Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဋီကာမချဲ့တဲ့ ကဗျာ

| Wednesday, December 19, 2012
တွန့်လိမ်ကောက်ကွေးနေတဲ့
သံယောဇဉ် 
အရောင်တွေ ဖျော့ဖျော့လာတဲ့
အကြင်နာ
မရိုးမရွဖြစ်နေတတ်တဲ့
မျက်နှာထား
ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ
ချစ်ခြင်းတရား
ခပ်ပါးပါးလေးသာကျန်နေတဲ့
အတွယ်အတာ
ရင်ထဲမှာတော့ အားလုံးဗလာဖြစ်နေပြီ ။

စံပယ်တွေ သီချင်းမဆိုတတ်ဘူး
ချယ်ရီတွေ မျက်ရည်မကျတတ်ဘူး
တစ်ယောက်ထဲ 
ရိုးပြတ်တောထဲ လမ်းလျှောက်နေတယ်
ဖုန်းဆိုးမြေမှာ အသက်ရှုနေရသလို
ဂီတာအိုက သစ်လွင်တဲ့သံစဉ်တွေပေးလဲ
ငါ့ လက်တွေမစွမ်းသာခဲ့ဘူး
နေ့စဉ်နေ့တိုင်း
ငါ  ကြားနေရတယ်
လက်ခုပ်သံ
အဲတာအတုတွေတဲ့လေ ။

ဘာကိုလဲ ဘာကြောင့်လဲ
ငါ   တကယ်မသိခဲ့ပါဘူးကွယ်
မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုစဉ်းစားသလို
ငါ ပြန်ပြီးစဉ်းစားခဲ့ဖူးတာပဲ
ဘာအရာမှ မရှိခဲ့ဘူး ။

အကျိုးမရှိတဲ့
သဘောထားများ
အရာဝထ္ထုများကို
ငါ  ဋီကာမချဲ့ခဲ့ပါ
အမှန်တရားတွေကို
ဖုန်းကွယ်ကြတယ်
တခါတရံ ပျောက်ဆုံးစေတယ်
လောဘတွေ အတ္တတွေမှာ
ရောင်စဉ်က နိတ္တိ
သံယောဇဉ်နဲ့  ချစ်ခြင်းမှာတော့ 
ရောင်စဉ်တွေ သံစဉ်တွေအပြည့်ပေါ့
ဘောင်ခတ်မရတဲ့ လောကထဲ 
ငါ့ရဲ့ ကဗျာတွေ
ကမ္ဘာကျာ်လဲ မဟုတ်သလို
ခေတ်ဲ့ ရေစီးကြောင်းထဲလဲ
ငါ
မမျောနိုင်ဘူး  
ငါ့ ဘဝ
ငါ့ ပတ်ဝန်းကျင်
လွတ်လပ်ခြင်းတံခါးတွေ
ငါ  ဖွင့်ထားပြီး   
ဖြူစင်ခြင်းတွေ ယှက်နွယ်နေတဲ့
သူငယ်ချင်း မိတ်ဆွေအားလုံးကိုလဲ
ငါ   ကြိုဆိုနေမှာပါ ။
  



jasmine



25 comments:

{ သူကြီးမင်း (တုံးဖလား) } at: December 19, 2012 at 11:51 AM said...

ခရစ်စမတ်နီးလာတာနဲ့အမျှ မီးရှူးမီပန်းတွေနဲ့အတူ
ရင်ဘတ်ထဲကလဲ ၀ုန်းဒိုင်းဂွမ်းတွေ ဖြစ်ကုန်ပြီထင်တယ်။း))

{ roseayemaung } at: December 19, 2012 at 5:42 PM said...

ငါ့ ဘဝ
ငါ့ ပတ်ဝန်းကျင်
လွတ်လပ်ခြင်းတံခါးတွေ
ငါ ဖွင့်ထားပြီး
ဖြူစင်ခြင်းတွေ ယှက်နွယ်နေတဲ့
သူငယ်ချင်း မိတ်ဆွေအားလုံးကိုလဲ
ငါ ကြိုဆိုနေမှာပါ ။
**ဒီဇဘာင်္နဲ့အတူ...အေးချမ်းပါစေ**

{ Yoemyaykya } at: December 19, 2012 at 7:29 PM said...

ချစ်ခြင်းတရားတွေလဲ ခပ်ပါးပါးကျန်တော့တယ်……..
တကယ်ကိုခပ်ပါးပါးလေးပဲ……

{ ရင်ခုန်ရသူ } at: December 19, 2012 at 8:29 PM said...

မမကြီးရေဋီကာမချဲ့တဲ့ကဗျာသေချာခံစားသွားပါတယ်ဗျာ

{ kiim } at: December 19, 2012 at 9:10 PM said...

ကဗျာလေးလာဖတ်သွားပါတယ်..
ဒီကဗျာလေးအစအဆုံးအားလုံးကြိုက်တယ်..
မိုက်တယ်...

{ kiim } at: December 19, 2012 at 9:13 PM said...

ကဗျာလေးလာဖတ်သွားပါတယ်..
ဒီကဗျာလေးအစအဆုံးအားလုံးကြိုက်တယ်..
မိုက်တယ်...

{ ဆူးသစ် } at: December 19, 2012 at 9:25 PM said...

တစ်ခုခုတော့မှားနေပြီ။တို့နှစ်ယောက်ရဲ့အခုလက်ရှိ..ဆိုတဲ့မျိုးကြီးသီချင်းကိုသတိရမိသွားတယ်။အချိန်မီသာပြင်ဆင်ခွင့်မရှိခဲ့ရင်....ဆိုတဲ့ခေါင်းစဉ်လေးလိုပေါ့။တစ်ခါတစ်ခါတော့လည်းစိတ်ခံစားမှုတွေကအဲဒီလိုဗျ။နီးတာတွေကဝေးပြီးဝေးတာတွေကနီးလာပြန်ရော။တကယ်တော့ကိုယ်တိုင်ကသေသေချာချာနားလည်နိုင်အောင်ကြိုးစားရင်းပြန်ညှိခဲ့ရတာချည်းပဲ။နောက်တော့လည်းပြေလည်သွားတာပဲ။မိတ်ဆွေဆိုတာကတော့ကိုယ့်ရင်ဘတ်ထဲကလူလောက်တော့အမှန်ပြောပြနိုင်ပါ့မလားဆိုတာစဉ်းစားစရာပဲ။တကယ်စစ်မှန်တဲ့လူတွေတော့ရှိတယ်။ငယ်သူငယ်ချင်းတွေလိုပေါ့။တွေးကြည့်တာပါ။ကဗျာကကျွန်တော့်ကိုတွေးစေလို့လေ။

{ အိပ်မက်ကောင်းကင် } at: December 20, 2012 at 12:43 AM said...

ခရစ်မစ်နီးလာတော့ ကဗျာတွေကပိုကောင်းလာပါလား မမစံပယ်ရေ

{ 3rdthameetaw } at: December 20, 2012 at 3:10 AM said...

လာဖတ်သွားပါတယ် ဂျက်ရေ

{ လရိပ်အိမ် } at: December 20, 2012 at 3:33 AM said...

ဋီကာမချဲ့တဲ့ကဗျာဆိုလို့ တကြောင်းထဲများလားလို့းP
ကြိုဆိုနေတဲ့ကဗျာလေးထဲဝင်ခဲ့တယ်။ အိမ်ကိုလဲ နောက်လမ်းကြုံရင် ဝင်ခဲ့မယ် မစံပယ်။

{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: December 20, 2012 at 5:16 AM said...

ဘာကိုလဲ ဘာကြောင့်လဲ
ငါ တကယ်မသိခဲ့ပါဘူးကွယ်
မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုစဉ်းစားသလို
ငါ ပြန်ပြီးစဉ်းစားခဲ့ဖူးတာပဲ
ဘာအရာမှ မရှိခဲ့ဘူး ။
ခရစ်စမတ်လက်ဆောင်ကဗျာလေးကို
ရင်ဘတ်ကြီးနဲ့ခံစားသွားပါတယ်

{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: December 20, 2012 at 5:16 AM said...

ဘာကိုလဲ ဘာကြောင့်လဲ
ငါ တကယ်မသိခဲ့ပါဘူးကွယ်
မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုစဉ်းစားသလို
ငါ ပြန်ပြီးစဉ်းစားခဲ့ဖူးတာပဲ
ဘာအရာမှ မရှိခဲ့ဘူး ။
ခရစ်စမတ်လက်ဆောင်ကဗျာလေးကို
ရင်ဘတ်ကြီးနဲ့ခံစားသွားပါတယ်

{ ချစ်စံအိမ် } at: December 20, 2012 at 4:11 PM said...

ချစ်မ လက်စွမ်းပြတယ်ဟေ့..

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: December 20, 2012 at 7:24 PM said...

ဖတ်ပြီး မောလျလျ ကြီး ဖြစ်သွားတယ် ဒေါ်ဂျက်ရယ်

{ Unknown } at: December 20, 2012 at 9:06 PM said...

ဖြူစင်ခြင်းတွေ ယှက်နွယ်နေတဲ့
သူငယ်ချင်း မိတ်ဆွေအားလုံးကိုလဲ
ငါ ကြိုဆိုနေမှာပါ ။
ကဗျာလေးအားပေးသွားပါတယ်။လာမဲ.2012
ခရစ်စမတ်ကိုကြိုဆိုရင်းပျော်ရွှင်ပါစေကွယ်။
ခင်တဲ.အန်တီလေးမေခင်

{ ပန်းချီ } at: December 20, 2012 at 11:41 PM said...

နှစ်တစ်နှစ်ကုန်ခါနီးပြီဆိုတော့ ရင်ထဲမှာအားလုံးဗလာဖြစ်အောင် ရှင်းလင်းနေတယ်ပေါ့ အစ်မစံပယ်ရေ..(ချစ်လို့ကြည်စယ်သွားပါသည်းD)

Anonymous at: December 21, 2012 at 10:11 PM said...

လာရောက်အားပေးသွားတယ်ဗျာ.....။
merry christmas ပါ.....။

{ မိုးနတ်ကြယ်စင် } at: December 23, 2012 at 6:38 AM said...

ကဗျာလေး အရမ်းကောင်းတယ် ချစ်မရေ...
ညလေးအရမ်းကြိုက်တယ်သိလား...ချစ်မနဲ့လဲ
မတွေ့ရတာကြာပေါ့နော်..ချစ်မနေကောင်းရဲ့လားဟင်
ချစ်တဲ့...မိုးနတ်

{ အိမ်မက်စေရာ } at: December 23, 2012 at 1:48 PM said...

အမြဲတမ်းပဲ မရိုးနိုင်တဲ့ ကဗျာတွေ ဖန်တီး နိုင်စွမ်းရှိတဲ့ မမနဲ့ အစ်ကို ကိုတော့ ချီးကျူးပါတယ်..
ခင်တဲ့
အိမ်မက်

{ ညီလင်းနိုင် } at: December 24, 2012 at 6:48 PM said...

အားထုတ်မှုတွေ မြင်တွေ့ခံစားခဲ့ရတဲ့ ကဗျာလေးပါ ။

ရေးအားကောင်းသလို တွေးအားကောင်းတဲ့ မဂျက်ရေ ....

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

{ witch83 } at: December 25, 2012 at 7:30 PM said...

အချိန်မီသာ ပြင်ဆင်ခွင့် ရှိခဲ့ရင်... ပြင်လိုက်မှ သစ်သွားမဲ့ ပြင်သစ်အချစ်ရယ်... သီချင်းညည်းကြည့်တာပါ။ :) ပျော်ရွှင်နိုင်ပါစေ။ မိတ်ကောင်းဆွေကောင်းတွေနဲ့လည်း တွေ့  ပါစေ...

{ မိုးသူ(တောင်ကြီး) } at: December 25, 2012 at 8:59 PM said...

မကြီးဂျက်ရေ ဋီကာမချဲ့တဲ့ ကဗျာ လေးကို

ဋီကာမချဲ့ပဲဖတ်ရှုခံစားသွားပါတယ်ခင်ဗျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ မိုးသူ(တောင်ကြီး) } at: December 25, 2012 at 8:59 PM said...

မကြီးဂျက်ရေ ဋီကာမချဲ့တဲ့ ကဗျာ လေးကို

ဋီကာမချဲ့ပဲဖတ်ရှုခံစားသွားပါတယ်ခင်ဗျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ လေပြေချို } at: December 26, 2012 at 7:32 AM said...

မစံပယ်ချိုရေ.... ကဗျာလေး လာအားပေးရင်းနဲ့
လေပြေချိုဆိုတဲ့ သူငယ်ချင်းကိုလည်း မေ့မထားပါနဲ့နော်
ချစ်တဲ့
လေပြေ

{ ကြည်ဖြူခင်ခင် } at: December 26, 2012 at 10:03 AM said...

မဂျက်ရေ.. ကဗျာကောင်းတစ်ပုဒ်ပါပဲ.. ခံစားအားပေးခဲ့ပါတယ်..

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine