:36 PM said...

အေးတာဘဲ အပြန်အလှန် မန့်ကြတာ။
အနေဝေးပြီး မြင်ကြဘူးဆိုတော့။
နာမည်တောင်ပေးလိုက်သေး အသဲဘုစုခရုတဲ့။
((ခရု)က စားခရုလား ဟင်။
စားခရုဆို ( ကရင်တာလပေါ)ထဲ ထည့်ချက်မလို့.
ခိ ခိ ခိ. ချစ်လို့စတာ


လာအားပေးသွားတယ် စံပယ်။

ကျေးငှက်ရဲ့ တေးသံက
ငါ့တို့နှစ်ယောက်အတွက် အာရုံဦး ပျော်ရွှင်ခြင်းဖြစ်သလို
စမ်းချောင်းစီးဆင်းတာကလည်း
ငါ့ရင်ထဲကချစ်ခြင်းတွေ
မင်းရင်ထဲအရောက်ပို့ ပေးဖို့ဘဲ။
(ဂလို ..ဂလို.. ဂလို) ထပ်လျှာရှည်လိုက်တယ်.


ခင်တဲ့
အလွမ်း

{ mstint } at: July 22, 2012 at 1:26 AM said...

အော် ဒီမောင်နှမနှစ်ယောက် လိုက်လဲလိုက်ပါ့ :P
ကဗျာနှစ်ပုဒ်လုံး အားပေးသွားတယ် ဂျက်နဲ့လွင်ပြင်လေးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ 3rdthameetaw } at: July 22, 2012 at 1:32 AM said...

ဒီနှစ်ယောက် က အိမ်မှာလူခြင်းမတွေ့ လို့ 
စာ နဲ့ဆက်သွယ်နေသလားထင်ရတယ်
ကဲ တယ် ကွာ...ဟွန့်  နာလိုတော့ဘူး..ခိခိ

{ မိုးသူ(တောင်ကြီး) } at: July 22, 2012 at 2:16 AM said...

ဒီမှာဗျို့ ....

ချစ်သူနှစ်ဦး ကဗျာတွေနဲ့ပစ်ပေါက်ရင်း

ကလူကျီစယ်နေကြပါတယ်ဗျို့ 

အဲဒါကို ကျွန်တော်မောင်မိုးသူ

အလိုက်ကမ်းစိုးမသိ

ဝင်ရှုပ်မိပါတယ်ခင်ဗျာ

မဂျက်နဲ့ ကိုလွင်ပြင်တို့ စုံတွဲကိုကြည့်၇တာ

အရမ်းကိုစိတ်ချမ်းသာတာပဲ

ခင်တဲ့

မိုးသူ(တောင်ကြီး)

{ Cameron } at: July 22, 2012 at 6:18 AM said...

စာဖတ်သူတွေကို အမြဲတမ်းအားကျအောင် မရိုးနိုင်တဲ့ အချစ်ကဗျာလေးတွေ ရေးစပ်နိုင်ပါ့ မမဂျက်..။

{ Angelhlaing(May everybody be happy and healthy! } at: July 22, 2012 at 9:30 AM said...

ကျေးဌက်တွေမှာ
စကားသံတွေရှိတယ်
စမ်းရေတွေထဲမှာ
သံဇဉ်တွေရှိတယ်
ငါ့ နှလုံးသားထဲ
မင်းအမြဲရှိနေတယ်
ယုံပေးပါ ချစ်သူ။ ...မိုက်လှချည်လား မမ:)

{ ညီရဲသစ် } at: July 22, 2012 at 2:08 PM said...

တို့ အစ်ကိုနဲ့ အစ်မတို့ ကတော့ ဟုတ်ကိုနေတာဘဲဟေ့... မိုက်တယ်...း)

{ ချစ်စံအိမ် } at: July 22, 2012 at 6:19 PM said...

အားပေးသွားတယ်မမရေ

Anonymous at: July 22, 2012 at 9:50 PM said...

သဘောကျမိပါတယ်ရှင် အမဂျက်ရေ...းး))

{ Latt Latt } at: July 22, 2012 at 10:52 PM said...

