သံယောဇဉ်တံခါးတွေ
တချပ်ပြီး တချပ်
နှလုံးသားကို အထပ်ထပ်
လုံခြုံမှုရအောင်
ငါ
ကျိုးစားခဲ့တယ် ။
စိမ်းကားခြင်းတွေ
သေသေ သပ်သပ်နဲ့
ဝင်လာတော့
သတိမထားမိလိုက်ဘူး
အခြေအနေ အရပ်ရပ်ကိုသိတဲ့အချိန်
ကန္တရ သဲမုန်တိုင်းလို
ရင်ဘတ်ထဲ
အရှိန်ပြင်းပြင်းနဲ့
ဝင်ရောက်ခဲ့ပြီ
အဲတာ
ဥပေက္ခာတဲ့လေ ။
ယုံကြည်မှုတွေအစကတော့
မိမိရရ ဆုပ်ကိုင်ခဲ့တာပဲ
ဘယ်အချိန်က လွတ်ကျမှန်း မသိလိုက်ဘူး
အိပ်မက်ထဲ ကောင်းကင်ပြာကြီးအောက်မှာ
သစ်တောတို့ စိမ်းလန်းနေတယ်
အိပ်ယာကနိုးတော့
အညာနွေ ငါရောက်နေပြီ ။
အရှုံးကိုမကြောညာခင်ပဲ
ငါ
စင်အောက်ရောက်နေပါပြီ ချစ်သူ
ဒါမှလဲ အောင်မြင်တဲ့
မင်းရဲ့ အပြုံး
ငါ ကွင်းကွင်း ကွက်ကွက်မြင်ရမှာလေ
ကျေနပ်ပါတယ်ချစ်သူရယ်
အက်ကွဲ မွကြေနေတဲ့
နှလုံးသား
အရှုံးလို့လဲ
မတွေးတော့ပါဘူး
ခပ်ယိုင်ယိုင်ဖြစ်နေတဲ့
ခြေလှမ်းတွေ
ပြန်မတ်ဖို့
ကြိုးစားရဦးမယ်
ရိုးသားစွာနဲ့
ငါ
ထာဝရ ရပ်တည်နိုင်အောင် ။
(အချိန်တွေကို မအားလပ်စွာနဲ့ ဆက်ကျိုးစာနေတဲ့
ကျွန်မ မအားတဲ့အချိန်များစွာထဲကပဲ ဒီကဗျာလေးကို ခပ်သုတ်သုတ်လေး
ဖန်ဆင်းခဲ့ပါတယ် ရှေ့လျှောက်ပိုပြီးမအားတော့မှာမို့ပါ)
jasmine
34 comments:
ရင်ဘက်ကို ထိသွားတယ် ...
စင်အောက်မှာ စဉ် ဖြစ်နေပါတယ် မဂျက် ..းး))
ထရီဆာရေ ပြင်လိုက်ပြီနော်
ကျေးကျေး
ကဗျာလေးလာရောက်ခံစားသွားပါတယ်ရှင့်
သံယောဇဉ်တံခါးတွေ
တစ်ချပ်ပြီး တစ်ချပ်ပိတ်ပြီ
နှလုံးသားကို
လုံခြုံအောင် ကြိုးစား နေတယ်..
:D
မအားတဲ့ကြားကနေရေးထားတဲ့
ကဗျာလေးကိုလည်းလာေ၇ာက်
အားပေးသွားပါ၏
မအားတဲ့ကြားကနေရေးထားတဲ့
ကဗျာလေးကိုလည်းလာရောက်
အားပေးသွားပါ၏
မအားတဲ.ကြားကခပ်သုတ်သုတ်ရေးသွားတဲ.ကဗျာလေးကိုခပ်သုတ်သုတ်လေးအားပေးသွားပါတယ်စပယ်လေးရေ။ခင်တဲ.အန်တီလေးမေခင်
သံယောဇဉ်တံခါးတွေ
တချပ်ပြီး တချပ်
နှလုံးသားကို အထပ်ထပ်
လုံခြုံမှုရအောင်
ငါ
ကျိုးစားခဲ့တယ် ။
ဒီစာသားလေးအရမ်းကြိုက်တယ်
သည်ကဗျာလေးက လည်း အရမ်းကောင်းပြီး ရင်ကိုထိတယ် မမစံပယ်
သည်တစ်ပုဒ်ကိုကော် ကုတင်အောက်မှာ အချောသတ်ထားတာလား ^_^
ကဗျာလေးကိုအားပေးသွားပါတယ်
ဂျက်ရေ ဘာလိုမအားတယ်တော့မသိဘူးကွယ်
မအားတာအကြောင်းပြပြီးသမီးတော်ကိုတော့မစိမ်းကား
လိုက်ပါနဲ့ အားငယ်လှချည်ရဲ့ကွယ်...
အမရေ..ဒီကဗျာလေးလဲအရမ်းကိုကောင်းလှပါတယ်..
စာသားလေးတွေက အားလုံးကောင်းလှပါတယ်..
စိမ်းကားခြင်းတွေ
သေသေ သပ်သပ်နဲ့
ဝင်လာတော့
သတိမထားမိလိုက်ဘူး
အခြေအနေ အရပ်ရပ်ကိုသိတဲ့အချိန်
ကန္တရ သဲမုန်တိုင်းလို
ရင်ဘတ်ထဲ
အရှိန်ပြင်းပြင်းနဲ့
ဝင်ရောက်ခဲ့ပြီ
အဲတာ
ဥပေက္ခာတဲ့လေ ။
ယုံကြည်မှုတွေအစကတော့
မိမိရရ ဆုပ်ကိုင်ခဲ့တာပဲ
ဘယ်အချိန်က လွတ်ကျမှန်း မသိလိုက်ဘူး
အိပ်မက်ထဲ ကောင်းကင်ပြာကြီးအောက်မှာ
သစ်တောတို့ စိမ်းလန်းနေတယ်
အိပ်ယာကနိုးတော့
အညာနွေ ငါရောက်နေပြီ ။
တစ်ခါတလေ စိတ်ကူးနဲ့လက်တွေ့က
တခြားစီ ဖြစ်တတ်တယ်ဆိုတာ ...
ခပ်သုတ်သုတ် ဖန်ဆင်းဖြစ်ခဲ့တဲ့
ကဗျာလေးကို ဖတ်ရတာ
ကျေနပ်အားရမိပါတယ် အစ်မရေ
အပြေးအလွှား ရေးခဲ့တဲ့ ကဗျာလေးကို လာဖတ်သွား ပါတယ် မစံပယ်..၊ ကြိုးစားခြင်းတွေရဲ့ အလွန်မှာ အောင်မြင်ခြင်းတွေနဲ့ ဆုံစည်းပါစေဗျာ..။
ကဗျာထဲက လူအရှုံးတွေကကြားက အမြန်ဆုံး ပြန်ထူမတ်နိုင်ပါစေ.
မအားတဲ့ ဂျက်စ် အမြန်ဆုံးအချိန်အားတွေ ပိုင်ဆိုင်ပါစေ...
ကျိုးစား
ကန္တရ
မကြောညာ
သုတ်သုတ်လေးစစ်ကြည့်လိုက်ပါအုန်း..ဂျက်ရေ။ ပိုကောင်းသွားအောင်လို့ ..
ကဗျာလေးကိုသုတ်သုတ်လေးခံစားသွားတယ် ဂျက်ရေး)
အိုင်အိုရာ
ဘာလို့မအားတော့မှာလဲ မမ။ကဗျာတွေမဖတ်ရတော့ဘူးလား။
မအားတဲ့ကြားကရေးထားတဲ့ ကဗျာလေး...အရမ်းကောင်းပါတယ်
အိပ်မက်ထဲ ကောင်းကင်ပြာကြီးအောက်မှာ
သစ်တောတို့ စိမ်းလန်းနေတယ်
အိပ်ယာကနိုးတော့
အညာနွေ ငါရောက်နေပြီ ။
အညာနွေဆိုတာ တအားပူတယ်လို့ကြားဖူးတယ်..
ခပ်သုတ်သုတ်လေးရေးထားတဲ့ကဗျာလေးကို သေချာအားပေးသွားတယ်မရေ...
ကျန်းမာရွှင်လန်းပါစေနော်
ခင်တဲ့
လေပြေချို
အိမ်လာလည်ပြီး ကဗျာပန်းခင်းထဲ အနှံ့လျှောက်သွားခဲ့တယ်....
ချစ်ခင်စွာ...း)
ကဗျာလေးဖတ်သွားပါတယ်အစ်မရေ
ကျွန်တော်လဲ အစ်မပြောသလို
ပေါ်လိုက်ပျောက်လိုက်မဖြစ်ဖို့ ဆက်ကြိုးစားရမယ် :P
ယုံကြည်မှုတွေအစကတော့
မိမိရရ ဆုပ်ကိုင်ခဲ့တာပဲ
ဘယ်အချိန်က လွတ်ကျမှန်း မသိလိုက်ဘူး
အိပ်မက်ထဲ ကောင်းကင်ပြာကြီးအောက်မှာ
သစ်တောတို့ စိမ်းလန်းနေတယ်
အိပ်ယာကနိုးတော့
အညာနွေ ငါရောက်နေပြီ ....
ခံစားပြီအမဖြူရေ...အမတော့ဘာရေးရေးကဗျာဖြစ်တယ်ဗျာ... အားကျတယ်အမရေ...အမြဲအားပေးလျှက်ပါခင်ဗျာ..
ခင်မင်စွာဖြင့်
ရာဇာထွေး
စံပယ်ရေ..
နက်တွေပြတ်တာနဲ့ ခြေတောက်ရိုက်ချိုး တောင်ပံတွေ
ကျိုးနေခဲ့ရတဲ့ဘဝမှာ လူမလာရောက်နိုင်ပေမဲ့
စိတ်ကအမြဲရောက်နေပါတယ်။ ဒီနေ့လေးမှာ
အကြွေးပြန်လာဆပ်တယ်။ အာပွား...
အရှုံးကိုမကြောညာခင်ပဲ
ငါ
စင်အောက်ရောက်နေပါပြီ ချစ်သူ
ဒါမှလဲ အောင်မြင်တဲ့
မင်းရဲ့ အပြုံး
ငါ ကွင်းကွင်း ကွက်ကွက်မြင်ရမှာလေ
ကျေနပ်ပါတယ်ချစ်သူရယ်
....ကောင်းလိုက်တဲ့ စာသားတွေကို အားပေး
ခံစားသွားတယ်။။
ခင်တဲ့
အလွမ်း
ထာဝရရပ်တည်နိုင်အောင် ရိုးသားစွာနဲ့ ကြိုးစားနေရအုံးမှာပေါ့နော်။
အားတဲ့အခါကဗျာလေးအသက်ဆက်သွင်းအုံးဂျက်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာတွေ ရေးအားအရမ်းကောင်းနေတယ်..။ စာအုပ်ထုတ်ဖို့ တိုက်တွန်းပါတယ်...အမှတ်တရပေါ့
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
မအားလို့ ခပ်သုတ်သုတ်ရေးထားတဲ့ကဗျာလေးလည်း အရမ်းကြိုက်ပါတယ်.. အိပ်မက်ထဲ ကောင်းကင်ပြာကြီးအောက်မှာ
သစ်တောတို့ စိမ်းလန်းနေတယ်
အိပ်ယာကနိုးတော့
အညာနွေ ငါရောက်နေပြီ ။
အပြေးအလွှားရေးလိုက်တဲ့ ကဗျာလေးကို အေးဆေးတည်ငြိမ်စွာနဲ့ ဖတ်သွားပါတယ် မဂျက်စ်ရေ။ အခု တကယ်ပဲ အလုပ်ရှုပ်နေပြီပေါ့နော်။ မမေ့ကြေးနော်...
မအားလပ်တဲ့ကြားက အပြေးအလွှားဖန်ဆင်းခဲ့တဲ့ ကဗျာလေးကို အေးဆေးတည်ငြိမ်စွာနဲ့ ဖတ်သွားပါတယ် မဂျက်စ်ရေ။ အလုပ်တွေ တကယ်ကို ရှုပ်တော့မှာပေါ့နော်။ မမေ့ကြေးနော်...
ခြေလှမ်းတွေ ပြန်မတ်ဖို့ ထာဝရရပ်တည်နိုင်အောင် တစ်ကယ်ကို ရိုးသားစွာနဲ့ ကြိုးစားရအုံးမယ် မမရေ ... :)
မရောက်တာကြာပြီအမစံပယ်..ကဗျာလေးလာဖတ်သွားပါတယ်..
ယုံကြည်မှုတွေအစကတော့
မိမိရရ ဆုပ်ကိုင်ခဲ့တာပဲ
ဘယ်အချိန်က လွတ်ကျမှန်း မသိလိုက်ဘူး
အိပ်မက်ထဲ ကောင်းကင်ပြာကြီးအောက်မှာ
သစ်တောတို့ စိမ်းလန်းနေတယ်
အိပ်ယာကနိုးတော့
အညာနွေ ငါရောက်နေပြီ
အရမ်းကို ခိုက်သွားတယ်နော် :D
ကဗျာလေး ရင်ဘတ်ထဲအထိရောက်တယ်မဂျက်ရေ
ကွန်နက်ရှင်က စုတ်တော့
ဘလော့တွေမလည်ဖြစ်ဘူးဗျာ ပိုစ့်လဲတင်လို့ မရလို
မအားတဲ့ကြားကတောင် ကဗျာလေးက သိပ်လှတာပဲ မမရယ်
~ Kk ~
အော့် သူတို့တောင်မအားကြတော့ဘူးကိုးးး
ဟီးးးးကိုယ်တစ်ယောက်ထဲရှုပ်နေတာမှတ်တာ
အဖော်ရှိတယ်ကွ ဟဟ
မိမိရရ ဆုပ်ကိုင်ခဲ့တာပဲ
ဘယ်အချိန်က လွတ်ကျမှန်း မသိလိုက်ဘူး
အိပ်မက်ထဲ ကောင်းကင်ပြာကြီးအောက်မှာ
သစ်တောတို့ စိမ်းလန်းနေတယ်
အိပ်ယာကနိုးတော့
အညာနွေ ငါရောက်နေပြီ ။
Post a Comment