ဖြူလွှလွှ စံပယ် တစ်ဆုပ်
သူ ယူဆောင်ပေးတယ်
တခါတရံ ပန်းနုရောင်
မရင့်တရင့် ချယ်ရီတွေနဲ့
တင့်တယ်ခဲ့ဖူးတယ်
တောင်တန်းကြီးတွေက
စိမ်းလန်းတဲ့ သစ်တောတွေ
တောအုပ်တွေ ကိုကျောပိုးထားသလို
ကျွန်မလဲ
ချစ်သူရဲ့ အကြင်နာတွေ
ဘယ်လောက်လေးလေး
ကျောပိုးလျှက်ပါ
ဥပေက္ခာ မနှောတဲ့
အတွယ် အတာ အမှန်တွေ
ရင်ထဲအမြဲရှိခဲ့တယ်
ရှေးဟောင်းပုံပြင်ထဲကလို
သေတပန်သက်တဆုံး
လုံးဝ မမုန်းပဲ ရိုးမြေကျ
အသဲတွေအထပ်ထပ်ကာရံ
မုန်းမာန်လဲမရှိ အပြုံးသက်သက်ဖြစ်သာ
ချစ်ခဲ့ရသူပါ
ဒီလိုနဲ့ ၇ နှစ်
သံယောဇဉ်တွေက နစ်ပြီးရင်းနစ်ခဲ့လဲ
အချစ်တွေကတော့
ချစ်ပြီးရင်းလဲ ချစ်လျှက်ပါကွယ် ။
(အောက်တိုဘာလ ၁၇ ရက်နေ့သည် ကျွန်မတို့ရဲ့
၇ နှစ်ပြည့် နှစ်ပတ်လည် နေ့ဖြစ်သောကြောင့်
ကျွန်မရဲ့ ချစ်သူကို လက်ဆောင်ပေးတဲ့ကဗျာလေးပါ)
jasmine
| |||||||||||||
Yiruma in NYC
-
Yiruma World Tour Live in New York
Carnegie Hall, New York City
October 19, 2025. Sunday
South Korean composer and pianist, Yiruma returns to America f...



35 comments:
ဟင်သူများနာမည်ကြီးယူသုံးသွားတယ်။ မမ ၇နှစ်ပြည့်ကို ပြန်ပြင်လိုက်ဦး။ ရ ကောက်ကြီးဖြစ်နေတယ်မမရေ။
၇နှစ်ပြည့်နှစ်ပတ်လည်မှတည်
နောင်နှစ်ပေါင်းတစ်ရာတိုင်အောင်
ချစ်ရသူနဲ့မခွဲအတူအမြဲကြည်ဖြူ
လက်တွဲကူနိုင်ပါစေလို့တောင်းဆုပြုလိုက်ပါတယ်
မားမားနဲ့ပါးပါးရဲ့ချစ်တဲ့သာမီး
အို..ကောင်းလိုက်တဲ့ ခံစားချက်ကွယ်..
ရိုးမြေကျ
ကေသီရေ
ဟုတ်တယ် နာမည်ပါသွားတယ်နော် အရင်ပြောမလို့ပါပဲ
ဒီနေ့မှ ကေသီကလဲအစောဆုံးရောက်လာခဲ့လို့
ပြောတာနောက်ကျသလိုဖြစ်သွားတယ် ၇ နဲ့ ရ ပြောင်းလိုက်ပြီနော်
ကျေးဇူးတင်ပါတယ်ရှင်
စာဖတ်သူတို့ရဲ့ jasmine
စပယ်လေး
၇နှစ်ပြည်.နှစ်ပတ်လည်မှသည်..
နှစ်တစ်ရာတိုင်ချစ်ကမ္ဘာမယိုင်ဘဲရွှေလက်မြဲမြဲ
တွဲလျှက်မခွဲအတူ၊အမြဲကြည်ဖြူချစ်နိုင်ကြပါစေ
ဆုမွန်ချွှေလျှက်။ခင်တဲ.အန်တီလေးမေခင်
Happy Anniversary!! မကြီးဂျက်
ကိုလွင်ပြင်+မစံပယ်
သက်ဆုံးတိုင်ရွှေလက်တွဲခိုင်မြဲပါစေ။
ကဗျာလေးကိုလာရောက်ခံစားသွားပါတယ်အမဖြူရေ...
အင်းဘာလိုလိုနဲ့ ၇နှစ်တောင်ပြည့်သွားပြီနော်အမဖြူ...
အချိန်တွေကလည်းအကုန်မြန်လိုက်တာ...ပြန်စဉ်းစား
ကြည့်လိုက်ရင်မနေ့တစ်နေ့ကလိုပဲနော်...ရွှင်လန်းချမ်း
မြေ့ပါစေလို့ ဆုတောင်းပေးပါတယ်အမဖြူရေ..
ခင်မင်စွာဖြင့်
ဖိုးကျော်
ပျော်ရွှင်ဖွယ်နှစ်ပတ်လည်နေ့ လေးများအမြဲဖြတ်သန်း ပိုင်ဆိုင်နိုင်ပါစေဂျက်နဲ့ လွင်ပြင်ရေ။း)
အို်င်အိုရာ
တိုက်ဆိုင်လိုက်တာများကွာ..
အောက်တိုဘာ ၁၇...း)
ဂယ်ပြောတာ.. ဒီနေ့ ကညလေးတို့ ရဲ့ 
ချစ်သူသက်တမ်း ၃နှစ်ပြည့်နေ့ လေ..
အမတို့ လဲ ၇နှစ်ပြည့်မှသည်နှောင်နှစ်ပေါင်းများစွာ
ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်း
ပေးပါတယ်နော်..း)
သံယောဇဉ်တွေက နစ်ပြီးရင်းနစ်ခဲ့လဲ
အချစ်တွေကတော့
ချစ်ပြီးရင်းလဲ ချစ်လျှက်ပါကွယ် ။
...နစ် ၇၀၀တိုင် ပျော်ရွှင်စွာလက်တွဲနိင်ကြပါစေ...
ချစ်သော....စံပါယ်...ရဲ့နှင်းဆီ
(၇)နှစ်ပြည့် နှစ်ပတ်လည်နေ့မှစ နောင်နှစ်ပေါင်းများ
စွာ ခုလိုဘဲ တူယှဉ်မခွဲ တွဲလက်မြဲစေသား။
ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ မဂျက်ရေ။
ဆည်းလည်းသံလေးလည်း နားဆင်ချင်ပါသေးတယ်။
ချစ်တဲ့
အလွမ်း
၇ နှစိပြည့်နှစ်ပတ်လည်ကနေ လာမယ့်နှစ်ပေါင်း ၁၀၀- ၁၂၀ လောက်အထိ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ဘ၀ခရီးကို အတူလျှောက်လှမ်းနိုင်ပါစေ မမ
၇နှစ်မှသည် ရတုများစွာ ကျန်းမာပျော်ရွှင်စွာနဲ့  ကဗျာတွေ ရေးနိုင်ကြပါစေ..
၇ နှစ်တောင် ရှိပြီလား.. နောင်နှစ်ပေါင်းများစွာ အတူမခွဲ အမြဲရှိနေနိုင်ကြပါစေ ဂျက် ရေ..
ချစ်တဲ့
ဝသုန်
နှစ်ပတ်လည်မှသည် သက်ဆုံးထိတိုင်ပေါ့ ။
ကဗျာတွေဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။
အရမ်းချစ်စရာကောင်းတဲ့ (၇)နှစ်ပြည့်ကဗျာလေးပါ
ချစ်စရာကောင်းတဲ့ကဗျာလေးတစ်ပုဒ်
နောင်နှစ်ပေါင်းများစွာတိုင် ရိုးမြေကျအသက်ထက်ဆုံးရွှေလက်တွဲနိုင်ပါစေ။
ခင်မင်လျက်..
နောက်ဆုံးထွက်သက်ထိတိုင်...
ကြင်နာနွေးထွေးသော.မေတ္တာတရားများဖြင့်..
တစ်ဦးလက်ကိုတစ်ဦး..မလွတ်စတမ်း...
ဆုပ်ကိုင်နိုင်ပါစေသား....
သူများတွေ အားကျအောင် ကဗျာတွေအသီးသီးတင်ပြီး လုပ်နေကြတယ် ဟုတ်လား :P
၇နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ များစွာ စိတ်လက်ကြည်လင်ကျန်းမာစွာ ချစ်ခြင်းများစွာနဲ့ တွဲထားတဲ့လက်တွေ မဖြုတ်စတမ်း လျှောက်လမ်းနိုင်ကြပါစေလို့နော်။
ပျော်ရွှင်ကျန်းမာစွာပေါင်းနိုင်ကြပါစေ ချစ်မရေ နောက်ဆုံးထွက်သက်ထိတိုင်...
ကြင်နာနွေးထွေးသော.မေတ္တာတရားများဖြင့်..
တစ်ဦးလက်ကိုတစ်ဦး..မလွတ်စတမ်း...
ဆုပ်ကိုင်နိုင်ပါစေသား.
Happy 7th Anniversary ပါ အစ်ကိုနဲ့ မမရေ , နောင်နှစ်ပေါင်းများစွာ အချစ်တွေနဲ့ အတူပျော်ရွှင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေ :))
17တဲ့ မီးမွေးန့နဲ့တစ်ရက်ထဲပဲ... မှတ်လရလွယ်တယ်...အမြဲတမ်းချစ်နိုင်ကြပါစေ....း)
၇ နှစ်ပြည့်ပြီဆိုတော့ ၈ နှစ်ထဲဝင်ပြီပေါ့နော်
လာရောက်ဆုတောင်းအားပေးကြတဲ့ သူငယ်ချင်း
မိတ်ဆွေ အားလုံး ချမ်းမြေ့ပါစေလို့ရှင်
အားလုံးရဲ့ ထာဝရ jasmine
မမစံပယ်နဲ့.. အကိုလွင်ပြင်တို့ သေတပန် သက်တဆုံး.. ရိုးမြေကျ.. ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ပေါင်းစည်းနိုင်ပါစေ...
(နှစ်ရက် နောက်ကျသွားပေမယ့်) ပျော်ရွှင်ဖွယ်ရာ နှစ်ပတ်လည်နေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပါတယ် မစံပယ်ရေ..၊ ၇ နှစ်ပြည့်မှသည် လာမယ့်နှစ်ပေါင်း များစွာကို မြဲမြံခိုင်ကျည်စွာဖြင့် နှစ်ယောက်အတူ လျှောက်လှမ်းနိုင်ပါစေ လို့လည်း ဆုတောင်းပါတယ်ဗျာ...။
ဂုဏ်ယူမိပါတယ်ခင်ဗျား။ ၇ နှစ်မှသည် နောင်နှစ်များစွာတိုင်ပါစေ။
မစံပယ်လေး
ချစ်သူနဲ့ သက်ဆုံးတိုင်ရွှေလက်တွဲခိုင်မြဲပါစေနော်။
wow! ခုနှစ်နှစ်ပြည့် နှစ်ပတ်တောင် ရောက်ပြီပေါ့
လာတာနောက်ကျသွားတယ် မကြီးရေ
အခုရက်ပိုင်းတွေ အလုပ်များနေလို့ပါ
ယခု ခုနှစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ရိုမန်တစ်ဆန်စွာဖြင့် ကဗျာလေးများရေးဖွဲ့ရင်း ချစ်သူစုံတွဲ
ရွှေ့လက်ခိုင်ခိုင် တွဲနိုင်ပါစေသတည်း :)
ဘယ်လိုကဗျာလေးပဲဖြစ်ဖြစ်
ချစ်သူအတွက်ရေးတဲ့ကဗျာဆိုတော့
ဖတ်လို့ကောင်းပါရဲ့
ပျော်ရွှင်ကြပါစေဗျာ
ဆုတောင်းပေးလိုက်တယ်နော်
အော် ဒါနဲ့
ရောက်ပါတယ်ဗျ
မထိုင်ဖြစ်လို့လဲဖြစ်ချင်ဖြစ်မှာပေါ့
နော်က
အပျင်းကြီးတယ်လေ
ချစ်သူကိုပေးတဲ့ကဗျာလေးဆိုတော့
ကောင်းပါရဲ့
နှစ်ပေါင်းများစွာပျော်ရွှင်ပါစေ လို့
နော် ဆုတောင်းပေးလိုက်တယ်နော်
ဒီလိုနဲ့ ၇ နှစ်
မှသည် နောက်ရိုးမြေကျပေါင်းသင်းနိုင်ပါစေ
အိုး..အားကျစရာ...၇နှစ်တောင် ပြည့်ခဲ့ပြီ...
မမရေ.. သက်ဆုံးတိုင် ရွှေလက်တွဲ မြဲပါစေလို့ ဆန္ဒမွန်ဖြင့် ..ချစ်သော ညီမလေး..<3
နှစ်ပေါင်းများစွာ မေတ္တာသက်ရှည် ချစ်ကြစေသော် ...
Post a Comment