Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မျော်လင့်ချက် ၁

| Wednesday, October 29, 2014
တမြေ့မြေ့နဲ့ လောင်ကျွမ်း လွမ်းနေရသူ
သံယောဇဉ်ချစ်ခြင်းတွေအပြည့်
သမုဒ္ဒယ လွမ်းခြင်းတွေကအမောက်နဲ့
စံပယ်တခင်းကိုတမ်းတမ်းတတဖြစ်နေရသူ။
 
တိမ်တွေပေါ်ထိတက်ခဲ့ပြီးမှ
အောက်ကို မကြာခဏငုတ်ကြည့်နေမိသူ
ဖြောင့်ဖြူးနေတဲ့အဝေးပြေးလမ်းမကြီးကနေ
စိတ်အတွေးက  
ခနော်နီခနော်နဲ့ လမ်းတွေကို သတိရနေမိသူ
အရှုံးဆိုတာကို အမြဲတွေးတတ်နေလိုထင်ပါရဲ့
 မကြာခဏ အရှုံးတွေပဲ ရင်ဆိုင်နေရတယ် ။

နာကျင်စေခြင်းအရာနဲ့ ဘ၀ကိုအလှမဆင်ချင်ဘူးကွယ်
နှလုံးသားကနေ သွေးစိမ်းရှင်ရှင်ထွက်စေတော့
အတွေးနဲ့ ရင်ဘတ်ကြီးကိုပေါက်ကွဲစေနိုင်ပြီ
နောက်ဆုံး မျော်လင့်ချက်လေးနဲ့ပဲ
အလှဆင်ပါရစေလား
အောင်မြင်မှုတပွေ့တပိုက်နဲ့
အပြုံးလက်ဆောင်တွေကို လက်မရှောင်ပဲတွေ့ပါရစေတော့ ။

jasmine

8 comments:

{ Aunty Tint } at: October 29, 2014 at 5:45 PM said...

မျှော်လင့်ချက်ကဗျာလေး ခံစားဖတ်သွားပြီ ဂျက်ရေ...
ဆန္ဒနဲ့ကိုက်ညီတဲ့ဘ၀လေးပိုင်ဆိုင်ပါစေလို့။

{ စံပယ်ချို } at: October 29, 2014 at 6:25 PM said...

ဟုတ် ကျေးဇူးပါတီတင့်
မျော်လင့်နေလျှက်ပါ

{ Unknown } at: October 29, 2014 at 7:31 PM said...

နောက်ဆုံး မျော်လင့်ချက်လေးနဲ့ပဲ
အလှဆင်ပါရစေလား
အောင်မြင်မှုတပွေ့တပိုက်နဲ့
အပြုံးလက်ဆောင်တွေကို
လက်မရှောင်ပဲတွေ့ပါရစေတော့ ။ ဆန္ဒနဲ့ ဘဝတထပ်တည်း ကျနိုင်ပါစေကြောင်း ဆန္ဒပြုပါတယ်နော်။

{ စံပယ်ချို } at: October 29, 2014 at 7:44 PM said...

ကျေးဇူးပါညီမနန်းရွှေမှုံလေးရေ
ညီမလဲ ဘ၀မှာအောင်မြင်ပြီးပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်

{ Thu } at: October 29, 2014 at 9:20 PM said...

မျှော်လင့်ချက်နဲ့အသက်ရှင်နေရတဲ့လူတွေပဲနော့။
ကြိုးစားနေတဲ့သူတွေအတွက်အောင်မြင်မှုတွေရလာမှာပါမမရယ် :)

{ 3rdthameetaw } at: October 29, 2014 at 9:41 PM said...

အောင်မြင်မှုတပွေ့တပိုက်နဲ့
အပြုံးလက်ဆောင်တွေကို လက်မရှောင်ပဲတွေ့ပါရစေတော့ ။
မျော်လင့်ချက်လေး ပြည့်ပါစေ ဂျက်ရေ

{ 3rdthameetaw } at: October 29, 2014 at 9:46 PM said...

အောင်မြင်မှုတပွေ့တပိုက်နဲ့
အပြုံးလက်ဆောင်တွေကို လက်မရှောင်ပဲတွေ့ပါရစေတော့ ။
မျော်လင့်ချက်လေး ပြည့်ပါစေ ဂျက်ရေ

{ မဒမ်ကိုး } at: October 30, 2014 at 9:31 PM said...

အမြန်ဆုံးတွေ့ပါစေ မကြီးဂျက်ရေ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine