Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မွန်းကျပ်မှုနဲ့ ဘဝ

| Friday, January 11, 2013

Friends18.com Orkut Scraps
တနေ့ပြီးတနေ့ အရိုးတွေရင့်လဲ
တနေ့ပြီးတနေ့ အသိတွေတိုးမလာ
အတ္တ အလံတွေခိုင်မြဲနေဆဲ
မာနဆိုတဲ့ အသံ ကျယ်လောင်နေဆဲ
ဘာကိုမျှလဲ ရင့်ကျက်မှုမရှိ
မျိုးစေ့မှန် မမှန်သေချာမသိဘူး
ဒီအပင်မသန်တာတော့သေချာနေတယ်
အဖြစ်အပျက်အားလုံး
သဲထဲရေသွန် ဘာမှ အရာမထင်
လူမလေး ခွေးမခန့်တဲ့ ဘဝ
အတွေးအားလုံးကလဲ ခေါက်ရိုးကျိုးနေဆဲ
ခလုပ်ထိတဲ့အချိန်
ဒဏ်ရာဟောင်းအကြောင်းပြောမိကြသေးတယ်
ကာရံမဲ့နေတဲ့ ညများ
သိက္ခာတွေ အရိပ်ခိုတဲ့ နေ့များ
တစ္ဆေတွေ လမ်းပျောက်တဲ့ အချိန်များ
ငါ့  ဘ၀ မှာလဲ အသက်ရှုရတာ
မွန်းကျပ်လွန်းလှတယ်
ညအရောင်က မဟူရာ
ဟန်ဆောင်မှုတွေက ငါ့  ဘ၀ပေါ့
ငါ့  ဘ၀သက်တမ်း
အစိတ်အပိုင်း တခုမှာ 
နာမည်ကောင်းလေးရဖို့ 
အမှန် အမှားခွဲခြားဖို့မချိန်မရှိခဲ့ဘူး
အဲဒီလိုနဲ့
ခါးထဲမှာ မေတ္တာတုတွေတပွေ့တပိုက်
ဘ၀အရေး ဘ၀အရေးနဲ့
ခဏခဏ သိက္ခာတွေမဲ့ခဲ့ရတယ်
ရိက္ခာတွေ မပြတ်တောက်ဖို့
စစ်မှန်တဲ့ မေတ္တာကိုလဲ မရှာနိုင်ခဲ့
တူညီတဲ့ ရပ်တည်မှုတွေအတွက်
ဘယ်သူ့ အပြစ်လဲ?


(လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ခင်မင်ရသူတစ်ယောက်အတွက်ရေးသားပေးခဲ့တဲ့ကဗျာ)

jasmine

23 comments:

Anonymous at: January 11, 2013 at 2:17 AM said...

အတ္တကို ဖိနပ်လုပ်စီးနေကြတဲ့ လောကကြီးထဲမှာ ကိုယ့်ကိုယ်ပဲ အေးချမ်းအောင် ပြုပြင်နေထိုင်သွားတာ အကောင်းဆုံးပဲလို့ ထရီဆာကတော့ မြင်တယ် မဂျက် :)

{ မိုးနတ်ကြယ်စင် } at: January 11, 2013 at 2:30 AM said...

ညအရောင်က မဟူရာ
ဟန်ဆောင်မှုတွေက ငါ့ ဘ၀ပေါ့
ငါ့ ဘ၀သက်တမ်း
အစိတ်အပိုင်း တခုမှာ
နာမည်ကောင်းလေးရဖို့
အမှန် အမှားခွဲခြားဖို့မချိန်မရှိခဲ့ဘူး...အမှန်ပဲမ

တပုဒ်လုံးက စာသားတွေကို အရမ်းကြိုက်တယ်..
ချစ်မ...အဓိကမှာချင်တာကတော့
ကျန်းမာရေးကို ဂရုစိုက်ပါရှင်.....:)
ချစ်တဲ့....မိုးနတ်

{ သူကြီးမင်း (တုံးဖလား) } at: January 11, 2013 at 3:10 AM said...

ကဗျာအဟောင်းတွေ ထုတ်သုံးနေတယ်ပေါ့။
ကျန်းမာရေးလဲ ဂရုစိုက်ဦးနော်။ ခေါင်းမူးတူးတူးဖြစ်နေရင် စာတွေသိပ်မဖတ်နဲ့။ မျက်စိကို အနားပေးဦး။

{ စံပယ်ချို } at: January 11, 2013 at 3:21 AM said...

သာဂျီးရေ မူးတူးတူးက နဲနဲများသွားတာ
မဟုတ်ပါဘူးလို့ ပြောမလို့ပါ

{ လေပြေချို } at: January 11, 2013 at 4:21 AM said...

ကာရံမဲ့နေတဲ့ ညများ
သိက္ခာတွေ အရိပ်ခိုတဲ့ နေ့များ
တစ္ဆေတွေ လမ်းပျောက်တဲ့ အချိန်များ
ငါ့ ဘ၀ မှာလဲ အသက်ရှုရတာ
မွန်းကျပ်လွန်းလှတယ်...ဟူး...

လွန်ခဲ့တဲ့ဆယ်နှစ်က ကဗျာလေးလဲ ကောင်းတာပဲ... အပေါ်ကပြောနေကြတယ် မ ခုထိကျန်းမာရေးမကောင်းသေးဘူးလား... ဟုတ်တယ် ကွန်ပျူတာက ကြည့်ပါများရင် ခေါင်းကိုက်လာရော... ကျန်းမာရေးကို ဂရုစိုက်နော် မ :)
ချစ်တဲ့
လေပြေ

{ Aunty Tint } at: January 11, 2013 at 4:50 AM said...

တစ်နေ့တစ်ခြား ကဗျာလေးတွေ ကလောင်သွားနဲ့ အပြိုင် ထက်လာတာတော့ အမှန်ပဲ ဂျက်ရေ။
လွန်ခဲ့တဲ့ ၁၀နှစ်က စပ်ထားတဲ့ ကဗျာလေးကိုဖတ်ပြီး ဂျက်ရဲ့ပါရမီလေးကို အားကျသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ 3rdthameetaw } at: January 11, 2013 at 5:08 AM said...

ဘယ်သူ့ အပြစ် လဲဆိုတော့
သေချာစဉ်းစားလိုက်အုံးမယ် ဂျက်ရေ

{ ချစ်စံအိမ် } at: January 11, 2013 at 6:49 AM said...

ချစ်မ ကဗျာလေးလာရောက်ခံစားသွားပါကြောင်း

{ witch83 } at: January 11, 2013 at 10:07 AM said...

လွန်ခဲ့တဲ့ (၁၀)နှစ်တုန်းက သူငယ်ချင်းတစ်ယောက်အတွက်ဆိုတော့ ဒီအချိန်မှာတော့ မွန်းကြပ်မှုတွေ ပြေပျောက်လောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။ :)

{ ညောင်ညိုရိပ် } at: January 11, 2013 at 10:27 AM said...

jasmine ကဗျာတွေဖတ်ရတာ ကြက်သီးထမိတယ်..ဓားသွားထက် ကလောင်သွားပိုထက်တယ်ဆိုတာ အမှန်ပဲ..အန်တီတင့်ပြောတာအမှန်ပဲ..တနေ့တခြား ကလောင်သွားတွေ ထက်လာတယ်..။ ပြီးတော့ ဒီကဗျာကို သေချာ ခံစားသွားပါတယ်..ပို့စ်အသစ်တင်ပြီးတိုင်းလည်း အရင်ဦးဆုံး ပင်တိုင်လာရောက် အားပေးလေ့ရှိလို့ အားရှိလှပါတယ်။ ကျေးဇူးလည်းတင်ပါတယ်ဗျာ..။ ကျန်းမာပါစေ...။

{ roseayemaung } at: January 11, 2013 at 10:42 PM said...

ကဗျာလေးတွေက..အိအိရှရှနဲ့ရင်ထဲကိုစူးနစ်လို့ဝင်သွာတယ်....မစပါယ်ရယ်...နေထိုင်မကောင်တဲ့ကြားကနေနှင်းဆီတို့ဖတ်ဖို့်ကဗျာလေးတွေတင်ပေးတာအ၇မ်းကျေးဇူးတင်ပါတယ်.ကျန်းမာနေကောင်းပါစေလို့နေ့တိုင်းဆုတောင်းမိတယ်......နှင်းဆီချစ်တဲ့စပါယ်

{ ညီလင်းနိုင် } at: January 12, 2013 at 12:26 AM said...

မေးခွန်းနဲ့ အဆုံးသတ်ထားတဲ့ ကဗျာမို့ .....

အတွေးတွေချန်ထားခဲ့တယ်လို့ ခံစားရပါတယ် ။

ဆက်လက်ထုဆစ်နိုင်ပါစေ မဂျက်.....

{ Phyu Lwin } at: January 12, 2013 at 12:45 AM said...

ကဗျာလေး လာခံစားသွားတယ် မမ ။ ကျန်းမာပျော်ရွှင်ပါစေ..။

{ Toe Yee Yee } at: January 12, 2013 at 3:02 AM said...

လွန်ခဲ့တဲ့ဆယ်နှစ်ကကဗျာကအခုအချိန်မှာအရမ်းကိုတိုက်ဆိုင်နေတယ် အရမ်းလဲခံစားသွားရတယ် ဘာဘဲဖြစ်ဖြစ်ပါ ကျမ္မာရေးကိုဂရုစိုက်ပါနော် ပျော်ပါစေမရယ်

{ Toe Yee Yee } at: January 12, 2013 at 3:04 AM said...

လွန်ခဲတဲ့ဆယ်နှစ်ကကဗျာကတိုက်ဆိုင်စွာခံစားခဲ့ရပါတယ် ကျမ္မာရေးဂရုစိုက်ပါနော် ပျော်ပါစေမရယ်

{ kiim } at: January 12, 2013 at 5:49 AM said...

ကဗျာလေးတော်တော်ကောင်းတယ်..
တနေ့ပြီးတနေ့ အရိုးတွေရင့်လဲ
တနေ့ပြီးတနေ့ အသိတွေတိုးမလာ
အတ္တ အလံတွေခိုင်မြဲနေဆဲ
မာနဆိုတဲ့ အသံ ကြယ်လောင်နေဆဲ
ဘာကိုမျှလဲ ရင့်ကျက်မှုမရှိ
မျိုးစေ့မှန် မမှန်သေချာမသိဘူး
ဒီအပင်မသန်တာတော့သေချာနေတယ်
အဟောင်းပေမယ့် အကောင်းလေးပါ.. အားပေး
သွားပါတယ်အမရေ...

{ မိုးညချမ်း } at: January 12, 2013 at 6:58 AM said...

“ငါ့ ဘ၀သက်တမ်း
အစိတ်အပိုင်း တခုမှာ
နာမည်ကောင်းလေးရဖို့
အမှန် အမှားခွဲခြားဖို့မချိန်မရှိခဲ့ဘူး” .... စာသားလေးတွေကို ကြိုက်တယ် မမ ...

{ အိပ်မက်ကောင်းကင် } at: January 12, 2013 at 8:49 PM said...

နူးညံ့တဲ့ ကဗျာကောင်းလေးတစ်ပုဒ်ကို အပီအပြင်ခံစားသွားပါတယ် မမစံပယ်တို့ကတော့ လွန်ခဲ့တဲ့ 10 နှစ်လောက်ကတည်းက ကဗျာ ဆရာမဖြစ်နေခဲ့တာကိုး ^_^
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

{ Unknown } at: January 12, 2013 at 11:23 PM said...

ဘ၀အရေး ဘ၀အရေးနဲ့
ခဏခဏ သိက္ခာတွေမဲ့ခဲ့ရတယ်
ရိက္ခာတွေ မပြတ်တောက်ဖို့
စစ်မှန်တဲ့ မေတ္တာကိုလဲ မရှာနိုင်ခဲ့
မတူညီတဲ့ ရပ်တည်မှုတွေအတွက်
ဘယ်သူ့ အပြစ်လဲ?
ကဗျာလေးအားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်
(ခါးနာနေလို.အလည်လာတာနောက်ကျသွားတယ်ကွယ်)

{ သဒ္ဓါလှိုင်း } at: January 13, 2013 at 1:16 AM said...

သစ်လွင်နေမယ့် ကဗျာကောင်းလေး.. ဂျက်.
သြော်.ဘယ်သူ့အပြစ်ပါလိမ့်

ချစ်တဲ့
သဒ္ဓါ

Anonymous at: January 13, 2013 at 7:35 PM said...

ဘယ်အချိန်ဖတ်ဖတ်ကောင်းနေတဲ့ ကဗျာလေးပေါ့

~ Kk ~

{ အလွမ်းမြို့ } at: January 14, 2013 at 4:21 AM said...

မဂျက်ရေ...

ကဗျာလေးလာအားပေးသွာတယ်...

ကဗျာထဲ မဟူရာလေးပါလာတော့ အဟင့်
သူများမဟူရာလေးလည်း ကဗျာထဲများရောက်သွားလားလို့
အိမ်ပြန်ရှာကြည့်ရတယ်....အဟီးးးးးး


ချစ်တဲ့
အလွမ်း

{ Yoemyaykya } at: January 23, 2013 at 10:09 PM said...

လွန်ခဲ့တဲ့(၁၀)နှစ်က ကဗျာလေးကလဲ လတ်ဆတ်နေတုန်းပါလားမမရယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine