Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မစိမ်းချင်လို့ သိမ်းထားဖူးတဲ့ကဗျာ

| Saturday, December 7, 2013
မနေ့က အကြောင်းအရာတွေ
အသစ်လိုပဲ ရင်ဘတ်ထဲ နွေးနေဆဲ
လူတချို့ပြောတာက အတိတ်ကို
အတိတ်မှာ ထားခဲ့ပါလားတဲ့
 
ငါ သေသွားပါစေ
ငါ ရှင်နေပါစေ
ကမ္ဘာဟာ အရောင်ပြောင်းလဲသွားမှာလား?
 
မြတ်နိုးခြင်း တန်ဖိုးထားခြင်းတွေနဲ့
လူတချို့ မထိုက်တန်ဘူးတဲ့
ခံစားချက်လေးတွေ ခပ်လွယ်လွယ်
စွန့်လိုက်ရမလားကွယ်
 
ရင်ခွင်ဗလာကြီးထဲ
အထာညက်တဲ့ စာသားလေးတွေ
ခဏခဏပျောက်ဆုံးနေရပြီ
 
အစိမ်းသက်သက်အဖြစ်ခံစားနေရတဲ့
ပတ်ဝန်းကျင်လေးမှာတော့
လုံခြုံမှုတွေရှိနေခဲ့လဲ
ခံစားမှု တချို့ကတော့
သက်တန့်ရောင်တွေပဲပေါ့ရှင်
 
အိပ်မပျော်တဲ့ရက်တွေလား
ပျော်အောင်မအိပ်တတ်တဲ့ညတွေလား
ရေတွက်ရင်း........အဖြေရှာ
ဘယ်မှာလဲ....ချစ်သူရေ
 
မာယာတွေများလာတဲ့ အသင်လောကရယ်
အလိမ်အညာတွေကိုလဲ မသင်ပဲတတ်လာကြတယ်
သံယောဇဉ် စစ်စစ်
အချစ် စစ်စစ်
အပြုံး စစ်စစ်
ခင်မင်မှု စစ်စစ်
အဲဒီ စစ်စစ် ဆိုတာတွေ
မရှိသလောက်.....ရှားနေခဲ့ပြီနော်
 
အရှုံး တွေများနေပြီ
အမုန်းတွေကလဲ လိုက်ပါလို့နေတယ်
အတု ဆိုတဲ့အရာကို
အခါခါ ကြုံခဲ့ရလို့
နက်ဖြန်ခါမှာတော့
ဘာပဲ ဖြစ်လာခဲ့ပါစေ
ရင်ဘတ်ထဲ သိပ်တော့ နာကျင်နေမည်မဟုတ်တော့ဘူးကွယ်။
 
jasmine

13 comments:

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: December 8, 2013 at 12:17 AM said...

အိပ်မပျော်တဲ့ရက်တွေလား
ပျော်အောင်မအိပ်တတ်တဲ့ညတွေလား
ရေတွက်ရင်း........အဖြေရှာ
ဘယ်မှာလဲ….ချစ်သူရေ

:( :( :(

ဘယ်မှာလဲကွယ်။ :(

{ ဆွေလေးမွန် } at: December 8, 2013 at 2:38 AM said...

ဒီတစ်ပိုဒ်လေးကို ပိုနှစ်သက်တယ်
ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်နေလို့ ထင်တယ်

အိပ်မပျော်တဲ့ရက်တွေလား
ပျော်အောင်မအိပ်တတ်တဲ့ညတွေလား
ရေတွက်ရင်း........အဖြေရှာ
ဘယ်မှာလဲ....ချစ်သူရေ

{ witch83 } at: December 8, 2013 at 7:22 AM said...

ဒီကဗျာလေးကိုဖတ်ပြီး ရင်နှင့်အမျှ ခံစားသွားပါတယ် မရေ...
အတု ဆိုတဲ့အရာကို၊ အခါခါ ကြုံခဲ့ရလို့၊ နက်ဖြန်ခါမှာတော့
ဘာပဲ ဖြစ်လာခဲ့ပါစေ... ရင်ဘတ်ထဲ သိပ်တော့ နာကျင်နေမည်မဟုတ်တော့ပါဘူး။ မြတ်နိုးခြင်း၊ တန်ဖိုးထားခြင်းတွေကလည်း လူတစ်ချို့နဲ့ မထိုက်တန်ပါဘူး။

{ Iora } at: December 8, 2013 at 11:28 AM said...

' အိပ်မပျော်တဲ့ရက်တွေလား
ပျော်အောင်မအိပ်တတ်တဲ့ညတွေလား
ရေတွက်ရင်း........အဖြေရှာ'
သဘောကျမိတယ်။
အိုင်အိုရာ

{ သဒ္ဓါလှိုင်း } at: December 8, 2013 at 9:09 PM said...

အတိတ်ဟာ ပြန်စဉ်းစားတိုင်း နွေးထွေးနေတုန်းပါ
ကဗျာလွင်ပြင်ထဲမှာ ကဗျာတွေ သောက်သုံးသွားတယ်..
ချစ်ခင်စွာ
သဒ္ဓါ

{ Cameron } at: December 8, 2013 at 10:33 PM said...

မာမီ့ကဗျာအသစ်တွေမဖတ်ရတာကြာလို့လားမသိ အရသာရှိလိုက်တာ...

{ စံပယ်ချို } at: December 9, 2013 at 2:35 AM said...

သာမီးလေးမီးမီးလဲပျောက်နေတာကြာပြီနော်



သဒ္ဓါလှိုင်းရေ ကဗျာလွင်ပြင်လေးကလဲ အမြဲကြိုဆိုလျှက်ပါရှင်

{ Aunty Tint } at: December 9, 2013 at 3:57 AM said...

စကားလုံး နူးနူးညံ့ညံ့လေးတွေနဲ့အတူ သူပြန်ပေါ်လာပြီ.. အားပေးသွားတယ် ဂျက်ရေ... ကျန်းမာရေးဂရုစိုက်ကြနော်....
ပထမကွန်မန့်ပျောက်သွားလို့ ထပ်ရေးလိုက်တယ်.. :)

မေတ္တာဖြင့်
တီတင့်

{ Toe Yee Yee } at: December 9, 2013 at 4:50 PM said...

မာယာတွေများလာတဲ့ အသင်လောကရယ်
အလိမ်အညာတွေကိုလဲ မသင်ပဲတတ်လာကြတယ်
သံယောဇဉ် စစ်စစ်
အချစ် စစ်စစ်
အပြုံး စစ်စစ်
ခင်မင်မှု စစ်စစ်
အဲဒီ စစ်စစ် ဆိုတာတွေ
မရှိသလောက်.....ရှားနေခဲ့ပြီနော် ........တကယ်ကိုရှားနေတာပါသူငယ်ချင်းရယ်....... အတုတွေခေတ်စားနေတာ.....

{ Toe Yee Yee } at: December 9, 2013 at 4:51 PM said...

မာယာတွေများလာတဲ့ အသင်လောကရယ်
အလိမ်အညာတွေကိုလဲ မသင်ပဲတတ်လာကြတယ်
သံယောဇဉ် စစ်စစ်
အချစ် စစ်စစ်
အပြုံး စစ်စစ်
ခင်မင်မှု စစ်စစ်
အဲဒီ စစ်စစ် ဆိုတာတွေ
မရှိသလောက်.....ရှားနေခဲ့ပြီနော် ........တကယ်ကိုရှားနေတာပါသူငယ်ချင်းရယ်....... အတုတွေခေတ်ဖြစ်နေတာနော်......

{ မင်းအရိပ် } at: December 14, 2013 at 12:57 PM said...

မစိမ်းချင်လို့ သိမ်းထားဖူးတဲ့ကဗျာတဲ့
ခေါင်းစဉ်ကစပြီး ဆွဲဆောင်သွားတာပဲ မကြီးဂျက်ရေ
ကဗျာလေးကောင်းတယ်

{ မိုးသက် } at: December 19, 2013 at 1:36 PM said...

မာယာတွေများလာတဲ့ အသင်လောကရယ်
အလိမ်အညာတွေကိုလဲ မသင်ပဲတတ်လာကြတယ်
သံယောဇဉ် စစ်စစ်
အချစ် စစ်စစ်
အပြုံး စစ်စစ်
ခင်မင်မှု စစ်စစ်
အဲဒီ စစ်စစ် ဆိုတာတွေ
မရှိသလောက်.....ရှားနေခဲ့ပြီနော်

{ မိုးသက် } at: December 19, 2013 at 1:36 PM said...

မာယာတွေများလာတဲ့ အသင်လောကရယ်
အလိမ်အညာတွေကိုလဲ မသင်ပဲတတ်လာကြတယ်
သံယောဇဉ် စစ်စစ်
အချစ် စစ်စစ်
အပြုံး စစ်စစ်
ခင်မင်မှု စစ်စစ်
အဲဒီ စစ်စစ် ဆိုတာတွေ
မရှိသလောက်.....ရှားနေခဲ့ပြီနော်

အစ်မဂျက်ရေ ရင်ထဲမှာ စူးကနဲ ဖြစ်သွားသလိုပါပဲ..

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine