Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပြန်လည် တူးဆွ ခံစားခြင်း

| Monday, October 22, 2012
အသက်တွေအိုမင်းလာတော့
အတောင်အလက်တွေစုံပြီပေါ့
ကိုယ့်အထင်ပါ
စုံလိုက် မစုံလိုက်နဲ့
ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ
ပြန်ပြီးငေးကြည့်နေမိတဲ့ အတိတ်
ညှီနံ့တွေ တထောင်းထောင်းပေါ့
မနက်ဖြန်ကိုတွေးလို့ကိုမရ
ဒီနေ့ အဖြေဘာလဲ?

လောကရဲ့ ကောင်းခြင်းတွေ
ကောင်းကင်နဲ့ တက်ငြိ
နှလုံးသားကိုထိနေတဲ့
ရုန်းကန်ခြင်းတွေထဲ
လူအများ နစ်ပြီးရင်း နစ်နေခဲ့ပြီ
ပန်းတွေကလဲ သူ့ရာသီနဲ့သူတော့သစ္စာရှိကြပါရဲ့
ပွင့်ချင်တိုင်းလဲ ပွင့်နေပါရဲ့
တက်လမ်းတွေတော့ မဖွင့်ဘူး
ပိတ်ဆို့ဆဲပါကွယ်
စိတ်ကူးတွေ ခရေဖူးလို ကြွေကြ
သုံးလို့လဲမရ အပွင့်မဖြစ်သေးဘူးလေ
ဖဲကြိုးဝါတွေ ဟိုတစ ဒီတစ
ယုဇနပင်တော့ အလှဲထိုးခံလိုက်ရလို့
နလန်မထူနိုင်ပြီ
လုပ်ကြံမှုတွေများပြားလို့
အဟုတ်ခံလိုက်ရတဲ့အဖြစ်တွေ
တဖက်စောင်းနင်းတွေ များပြီးများ
ရိုးသားမှုနဲ့  တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်
တသွင်သွင် စီးဆင်းနေတဲ့
စားပွဲအောက်က ငွေပေးတဲ့လမ်းစဉ်
 တောက်ပမြဲ တောက်ပဆဲ
တင်းကြပ်ဖြစ်နေတဲ့ခံစားချက်တွေ
ချောင်ပိတ်ခံထားရတယ်
အမှောင်ထဲက ဘ၀တွေ 
မျက်ရည်အရွဲ အလဲလဲ အကွဲကွဲ
မျော်လင့်ခြင်းတွေ
ဖြစ်မလာတော့
ဘာအသီးတွေစားရပါ့မလဲ
အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး
ါ့ အတွက်
ကဗျာကောင်း တစ်ပုဒ်တော့
ရကောင်းပါရဲ့ ။

jasmine


31 comments:

{ စံပယ်ချို } at: October 23, 2012 at 12:17 AM said...


ဂျက်ရေ အရင်နေ့ ကလဲ ကော်မန့် လာပေးတယ် မ၀င်ဘူးထင်တယ် နက် က သိတ်မကောင်းတော့လေ ဂျက် ရဲ့ ချဉ်ခြင်းလေးကိုအားပေးဖတ်ရှူသွားတယ် သမီးတော်ကတော့လွမ်းစရာမရှိလို့ မလွမ်းတော့ဘူး ချဉ်ခြင်းလဲမတပ်တော့ဘူးလေ on ခုတလော ချဉ်ခြင်းတက်ခြင်း

တတိယမြောက်သမီးတော်

မေးလ်ထဲဝင်နေတဲ့ တတိယမြောက်သမီးတော်ရဲ့
ကွန်မန့်လေးပါရှင်

{ Unknown } at: October 23, 2012 at 1:12 AM said...

စပယ်လေး
ပြန်လည်တူးဆွခံစားခြင်းကဗျာလေး
အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

{ roseayemaung } at: October 23, 2012 at 1:47 AM said...

ရိုးသားမှုနဲ့ တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်
တသွင်သွင် စီးဆင်းနေတဲ့
စားပွဲအောက်က ငွေပေးတဲ့လမ်းစဉ်
တောက်ပမြဲ တောက်ပဆဲ
တင်းကြပ်ဖြစ်နေတဲ့ခံစားချက်တွေ
ချောင်ပိတ်ခံထားရတယ်
*****ဟုတ်တယ်.. ဟုတ်ုတယ်နှင်းဆီလဲစာပွဲခုန်အောက်ကအထဲလူ အပြင်လူ၂ယောက်ငွေ၎သောင်း...၇က်တိုးနေခွင့်တဲ့လေ*****ဟဲဟဲ

{ ညီလင်းနိုင် } at: October 23, 2012 at 2:18 AM said...

ခြေရာတွေထဲက အဖိုးတန်အိပ်မက်အချို့ကို

မျှဝေခံစားခဲ့ပါတယ် မဂျက်ရေ ......

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

{ တောက်ပကြယ်စင် } at: October 23, 2012 at 4:40 AM said...

တစ်ဖက်သာ လေးနေတဲ့ ချိန်ခွင်ပေါ့နော်။
ချမ်းမြေ့ပါစေ
ခင်မင်တဲ့

{ သူကြီးမင်း (တုံးဖလား) } at: October 23, 2012 at 5:13 AM said...

အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး.....

ငယ်ရွယ်စဉ် အချိုကြိုက်ပြီး
ကြီးလာတော့ အခါးကြိုက်တတ်ပြန်ရောတဲ့။
တစ်ယောက်ထဲ အကြိုက်မတူပုံကို ပြောပါတယ်။
မရောက်တာ ကြာလို့... အဲလေ.. မမန့်တာ ကြာလို့ အခုမှ မန့်ဖြစ်တယ်။ ရောက်တာတော့ တော်တော်များများကို ရောက်ဖြစ်ပါတယ်။

{ လေပြေချို } at: October 23, 2012 at 7:04 AM said...

ရိုးသားမှုနဲ့ တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်
တသွင်သွင် စီးဆင်းနေတဲ့
စားပွဲအောက်က ငွေပေးတဲ့လမ်းစဉ်
တောက်ပမြဲ တောက်ပဆဲ
တင်းကြပ်ဖြစ်နေတဲ့ခံစားချက်တွေ
ချောင်ပိတ်ခံထားရတယ်
ခံစားချက်တွေ ချောင်ပိတ်ထားရင် အရမ်းပင်ပန်းနေလိမ့်မယ် မမရေ..ပြောသာပြော..အဲလေ ရေးသာရေး.. အားပေးနေမယ်

{ ညောင်ညိုရိပ် } at: October 23, 2012 at 7:18 AM said...

တဖက်စောင်းနင်းတွေ များပြီးများ
ရိုးသားမှုနဲ့ တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်
တသွင်သွင် စီးဆင်းနေတဲ့
စားပွဲအောက်က ငွေပေးတဲ့လမ်းစဉ်
တောက်ပမြဲ တောက်ပဆဲ...ဟုတ်တာပေါ့ ဒါတွေကို သမိုင်း
မတွင်ရစ်အောင် ဖြစ်နိုင်သမျှ အမြစ်လှန်ပစ်ဖို့ အားလုံး လက်တွဲဖို့လိုတယ်။တွင်ရစ်မှာတော့ သေချာပဲ။

{ kiim } at: October 23, 2012 at 7:20 AM said...

ကဗျာကောင်းလေးပါ အမရေ...
ရေးနိုင်တာကိုတော့အားကျမိပါရဲ့ ...
အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး
ငါ့ အတွက်
ကဗျာကောင်း တစ်ပုဒ်တော့
ရကောင်းပါရဲ့ ။
မှန်ပါတယ်.. ခံစားချက် အချိုအခါးတွေအကုန်လုံး
ကဗျာဖစ်သွားတယ်ဆိုတာကိုပေါ့.. :)

{ Thamee Su } at: October 23, 2012 at 8:07 AM said...

အတိတ်ကချိုခဲ့တဲ့အသီး ခါးခဲ့တဲ့အသီး အရမ်းကြိုက်တယ် မဂျက်ရေ

{ kolinn } at: October 23, 2012 at 8:35 AM said...

တူးဆွထားတဲ့အရာတွေ ကိုလာလေ့လာသွားပါတယ်ဗျာ

{ blackroze } at: October 23, 2012 at 10:26 AM said...

ကဗျာလေး လာဖတ်သွားတယ် Jas ရေ

{ Angelhlaing(May everybody be happy and healthy! } at: October 23, 2012 at 10:29 AM said...

အတိတ်ခါးခါးတွေ နဲ့ အသီးချိုချိုတွေ.. စားခဲ့တယ်မမ :)

{ မောင်ရေခဲ(အဝတ်နီ) } at: October 23, 2012 at 12:10 PM said...

ကိုယ့်အထင်ပါ
စုံလိုက် မစုံလိုက်နဲ့
ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ
...........................
နိမိတ်ရဲ့ပုံရိပ်တစ်ခုကိုဖွဲ့ပုံကြိုက်တယ်

{ မောင်ရေခဲ(အဝတ်နီ) } at: October 23, 2012 at 12:11 PM said...

ကိုယ့်အထင်ပါ
စုံလိုက် မစုံလိုက်နဲ့
ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ
.....................
နိမိတ်ရဲ့ပုံရိပ်ကို
ဖွဲ့ထားတာကြိုက်တယ်

{ မောင်ရေခဲ(အဝတ်နီ) } at: October 23, 2012 at 12:11 PM said...

ကိုယ့်အထင်ပါ
စုံလိုက် မစုံလိုက်နဲ့
ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ...
...........
နိမိတ်ရဲ့ပုံရိပ်လေးတွေ
ဖွဲ့ပုံကြိုက်တယ်

{ မိုးညချမ်း } at: October 23, 2012 at 7:22 PM said...

အဟုတ်ကို ကဗျာကောင်းတစ်ပုဒ်ဖြစ်တယ် မမ ... :)

Anonymous at: October 23, 2012 at 7:31 PM said...

ကဗျာကောင်းလေးရလိုက်တာပဲ အမြတ်ပေါ့နော မမ

~ Kk ~

Anonymous at: October 23, 2012 at 7:52 PM said...

ဂျိုင်းစမက် ဆွထားတဲ့ အတိတ်က ခါးခဲ့တဲ့ သစ်သီးကို နှစ်ခြိုက်စွာဖတ်ရှုသွားပါတယ်ခင်ဗျားးးးးးးးးးးးးးးးး

Anonymous at: October 23, 2012 at 8:40 PM said...

နလန်မထူနိုင်ပြီ
လုပ်ကြံမှုတွေများပြားလို့
အဟုတ်ခံလိုက်ရတဲ့အဖြစ်တွေ
တဖက်စောင်းနင်းတွေ များပြီးများ
ရိုးသားမှုနဲ့ တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်

အရမ်းကို ခါးတဲ့စကားလုံးတွေပါလား မဂျက်ရေ ..
အားပေးခဲ့တယ်နော် ....:)

{ နွေလ } at: October 23, 2012 at 8:42 PM said...

မှန်တာပေါ့ အစ်မရေ
လောကဓံအထုအထောင်းမှာ
ရင်ထဲက စာတွေ ပွင့်လန်းနေမှာ အသေအချာပါပဲ

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: October 24, 2012 at 1:04 AM said...

လေးနက်ခြင်းတွေကို ကဗျာလေးထဲမှာ တွေ့လိုက်တယ် ဒေါ်ဂျက်ရေ

{ လရိပ်အိမ် } at: October 24, 2012 at 3:57 AM said...

ပြန်ပြီးငေးကြည့်နေမိတဲ့ အတိတ်
ညှီနံ့တွေ တထောင်းထောင်းပေါ့။

ဒီစာသားလေးကြိုက်တယ် မစံပယ်။

{ Unknown } at: October 24, 2012 at 7:14 AM said...

အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး..
မကြီးဂျက်ရေ ကြိုက်ပါ၏...

{ Han Kyi } at: October 24, 2012 at 9:58 AM said...

ပြန်လည်တူးဆွလိုက်တိုင်းမှာ တွေ့ချင်တာတွေရော မတွေ့ချင်တာတွေပါ တွေ့ရစမြဲပဲ ဂျက်ရေ...အတိတ်ဟောင်းထဲက ဒဏ်ရာတွေကို မေ့နိုင်သမျှမေ့ပြီး ရခဲ့ဖူးတဲ့ ဆုလာဘ်လက်ဆောင်တွေအကြောင်းသာ အနာဂတ်မှာ ဆက်သယ်ဆောင်နိုင်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော...

အခက်အခဲပေါင်းစုံကြောင့် ဘလော့မလည်ဖြစ်ခဲ့တာတွေအတွက် တစ်ခါတည်း တောင်းပန်ပါသဗျား...

{ ချစ်စံအိမ် } at: October 24, 2012 at 6:27 PM said...

မျော်လင့်ခြင်းတွေ
ဖြစ်မလာတော့
ဘာအသီးတွေစားရပါ့မလဲ
အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး
ငါ့ အတွက်
ကဗျာကောင်း တစ်ပုဒ်တော့
ရကောင်းပါရဲ့ ။

{ မြတ်နိုးသူ } at: October 24, 2012 at 9:22 PM said...

ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ
ပြန်ပြီးငေးကြည့်နေမိတဲ့ အတိတ်
ညှီနံ့တွေ တထောင်းထောင်းပေါ့
မနက်ဖြန်ကိုတွေးလို့ကိုမရ
ဒီနေ့ အဖြေဘာလဲ?
ကဗျာလေးခံစားသွားပီမားမား

{ Yoemyaykya } at: October 25, 2012 at 12:25 AM said...

မမရေ ညီမလေးရောက်တာနောက်ကျနေတယ်။ခရီးကဒီနေ့မှပြန်ရောက်တာလေ။ရောက်ရောက်ချင်းပဲဖွင့်ပီးအားပေးတယ်နော်မမ။
တချို့ပန်းတွေက သူ့ရာသီနဲ့သူ သစ္စာရှိတုန်းပါပဲမမရယ်။

{ နွေတေးရှင် (မင်းဧရာ) } at: October 25, 2012 at 1:33 PM said...

ခပ်ခါးခါး ဘ၀တွေအနားမှာ
ကွက်ပြီးရွာသွားတဲ့မိုး

တစ်ချို့အတွက်တော့ နေမင်းက ငြိုးလွန်းတယ်။

{ ငြိမ်းစိုးဦး } at: October 25, 2012 at 8:56 PM said...

သည်းခံနိုင်ဖို့ ၊ အသွင်ပြောင်းနိုင်ဖို့ စိတ်ရှည်ရမှာ ...

{ ချော(အစိမ်းရောင်လွင်ပြင်) } at: October 27, 2012 at 4:01 AM said...

အတွေ့အကြုံတွေကနေ ကဗျာတစ်ပုဒ်လောက် ရလိုက်တာဟာလည်း အမြတ်ပေါ့ ဂျက်ရယ်...

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine