Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အလွမ်း တချို့

| Sunday, January 19, 2014
သံယောဇဉ်တွေ အဟုတ်တိုးပြီးပိုခဲ့လဲ
ပုတ်သိုးတဲ့ ယုယမှုတွေ ငါ ရခဲ့တယ်
အချစ်တို့နေ၀င်ချိန်ရောက်ပြီတဲ့လေ
ညဆိုတဲ့ မှောင်မိုက်ခြင်းနဲ့အတူ
စိမ်ကားတဲ့ကြယ်တွေလဲနေရာအနှံ့ပြန့်ကာကြဲနေတယ်
 
ရုတ်တရက်တွေးမိလိုက်ပြီ
အယောင်ဆောင်မှုတွေ ကြီးစိုးတဲ့ကာလတခုပေါ့
ချစ်ခြင်းတွေကိုလဲ အပြောင်အပျက်လုပ်သူများနေတယ်
အိုမင်းတဲ့ အပြုံးတွေကို အသက်သွင်းဖို့
ကျွန်မကျိုးစားနေမိတယ်
 
အခါခါဖြန့်ကြည့်မိတယ်
တဖန်ပြန်ခေါက်သိမ်းမိတယ်
ဒီလိုနဲ့ အကြိမ်ကြိမ်
နောက်ကျောမလုံတဲ့ အလွမ်းတချို့
သိမ်းထားဆဲ-----------------------။
 
jasmine

13 comments:

{ LA MIN AUNG } at: January 19, 2014 at 7:55 PM said...

သံယောဇဉ်တွေ အဟုတ်တိုးပြီးပိုခဲ့လဲ
ပုတ်သိုးတဲ့ ယုယမှုတွေ ငါ ရခဲ့တယ်

{ အလွမ်းမြို့ } at: January 19, 2014 at 8:04 PM said...

မဂျက်...

အလွမ်းရောက်ခဲ့ပါကြောင်းးးး အကြောင်းအမျိုးမျိုး ကြောင့် ဘလော့ကို မရောက်ဖြစ် ပေမဲ့ အားလုံးကို အမြဲသတိရမိကြောင်းး ကဗျာလေးကိုလည်း ထပ်တူခံစားအားပေးသွားတယ်..

အလွမ်း
20-1-2014

{ Toe Yee Yee } at: January 19, 2014 at 8:18 PM said...

အယောင်ဆောင်မှုတွေ ကြီးစိုးတဲ့ကာလတခုပေါ့
ချစ်ခြင်းတွေကိုလဲ အပြောင်အပျက်လုပ်သူများနေတယ်
အိုမင်းတဲ့ အပြုံးတွေကို အသက်သွင်းဖို့
ကျွန်မကျိုးစားနေမိတယ်

{ Unknown } at: January 19, 2014 at 8:20 PM said...

အိုမင်းတဲ့ အပြုံးတွေ အသက်သွင်းဖို့ ကျွန်မကျိုးစားနေမိပါတယ်။စံပယ်လေး အားပေးသွားပါတယ်။

{ Unknown } at: January 19, 2014 at 8:22 PM said...

အိုမင်းတဲ့ အပြုံးတွေ အသက်သွင်းဖို့ ကျွန်မကျိုးစားနေမိပါတယ်။စံပယ်လေး အားပေးသွားပါတယ်။

Anonymous at: January 21, 2014 at 3:00 AM said...

ကဗျာလေး ဖတ်သွားခဲ့တယ် မကြီးဂျက်စ် :)

{ 3rdthameetaw } at: January 21, 2014 at 8:13 PM said...

အဲ့ဒီအလွမ်းဆိုတာက
ဖျောက်ပစ်လို့ မှမရတာ
မသိမ်းချင်လည်းသိမ်းမိနေတာပေါ့ ဂျက်ရဲ့
သိမ်းတော့မသိမ်းချင်ပါဘူး
လွှင့်ပစ်ချင်တာ
သူက အမှူန်အမွှားလေးလိုကပ်နေတော့
ခက်တာပေါ့....

{ 3rdthameetaw } at: January 21, 2014 at 8:13 PM said...

အဲ့ဒီအလွမ်းဆိုတာက
ဖျောက်ပစ်လို့ မှမရတာ
မသိမ်းချင်လည်းသိမ်းမိနေတာပေါ့ ဂျက်ရဲ့
သိမ်းတော့မသိမ်းချင်ပါဘူး
လွှင့်ပစ်ချင်တာ
သူက အမှူန်အမွှားလေးလိုကပ်နေတော့
ခက်တာပေါ့....

{ Thu } at: January 23, 2014 at 11:33 PM said...

အလွမ်းတွေမသိချင်ယောင်ဆောင်တာများပြီ...^_^
@Ahthu

{ Thu } at: January 23, 2014 at 11:35 PM said...

အလွမ်းတွေမသိချင်ယောင်ဆောင်တာများပြီ...^_^
@Ahthu

{ ရင်ခုန်ရသူ } at: January 27, 2014 at 6:04 AM said...

အင်းလွမ်းနေပြန်ပီလားမမဂျက်ရေ....
ကဗျာတွေအားပေးသွားပါတယ်နော်...ခင်တဲ့
မောင်လေး...ရင်ခုန်

{ Yoemyaykya } at: February 3, 2014 at 12:08 AM said...

အဲဒီအလွမ်းကို လာထုတ်ကြည့်တာ ကြယ်လေးကလဲ စိမ်းကားချင်ယောင်ဆောင်လို့။
ချစ်ခြင်းကို အပြောင်အပျက်လုပ်သူကြား လေးနက်တဲ့ချစ်ခြင်းပိုင်ဆိုင်ထားသူလဲ တွေ့ရပါရဲ့။

{ လသာည } at: February 6, 2014 at 6:18 AM said...

အခါခါဖြန့်ကြည့်မိတယ်
တဖန်ပြန်ခေါက်သိမ်းမိတယ်
ဒီလိုနဲ့ အကြိမ်ကြိမ်
နောက်ကျောမလုံတဲ့ အလွမ်းတချို့
သိမ်းထားဆဲ-----------------------။ တဲ့ ကြိုက်တယ် အရမ်း.. ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine