Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

လူထဲက လူ

| Tuesday, February 5, 2013
ဘာညာမသိတဲ့ ကမ္ဘာကြီးလို့ပြောတာထက်
ဘာညာမသိတဲ့ လူတွေလို့ပြောရင်ပိုပြီးမှန်မလားပဲ
ကမ္ဘာကြီးကသူ့ဟာသူနေတာမို့
ငြိမ်းချမ်းနေတဲ့ ကမ္ဘာ
ဖြူစင်နေတဲ့ ကမ္ဘာ
အရောင်ဆိုး
အသွင်တွေပြောင်းတာက
လူတွေပါပဲ ။

အရာဝထ္ထု အတုများစွာ
ထဲမှ
တချို့သော အကြောင်းအရာတွေကိုလဲ
သတင်း တု အဖြစ်ဖန်ဆင်းကြတတ်တယ်။
 
တချို့ အတုတွေကို
အစစ်တွေထက် ဈေးမြင့်ခေါ်နေကြတယ် ။

မမှန်တဲ့ တရားကို
အမှန်တရား လုပ်နေတယ် ။

ကိုယ့်မှာရှိနေတဲ့
အမည်းရောင်ရင့်ရင့် အတ္တတွေနဲ့
ကမ္ဘာကြီးကို အရောင်ပြောင်းစေကြတယ် ။

ဘေးကျပ်နံကျပ် ဘ၀တွေအတွက်
သက္ခာတွကို ရောင်းကုန်လုပ်နေကြတယ် ။

သူတပါးရဲ့ ရိက္ခတွေကို
နဂါးမျက်စောင်းနဲ့ ကြည့်တတ်လာကြတယ် ။

ဒယီးဒယိုင်ဖြစ်နေတဲ့ ကိုယ့်အနာဂတ်လမ်းအတွက်
နေရာလု ထိုင်ခုံလု ဆွဲတင်သလိုလိုနဲ့
တွန်းချ ကိုယ့်သွေးသားထိလာပြန်တော့လဲ
တရားမရှိ ဓားကြည့် ။

စာနာမှုအနွေးဓာတ်
သန့်စင်တဲ့အတွေး
ငါဘယ်မှာရှာရပါ့ ။

jasmine

22 comments:

{ Yoemyaykya } at: February 5, 2013 at 10:10 PM said...

ကမ္ဘာက ကမ္ဘာအတိုင်းနေတယ်။
လူတွေသာ အရောင်ပြောင်းလို့
အော် ဘေးကျပ်နံကျပ်ဘ၀ထဲမှာတော့
သိက္ခာကို မရောင်းရသေးသလို
အတ္တတွေလဲ ခုထိအဖြူရောင်အတိုင်း ရှိနေတုန်းပါပဲ။

{ မိုးညချမ်း } at: February 5, 2013 at 10:42 PM said...

စာနာမှုအနွေးဓါတ်နဲ့ သန့်စင်တဲ့အတွေးကို တစ်နေ့နေ့ တွေ့နိုင်ကောင်းပါရဲ့ မမရေ ...

{ Thu } at: February 5, 2013 at 10:46 PM said...

အဲ့လို လူမျိုးတွေကိုယ့်ဘေးမှာတွေ့နေရတာအရမ်းစိတ်ပျက်တာပဲမမရယ်

Anonymous at: February 5, 2013 at 11:59 PM said...

စာနာမှုအနွေးဓာတ်
သန့်စင်တဲ့အတွေး
ငါဘယ်မှာရှာရပါ့ ။

စကားလုံးသုံးထားတာလေး လှလိုက်တာ

~ Kk ~

{ ရင်ခုန်ရသူ } at: February 6, 2013 at 12:07 AM said...

ဒယီးဒယိုင်ဖြစ်နေတဲ့ ကိုယ့်အနာဂတ်လမ်းအတွက် နေရာလု ထိုင်ခုံလု ဆွဲတင်သလိုလိုနဲ့ တွန်းချ ကိုယ့်သွေးသားထိလာပြန်တော့လဲ တရားမရှိ ဓားကြည့် ။

စာနာမှုအနွေးဓာတ် သန့်စင်တဲ့အတွေး ငါဘယ်မှာရှာရပါ့

လူထဲကလုတွေရှိနေသမျှတော့

ခပ်ညစ်ညစ်ပိတ်ဖြူတွေ

နေရောင်အောက်မှာ ဖြန့်ကျတ်နေကြရဦးမှာပေါ့မမရယ်

{ 3rdthameetaw } at: February 6, 2013 at 5:16 AM said...

စာနာမှုအနွေးဓာတ်
သန့်စင်တဲ့အတွေး
ငါဘယ်မှာရှာရပါ့ ။
..
ကိုလွင်ပြင် တစ်ယောက်လုံူးရှိနေတာများ နော်

{ လရိပ်အိမ် } at: February 6, 2013 at 5:24 AM said...

နဂါးမျက်စောင်းဆိုတော့ ပြာကျပြီပေါ့။

{ မိုးနတ်ကြယ်စင် } at: February 6, 2013 at 5:25 AM said...

မရေ....မိုက်စ် :)
ရေးထားတာလေး တွေးစရာတွေလဲရလို့
အားကြီးကောင်းတယ်...အို လူထဲကလူတွေပါပဲလေ..
ချစ်တဲ့....မိုးနတ်

{ ဖြိုးဇာနည် } at: February 6, 2013 at 8:56 AM said...

အါိပ၌ာယ်ဖွင့်ချလိုက်တာ အတော်လေးနက်တယ်

{ Aunty Tint } at: February 6, 2013 at 10:01 AM said...

ကလောင်လေးထက်ပါ့ ဂျက်ရေ။
စာနာမှုအနွေးဓာတ် သန့်စင်တဲ့အတွေး
ဂျက်ရဲ့အနီးဆုံးနေရာမှာပဲ ရှာဖွေနိုင်တာပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ညောင်ညိုရိပ် } at: February 6, 2013 at 2:33 PM said...

ဟုတ်ပ တစ်ချို့အတုတွေက အစစ်တွေထက် ဈေးမြင့်နေကြတယ်။ အမည်းရောင်ရင့်ရင့် အတ္တတွေဆိုတာ ကြောက်စရာအကောင်းဆုံး သွေးဆာနေတဲ့ဘီးလူးကြီးတွေပမာပါပဲ။ ကမ္ဘာကြီးကို ဟုန်းဟုန်းတောက် သွားစေနိုင်တယ်..။ကျေးဇူးပါပဲ..ဒီကဗျာလေးကိုဖတ်ရင်း ကိုယ့်အတ္တကိုယ် ကောက်ကိုင်ကြည့်မိသွားတယ်။

{ ချစ်စံအိမ် } at: February 6, 2013 at 3:01 PM said...

စာနာမှုအနွေးဓာတ်
သန့်စင်တဲ့အတွေး
ငါဘယ်မှာရှာရပါ့ ။

{ roseayemaung } at: February 6, 2013 at 5:24 PM said...

ကမ္ဘာကြီးကသူ့ဟာသူနေတာမို့
ငြိမ်းချမ်းနေတဲ့ ကမ္ဘာ
ဖြူစင်နေတဲ့ ကမ္ဘာ
အရောင်ဆိုး
အသွင်တွေပြောင်းတာက
လူတွေပါပဲ ။
......လူတွေကြောင့်ခက်ကုန်တော့မပဲနော့..
.ဖတ်လေကောင်းနှင်းဆီရဲစပယ်ကဗျာလေး

{ Unknown } at: February 6, 2013 at 6:25 PM said...

ဖြစ်တတ်တဲ့သဘောလေးတွေပဲလေ။ အမှန်တရားတွေရေးထားတဲ့ကဗျာလေးကို ဖတ်ခဲ့ပါတယ်မကြီး

{ Toe Yee Yee } at: February 6, 2013 at 8:24 PM said...

မှန်ပါတယ် ကမ္ဘာကြီးက သူ့ ဖာသာသူနေတာပါ အရောင်ဆိုးနေတာက လူတွေပါ အဲ့ဒီလူတွေထဲမှာ ကိုယ်မပါဘို့ ကြိုးစားနေပါတယ် သူငယ်ချင်းရယ်

Anonymous at: February 6, 2013 at 10:35 PM said...

မှန်ပ မကြီးဂျက်ရေ .. ဂုဏ်တွေ၊ အတုအယောင် စတဲ့ အပေါ်ယံတွေအောက်မှာ အမှန်တရား နဲ့ နွေးထွေးမှုတွေ" ခြ" စားကုန်ကျရပီနော် ...

နှမြောမိပါတယ် မကြီးဂျက်ရေ ..
အမှန်တရားတွေ ရေးတတ်တဲ့ မကြီးဂျက် ကျန်းမာရေး လည်း ဂရုစိုက်ပါနော် :)

{ ˜º̶̶ƷʌuτuмиƸ̶º˜˜ } at: February 7, 2013 at 5:28 AM said...

အင်း...
မရှိတော.ပါဖူး....ဘာမှ။
ကဗျာလေးကောင်းလို.ကူးသွားတယ်ပါ၏...။

{ AH } at: February 7, 2013 at 5:37 AM said...

ဒီကဗျာလေးကတော့ ဟက်ထိတယ် မဂျက်စ်...

{ witch83 } at: February 7, 2013 at 3:32 PM said...

sis ရေ.. စာနာမှုအနွေးဓာတ်နဲ့ သန့်စင်တဲ့အတွေးတွေကို ဂျက်ရဲ့အနီးဆုံးနေရာတွေမှာပဲ ရှာနိုင်မယ်ထင်တာပါပဲ။ ...
ကိုယ်ရော .. စိတ်ပါ ပျော်ရွှင်နိုင်ပါစေ။

{ မင်းအရိပ် } at: February 8, 2013 at 7:17 AM said...

မကြီးဂျက်
သူများတွေဘာလို့ခေါ်မှန်းမသိပေမယ့် ကျွန်တော်လဲ သူများတွေလိုပဲ ခေါ်လိုက်ပါတယ်
ကဗျာလေးကောင်းတယ်နော် မကြီးဂျက်
အမယ် ကျွန်တော့်နေရာလာပြီး ပြောင်သွားသေးတယ်နော်
ကျွန်တော်တော့ မပြောင်တော့ဘူး ဆံပင်ပေါက်ဆေးဝယ်နေရမှာစိုးလို့ :P

{ ညီလင်းနိုင် } at: February 8, 2013 at 7:53 AM said...

စာနာမှုအနွေးဓာတ်
သန့်စင်တဲ့အတွေး
ငါဘယ်မှာရှာရပါ့ ။

{ ရင်လှိုင်းခတ်သံ } at: April 27, 2013 at 10:18 AM said...

မမှန်တဲ့ တရားကို အမှန်တရားလုပ်နေကြတဲ့ သူတွေ မရှိတော့ရင် လောကကြီးက ပိုလှသွားမှာပဲနော်...။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine