Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ခံစားချက် ကဗျာ

| Saturday, March 5, 2016
အနောက်ခြမ်းကနေ လွမ်းချင်တိုင်းလွမ်းနေရတဲ့ အဖြစ်
အသွားမတော်တဲ့လမ်းကို
ငါဟာ လူစွမ်းကောင်းဆိုပြီး
မျက်စိကိုမှိတ် နားကိုပိတ်
ဂျွမ်းပစ်ဝင်လိုက်တာ ။

အမေရိကန်ကော်ဖီ ငါ့အတွက်ရင်ခုန်စရာမရှိတော့ဘူး
Pizza Burger and Donuts ကိုနာမည်တောင်မကြားချင်လောက်အောင် 
ငါမုန်းနေမိတာ နင်သိရဲ့လား ။

အချိန်ကြာလေ ငါ့အတွက်
သွားစရာတွေ ရှားလာတယ်
ပြောစရာတွေ များလာတယ်
စားစရာတွေ လျော့လာတယ်
ချစ်ချင်းတရားတွေ ပေါ့လာတယ် ။

ငါ့လက်ထဲမှာ ဗလာ
ငါ့ရင်ဘတ်ထဲမှာ သံတယ 
နဲနဲလေးသာကျန်ပြီး
အရောင်မှိန်နေတဲ့ မျော်လင့်ချက်နဲ့
အသက်ကို တဖြေးဖြေးရှုရင်း
ဟိုးအဝေးကလမ်း  ။


ရေးသားသူ Jasmine






5 comments:

{ Crystal } at: March 6, 2016 at 5:37 PM said...

ပြောစရာ စကားလုံးတွေ ရှားလာတယ်

ရိုးစင်းတဲ့ ခင်မင်မှုတွေ ပါးလျလာတယ်

ခံစားချက်တွေ တိတ်ဆိတ်သွားတယ်

အဲဒီကမ္ဘာလေးထဲ တစ်ယောက်တည်းထိုင်နေမိတယ် …။

{ 3rdthameetaw } at: March 7, 2016 at 8:37 PM said...

ငါ့လက်ထဲမှာ ဗလာ
ငါ့ရင်ဘတ်ထဲမှာ သံတယ
..
ဒီလိုနဲ့ ကဗျာတွေတစ်စပြီးတစ်စ ဆွဲထုတ်
အမှတ်တရတွေ သိမ်းထုပ်ဖြစ်ခဲ့တယ်...း)

{ Iora } at: March 11, 2016 at 10:47 PM said...

အားပေးသွားတယ် ဂျက်ရေ။
အိုင်အိုရာ

{ Nan Da } at: November 26, 2016 at 9:10 PM said...

So good

Anonymous at: June 11, 2017 at 12:28 AM said...

ဒီကဗျာလေး တော်တော် ထိတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine