Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မိုးရာသီ ^^^^^^^^^^^ အလွမ်းရာသီတဲ့လား

| Friday, May 10, 2013
ရွာနေတဲ့ မိုးစက် လက်နဲ့ခံ ကြည့်လိုက်တယ်
လက်ကတော့ အေးစက်ပြီး နှလုံးသာ ပူလောင်နေဆဲ
ဘယ်အချိန် ဘယ်အခါမှ 
ကျိုးကြေမသွားတဲ့ ခံစားမှုတချို့
အောက်သက်သက်နဲ့ လွမ်းလို့ ကောင်းတုန်း
မုန်းမေ့လို့ သွားတတ်တဲ့သူတွေအတွက်တော့
ခံစားချက် ဗလာ ။

မထင်မှတ်ထားတဲ့ နာကျင်မှုက
ဒဏ်ရာတခုကို အစိမ်းချုပ်လိုက်သလိုမျိုးပေါ့ ။

တမ်းတမှုတွေကို ခပ်မာမာ မောင်းထုပ်လိုက်ချင်လဲ
နှလုံးသားက ခွင့်မပြု
အတု အပ ကိုလဲ ရင်ဘတ်ကလက်မခံ
လက်ကျန် အလွမ်းကို အဖော်ပြုပြီး
လွမ်းရက်ဆက်ရှည်
ကျွမ်းနေတဲ့ ဒီ အသဲ
မင်းခွဲရက်လေခြင်း ။

နေတတ်ရင်ကျေနပ်စရာကောင်းပေမဲ့
ကျေနပ်စရာကောင်းဖို့ နေတတ်အောင်လဲ 
ကျင့်နေရသေးတယ် ။

တွယ်တာတယ် ကြင်နာတယ်
ပြောခဲ့ဖူးတဲ့အချိန်က
ဟိုးအဝေးမှာကျန်လို့နေပြီမို့
ဘ၀တလျှောက်လုံး
ရင်ဘတ်မှာ အပေါက်ကြီးနဲ့
နေ နေရပြီကွယ် ။

မီးလောင်ခံခဲ့ရတဲ့ သံယောဇဉ်တွေကလဲ
နေမင်းဆီကို လမ်းလျှောက်နေလေရဲ့
ဘယ်လိုပင် တမ်းတနေလဲ
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့ ။    ။

((ရွာနေတဲ့ မိုးကိုကြည့်ပြီး
ပေါက်ကရရေးမိတာလေးပါ))

jasmine
 

21 comments:

{ မိုးနတ်ကြယ်စင် } at: May 10, 2013 at 7:09 AM said...

တမ်းတမှုတွေကို ခပ်မာမာ မောင်းထုပ်လိုက်ချင်လဲ
နှလုံးသားက ခွင့်မပြု
အတု အပ ကိုလဲ ရင်ဘတ်ကလက်မခံ
လက်ကျန် အလွမ်းကို အဖော်ပြုပြီး
လွမ်းရက်ဆက်ရှည်
ကျွမ်းနေတဲ့ ဒီ အသဲ
မင်းခွဲရက်လေခြင်း ။

ချစ်မ ကဗျာတွေလာမဖတ်ရတာ
အတော်ကိုကြာပြီ....သတိလဲအရမ်းရတယ်
လွမ်းလဲအရမ်းလွမ်းတယ် မ ရယ်
ချစ်တဲ့...မိုးနတ်
PS . ဒါထက် ချစ်မ နေကောင်းတယ်နော်
ညလေးစိတ်ပူရအောင် မလုပ်ပါနဲ့ :P

{ ရင်ခုန်ရသူ } at: May 10, 2013 at 9:34 PM said...

အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့ ။ ။

အော်မိုးကိုအကြောင်းပြ
လွမ်းကြောင်းကိုချရေးသွားတယ်နော် ...ေိေိေိ

{ Cameron } at: May 10, 2013 at 10:31 PM said...

ဒီမှာတော့ မိုးကိုမျှော်ရလွန်းလို့ မိုးအတွက် ဘာမှမရေးဖြစ်သေးဘူး

{ Toe Yee Yee } at: May 11, 2013 at 12:48 AM said...

မုန်းမေ့လို့ သွားတတ်တဲ့သူတွေအတွက်တော့
ခံစားချက် ဗလာ ။
မီးလောင်ခံခဲ့ရတဲ့ သံယောဇဉ်တွေကလဲ
နေမင်းဆီကို လမ်းလျှောက်နေလေရဲ့
ဘယ်လိုပင် တမ်းတနေလဲ
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့ ။ ပေါက်ကရရေးတာတောင်တိုက်ဆိုင်နေပါတယ် ဂျက်ရယ် ရင်နဲ့ အမျှခံစားသွားပါတယ် ကျမ်းမာရေးလဲဂရုစိုက်နော် သွားခါနီးနေမကောင်းဖြစ်နေအုံးမယ်နော် ဂျက်တို့ မိသားစု အားလုံးနော် သတိရလျှက်

Anonymous at: May 11, 2013 at 1:06 AM said...

မိုးအကြောင်းလေးကို မူကွဲပုံလေးနဲ့ ရေးထားတာ နှစ်သက်စရာလေး မကြီးဂျက်စ် :)

{ Thu } at: May 12, 2013 at 8:34 PM said...

နေတတ်ရင်ကျေနပ်စရာကောင်းပေမဲ့
ကျေနပ်စရာကောင်းဖို့ နေတတ်အောင်လဲ
ကျင့်နေရသေးတယ် ။
ဟုတ်ပါ့မမရယ်...နေတတ်အောင်ကျင့်ရတာကပိုခက်တယ်နော်...သူတို့ကမိုးတွေရွာနေတော့ကဗျာတွေဘာတွေရေးပေါ့အေ..မီးတို့ကတော့ပူလိုက်တာ..မိုးများမျှော်လိုက်ရတာ..ရွာမယ့်ရွာ..တော့မိုးသီးတွေ..:P
မတွေ့တာကြာတော့လွမ်းလို့ ကွန့်မန့်အရှည်ကြီးပေးတယ်နော်.

{ witch83 } at: May 12, 2013 at 9:55 PM said...

ကဗျာလေး လာဖတ်သွားတယ် sis ရေ.. :)

{ နွေတေးရှင် (မင်းဧရာ) } at: May 13, 2013 at 6:07 AM said...

ခံစားတတ်တဲ့ နှလုံးသား ရှိသူတွေအတွက်တော့ လွမ်းစရာဆိုတာလဲ ကဗျာ ဖွဲ့လိုရတာဘဲနော်

ဒီလိုနဲ့ နှင်းတွေ သစ်ရွာကြွေရင်း မိုးတွေရွာရင်း နှင်းတွေဝေရင်း အထီးကျန်ခြင်း ကဗျာ တစ်ပုဒ်ကို
ကျွန်တော်လည်း ဆွဲထုတ်မိပြန်ပြီ ။

{ မိုးညချမ်း } at: May 14, 2013 at 8:03 AM said...

“ကျွမ်းနေတဲ့ ဒီ အသဲ
မင်းခွဲရက်လေခြင်း ။” ... စကားလုံးတိုင်း ထိတယ် ချစ်မရေ ... :)

{ မောင်သီဟ } at: May 14, 2013 at 11:26 PM said...

မိုးရာသီကဗျာလေးက ဆွေးတမြေ့မြေ့


{ Yoemyaykya } at: May 15, 2013 at 12:36 AM said...

မမရေ ဒီကဗျာလေးဖတ်နေတုန်း အပြင်မှာ မိုးတွေရွာနေလေရဲ့။ ကဗျာထဲကအတိုင်း တကယ်ကို
တမ်းတမှုတွေကို ခပ်မာမာ မောင်းထုတ်လိုက်ချင်လဲ
နှလုံးသားက ခွင့်မပြု
အတု အပ ကိုလဲ ရင်ဘတ်ကလက်မခံ
လက်ကျန် အလွမ်းတွေကိုပဲ အဖော်ပြုနေရတယ်မမ။

{ roseayemaung } at: May 15, 2013 at 1:51 AM said...

ခံစားချက်ကဗျားလေးကရင်နင့်စာလေးပါလားနော်.
မချစ်တော့တဲံသူတယေက်...မေ့သင့်ပါပြီ
ရင်ထဲမှ ထာဝရ မသိမ်းထားပါတော့လားနော်...
စပယ်ကိုချစ်တဲံနှင်းဆီ

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: May 16, 2013 at 3:39 AM said...

မိုးရာသီ
အလွမ်းရာသီ
အိပ်ရာထဲမှာကွေလို့ကောင်းသောရာသီ ..

ဒါပေမယ့်ကွယ်.
ခုတလော မိုးတွေနေ့တိုင်းရွာလွန်းလို့ မိုးကိုသိပ်ချစ်တဲ့ မြတ်တောင် စိတ်ညစ်နေတယ်။ :D

ချစ်တဲ့
မြတ်

{ Unknown } at: May 20, 2013 at 4:47 AM said...

တမ်းတမှုတွေကို ခပ်မာမာ မောင်းထုပ်လိုက်ချင်လဲ
နှလုံးသားက ခွင့်မပြု
အတု အပ ကိုလဲ ရင်ဘတ်ကလက်မခံ
လက်ကျန် အလွမ်းကို အဖော်ပြုပြီး
လွမ်းရက်ဆက်ရှည်
ကျွမ်းနေတဲ့ ဒီ အသဲ
မင်းခွဲရက်လေခြင်း ။

ကဗျာလေးကောင်းလိုက်တာ...........

{ mypersonalspace } at: May 20, 2013 at 1:03 PM said...

တွယ်တာတယ် ကြင်နာတယ်
ပြောခဲ့ဖူးတဲ့အချိန်က
ဟိုးအဝေးမှာကျန်လို့နေပြီမို့
ဘ၀တလျှောက်လုံး
ရင်ဘတ်မှာ အပေါက်ကြီးနဲ့
အဲ့လိုမနေရရင် ပိုကောင်းမယ်မကြီး

{ roseayemaung } at: May 20, 2013 at 1:37 PM said...

အတိတ်ဟောင်းကိုမိုးေ၇နဲ့ဆေးကြောသင့်ပြီ..
...ကဗျာတွေမတင်လာ၇င်စိတ်ပူနေ၇တယ်နော်...
မစပယ်နေကောင်းပါစေ....
ပျော်ရွှင်ပါစေနော်...ချစ်တဲ့...စပယ်ရဲ့နှင်းဆီ

{ Yoemyaykya } at: May 22, 2013 at 1:33 AM said...

မမလာအားပေးပီး မန့်ထားတာတွေ ဘယ်ပျောက်သွားတာလဲ။မမဘယ်ပျောက်နေလဲ

{ လရိပ်အိမ် } at: May 29, 2013 at 6:10 AM said...

လက်ကျန် အလွမ်းတွေကို အဖော်ပြုမိတာ ပိုပိုလွမ်းလာတယ်။
နှလုံးသားတွေ လောင်ကျွမ်းလို့မဖြစ်ဘူး။

လေးစားစွာဖြင့်
လရိပ်အိမ်

Anonymous at: June 9, 2013 at 8:52 PM said...

အဟင့် ပေါက်ကရရေးမိတာမို့ပဲနော
ဒီမှာတော့ လွမ်းပြီးရင်းးလွမ်းးးး

~ Kk ~

{ yinminkhine } at: July 26, 2013 at 5:08 PM said...

မီးလောင်ခံခဲ့ရတဲ့ သံယောဇဉ်တွေကလဲ
နေမင်းဆီကို လမ်းလျှောက်နေလေရဲ့
ဘယ်လိုပင် တမ်းတနေလဲ
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့ ။ ။

{ yinminkhine } at: July 26, 2013 at 5:12 PM said...

မီးလောင်ခံခဲ့ရတဲ့ သံယောဇဉ်တွေကလဲ
နေမင်းဆီကို လမ်းလျှောက်နေလေရဲ့
ဘယ်လိုပင် တမ်းတနေလဲ
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine