Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရင်ဆိုင်မယ်

| Sunday, March 30, 2014
အချစ်လဲ မငတ် ခဲ့ဖူးသလို
မချစ်တတ်တဲ့ မိန်းမတွေထဲ ကျွန်မ
မပါဝင်ခဲ့ပါ
ချစ်ခဲ့တာကိုလဲ
မြင်သာအောင် မပြ တတ်ခဲ့သူပါ
မပြုံးချင် ပြုံးချင်
လုပ်ကြံမှုပါဝင်နေတဲ့ အပြုံးလဲ
ကျွန်မ ပြုံးလို့မရခဲ့သူပါ။
 
ရေနစ်ဖူးတဲ့အချိန်မှာတော့
ကူထိုးတဲ့ ၀ါးတွေ အများကြီးကြုံခဲ့ရတယ်
ကိုယ်ရှာတဲ့ ကောက်ရိုးတမျှင်တော့
ကိုယ် ဆုတ်ကိုင်နိုင်ခဲ့တယ်
ဘ၀ရဲ့ ကံဆိုးလှတဲ့
လမိုက်ညတွေ
ဆူးခင်းလမ်းတွေမှာ
သိက္ခာတွေကိုမြေမြုပ်ပြီး
လက်ဝါး မဖြန့် ခဲ့ဖူးပါ
ကျွန်မ တကောင်ထဲ
ဒါပေမယ့်  ခြင်္သေ့မဟုတ်ပါ။
 
စိတ်မချမ်းမြေ့စရာ ခရီးရှည်နှေတော့
တခါတရံ သူနဲ့ပဲ အကျွမ်းဝင်သလိုလေးဖြစ်မိပါရဲ့ကွယ်
အော်,,,,,,, သူတို့ခေတ် သူတို့စနစ်ပဲလေ
ကိုယ်က လူသစ်
အပစ် ရှာလဲ ခံရမှာမို့
စိတ်မှာလေ ဘ၀င်မကျ
ဂွင်မကျလဲ ကိုယ့်ချစ်သူအရိပ် ကိုယ်ခို
ချစ်သူလက်ကိုတွဲ
လာစမ်းဟဲ့ အနာဂတ်
ရဲရဲကြီး ရင်ဆိုင်လိုက်ကြစို့နော်။
 
jasmine
 
 

4 comments:

{ ဆွေလေးမွန် } at: March 30, 2014 at 11:28 PM said...

ကိုယ်က လူသစ်
အပစ် ရှာလဲ ခံရမှာမို့
စိတ်မှာလေ ဘ၀င်မကျ
ဂွင်မကျလဲ ကိုယ့်ချစ်သူအရိပ် ကိုယ်ခို
ချစ်သူလက်ကိုတွဲ
လာစမ်းဟဲ့ အနာဂတ်
ရဲရဲကြီး ရင်ဆိုင်လိုက်ကြစို့နော်။

အဲဒီအပိုဒ်လေးက လောလောဆယ် စိတ်ခံချက်နဲ့ တိုက်ဆိုင်တယ်.. :)

{ Aunty Tint } at: March 31, 2014 at 9:52 AM said...

ကဗျာလေးက ဟန်ဆောင်မှုကင်းပြီး
အားပါတယ် ဂျက်ရေ...
အမြဲအားပေးလျှက်ပါ ...

မေတ္တာဖြင့်
တီတင့်

{ ရင်ငြိမ်းသူ (Yin Nyein Thu) } at: April 1, 2014 at 6:44 AM said...

" အချစ်လဲ မငတ် ခဲ့ဖူးသလို
မချစ်တတ်တဲ့ မိန်းမတွေထဲ
ကျွန်မ မပါဝင်ခဲ့ပါ
ချစ်ခဲ့တာကိုလဲ
မြင်သာအောင် မပြတတ်ခဲ့သူပါ "

အဲမျိုးလေး သူငယ်ချင်းတွေကို အထွန့်တက်ခဲ့ဖူးတယ်။ :)

{ ရင်ငြိမ်းသူ (Yin Nyein Thu) } at: April 1, 2014 at 6:49 AM said...

" အချစ်လဲ မငတ် ခဲ့ဖူးသလို
မချစ်တတ်တဲ့ မိန်းမတွေထဲ
ကျွန်မ မပါဝင်ခဲ့ပါ
ချစ်ခဲ့တာကိုလဲ
မြင်သာအောင် မပြ တတ်ခဲ့သူပါ "

အဲမျိုးလေး သူငယ်ချင်းတွေကို အထွန့်တက်ခဲ့ဖူးတယ်။ :)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine