အရိုးထိအောင်လဲ ရူးခဲ့ဖူးပြီး
အစိုးမရတဲ့မိုးလိုလဲ လွမ်းခဲ့ဖူးတယ်။
တနေ့တခြား ကြီးကြီးလာတဲ့အသက်ကြောင့်ထင်တယ်
လူတွေကို နားလည်တတ်လာတယ်
ခွင့်လွတ်တတ်လာတယ်
စကားတွေအရင်ကလို ပေါက်ပေါက်ဖောက်သလိုမပြောချင်တော့ဘူး
မပြောသင့်တာတွေကိုထိန်းသိမ်းတတ်လာတယ်
အဲဒီအတွက် ကျေးဇူးတင်ပါတယ် လောကကြီးရေ ။
အိမ်မက်နဲ့ စိတ်ကူးတွေကို ဆေးရောင်ခြယ်နေမိတယ်
ငွေမကုန်လူမပန်း စိတ်လဲလန်းအောင်ပေါ့ ။
ထည်ထည်ဝါ၀ါမရှိတဲ့ ဧည့်ခန်းထဲမှာ
ငါတို့ ၂ ယောက်ရဲ့ဓါတ်ပုံ အပြင်မှာထက်ပိုပြီးကျက်သရေရှိနေသလိုပါပဲ ။
ထိုင်နေရင်းနဲ့ ပင်ပန်းနေတဲ့ငါ
သတိရခြင်းတွေ လွမ်းခြင်းတွေကိုတောင်မသယ်ချင်လောက်အောင်
ဖြစ်နေတဲ့အချိန်တွေ အများကြီးရှိခဲ့ဖူးတယ်
ငြီးငွေ့စရာကောင်းတဲ့ထဲ
ဘာကိုမှ မပိုင်ချင်လောက်ကို ငြီးငွေ့ခဲ့ဖူးတယ် ။
သူစိမ်းဆန်တဲ့ခရီး ၇င်းနှီးမှုမရှိတဲ့လမ်း
ငါဟာ အကန်းတယောက်လို ပြေးလွှားခဲ့တယ်
ရုန်းကန်ခဲ့တယ်
ပန်းဝင်ချင်ဇောတွေအပြည့်နဲ့
မောလိုက်တာ အကြိမ်ကြိမ်လှဲကျ ပြန်ထ
ငါ့ တကိုယ်လုံးဒါဏ်ရာတွေအပြည့်
အလိုက်သင့်မနေတတ်တဲ့ ငါ
ရေစုန်မမျောတတ်တဲ့ ငါ
သူများတကာထက်ပိုပြီးပင်ပန်းခဲ့တယ် ။
ရှိသမျှအားလေးနဲ့ ပြန်ကန်တတ်တာ
ငါ့အကျင့်ပေါ့
ကြာတော့လဲ အထုကောင်းကောင်းခံထားရတဲ့
ငါးဖယ်ကောင်လိုမျိုး
ငါ အတော်လေးမာနေပြီ
ဘယ်လိုပဲဖြစ်နေပါစေ
အရိုးထိအောင်လဲ ရူးနေတုန်း
အစိုးမရတဲ့မိုးလိုလဲ လွမ်းနေတုန်း
ခု လောလောဆည်တော့ ကျွန်မရဲ့
အဖြစ်အပျက်ကတော့ ဒါပါပဲရှင် ။ ။
jasmine
ဒီကဗျာကို ၁ လကျော်ရေးသားခဲ့ရပါတယ်..
ဆက်ရေးမယ်ဆိုရင်ရေးလို့ရပါသေးတယ်
အရမ်းရှည်မှာစိုးလို့.. ပြီးတော့ စာဖတ်သူတွေပျင်းရိမှာစိုးတာရယ်
ဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်။