Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

၂၀၁၂ကို ပြန်လှည့်ကြည့်ခြင်း Tag Post

| Thursday, January 3, 2013

2012 ကိုပြန်ကြည့်ခြင်းဆိုတဲ့ Tag Post ရေးပေးဖို့ တဂ်လာတဲ့ ပစ်ပစ် (Black Roze)

ဒုတိယကတော့  မောင်ဘုန်း (ကောင်းကင်ဖြူ)ဖြစ်ပါတယ်ရှင်အရမ်းကိုနောက်ကျနေပါပြီလို့ အားနာစွာနဲ့ တောင်းပန်ပါရစေတော့နော်

ကျန်ခဲ့တဲ့ ၂၀၁၂ကို ပြန်လှည့်လို့ ကြည့်လိုက်တဲ့အခါ စိတ်ရဲ့ပျော်ရွှင်မှုတွေထက် ၀မ်းနဲစရာ စိတ်ညစ်စရာတွေပိုများလို့နေတယ် သူများတွေတော့ ဂျက်မသိပါဘူးဂျက်ခံစားရတာကိုပြောပြတာပါ ကျန်းမာရေးဟာ ၂၀၁၂ မှာအတော်လေးဆိုးခဲ့ပါတယ် တနေ့ရွှေ တနေ့ငွေလို့လဲပြောလို့ရပါတယ်ကံကောင်းမှုလေးတွေကတော့ ဘုရားသခင်ပေးသလောက်လက်ခံရရှိခဲ့ရတယ်. ကံအကောင်းဆုံးကတော့ ခလေး၃ယောက်ရလိုက်ခြင်းပါပဲ ကိုလွင်ပြင်အကိုကြီးရဲ့ အမျိုးသမီးဆုံးပါးသွားရခြင်းကြောင့် အကိုဟာခလေး၃ယောက်နဲ့ကျန်နေရစ်ခဲ့ရပါတယ် ခုတော့ခလေးတွေက ကျွန်မရဲ့ ယောက်ခမများနဲ့တူတူနေထိုင်ပြီးကျောင်းတက်နေပါတယ် ၆တန်း-၅တန်း-၃တန်းအရွယ်လေးတွေပါ. စာလဲထူးချွန်စွာနဲ့ ၃ယောက်လုံးတော်ကြရှာတယ်.အဲတာကတော့ ၂၀၁၂ ဘုရားသခင်ပေးတဲ့အကောင်းဆုံးလက်ဆောင်ပါပဲ စိတ်မကောင်းစရာတွေကတော့အတော်လေးများခဲ့တယ် ဂျက်မေမေ ဆီးချိုရောဂါဖြစ်တယ် ဂျက်လဲဆေးရုံနဲ့ အိမ်သွားလိုက်ပြန်လိုက်နဲ့အတော်လေး ပင်ပန်းခဲ့ရတယ်နောက်တခုခံစားလိုက်ရတာ တနှစ်နဲ့တနှစ် ပြီးသွားတာအရမ်းမြန်နေသလားလို့ပါ. မြန်မြန်လေးကုန်သွားတာကိုလဲ သဘောကျတယ်ကိုယ်က ၂၀၁၂ ကိုနုတ်ဆက်သည်ဖြစ်စေ နုတ်မဆက်သည်ဖြစ်စေ သူကတော့နေခဲ့ရရှာပြီဒီလိုပါပဲ ၂၀၁၃ ကိုကြိုသည်ဖြစ်စေ မကြိုသည်ဖြစ်စေ သူကတော့ ရောက်လို့လာပါပြီ ကိုယ်မကြိုလို့ သူမလားဘူးရယ်မှ မဟုတ်တာနော် P ....

၂၀၁၃ စစခြင်းကိုကံမကောင်းတာလဲကြုံလိုက်ရတယ် နှစ်သစ်ကူး တညလုံးသွေးတွေတိုး အစာအိမ်ပြန်နာ၁-၁-၂၀၁၃ ပိတ်ရက် ဆေးခန်းတွေကလဲပိတ် ဆေးရုံထိလဲမသွားနိုင် ရှိတဲ့ဆေးလေးတွေနဲ့ ဖာထေးပြီးနေသာအောင်နေလိုက်ရတယ် နောက်ရက်တော့ဆေးရုံကိုတန်းပြေးရတာပါပဲ လူတိုင်းအားလုံး.....သက်ရှိများအားလုံး  ကံကောင်းခြင်းတွေ ရရှိပါစေ. စိတ်တူ ကိုယ်တူ ချစ်ရသူတွေနဲ့ ထာဝရလက်တွဲနိုင်ပါစေ. ရည်မှန်းချက်တွေအောင်မြင်ကြပါစေ   မိတ်ဆွေ သူငယ်ချင်းများကိုလဲ ၂၀၁၂ အတွင်းဂျက်ဖက်က မသိ၍မှားသော အမှား သိရဲ့ မှားသောအမှား အမှားအားလုံးကိုခွင့်လွတ်ပါရန်တောင်းပန်ပါရစေ  စာဖတ်သူများအားလုံးကိုအစဉ်လေးစားလျှက်

အချိန်လေးရတိုင်း နေထိုင်ကောင်းခဲ့ရင် ကဗျာလေးတွေဆက်တိုက်တင်နိုင်ပါစေလို့ (ကိုယ်တိုင်ဆုတောင်း)


(ပစ်ပစ်နဲ့ မောင်ဘုန်းရေ ရေးတော့ရေးလိုက်ပါပြီနော်

စိတ်သွားတိုင်း ကိုယ်မပါတော့ ကိုယ့်စာကိုယ် ဖတ်ရတာ အားမရှိဘူးဖြစ်နေတယ် ။)

jasmine   

       


 

31 comments:

{ သဒ္ဓါလှိုင်း } at: January 3, 2013 at 11:45 PM said...

နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကောင်းကျိုး လိုအင်ဆန္ဒများ ပြည့်ဝပါစေ ဂျက်ရေ..
Happy New Year !!!!!

ချစ်ခင်စွာဖြင့်
သဒ္ဓါ

{ Thamee Su } at: January 3, 2013 at 11:50 PM said...

မဂျက် မသက်သာသေးဘူးလား.....း( နှစ်သစ်မှာ ကံကောင်းခြင်း အသစ်အသစ်တွေရရှိပြီး ကျန်းမာချမ်းသာခြင်းများနှင့်ပြည့်စုံပါစေ မရေ

{ စံပယ်ချို } at: January 4, 2013 at 1:23 AM said...

သက်သာလိုက် ပြန်ဖြစ်လိုက်ပါပဲရှင်
ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့

{ Aunty Tint } at: January 4, 2013 at 2:43 AM said...

ကျန်းမာရေးကို အထူးဂရုစိုက်ပါ ဂျက်ရေ။ တဂ်ပို့စ်လေး ဖတ်ရတာ ဂျက်အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်။
နှစ်သစ်နဲ့အတူ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြတဲ့ ဇနီးမောင်နှံဘဝကို ပိုင်ဆိုင်ကြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ Cameron } at: January 4, 2013 at 2:59 AM said...

နှစ်ဟောင်းဟာအရာတွေနှစ်ဟောင်းမှာထားခဲ့တော့...။ ဒီနေ့ကစပြီး ကျန်းမာရေးကိုပဲသေချာဂရုစိုက်ပါလို့ မှာချင်ပါတယ် ဂျက်...။

{ လွင်ပြင်လှိုင်းငယ် } at: January 4, 2013 at 3:58 AM said...

ဘုစုရေ ကလေးတွေချစ်တာလဲချစ်ပေါ့ နာ့ကိုတော့ အချစ်ပေါ့မသွားပါနဲ့နော် ။

{ လရိပ်အိမ် } at: January 4, 2013 at 4:37 AM said...

မစံပယ် နေမကောင်းဖြစ်နေတာလား။ လရိပ်ထင်တာက ၂ယောက်လုံးခရီးထွက်သွားတယ်ထင်လို့။
၂၀၁၃ နှစ်သစ်မှစ၍ မစံပယ် ကျန်းမာရေး အမြန်ဆုံးပြန်ကောင်းလာပါစေ။ ပန်းလိုမွှေး၍ ရေလိုအေးမြပါစေ။ ကျန်းမာမှ ကိုယ်လုပ်ချင်တာလုပ်နိုင်မှာ။
လရိပ်က ၃၁ရက်နေ့ကလဲဆေးခန်းပြရတယ်။ ၂၀၁၃ ၊ ၂ရက်နေ့ကလဲ ဆေးထိုးရတယ်။ ဒါတွေကတော့ အားလုံးဆရာဝန်ချိန်းတာကြီးပါဘဲ။
မစံပယ် အရမ်းနေမကောင်းဖြစ်ရင် အရေးပေါ်သွားလို့မရဘူးလား။ အရေးပေါ်တွေက ၂၄ နာရီကြီးဘဲလေ။

{ မိုးနတ်ကြယ်စင် } at: January 4, 2013 at 4:41 AM said...

ချစ်မနဲ့ ပတ်သက်ရင် ညလေးအစိုးရိမ်မိဆုံးက
ကျန်းမာရေးပါပဲ...ခုတော့ တကယ်ပဲခက်ရချည့်..
နေကောင်းအောင်နေပါနော်မ..အင်းလေ.
မလဲ ခဏခဏနေမကောင်းဘယ်ဖြစ်ချင်ပါ့မလဲ
၂၀၁၃ မှာမကောင်းတာတွေ အကုန်ထားခဲ့ပြီး
ကျန်းမာအောင်နေပါနော်...ညလေး
စိုးရိမ်ရအောင် မလုပ်ပါနဲ့...ဒါပဲ...:)
ချစ်တဲ့...မိုးတ်

{ အလွမ်းမြို့ } at: January 4, 2013 at 5:11 AM said...

မဂျက်ရေ..

နေမကောင်းဘူးပြောလို့ စိတ်အတော်မကောင်းဖြစ် ခဲ့ရတယ်။ ကျန်းမာရေး အထူး အထူး ဂရိုစိုက်ပါ။
ကိုယ်မဖြစ်ချင်တာတွေ ဖြစ်လာတိုင်းလည်း အားမငယ်နဲ့... ကျန်းမာရေးမကောင်းတာကိုလည်း
တွေးပြီး စိတ်ဓါတ်မကျနဲ့။ လူတိုင်းက သေမျိုးဘဲ။
အို..နာ..သေခြင်း လူတိုင်းရင်ဆိုင်ရမှာဘဲ။
မဂျက်တစ်ယောက်တည်းမဟုတ်ဘူး။အလွမ်းလည်း
လေထိုးလေအန်ရင် သေမတတ်ဘဲ.။ဒီရောကို ထမ်းပိုးထားရတာလည်း နှစ်တွေအတော်ကြာခဲ့ပြီ။ ဒီလိုဘဲ နေ့စဉ်ဘဝတွေကို အကျိုးရှိစွာ ပျော်ရွှင်စွာ ကျေနပ်စွာနဲ့ဘဲ ဖြတ်သန်းကြပါစို့...

ချစ်ခြင်းအားဖြင့်
အလွမ်း

{ စံပယ်ချို } at: January 4, 2013 at 6:28 AM said...

လရိပ်ရေ အရေးပေါ်တော့သွားလို့ရပါတယ် ဆေးရုံကနဲနဲဝေးတော့
သွားရမှာလဲ ပျင်းရိနေလို့ပါ

{ မောင်ဘုန်း } at: January 4, 2013 at 6:48 AM said...

အစ်မရေ ... အချိန်ပေးပြီး ရေးပေးတဲ့ အတွက် ကျေးဇူးတင်ရပါတယ် .... ။ ကျနော် လည်း ချက်ချင်းမရောက်လာနိုင်တဲ့ အတွက် တောင်းပန်ပါတယ် နော် .... ။

ဘယ်လိုပဲပဲ ဖြစ်ဖြစ် ၂၀၁၃ ဟာ အစ်မအတွက် ကျန်းမာပျော်ရွင်မှု တွေ ယူဆောင်လာတဲ့ နှစ် ... ဖြစ်ပါစေလို့  ဆုတောင်းခဲ့ပါတယ် .... ။

ခင်မင်စွာဖြင့်

မောင်ဘုန်း

Anonymous at: January 4, 2013 at 7:26 AM said...

ယောက်ခမရေ ကျန်းမာရေး ဂရုစိုက်နော်...

{ ပန်းချီ } at: January 4, 2013 at 7:48 AM said...

နှစ်သစ်မှာ စိတ်သွားတိုင် ကိုယ်ပါနိုင်ပါစေ အစ်မရေ။ ကျန်းမာရေး ဂရုစိုက်ပါ။ ကိုလွင်ပြင့် ကောမန့်ဖတ်ပြီး ပြုံးတုံးတုံးတောင် ဖြစ်မိရတယ်။ တကတည်း ကိုလွင်ပြင်တို့ သည်းနေလိုက်တာ (ခင်မင်စွာ အချွန်နဲ့မသွားပါသည်းD)

{ blackroze } at: January 4, 2013 at 9:07 AM said...

2013 မှာ လိုရာဆန္ဒတွေပြည့်ပါစေ
ဂျက်စ်ဂျက်စ်ရေ

စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့
ပျော်ရွှင်အေးချမ်းပါစေရှင်

{ Phyu Lwin } at: January 4, 2013 at 1:53 PM said...

အခု ၂၀၁၃ မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်ပါစေ မမစံပယ်..
ခင်မင်နေတဲ့ Snow

{ cho cho chit } at: January 4, 2013 at 5:23 PM said...

မမ ရေ ... စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒတွေ နဲ့ ပြည့်စုံပါစေလို့  ...
ချစ်တဲ့ .. ချို

{ Yoemyaykya } at: January 4, 2013 at 7:49 PM said...

မမ မမကျန်းမာနေမှဖြစ်မယ်နော်။ ညလေးဆုတောင်းပေးမယ်နော်။ မတည့်တာတွေတော့ မစားနဲ့နော်။ အစားလေးတစ်လုပ်အတွက် ရောဂါတွေခံနေရမယ်။ ၂၀၁၃ မှာ အားလုံးအားလုံး အကောင်းဆုံးတွေနဲ့ပဲတွေ့ပါစေ။

{ ညီလင်းနိုင် } at: January 4, 2013 at 10:56 PM said...

နှစ်သစ်မှာ နေကောင်း ကျန်းမာ စိတ်ချမ်းသာနိုင်ပါစေ ။

{ roseayemaung } at: January 5, 2013 at 12:52 AM said...

မစပယ်..၇ယ်...ကျန်းကျန်းမာရှီပါစေလို့နှစ်သစ်မှာဆုတောင်းပေးလိုက်ပါတယ်...
စပယ်ကိုချစ်တဲ့နှင်းဆီ

{ Unknown } at: January 5, 2013 at 1:37 AM said...

ကျန်းမာရေးကို အထူးဂရုစိုက်ပါ ဂျက်ရေ။ တောင်းဆုအတိုင်း ပြည့်ပါစေနော်။

Anonymous at: January 5, 2013 at 2:38 AM said...

ပြက္ခဒိန်ရက်တွေကို လွန်ဆန်လို့မရနိုင်ပေမယ့် မဂျက်ရေ .. ကျန်းမာရေးလေးကိုတော့ အသက်ကိုဥာဏ်စောင့်၏ တဲ့ .. ဒါကြောင့် မကြီးဂျက်က ဂရုစိုက်ပါလို့ .. အရာအားလုံးဟာ လည်း ဖြစ်ပြီးခဏပါပဲမို့ ဘယ်အရာကိုမှ စိတ်ထဲမှာ အကြာကြီးမထားပါနဲ့လို့နော် .. :)

{ Unknown } at: January 5, 2013 at 7:35 PM said...

စပယ်လေး
နှစ်သစ်မှာစိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင်.
မောင်လွင်ပြင်နှင်အတူပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။
နေကောင်းစွာဖြင်.စပယ်ချစ်သောကဗျာလေးတွေ
များများရေးနိုင်ပါစေကွယ်။ခင်တဲ.အန်တီလေးမေခင်

{ Thu } at: January 5, 2013 at 9:43 PM said...

2013နျစ်သစ်မှာ ကျန်းမာပျော်ရွှင်နိုင်ပါစေနော်။
နယူးရီးယားပိတ်ရက်မှာဆက်သွယ်မှုဧရိယာပြင်ပရောက်နေလို့ အားလုံးကိုအဆက်အသွယ်ပြတ်နေတာ..
ကျန်းမာရေးဂရုစိုက်နော်မမ

{ သူကြီးမင်း (တုံးဖလား) } at: January 6, 2013 at 9:28 AM said...

ကျန်းမာရေးလဲ ဂရုစိုက်ဦး။
ကျန်းမာမှ စာများများ ရေးနိုင်မှာ။

ပျော်ရွှင်ကျန်းမာအဆင်ပြေပါစေ။

{ မိုးသူ(တောင်ကြီး) } at: January 6, 2013 at 4:49 PM said...

မကြီးဂျက်ရေ ....
အစစအရာရာအဆင်ပြေပါစေပဲ
ဆုမွန်ကောင်းတောင်းပါတယ်
မကြီးဂျက် ရဲ့ ကျန်းမာရေးလဲဂရုစိုက်ပါနော်

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ San San Htun } at: January 6, 2013 at 5:01 PM said...

ဂျက်ရေ ကျန်းမာပျော်ရွှင်သော မင်္ဂလာရှိသောနှစ်သစ် ဖြစ်ပါစေ..

{ witch83 } at: January 6, 2013 at 5:33 PM said...

ဟုတ်ပါတယ် sis ရယ်... နှစ်သစ်ဆိုတာက မကြိုလည်း သူ့ဘာသာသူ လာတာပါပဲ။ အချိန်ဆိုတာက တားလို့ရတဲ့အရာမှ မဟုတ်တဲ့ဟာကို ... ကျန်းမာရေး မကောင်းတာ တကယ် မသိဘူး။ ဂရုစိုက်ပါ sis ရေ... ကိုယ်တွေက အိမ်နဲ့ဝေးနေကြရတယ် မဟုတ်လား။

{ ဆန်းစနေ၀န်း } at: January 6, 2013 at 8:41 PM said...

မစပယ်ရေ..ကျန်းမာပျော်ရွှင်ပြီး စာတွေ ကဗျာတွေ များများရေးနိုင်ပါစေ

{ ငြိမ်းစိုးဦး } at: January 8, 2013 at 8:28 PM said...

၂၀၁၃ စစခြင်းကို ကံမကောင်းတာလဲကြုံလိုက် ရတယ် ... လို့ မထင်စေချင်ပါ ။ အကောင်းဖြစ်ဖို့ အဆိုးရှေ့ကသွားတာလို့ သဘောထားပြီး ၂၀၁၃ မှသည် နောင်နှစ်ပေါင်းများစွာ ...
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေကြောင်း ...

{ တွတ်တွတ် } at: January 22, 2013 at 9:03 AM said...

ကျွန်ပ်မောင်မောင်တွတ်သည်လည်း..2012 ခုနှစ်တွင် သွေးတိုးရောဂါနှိပ်စက်သဖြင့်.လွန်စွာကြိုက်နှစ်သက်လှသော.၀က်သားဒုတ်ထိုး၊ ဒညင်းသီး၊ အုန်းနို့ခေါက်ဆွဲ..တို့အပြင်... ယစ်ရွှေရည်ယမကာများ၏ ဧရိယာပြင်ပသို့..အလိုလို ရောက်ရှိသွားလေ၏။
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပေတည်း။

{ Iora } at: January 27, 2013 at 8:00 PM said...

ဂျက်..
ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ရှိပါစေလို့ ...
အိုင်အိုရာ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine