Joe Hisaishi Concert at Philadelphia..
-
Marian Anderson Hall, Philadelphia, Pennsylvania
Joe Hisaishi is a composer, conductor and pianist. He is the most
celebrated composer of our time. He i...
တနှစ်ပတ်လုံး ခံစားချက်အတို
2
Posted by
စံပယ်ချို
|
Saturday, December 2, 2017
တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို
ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်....
တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသစ်ဖြစ်နေပြီ
တပင်လုံးဝေခဲ့တုန်းက ငါ့အလွမ်းတွေ ခပ်စွေစွေဖက်ကို ယိုင်ခဲ့ရသလို
အရိုးပြိုင်းပြိုင်းနဲ့တွေ့ခဲ့ရတဲ့အပင်တွေကြောင့် ငါ့ လဲစိတ်ရိုင်းဝင်နေမိတာလား
နှလုံးသားမှာတော့ ဒွိဟ ။
နိုင်ငံတွေပြောင်းနေသော်လည်း
ချစ်ခြင်းတွေ မပြောင်းဘူး
အသက်အရွယ်တွေအိုမင်းလာသော်လည်း
ချစ်ခြင်းတွေ နုပျိုနေဆဲ ။
ဘယ်နေရာမှာ ဘယ်လောက်ပင်ပန်းပါစေတော့
ချစ်နေတဲ့စိတ်ကိုနှလုံးသားထဲ ထည့်ထားရတာတွေကြောင့်
ပင်ပန်းတယ်ဆိုတာလုံးဝ မရှိခဲ့ဘူးနော် ။
တခါတရံ သွားရင်းလာရင်း
စိတ်ပျက်စရာတချို့နဲ့ တိုက်မိတယ်
သွားရင်းလာရင်း ဘ၀င်မကျစရာနဲ့ တိုက်မိပြန်တယ်
------------------- ကြည်နူးစရာများနဲ့တိုက်မိပြန်တယ်
-------------------ချစ်ခြင်းများနဲ့တိုက်မိပြန်တယ်
ခက်တာက ငါဘာနဲ့တိုက်မိပါစေလို့ဆုတောင်းလို့မရခဲ့တာပါပဲ
ဘာမှမရှိပဲ ပကာသနဆန်လိုက်ကြတာ
လူ့ဘ၀ထဲ ရောက်လာခဲ့ပုံ တယောက်နဲ့တယောက်ကွာခြားလွန်းတာမို့
ကိုယ်ဘ၀ကို ကိုယ့်ကျေနပ်စွာ ရေးလိုက်တာပါ ။ ။
ရေးသားသူ Jasmine
ရေးသားပြီးချိန် December 1,2017
သက်တန့်ကို တမ်းတနေသူ
1
Posted by
စံပယ်ချို
|
Sunday, September 10, 2017
သူပြောတဲ့စကားနဲ့ ကိုယ်ပြောတဲ့စကား
အမြဲတမ်း ရင်ဘတ်ထဲ တိုက်ရိုက်အချိုးနဲ့ဝင်ပါတယ်
ရိုးရိုးလေးတွေ့ခဲ့ဖူးတဲ့ ဒို့ ၂ယောက်အကြောင်း
ပုံပြင်လဲမဟုတ် ဘာမှလဲမဟုတ်
နှလုံးသားထင်မြင်ချက်ပေးလို့မရခဲ့ဘူး
ရာသီအဆက်ဆက် ရင်ခွင်ဝေးခဲ့လဲ
အနေမအေးခဲ့ဘူး
ရောက်ရာအရပ်မှာတော့
ရာသီအေးခဲ့တယ် ။
ဒီနေရာကိုရောက်လာတော့
ပုံတိုပတ်စ ပြောတတ်တဲ့သူ တယောက်မှမရှိတာ
အံ့သြစရာမရှိပါ
သူတို့ဘ၀မှာ ပုံတိုပတ်စတွေအကြောင်းမကြားခဲ့ဖူးလို့ပါ ။
အရှေ့တိုင်းကိုခိုးခိုးပြီးပြီးလွမ်းနေရတဲ့ သူ
တောင်တန်းတွေကိုကြိတ်ပိုးနေရတဲ့သူ
ကြယ်တွေကိုတိတ်တခိုးရေတွက်နေတတ်သူ
ချစ်သူနှလုံးသားကိုခြုံရင်အစစအရာရာလုံတယ်ထင်ခဲ့မိတာ ခုတော့သိပြီ မှားနေတယ်ဆိုတာ ။
လမ်းဆုံးလို့စာရေးထားတယ် ငါကိုယ်တိုင်အတင်းတိုးဝင်ခဲ့တာ
ပေါ့ပေါ့ ပါးပါး နေတတ်တဲ့ကိုယ်က နေရာတကာမှာပင်ပန်းနေရတယ်
အလိုက်သိတတ်မှုမရှိတဲ့ပတ်ဝန်းကျင်ထဲ ကိုယ်တယောက်တည်း
မောနေရတယ်
တက်ကြွမှုတွေနဲ့ကြီးပြင်းလာတော့လဲ တိတ်ဆိတ်ခြင်း ကိုမုန်းတည်းလာမိတယ် ။
မှတ်တမ်းရေးတယ်ဆိုတာ လွမ်းတဲ့အကြောင်းပါမယ်
စိတ်ဆိုးတဲ့အကြောင်းပါမယ်
ပျော်ရွှင်ခဲ့ရတဲ့အကြောင်းတွေပါမယ်
ချစ်တဲ့အကြောင်းတွေပါသလို
မုန်းတဲ့အကြောင်းလဲပါမှာပဲ
အကြောင်းအရာစုံလင်မှုတွေနဲ့ မှတ်တမ်း
ကျွန်မ မှာသိမ်းစရာနေရာမရှိပါ
ထို့ကြောင့် ကျွန်မ မှတ်တမ်းမရေးတော့ပါ
တကယ်တန်း ကျွန်မမြင်နေရတဲ့ သက်တန့်ကို
လက်နဲ့ကိုင်ကြည့်ချင်သူပါ ။
ရေးသားသူ
Jasmine
ရေးသားပြီးချိန်
September 9 - 2017

ရင်ထိအောင်လွမ်း
3
Posted by
စံပယ်ချို
|
Tuesday, August 1, 2017
ဥတုရဲ့ ဒါဏ်ကြောင့်
ကျွန်မချစ်တဲ့သစ်ပင်လေးတွေ
အရိုးပြိုင်းပြိုင်း ဖြစ်ခဲ့ရတယ်
တခါက ထားတဲ့ဖူးတဲ့
အချစ် စစ်စစ်အတွက်
အလွမ်း ရိုင်းရိုင်းတွေ
ရင်ဘတ်ထဲ ခုန်ဝင်လာခဲ့ပြီ
ရှောင်လို့မရတဲ့အဆုံး
သစ်ရွက်လေးတွေကို နင်းခြေခဲ့ရပြီ
ရင်ဘတ်ထဲက အလွမ်းကိုလဲ
နင်းခြေလို့ ရခဲ့ရင် ?
တဦးယောက်က စွန့်ပြစ်သွားလို့
တယောက်ထဲ ကျန်နေတဲ့အချိန်
ခပ်စောစော နေ၀င် မိုးချုပ်တဲ့ ကာလမှာ
လရောင်ကိုလွမ်းတတ်တဲ့ စိတ်လေးနှလုံးထဲ ကိန်းအောင်းလာခဲ့ပြီ
အချစ်က သူ့ အတွက်နူပျိုစေပြီ
ကိုယ့်အတွက် အိုမင်းစေခဲ့တာလားကွယ်
အဆိပ်သင့်စေတဲ့ သံယောဇဉ်တွေ
နှလုံးသားထဲ သိမ်းထားခဲ့မိပြီ
နွေးနွေးထွေးထွေးမရှိခဲ့တဲ့အပြင်
သူက ဦးအောင်ထွက်ပြေးသွားခဲ့တယ်
ရုတ်တရက်သာပျောက်ဆုံးခဲ့ရင်
ကိုယ့်ရင်ကိုဒီလောက်လာထိမှာ မဟုတ်ဘူး
ဝင်လာတုန်းက သိသိသာသာ
ခုတော့ သူက တဖြေးဖြေးနဲ့ မသိမသာလေးထွက်ခွါသွားလိုက်တာပါ ။
jasmine
၂၀၁၃ တင်ဖူးတဲ့အဟောင်းကိုတချို့စာသားတွေပြောင်းပြီး ပြန်တင်လိုက်ပါတယ်။့ 
့
ရောက်တာရာရာအလွမ်းတချို့
3
Posted by
စံပယ်ချို
|
Wednesday, June 7, 2017
အလွမ်းရိပ်တို့အစဉ်ခစားနေတဲ့
မေမေရဲ့ ကောင်းကင်ပြင်ကြီး
ကျွန်မ ဘယ်တော့များမှ ကြယ်စင်ဖြစ်ခွင့်ရှိမလဲ
စဉ်းစားရင်း တွေးတောရင်း
အိုမင်းလို့လာနေပြီ လက်ဗလာနဲ့လာကြတဲ့သူ လက်ဗလာနဲ့ပြန်ကြတဲ့သူ .
အဲတာလူတွေပေါ့
ကောင်းသောထားရစ်ခြင်းတွေကိုထားခဲ့နိုင်ပါစေ ။
တကယ်လို့ချစ်တဲ့စိတ်တွေမှာအရိပ်ဆိုတာရှိခဲ့ရင် ကျွန်မဘ၀တလျှေက်လုံး
အရိပ်တွေချည်းပါပဲကွယ်။ ဒေလီယာကိုလဲချစ်ခဲ့ဖူးတယ် စကားပန်းလေးတွေကိုလဲ
ချစ်ခဲ့ဖူးတယ် စံပယ်လေးတွေကိုလဲမြတ်နိုးခဲ့တာပါပဲ ခုတော့ ရင်ဘတ်တခုလုံး
မှာ
ငွေရောင်အိမ်မက်ထဲ
စိတ်ကူးတွေ ရွှေချ
တကယ့်မဖြစ်အပျက်က
အရာအားလုံးမလောက်မငပါပဲ ။
ပင်လယ်ထဲမှာ စကားလုံးတွေမရှိသလို
ကောင်းကင်ပြင်မှာလဲ စကားတွေမရှိပါ
ကျွန်မရဲ့ စကားလုံးတွေက တိမ်တွေသယ်ဆောင်ရာပါသွားသလို
ကျွန်မအလွမ်းတွေကိုလဲ လေတိုက်ရာလွှင့်လိုက်ချင်သူပါ ။
ဘ၀ရဲ့လမ်းကို ကွေ့ကွေ့ကောက်ကောက်ဖြစ်လျှောက်ခဲ့ရတဲ့အချိန်တွေရှိခဲ့ဖူးတယ်
မိတ်ဆွေတချို့က ကိုယ့်ကိုအပေါ်ယံဆက်ဆံမှုတွေရှိခဲ့ဖူးတယ်
တချို့က ဖြူစင်သလို ရိုးစင်းသလို နေပေမဲ့ အတွင်းစိတ်မကြာခဏပြတတ်ကြတယ်
အဲဒီလိုပါပဲ
ကျွန်မရဲ့ ကဗျာတွေ တခါတရံ ရိုးရှင်းတယ် တခါတရံ ကောက်တွေ့တယ်
တခါတရံ ဖြူစင်တယ်
ကဗျာပေါ်ထားတဲ့ကျွန်မရဲ့စိတ်ကတော့ တကယ်ရိုးရှင်းဖြူစင်ခဲ့ပါတယ်
သို့သော်လဲ
တခါတရံ မျက်ရည်တို့ပါဝင်ခဲ့ရတယ် ။
ဘ၀ရပ်တည်ဖို့အတွက် လူတချို့ သိက္ခာတွေ ရင်းနှီးခဲ့ရတယ်
လူတချို့ကတော့ အစကတဲက ရင်းစရာသိက္ခာတောင်မရှိခဲ့ကြဘူး
လူတချို့ကတော့ အစကတဲက ရင်းစရာသိက္ခာတောင်မရှိခဲ့ကြဘူး
ကံကိုသာအပြစ်တွေပုံချပြီး......လူတွေဖောက်ပြန်နေကြတယ်
လူတချို့
အမြဲ မိုးခါးရေအမြဲသောက်သုံးပြီးရပ်တည်လာရတဲ့
ဘ၀ကိုသာပိုင်ဆိုင်ထားရတော့ ရေသန့်သောက်ခွင့်ရလိုက်တဲ့အချိန်မှာ
ကျွန်မလဲ ရောက်တတ်ရာရာကဗျာရေးဖြစ်ခဲ့ပါတယ် ။
လူတချို့
အမြဲ မိုးခါးရေအမြဲသောက်သုံးပြီးရပ်တည်လာရတဲ့
ဘ၀ကိုသာပိုင်ဆိုင်ထားရတော့ ရေသန့်သောက်ခွင့်ရလိုက်တဲ့အချိန်မှာ
ကျွန်မလဲ ရောက်တတ်ရာရာကဗျာရေးဖြစ်ခဲ့ပါတယ် ။
jasmine
ကဗျာလို့ခေါင်းစဉ်တတ်လိုက်မိပေမဲ့ ရောက်တတ်ရာရာရေးသားခြင်း
မိုးရာသီ ^^^^^^^^^^^ အလွမ်းရာသီတဲ့လား
2
Posted by
စံပယ်ချို
|
Monday, April 3, 2017
ရွာနေတဲ့ မိုးစက် လက်နဲ့ခံ ကြည့်လိုက်တယ်
လက်ကတော့ အေးစက်ပြီး နှလုံးသာ ပူလောင်နေဆဲ
ဘယ်အချိန် ဘယ်အခါမှ
ကျိုးကြေမသွားတဲ့ ခံစားမှုတချို့
အောက်သက်သက်နဲ့ လွမ်းလို့ ကောင်းတုန်း
မုန်းမေ့လို့ သွားတတ်တဲ့သူတွေအတွက်တော့
ခံစားချက် ဗလာ ။
မထင်မှတ်ထားတဲ့ နာကျင်မှုက
ဒဏ်ရာတခုကို အစိမ်းချုပ်လိုက်သလိုမျိုးပေါ့ ။
တမ်းတမှုတွေကို ခပ်မာမာ မောင်းထုပ်လိုက်ချင်လဲ
နှလုံးသားက ခွင့်မပြု
အတု အပ ကိုလဲ ရင်ဘတ်ကလက်မခံ
လက်ကျန် အလွမ်းကို အဖော်ပြုပြီး
လွမ်းရက်ဆက်ရှည်
ကျွမ်းနေတဲ့ ဒီ အသဲ
မင်းခွဲရက်လေခြင်း ။
နေတတ်ရင်ကျေနပ်စရာကောင်းပေမဲ့
ကျေနပ်စရာကောင်းဖို့ နေတတ်အောင်လဲ
ကျင့်နေရသေးတယ် ။
တွယ်တာတယ် ကြင်နာတယ်
ပြောခဲ့ဖူးတဲ့အချိန်က
ဟိုးအဝေးမှာကျန်လို့နေပြီမို့
ဘ၀တလျှောက်လုံး
ရင်ဘတ်မှာ အပေါက်ကြီးနဲ့
နေ နေရပြီကွယ် ။
မီးလောင်ခံခဲ့ရတဲ့ သံယောဇဉ်တွေကလဲ
နေမင်းဆီကို လမ်းလျှောက်နေလေရဲ့
ဘယ်လိုပင် တမ်းတနေလဲ
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့ ။ ။
((ရွာနေတဲ့ မိုးကိုကြည့်ပြီး
ပေါက်ကရရေးမိတာလေးပါ))
jasmine
ကံဆိုးခြင်းနယ်နမိတ်အတွင်း
3
Posted by
စံပယ်ချို
|
Friday, March 24, 2017
စံပယ်ရေ
တခုခုရေးပါလားတဲ့
ကဗျာဆိုပြီးဖတ်တတ်စအရွယ်ကတဲက
ကဗျာတွေကိုရေးတတ်ချင်ခဲ့တာ
ဖတ်ချင်နေခဲ့တာ
အဲတာတွေဟာ လက်တွေ့ဘ၀မှာ အမှားတခုဖြစ်ခဲ့ရပြီ။
အိမ်မက်တွေလှဖို့ချစ်သူကဆုတောင်းပေးခဲ့ဖူးတယ်
လက်တွေ့ဘ၀မှာ အိမ်မက်ကလှဖို့မလိုဘူး
ရင်ဆိုင်နေရတဲ့ နေ့စဉ်ဘ၀ပဲ လှဖို့လိုတယ်ဆိုတာ
အသိနောက်ကျနေပြီလား။
ဒဏ်ရာတွေအများကြီးနဲ့ ဘ၀ကိုဖြတ်သန်းရမယ်ဆိုရင်
အဖြူရောင် ဒဏ်ရာများသာဖြစ်ချင်သူပါ
အပြုံးတွေဝေနေချင်သူဖြစ်ပြီးအမုန်းတွေကို စွန့်ပစ်ချင်သူတယောက်မို့
စည်းကမ်းတွေတင်းကျပ်မှုဘောင်ထဲ (သို့မဟုတ်) သေးသေးလေးကအစ
ကြည့်တတ်မြင်တတ်ဝေဖန်တတ်ရင် ကျွန်မနဲ့အဆင်ပြေမယ်မထင်ပါ။
အေးစက်စက်အပြုံး
အေးစက်စက်လက်အစုံ
အေးစက်စက်အကြည့် ခံစားရတာ များလာတော့
ကော်ဖီဆိုရင် ခပ်ပူပူလေးပဲသောက်ချင်မိတော့တယ်။
ဖိအားတွေ အားသာလွန်းလို့ အရပ်ဒေသတခုမှာ
အောင်မြင်မှုကခေါင်းပြူဖို့ဆိုတာ လွယ်ကူသည့်အရာမဟုတ်ကြောင်း
အသိနောက်ကျပြီလား?
ဆိုင်းသံ ဘုံသံတွေဆင့်ပြီးရောက်လာခဲ့တာမဟုတ်သလို
သဲဖြူခင်း ရာဇမတ်လဲ မကာထားတဲ့ခရီး
နှစ်ပါးသွားအကနဲ့ ဇာတ်ထွက်လာရသူမှာ
ဇာတ်ကမလှ အကလဲမတတ်
ကံကောင်းပါတယ်ဆိုလို့
ခပ်ရဲရဲပဲ ဆူးပုံကိုနင်းချလိုက်တာ
ကိုယ့်ခြေတောက်မှာ သွေးချင်းနီနီ။
အတ္တနဲ့မာနအပြိုင်လက်ဝယ်ထားသူများ
ကျွန်မလက်ကို လာမတွဲပါနဲ့
စေတနာပါတဲ့
ပြောတော့ချိုချို ရင်ဝယ်ခါးခါး
ကျွန်မပဲ မှားနေသလား
ဘောင်ခတ်ထားတဲ့ ပတ်ဝန်းကျင်ကြား
ကျွန်မကတော့ နှလုံးသာ တခြမ်းပဲ့
ဒဏ်ရာတွေအပြည့်။
၆လလောက်ကြာအောင်ရေးခဲ့ရတဲ့ ကဗျာ လို့ပဲပြောရမယ်ထင်တာပဲ။
Jasmine
တနေ့နေ့
3
Posted by
စံပယ်ချို
|
Tuesday, March 7, 2017
မိုးဖွဲလေးရွာနေတာတညလုံး မိုးလင်းထိ၊ တချက် တချက်လေပြင်းရိုက်ချက်ကလူတကိုယ်လုံးလွှင့်ထွက်မတတ်ခံစားရတယ် ပတ်ဝန်းကျင်ကမြင်မြင်သမျှ မှုန်ပြပြဖြစ်သလို ကျွန်မရင်ဘတ်ထဲက သတိရခြင်းလွမ်းခြင်းတွေကလဲ ခုထိမှုန်ပြပြဖြစ်နေသေးတာပဲ..ငယ်သူငယ်ချင်းဆိုတဲ့အသိနဲ့ တူတူသွားခဲ့ တူတူစားခဲ့ အမှတ်တရလေးတွေတိုက်ဆိုင်မှုရှိတိုင်း သတိတရရှိနေတုန်းပေါ့ ။
ငယ်ငယ်ကနေခဲ့တဲ့ကျွန်မတို့အိမ်ရှေ့က စိန်ပန်းပြာပင်ကြီးပွင့်ချိန်ဆိုရင် အပြာရောင်လွင်ပြင်ကျယ်ကြီးအဖြစ်မြင်နေရတဲ့မြင်ကွင်း ဒီနေ့ထိမျက်စိထဲမြင်တုန်း အတွေးထဲမှာရှိနေတုန်း.
ကောက်ညင်းပေါင်းနဲ့အကြော်ဘယ်နားကဆိုင်ကောင်းတယ် တိုဖူးနွေးဘယ်ဆိုင်ကပိုကောင်းတယ် ငြင်းကြခုန်ကြနဲ့၊ တခါကတော့ တောင်ကြီးဟိုတည်မှာ ရှမ်းခေါက်ဆွဲစားဖြစ်ခဲ့တာမှတ်မှတ်ရရ...(စားလို့မကောင်းတဲ့အဖြစ်ကို) သတိတရရှိနေခဲ့ပြီးတို့၂ယောက်ရယ်မောခဲ့တဲ့ပုံရိပ်တွ ဝေေ၀၀ါးဝါးရှိနေခဲ့သေးတာကို
ထင်ထင်ရှားရှားမှတ်မိနေခဲ့အောင်ကိုမှတ်ဥာဏ်တွေကောင်းနေဆဲ၊ ကမ္ဘာကြီးရဲ့အနောက်ခြမ်းမှာသူနေပြီး အရှေ့ခြမ်းမှာကျွန်မနေပါတယ်။ သူ့ဖက်ကနေ၀င်ကိုယ့်ဖက်ကနေထွက် သူ့အရပ်မှာနွေရာသီ သစ်ပင်တွေအရိုးပြိုင်းပြိုင်းနဲ့နွေသရုပ်ပြနေခဲ့တာ၊ ကိုယ့်ဖက်မှာတော့ အဲဒီအချိန်ပတ်ဝန်းကျင်မြင်မြင်သမျှ
အကုန်လှတဲ့မြင်ကွင်း သူကလဲဒီကောင်းကင်အောက် ကိုယ်ကလဲဒီကောင်းကင်အောက် တို့၂ယောက်တပြိုင်တည်းဒီကောင်းကင်ကြီးကိုမော့ကြည့်မိမလားလို့တခါတလေတွေးမိသေးတယ်၊
မကြာခင် လှပလွန်းတဲ့ နွေဦးရာသီကိုရောက်ပါတော့မယ် .. သူရှိနေတဲ့နေရာမှာတော့ ပူလို့ တောင်တန်းကြီးငိုနေပြီတဲ့လေ... တွေ့ဖို့ခက်ခက် မြင်ဖို့ခက်ခက် လွမ်းတသက်သက်နဲ့
တမ်းတရင်းတမ်းတနေမိတာကိုက ကျွန်မရဲ့ အားနဲချက်များဖြစ်နေမလား ဘယ်တော့ပြန်ဆုံမလဲ
ဒီနှစ်လား နောက်နှစ်လား ဘယ်တော့လဲ ? မေးခွန်းတွေနဲ့ ချာချာလည်နေရပါပြီ ၊ အလွမ်းတွေကြီးလွန်းတော့ နှလုံးသားကမခံနိုင် ပေမဲ့ ဒီမြို့လေးက ကျွန်မကိုထုံဆေးထိုးပေးထားတယ်
ကျွန်မရဲ့ ထုံဆေးများနဲ့မြို့ လို့လဲတင်စားထားပြီးသားမို့ ခံနိုင်ရည်ရှိနေမှာပါချစ်သောသူငယ်ချင်းရေ။

Popular Posts
-
ငါ့ အတွေးထဲက ရှိစု မဲ့စု စကားလုံးတွေ အားလုံး ရေးချ ပြီး ကဗျာလုပ်တော့ ကာရံတွေကျဲလာတယ် ကောင်းကင်ကြီးအမြဲမှောင်မဲနေတယ် အလင်းရောင်...
-
တနေ့တရက်လဲ မေ့ဖို့ခက်တယ် တစ်မိနစ် တစ်စက္ကန့်လဲ သူ ကရှိတယ် ရက်ကလပြောင်းနှစ်တွေဟောင်းလဲ ရင်တွင်းအောင်းနေတာက သူ အတွေးတွေကို ဆေးရောင်ခြယ်တာလဲ...
-
ချစ်သူရေ အကြင်နာတွေ ဝေဖြာခဲ့ဖူးတဲ့ ဂ န္တ၀င် နေ့ရက်များ နှလုံးသားမှာ ထင်ကျန်နေတဲ့ သံယောဇဉ် အချိန်များ တမ်းတမ်း တတ ရှိနေပါရဲ့လေ ဘယ်နေရာ သွားသွ...
-
ကိုယ်ခန္ဓာ ထဲက မကောင်းဆိုးဝါးတွေကို တွန်းလှန်လိုက်ပါသူငယ်ချင်း နှလုံးသားထဲက ရေမျောကမ်းတင် အမှိုက်သရိုက်များ တောချောင်းလေးနဲ့ ဆေးေ...
-
ရာသီတွေ တရွေ့ရွေ့နဲ့ပြောင်းလဲ အလွမ်းတွေ မမေ့တမေ့ ဖြစ်နေဆဲ ချစ်သူ ကိုယ်သိပ်ရိုင်းသွားသလား ငြင်းပယ်ခဲ့တာလေ လွမ်းရမယ့်တူတူ ခပ်စောစောလမ်း ခွဲတာ ...
-
ကမ္ဘာကို လေညင်း မိတ်ဆက် သစ်ရွက်တို့ တိတ်တဆိတ်လွင့်ကြွေလဲ လှတဲ့ ဤကမ္ဘာ ။ ကမ္ဘာကို နေရောင်ထိုး တိုးတိုးလေးလွမ်းပြီး မိုးကောင်းကင်ကို မော့မော့ကြည...
-
ဂျယ်လီပစ်ပစ် ရဲ့တဂ်ပိုစ့်လေးပါ-----ကဲ ဖတ်လိုက်ကြရအောင်နော် အင်မတန်စာအရေးအသားညံ့သောကြောင့်စာဖတ်သူများ သီးခံဖတ်ပေးပါရန် အရင်ဦးဆုံး တော...
-
ကျိန်စာတိုက်ခံထားရတဲ့ ကံဆိုးမှု အခိုက်အတန့်လေးမှာ မနာလိုသူရဲ့ ထိုးနှက်မှုတွေနဲ့ အမြဲ ကြုံနေရပြီကွယ် ခြောက်ပြစ်ကင်းပြီး သဲစင်တဲ...
-
အလွမ်းရိပ်တို့အစဉ်ခစားနေတဲ့ မေမေရဲ့ ကောင်းကင်ပြင်ကြီး ကျွန်မ ဘယ်တော့များမှ ကြယ်စင်ဖြစ်ခွင့်ရှိမလဲ စဉ်းစားရင်း တွေးတောရင်း အိုမင်းလု...
-
ကြယ်ရောင်တွေပျောက်တဲ့ ည အလွမ်းတွေက ခေါ်သူမရှိပဲ အလိုလိုရောက်လို့လာတယ် ။ ရောင်စဉ်ပြောင်းတဲ့ စိတ်ဓါတ် သံစဉ်ပျက်တဲ့ ဦးနှောက် တွေနဲ...