အပြန်အလှန်ရေး ကဗျာတို ၂ပုဒ်ပါလား

{ Yoemyaykya } at: July 22, 2012 at 11:01 PM said...

မင်းနှလုံးသားထဲ ငါ အမြဲရှိနေတာ ယုံပေးပါတယ်။ ယုံပေးနေပါတယ်။

{ မိုးညချမ်း } at: July 23, 2012 at 12:55 AM said...

မမ ... ညလေး ဒီကဗျာတိုလေးကိုလည်း ကြိုက်တယ် ... :)

{ ဧဒင်အချစ်ပုံပြင် } at: July 23, 2012 at 4:27 AM said...

မကြီးရေကဗျာလေးကိုနှစ်သက်သွားခဲ့ပါတယ်ဗျာ...

{ ကိုရင် } at: July 23, 2012 at 11:22 AM said...

အိမ်း.. လုပ်ကြဟ.. :)

{ အလင်းသစ် } at: July 23, 2012 at 1:42 PM said...

ကျွန်တော် သွားပြောပေးမယ် အမတော်... စိတ်ချ.. :P

{ သူကြီးမင်း (တုံးဖလား) } at: July 23, 2012 at 5:25 PM said...

ယုံပါတယ်။ ယုံပါတယ်။
ဒီလောက် ကဗျာတွေ ထွက်နေမှတော့ ရင်ထဲမှာ သူရှိတယ်ဆိုတာ။း)

Anonymous at: July 23, 2012 at 7:17 PM said...

တိုတိုလေးနဲ့ သိပ်ထိမိတဲ့ ကဗျာလေးပဲ မမ
စံပယ်ပန်းများနဲ့ မိုးထားတဲ့ ကဗျာလွင်ပြင်လေးး နာမည်လေးက သိပ်လှတယ်
ကဗျာလေးတွေကလည်း ရမ်းချစ်ဖို့ကောင်းတယ်
မမကလည်း ရမ်းချစ်စရာကောင်းတဲ့သူဖစ်မှာပဲ :)

~ Kk ~

{ မြတ်နိုးသူ } at: July 23, 2012 at 9:01 PM said...

မမစံပယ်ကဗျာလေးကိုလာအားပေးသွားပါတယ်နော်

{ မဒမ်ကိုး } at: July 24, 2012 at 12:23 AM said...

အာ အာ အာ သူတို့တွေလွန်နေပြီနော် သများတို့ကိုမှအားမနာဟွန်းးဟွန်းးး

ငဂျာရစ်

{ လရိပ်အိမ် } at: July 24, 2012 at 2:40 AM said...

ယုံပါတယ်

{ ...အလင်းစက်များ } at: July 24, 2012 at 2:44 AM said...

ဂျက်ရေ....... ကော်မန့် ဖွင့်ထားပါတယ်ဗျ။ spam ထဲလည်း စစ်လိုက်ပါတယ်။ မ၀င်လာဘူးရယ်။ ခုတစ်လော ဘလော့တွေ နည်းနည်း ကြောင်နေသလိုပဲဗျာ။

ကဗျာတိုလေး မိုက်တယ်။ အမြဲလန်းဆန်းနေပါစေ။

{ အိပ်မက်ကောင်းကင် } at: July 24, 2012 at 3:07 AM said...

ကဗျာလေးကတိုတိုလေးနဲ့ ကိုကိုလွင်ပြင်လှိုင်းငယ်ကို
ဟက်ထိသွားစေတယ် ဟဲ
ကဗျာတွေကိုလာအားပေးသွားတယ်နော်
မမစံပယ် ^_^

{ ဧဒင်အချစ်ပုံပြင် } at: July 25, 2012 at 6:17 AM said...

ဧဒင်လာရောက်ခဲ့ပါတယ်နော်...သောကအထွေထွေနဲ့
ပွေရှုပ်ခံရတဲ့ လောကထဲမှာ
အရောင်တွေစွန်းနေတဲ့
အမှန်တရားကိုလဲ
မိတ်ဆွေမဖွဲ့လိုတော့ပါဘူးကွယ် ။ ရင်ကိုထိစေပါတယ်ဗျာ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine