Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော ကဗျာလွင်ပြင်

ခံးစားချက် ပြင်းထန်မိလို့

| Friday, September 4, 2015
မညီမျှခြင်းတွေများတဲ့လောကကြီးက တရားမျှတမှုတွေ
အမြဲပေးထားပါတယ်
ကြည့်တတ်သောသူသာမြင်နေရတဲ့အချိန်
ကံပါသောသူမြင်ရတဲ့အချိန်
ခင်မင်မှုတွေကို လမ်းခင်းပြီး စိတ်တူကိုယ်တူ
ပုံဖော်ကြည့်မိတယ်
သာသာယာယာရှိနေတယ်ပေါ့
ခဏပါပဲ
ကိုယ်ပိုင်တဲ့အချိန်တွေ တရားဝင်ခိုးယူခြင်းခံရတယ်
ကိုယ်ပိုင်အတွေးတွေ တွင်တွင်ကြီးကိုအကန်ခံရတယ်
အသက်ကြီးလို့သာ လူကြီးစာရင်းဝင်တွေနဲ့
ခလေးတွေ လူကြီးစကားပြောနေတဲ့အချိန်မှာ
အဖြူရောင်ကို လောင်းကြေးထပ်မိတာ
ငါ*****************အမှားကြီး မှားခဲ့ပြီ။

ရေးစားသူ Jasmine

အားမနာပဲ ဝေဖန်လို့ရပါတယ်ရှင်။

3 comments:

{ တတိယမြောက် သမီးတော် } at: September 4, 2015 at 3:46 PM said...

အဖြူရောင်ကို လောင်းကြေးထပ်မိတာ
..
ဖတ်သွားပြီ ဂျက်ရေ

{ Ma Tint } at: September 9, 2015 at 7:29 PM said...

တကယ်တော့ အနိမ့်အမြင့်မညီပေမယ့် သူ့သဘောသူဆောင်တဲ့လောကကြီးက တရားပါတယ် :)

{ စံပယ်ချို } at: September 10, 2015 at 3:14 PM said...

သမီးတော်ရေ ကျေးဇူးပါ

တီတင့်ရေ ဖတ်ပြီးဝေဖန်မှုလေးအတွက်ကျေးဇူးတင်ပါရှင်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine