ကြာရိုးသုပ်
-
မာမာဒီနေ့တော့ ကြာရိုးလေးတွေ ဝယ်လာဖြစ်လို့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ်
ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့
ကြာရိုးသုပ်...
တနှစ်ပတ်လုံး ခံစားချက်အတို
2
Posted by
စံပယ်ချို
|
Saturday, December 2, 2017
တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို
ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်....
တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသစ်ဖြစ်နေပြီ
တပင်လုံးဝေခဲ့တုန်းက ငါ့အလွမ်းတွေ ခပ်စွေစွေဖက်ကို ယိုင်ခဲ့ရသလို
အရိုးပြိုင်းပြိုင်းနဲ့တွေ့ခဲ့ရတဲ့အပင်တွေကြောင့် ငါ့ လဲစိတ်ရိုင်းဝင်နေမိတာလား
နှလုံးသားမှာတော့ ဒွိဟ ။
နိုင်ငံတွေပြောင်းနေသော်လည်း
ချစ်ခြင်းတွေ မပြောင်းဘူး
အသက်အရွယ်တွေအိုမင်းလာသော်လည်း
ချစ်ခြင်းတွေ နုပျိုနေဆဲ ။
ဘယ်နေရာမှာ ဘယ်လောက်ပင်ပန်းပါစေတော့
ချစ်နေတဲ့စိတ်ကိုနှလုံးသားထဲ ထည့်ထားရတာတွေကြောင့်
ပင်ပန်းတယ်ဆိုတာလုံးဝ မရှိခဲ့ဘူးနော် ။
တခါတရံ သွားရင်းလာရင်း
စိတ်ပျက်စရာတချို့နဲ့ တိုက်မိတယ်
သွားရင်းလာရင်း ဘ၀င်မကျစရာနဲ့ တိုက်မိပြန်တယ်
------------------- ကြည်နူးစရာများနဲ့တိုက်မိပြန်တယ်
-------------------ချစ်ခြင်းများနဲ့တိုက်မိပြန်တယ်
ခက်တာက ငါဘာနဲ့တိုက်မိပါစေလို့ဆုတောင်းလို့မရခဲ့တာပါပဲ
ဘာမှမရှိပဲ ပကာသနဆန်လိုက်ကြတာ
လူ့ဘ၀ထဲ ရောက်လာခဲ့ပုံ တယောက်နဲ့တယောက်ကွာခြားလွန်းတာမို့
ကိုယ်ဘ၀ကို ကိုယ့်ကျေနပ်စွာ ရေးလိုက်တာပါ ။ ။
ရေးသားသူ Jasmine
ရေးသားပြီးချိန် December 1,2017
Popular Posts
-
အလွမ်းတွေပြိုတော့ ကဗျာတွေဆိုလို့ ကောင်းသတဲ့လေ မိုးတိမ်တွေ ပြိုတော့လဲ ငိုလို့ကောင်းတာပါပဲ ။ မကောင်းတာကတော့ မကောင်းဆိုးဝါး ပါဝင်နေတဲ့ အိပ်မက် ...
-
သဘောထားမတိုက်ဆိုင်တိုင်း မကောင်းဘူးလို့ ပြောရမယ်ဆိုရင် ကိုယ့်စိတ်နဲ့ ကိုယ့် ခန္ဓာတောင် မတိုင်ဆိုင်မှုတွေအများသား ။ ထက်ချပ်မခွါ ပါလာ...
-
ငါ့ အတွေးထဲက ရှိစု မဲ့စု စကားလုံးတွေ အားလုံး ရေးချ ပြီး ကဗျာလုပ်တော့ ကာရံတွေကျဲလာတယ် ကောင်းကင်ကြီးအမြဲမှောင်မဲနေတယ် အလင်းရောင်...
-
တကယ်တော့ အမှတ်တမဲ့နဲ့ တွေ့ဆုံခြင်းမှာ အမှတ်တရ နှလုံးသားဒိုင်ယာရီတအုပ်ဖြစ်ခဲ့ မယ်လို့ ယုံတောင်မယုံခဲ့ဘူး။ ဘ၀ပျက်စေနို င်ပေမယ့် အချစ်မပျက်အော...
-
ဘုရားသခင် စီရင်ချမှတ်လိုက်တဲ့ လောကထဲ အဆင်းရဲဆုံးက ကျွန်တော့်ရဲ့ ကံတရားပါပဲ လိုချင်မိတဲ့ ချိုမြမြတွေ ရလာတဲ့အရာ အားလုံး ခါးသက်သက် ...
-
မိဂျက်အိမ်က ပန်းများမဟုတ်ပါ ၊ ဤပန်းလေးများကိုကြည့်ခြင်းအားဖြင့် စိတ်နှလုံးရွှင်လန်းစေပါတယ်ရှင် mail မှကူးယူဖော်ပြပါသည်
-
အပြုံးတွေပျောက်ဆုံး တွယ်တာမှုတွေပျက်သုဉ်းနေတဲ့ ဘ၀လေးကို ပြန်လည်စိုပြေလာစေတဲ့ သူ အချစ်တွေကို အသက်သွင်းပေးခဲ့သူ အမုန်းတွေ ရင်ထဲမထားပဲ ...
-
ဖြူစင်တဲ့ ခင်မင်မှု စစ်စစ်တွေ မဌားရမ်းနိုင်ပါဘူး အပိုင်လိုချင်တယ်ဆိုရင်တော့ ကျွန်မထံ ခွင့်တောင်းယူနိုင်ပါတယ် အဲဒါကိုတော့ တန...
-
ရိုးတိုး ရိတ်တိတ်လေးမျှ ခြေသံမပေးပဲ တိုးတိုး တိတ်တိတ်လေး သူ ခွဲခွါခဲ့တယ် အမှတ်တရနဲ့ သတိရစရာတွေ အပြည့် ရှောင်တိမ်းခွင...
-
ဘလော့ဒေး အမှတ်တရ ရေးဖို့ ကိုယ်တိုင်ရှက်နေမိပါတယ် ဘာကြောင့်လဲဆိုတော့ ဘလော့ပေါ်ဘာမှ တာဝန်မကျေခဲ့သူတယောက်ပါ။ တီတင့်ပြောသလိုပါပဲ အချိန်...

