Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ငြိတွယ်ခြင်း တစိတ်တဒေသ

| Monday, October 6, 2014
ကဗျာဖြစ်ဖို့ ရင်ခုန်သံ ရှာစရာလိုပါသလား?
ဂန္ထ၀င်မြောက်ဖို့ အရေးကြီးတာလား?
အတ္ထုပတ္တိမှာ အရောင်ခါးတွေ မပါဖို့ အရေးကြီးတာလား?
ခွဲခြားသိမြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့
ဒါဏ်ရာတွေများခဲ့ပြီး
အခါခါ နာကျင်နေခဲ့လဲ
အဖန်တရာ အမှတ်မရှိတဲ့ ကြင်နာစိတ်
ဒီအသဲ ဘယ်နှခါကွဲကွဲ
ခံနိုင်ရည် ရှိလာသယောင်
သံယောဇဉ်ရဲ့ အပြင်ဖက်ကို လမ်းလျှေက်ကြည့်မိတော့
နာကျင်စရာတွေ
တခါတရံ သံယောဇဉ်ချစ်ခြင်းဖွဲ့တွေ
ကြက်ခြေခတ် ခံလိုက်ရတာကို
အရှိုက်ထိသလို ခံစားချက်မျိုး
ခပ်ပြင်းပြင်း ခံစားခဲ့ရဖူးတာပဲ
ရင်ဘတ်ထဲရှိနေတာကို
အလိုလိုက် အကြိုက်ဆောင်
ချရေးနေတာမဟုတ်ပါပဲ
နှလုံးသားက ထွက်လာတဲ့ အရောင်ရင့်ရင့်သွေးစက်တွေနဲ့  
မျက်ရည်စက်တွေက နွေးနေဆဲ
ငြိတွယ်တတ်တာကိုက အဟာအမှားတခုဆိုတာ
စောစောကသိခဲ့ဖို့ကောင်းနေပြီ
ချောင်းရိုက်ခံရတယ်ဆိုရင်ဖြေသာပါရဲ့ကွယ်
ဘယ်သူရိုက်တာလဲ မသိလိုက်ဘူးပေါ့
ကိုယ့်နှလုံးသားကို ရိုက်တော့မယ်ဆိုတာသိပြီး
မရှောင်နိုင်ခဲ့တာ  ငါ ကိုယ်တိုင် သိနေခဲ့တာ
   သမုဒ္ဒယ တွေ ကလဲ ထားခဲ့ဖူးတာကိုး
အတ္ထုပတ္တိ တချို့ အတွက်ယုတ္ထိဗေဒ သိပ်မရှိဘူးလေ
ကြင်နာခြင်းအတုတွေအတွက်
နာကျင်ခြင်း မျက်ရည်တွေကိုတားဆီးသင့်တယ်ထင်ပါရဲ့
ထင်နေတာပါပဲ.......အကောင်အထည်ဖော်ဖို့ခက်လှတယ်ကွယ်
ခဏခဏ ကျရှုံးဖူးတာ ၀မ်းနည်းနေရင်တော့
ဒီမှတ်တိုင်ကနေ ပန်းတိုင်ကို မရောက်ဘူး(ကိုယ့်ဟာကိုသိခြင်း)
ဆက်လက် ချစ်တတ်ပါ
ဆက်လက် ဖြူစင်ပါ
သံယောဇဉ်တွေ ငြိတွယ်တတ်ပါ
ချစ်သူ ငါ့လက်ကို ဆက်လက်တွဲပေးပါ ။ ။
 
 
သာဂျီးမင်းရဲ့
(သံဝေဂများနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ)မှာTag ထားခြင်းကြောင့်ပြန်ချေပြီးတင်တဲ့ကဗျာပါ
ဆက်လက်ပြီး Tag ခြင်းခံရတဲ့သူတွေကတော့ 
  လရိပ် 
မိုးငွေ့
မဒမ်ကိုး
ပစ်ပစ်
အသူ
တို့ ၅ယောက် ဖြစ်ပါတယ်။
 
jasmine
 
 

6 comments:

{ မဒမ်ကိုး } at: October 6, 2014 at 6:33 PM said...

မကြီးဂျက်ရဲ့ကဗျာလေးလာဖတ်တာ တဂ်တာနဲ့တိုးသွားတယ် ဟီ

ချစ်တဲ့

မဒိုးကန်

{ Thu } at: October 6, 2014 at 8:20 PM said...

" ခဏခဏ ကျရှုံးဖူးတာ ၀မ်းနည်းနေရင်တော့
ဒီမှတ်တိုင်ကနေ ပန်းတိုင်ကို မရောက်ဘူး"
သိပ်မှန်တာပေါ့.. အသူလဲကြိုးစားနေတယ်မမ :)
မမစံပယ်လင့်ခ်အသစ်ကိုဖေ့ဘုတ်မှာတင်ထားကတည်းကချိတ်ထားပါတယ် :D
တဂ်လုပ်ထားတာလေးရေးပေးမယ်နော် :)

{ စံပယ်ချို } at: October 6, 2014 at 8:48 PM said...

ရွှေဒိုးလဲရေးပေးပါနော်
အသူရေ ကျေးဇူးပါ

{ ဆွေလေးမွန် } at: October 6, 2014 at 9:06 PM said...

ကဗျာဖြစ်ဖို့ ရင်ခုန်သံ ရှာစရာလိုပါသလား?
ဂန္ထ၀င်မြောက်ဖို့ အရေးကြီးတာလား?
အတ္ထုပတ္တိမှာ အရောင်ခါးတွေ မပါဖို့ အရေးကြီးတာလား?
ခွဲခြားသိမြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့


ကဗျာအစလေး ပိုနှစ်သက်မိတယ်

{ 3rdthameetaw } at: October 6, 2014 at 10:48 PM said...

အခါခါ နာကျင်နေခဲ့လဲ
အဖန်တရာ အမှတ်မရှိတဲ့ ကြင်နာစိတ်
ဒီအသဲ ဘယ်နှခါကွဲကွဲ
ခံနိုင်ရည် ရှိလာသယောင်

ဒူပေ ဒဏ်ပေ ကိုခံနိုင်လာတာပေါ့
အလေ့ အကျင့်ရသွားလို့  အသဲခွဲ
ခံလိုက်တာ ဖြစ်မယ်

{ Phyu Lwin } at: October 7, 2014 at 6:01 PM said...

မြန်မာနိုင်ငံရဲ့ အင်တာနက်ကွန်နက်ရှင်ကြောင့် အမြဲရောက်လာပြီး ကွန်မန့်မပေးဖြစ်တာပါ မမ..။ ဒီနေ့တော့ မရောက်ရောက်အောင် လာလည်ပြီး နူးညံ့နေဆဲ ကဗျာလေးတွေ ခံစားသွားကြောင်းပါ <3

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine