Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အတွေး သက်သက်

29
| Thursday, September 27, 2012
အမှောင်ထဲက ဘဝ
စမ်းတ၀ါးဝါးနဲ့ လမ်းတွေများခဲ့လိုက်တာ
လူတွေမသိ သူလဲမသိ
ကိုယ် ကိုကိုယ် အဟုတ်ထင်မိသူပါ

အချစ်တို့ဖြင့် လှပတဲ့ 
ဤကမ္ဘာကြီး
အရာရာ ပျက်သုဉ်းပြီး
အတ္တအမုန်းတွေ 
အပြုံးကြီး ပြုံးနိုင်ခဲ့ပြီ

လှပခဲ့တဲ့ လူတွေရဲ့ စိတ်ထား
သဘောတရားတွေမှားပြီး
ကြီးထွားလာတဲ့
လောဘစိတ်တွေ တားမရဖြစ်ကြပြီ

အနာဂတ်
 ကိုယ်ကျင့်တရားတွေလှဖို့ထက်
ဘ၀လှဖို့အရေး 
သူထက်ငါ အပြေးနဲ့
တရားတွေ အရေးမထား
ဒေါသစိတ်တွေလဲ
တားမရ ထားလိုက်ရတာ
အရပ်ရှစ်မျက်နှာမှာ
အငိုနဲ့ စတဲ့ဘ၀တွေ
ငိုခြင်းနဲ့ ထ
ငိုခြင်းနဲ့ အိပ်
ငိုခြင်းတွေနဲ့ အဆုံးသတ်
အမုန်းတွေ အထပ်ထပ်
ခွါချမရတော့ပြီ

ကင်ဆာ ကျိတ်
တီဘီကျိတ်
 အပူကျိတ်
အမုန်း ကျိတ်
အပြုံး ကျိတ်
 ဖြစ်လာသမျှ
အကျိတ် အခဲများ
နှလုံးသားသို့
အမိုက်အမဲများလို အရောက်လာ
ကြောက်စရာ ကောင်းတာက
လူထဲက လူသားများ ။

jasmine

ဘ၀ ချိုချို

30
| Tuesday, September 25, 2012
ကြားမိလား
နိုဝင်ဘာလိုလို
ဒီဇင်ဘာလိုလို
အေးအေး ချမ်းချမ်း
အပြုံးတွေ သရမ်းမှု မရှိပဲ
သူဝင်လာတာပါ

ကြားမိလား
တည်တည် တန့်တန့်
သံယောဇဉ်တွေနဲ့
ခန့်ခန့် ထည်ထည်
အကြင်နာတွေ
လူသိရှင်ကြား
ပေးပစ်လိုက်တာပါ

တခါတရံ ကောင်းကင်ကြီးတောင်
အရောင်တွေပြောင်းပါရဲ့ကွယ်
တခါတရံ ကျား တွေလဲ မ လိုလို
မ တွေကလဲ ကျားလိုလို
အတုတွေလဲ လုပ်လာတတ်ကြတဲ့ ကမ္ဘာမှာ
ကျွဲနားသွား စောင်းတီးပြတဲ့ 
ကိုယ့်အမှားပါပဲ

မီးခိုးရောင်လိုလို
အမဲရောင်လိုလို
ကိုယ့်ဘ၀ ရစ်သိုင်းခံခဲ့ရတဲ့
အတိတ် 
အရိပ်တွေက
တစ္တေ အလား
သူတို့ရယ်မောနေကြသံများလား
တ၀ါးဝါး တဟားဟား

ချိုမြမြ ဖြစ်ခဲ့တဲ့ အချိန်ပေါင်းများစွာ
သတိရ တမ်းတ လွမ်းမိရင်းနဲ့
တရံတခါတော့
အရာတချို့က ခါးသက်သက်လေးရှိခဲ့လဲ
စစ်မှန်တဲ့အရာကိုလက်ကိုင်ထားပြီ
ချစ်ရသူကို
အချစ် စစ်စစ်သာပေးခဲ့တာပါ
ထို့ကြောင့် 
ယခု လက်ရှိမှာလဲ
ကိုယ့်ဘဝ
အချစ် စစ်စစ်နဲ့ ချိုမြမြလေးပါပဲ ။ 
 
jasmine
 

သူမ ရဲ့ ဆုတောင်း

24
| Friday, September 21, 2012
ကဗျာဆရာမ လို့ အများကပြောရင်
ရှက်နေတတ်တဲ့ အမျိုးသမီးတယောက်က
ပုံသွင်းခံရတဲ့
ဘ၀ထဲ ကြီးပြင်းခဲ့ရသတဲ့လေ

မိုးတွေရွာတဲ့အခါ
ခရေပန်းတွေ ကြွေတဲ့အခါ
နှင်းတွေဝေတဲ့အချိန်
တောင်လေနဲ့ သစ်ရွက်တို့
လွင့်နေတဲ့ ရာသီတွေ ရဲ့
သဘာဝ မြင်ကွင်းတွေကို
ကောက်သင်းကောက်တတ်တယ်တဲ့
အဲဒီ အမျိုးသမီးပေါ့
ကဗျာတွေဖန်ဆင်းပြီး
အားတိုင်း ပြန်ဖတ်တယ်
ပြီးရင်
သိမ်းထားတယ်
မြေစမ်းပြီး
ခရမ်းလဲပျိုးလိုက်သေးတယ်
ခုတော့ ပန်းသီးတွေ
လှိုင်လှိုင်ထနေလေရဲ့

အဲဒီ အမျိုးသမီးပေါ့
မကြာခဏတော့
သူ့ခြေလှမ်း
ဒယိမ်းဒယိုင်ဖြစ်ခဲ့ဖူးတယ်
အချိန်ရာသီတွေပြောင်းသလောက်ပါပဲ
သူ့အလိုလို ပြန်မတ်သွားကြတယ်တဲ့

အဲဒီအမျိုးသမီးပေါ့
ခင်မင်မှု ထူထူထဲထဲကြီးတွေ
ရင်ဘတ်ထဲသိမ်းထားပြီး
မိတ်ဆွေတချို့ကို မျှဝေပေးခဲ့တယ်
နယူတန် နိယာမလဲ မှားတတ်တာပဲတဲ့
ညိုညို မဲမဲ အရိပ်တွေ
သူမ ရလိုက်ပြီးသကာလ
သူမရဲ့ ဖြူစင်မှုအတွေးလေးတွေ
သွေးပျက်ချင်မိတယ်တဲ့လေ

သူမပြောတဲ့စကား
တိမ်ဖြူတွေ ခွါချခံရပြီး
အကြင်နာတွေ ပြန်မရ
အခေါက်ခေါက် အခါခါ
ပေးမိတဲ့ မေတ္တာတွေလဲ
ထပ်တလဲလဲ ပျောက်ဆုံးပြန်တယ်တဲ့

ထာဝရ သခင်
ဥပေက္ခာတွေ ပြန်သိမ်းပြီး
ဖြူစင်မှုတွေ လူသားအားလုံး
ရင်ဘတ်ထဲသို့ အရောက်ပို့ဆောင်ပေးစေလိုပါ၏
အတ္တမီး လောဘမီး
မီးပေါင်းစုံကို
ဘုရားသခင်လက်သို့
အပ်နှင်းပါရစေ-----
အဲဒီအမျိုးသမီးရဲ့ ဆုတောင်းလေးပေါ့ ။
jasmine

လက်ရှိ မြင်ကွင်း

26
| Monday, September 17, 2012
လပြည့်ညတွေ ကြည့်ခဲ့တဲ့ ငါ
အကြိမ်တစ်ရာ မကဘူး
နေ၀င်ချိန်တွေ ကြည့်တဲ့ နင်
အကြိမ်တစ်ရာ မကပါဘူး
အရာအားလုံး တူတူပါပဲ ။

အိပ်လဲမပေါက်ပါဘူး
ဖားတွေရဖို့အတွက်
သူ့ထက်ငါ အတင်းတိုးပြီးရင်းတိုး
ဒေါသတွေ ထိုးထိုးထောင်လောင်
လောဘတွေလဲ မရိုးနိုင်
မောဟတွေအုပ်ကာမိုးပြီး
အတ္တလှောင်ချိုင့်ထဲကနေ
ရုန်းမထွက်နိုင်တော့ပါ ။

အပူ အအေး မမျှတဲ့ ရာသီတွေ
အချို အခါး မမျှတဲ့ ဘ၀တွေ
အနိမ့် မမြင့် မတူ ညီတဲ့ ကံစီမံမှုတွေ
မျက်ကွယ်ပြုမရ ။

တခါတရံ အမှောင်ထု အားကောင်းတယ်
အမှောင်ကို အားထားပြီး
ရှာစားတဲ့သူတွေက
အမှောင်ထုထဲမှာ ပျော်သလိုနေကြပြီး
တခါတရံ လင်းအားကောင်းတယ် 
သူတို့ အလင်းရောင်ကိုမုန်းတီးကြပြီ ။

စုံလွန်းတဲ့ ဘ၀ရဲ့
ဇာတ်ခုံထဲ
လှတာ မမက်ခဲ့လဲ
တခါတရံ
ညစာတွေခက်လာသလို
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
ကာရံတွေမညီခဲ့ဘူးပေါ့ ။

(နေထိုင်ရာနေရာမှ မြင်ကွင်းတချို့ကိုအမှီပြုပြီးရေးသားခြင်းမျှသာ)
jasmine

အချစ်သည် တခါတရံ ပင်ပန်းတတ်၏

24
| Thursday, September 13, 2012
တွယ်တာမှုတွေ အပြည့်အ၀နဲ့
ရင်မှာ နွယ်ခဲ့ရတာပါ
သံယောဇဉ်တွေ ပုံအောပြီး
ယုံကြည်ခြင်းတွေကို
လည်ဆွဲလုပ်လို့ပေါ့
မင်း   အပြုံးတွေ
ခပ်ကျဲကျဲရှိနေပေမယ့်လဲ
ငါ့  မှာတော့
သဲကြီး မဲကြီးရွာချနေတဲ့
အချစ်မိုးတွေ

မထင်ခဲ့ပါဘူးကွယ်
ရှင်သန်နေတဲ့ အကြင်နာ
နွယ်ယှက်တွေ
အမြစ်က ဖြတ်ခံရမယ်လို့
ခုတော့လဲ
တစိမ်းပြင်ပြင်
သစ္စာတရားတွေ ချနင်းခံရလဲ
လည်စင်းပေးနေဦးမယ်
တောင်ကြီးရဲ့ ဖ၀ါးအောက်မှာ
လမ်းစတွေ မပျောက်စေပဲ
ချစ်ရသူကို
မျှော်ကာစောင့်နေပါ့မယ်

အချစ် စစ်စစ်တွေအတွက်
ရင်မှာ ဒဏ်ရာဖြစ်လဲ
အမာရွတ်ကျန်သည်အထိ
သေချာ ဂရုစိုက်သိမ်ထားကာနေပါ့မယ်
ချစ်ရသူရဲ့  ဝေးနေတဲ့ 
နှုတ်ခမ်း လွမ်းပြီးရင်းလွမ်းနဲ့
အက်ကွဲနေတဲ့ မျှော်လင့်ချက်တွေ
နာနာ ကျင်ကျင် ဖြစ်နေရပြီး
ပြွတ်သိပ်နေတဲ့ 
သံယောဇဉ်တွေက
အဝေးကို ထွက်သွားဖို့
နောက်ပြန်ဆွဲနေလေရဲ့

ကမ္ဘာကြီး မောပန်းနေတာလား
လူတွေ နွမ်းနယ်နေကြတာလား
ငါ့  နှလုံးသားတွေကတော့
ချစ်သူကို ချစ်ရတာ
အနားမရလို့
သေမတတ် ပင်ပန်းနေပြီကွယ် ။

jasmine

ဟိုရောက် ဒီရောက်(၅)

21
| Monday, September 10, 2012
စီးဆင်းနေတဲ့ မြစ်
ရေခဲဖြစ်သွားသလား
ထင်ယောင် ထင်မှားနဲ့
နှလုံးသားကို
စမ်းမိသေးတယ်
အော်......လတ်လတ်ဆတ်ဆတ်ပါပဲ

ကောင်းကင်ပေါ်ကတိမ်
ဖြူတလှည့် ပြာတခါ
သူငယ်ချင်းနှစ်ယောက်
ကျားကွက် ရွှေ့နေသလို
ဟိုရောက် ဒီရောက်

တို့နှစ်ယောက်ခွဲရမယ့်အချိန်
ငါသာအရင်ဆုံးလှည့်ထွက်ပါရစေ
မင်ရဲ့ ကျောပြင်ကို
ငါမကြည့်ရဲ့လို့ပါ

လမ်းတွေများလွန်းတယ်
ဘယ်လမ်းကိုရွေးရမလဲ
ကိုယ့်လူ......
ဘယ်လမ်းကိုရွေးရွေး
မင်းမှာ ဖိနပ်ကောင်းတရံတော့လိုအပ်တယ်

မင်းပြောခဲ့တဲ့
အချစ်အကြောင်း
ခုတော့လဲ
တိတ်ဆိတ်ခြင်းတွေပါပဲ
မင်းပေးခဲ့တဲ့
ဂတိ
ခုတော့လဲ
ငါ့ နှလုံးသားကို
ကျောက်တုံးကြီးကြီးနဲ့
ဖိ ထားလိုက်သလိုပါပဲ

အနာဂတ်အတွက်
ထားခဲ့ဖူးတဲ့
တို့နှစ်ယောက်ရဲ့
ရွှေရောင်
စိတ်ကူး စိတ်ရူးတွေ
ခုတော့လဲ
မဖြတ်သန်းရတဲ့(ကန့်သတ်နယ်မြေ)
ထဲရောက်နေပါပြီကွယ်
ဖြစ်ခဲ့တယ်
ပျက်ခဲ့ပြီ
ဖြစ်တာနဲ့ ပျက်တာ
အရမ်းမြန်လွန်းနေသလားကွယ်
တစ်ယောက်အပြုံး
တစ်ယောက်သောက်သုံးပြီး
ရင်ဘတ်ထဲကနွေးခဲ့ဖူးတာတွေ
ဈေးကြီးကြီးနဲ့ ပြန်ဝယ်ချင်မိတယ်

နေရောင်မရှိတဲ့ အခန်းမှာ
ငါ တစ်ယောက်ထဲ
မင်းကိုမလွမ်းချင်ဘူး
နောက်ပြီး
ငါ တစ်ယောက်ထဲ
ဖြတ်သန်းလာရတဲ့
ဘ၀လမ်းတွေမှာလဲ
ချစ်သူနဲ့ ပတ်သက်တဲ့
ကဗျာ မှတ်တမ်းတွေ
ငါ ထမ်းထားဆဲပါကွယ် ။
jasmine

ကံမွဲလို့ ရလိုက်တဲ့ အလွမ်း

28
| Thursday, September 6, 2012
ရင်နင့်နေရတဲ့ အလွမ်းတွေ
သူသိအောင် ဘယ်လိုပြောရမလဲ
မြိုသိပ်နေရတာ     
 နှစ်.....လ  တွေကြာ

ရင်ဘတ်ထဲမှာ
စုန်းမီးတွေလို
ဟုန်းထနေတဲ့
အပူ     
 နှစ်.....လ တွေကြာ

ချစ်သူရဲ့ နှလုံးသား 
တမံတလင်းတွေနဲ့ခင်းကျင်းထားလို့
ငါ့...........အကြင်နာတွေ
ချော်လှဲ သံယောဇဉ်တွေ
အဖော်ကွဲ ခဲ့ရပြီ

အလွမ်းတွေနဲ့
မျက်နှာသစ်ပြီး
ဒီ အလွမ်းတွေနဲ့
မိုးစုန်းစုန်းချုပ်ခဲ့ရပြီ

သံသရာမှာ ချစ်ရသူ 
ကိုယ့်ဖက်မပါတော့
ကံဇာတာ မကောင်းပါဘူး
ကိုယ်အသုံးမကျတာ ကိုယ်မေ့ပြီး
ကံကို အပြစ်တင်
အသစ်မခင်မိပါဘူး  
ကံမွဲလို့ ဒီပွဲလဲ
ရှုံးတယ် သဘောထားလိုက်ပါ့မယ် ...... ချစ်သူ

jasmine

သူ

25
| Tuesday, September 4, 2012
တနေ့တရက်လဲ မေ့ဖို့ခက်တယ်
တစ်မိနစ် တစ်စက္ကန့်လဲ သူ ကရှိတယ်
ရက်ကလပြောင်းနှစ်တွေဟောင်းလဲ
ရင်တွင်းအောင်းနေတာက သူ
အတွေးတွေကို ဆေးရောင်ခြယ်တာလဲ သူ
ကဗျာတွေကို ကာရန်ပေးတာလဲ သူ
သံယောဇဉ်ကြိုးတွေနဲ့ တေးသွားတစ်ပုဒ်တီးခတ်တာလဲ သူ
နံနက်ခင်းရဲ့ ကော်ဖီတစ်ခွက်ကလဲ သူ
အေးရိပ်မှာ ချွေးသိပ့်စေတာလဲ သူ
ညနေခင်းဆည်းဆာကိုအလှဆင်တာလဲ သူ
ညမှောင်မှောင်မှာ အလင်းဆောင်တာလဲ သူ
ကြယ်စင်တွေရေတွက်ဖော်လဲ သူ
အိပ်မက်ကို အသက်သွင်းသူလဲ သူ
နိုးထတဲ့နံနက်တိုင်း သူ့ အနမ်းနဲ့ နိုးထချင်တယ်
သူ့အပြုံးနဲ့ မျက်နှာသစ်ချင်တယ်
ရူးသွပ်တယ်ပဲပြောပြော
သံသရာအဆက်ဆက်တော့
ဘယ်လောက်ပဲ ခက်ခဲပါစေ
ဝိညဉ်တောင်ရောင်းပြီး
သူ့ကို ချစ်ဖို့ ကျွန်မရှင်သန်မယ့်သူပါ ။

(အလုပ်တွေများနေလို့ အိမ်တွေကို မလည်နိုင်သေးတာ နားလည်ပေးကြပါရှင် အချိန်ရတာနဲ့ စာကြွေးတွေလိုက်ရှင်းပါ့မယ် အခုတော့ မအားသည့်ကြားက ခံစားရတာလေး သူငယ်ချင်းတို့ကို
ဝေမျှတာပါ အားလုံးကို လေးစားချစ်ခင်လျက် )

jasmine

သစ်ပင်လေး

35
| Sunday, August 26, 2012
ရင်ဘတ်လွင်ပြင်
နှလုံးသားရင်ပြင်
အကြင်နာမြေဆီပေါ်ဝယ်
ဘုရားပေးတဲ့
ချစ်ခြင်းမျိုးစေ့
ငါပျိုးထားခဲ့တယ်
မေတ္တာရေလောင်းပြီး
အတ္တပေါင်းပင်တွေ အချိန်တိုင်းနုတ်ပေးခဲ့တယ်  ။
နှလုံးသားမှာပေါ်ထွက်လာတဲ့
မင်းရဲ့ ဖြူစင်တဲ့ အချစ်တစ်ခုကို
ဒီနေ့နဲ့ မနက်ဖြန်ပေါင်းများစွာ
ငါအမှတ်ရနေမှာပါ  
အချစ်ရဲ့ အကိုင်းအခက်တွေနဲ့
တနေ့တခြား ကြီးပြင်းလာတဲ့ မင်း ကို
ငါကြည့်နေရင်း ပီတီတွေပွားနေရတယ်
အခုတော့ ငါ မင်းအရိပ်အောက်မှာ
ချွေးတိတ်နေတတ်ပြီး
အခုတော့ မင်းရဲ့ ပင်စည်ကို  ဖက်တွယ်နေမိပြီး
လေပြင်းတိုက် လေနီကြမ်းလဲ
မင်းဘ၀မားမားရပ် ရှင်သန်ဖို့
ဒီဘ၀နဲ့ သံသရာအဆုံး
ဘ၀ကိုရင်းရင်
ငါကာကွယ်သွားမယ် 
မင်းဟာ ငါ့ရင်ထဲမှာ
တစ်ကြိမ်တခါတည်းစိုက်တဲ့ သစ်ပင်လေးမို့
ငါအသက်ထက်ပို ချစ်တယ် သစ်ပင်လေးရယ် ။

ကျွန်မရဲ့ သစ်ပင်လေး လွင်ပြင့်ကို ရည်ရွယ်ပါသည် ။
အလုပ်တွေများလို့ သူငယ်ချင်းအိမ်တွေအလည်မရောက်နိုင်တာကို တောင်းပန်ပါတယ် ။

jasmine
 

ငါ ဆက်ကြိုးစားရမယ်

34
| Tuesday, August 14, 2012
သံယောဇဉ်တံခါးတွေ
တချပ်ပြီး တချပ်
နှလုံးသားကို အထပ်ထပ်
လုံခြုံမှုရအောင်
ငါ
ကျိုးစားခဲ့တယ် ။

စိမ်းကားခြင်းတွေ
သေသေ သပ်သပ်နဲ့
ဝင်လာတော့
သတိမထားမိလိုက်ဘူး
အခြေအနေ အရပ်ရပ်ကိုသိတဲ့အချိန်
ကန္တရ သဲမုန်တိုင်းလို
ရင်ဘတ်ထဲ
အရှိန်ပြင်းပြင်းနဲ့
ဝင်ရောက်ခဲ့ပြီ
အဲတာ
ဥပေက္ခာတဲ့လေ ။

ယုံကြည်မှုတွေအစကတော့
မိမိရရ ဆုပ်ကိုင်ခဲ့တာပဲ
ဘယ်အချိန်က လွတ်ကျမှန်း မသိလိုက်ဘူး
အိပ်မက်ထဲ ကောင်းကင်ပြာကြီးအောက်မှာ
သစ်တောတို့ စိမ်းလန်းနေတယ်
အိပ်ယာကနိုးတော့
အညာနွေ ငါရောက်နေပြီ ။

အရှုံးကိုမကြောညာခင်ပဲ
ငါ
စင်အောက်ရောက်နေပါပြီ ချစ်သူ
ဒါမှလဲ အောင်မြင်တဲ့
မင်းရဲ့ အပြုံး 
ငါ ကွင်းကွင်း ကွက်ကွက်မြင်ရမှာလေ
ကျေနပ်ပါတယ်ချစ်သူရယ်
အက်ကွဲ မွကြေနေတဲ့
နှလုံးသား 
အရှုံးလို့လဲ 
မတွေးတော့ပါဘူး
ခပ်ယိုင်ယိုင်ဖြစ်နေတဲ့
ခြေလှမ်းတွေ
ပြန်မတ်ဖို့
ကြိုးစားရဦးမယ်
ရိုးသားစွာနဲ့
ငါ
ထာဝရ ရပ်တည်နိုင်အောင် ။


(အချိန်တွေကို မအားလပ်စွာနဲ့ ဆက်ကျိုးစာနေတဲ့
ကျွန်မ မအားတဲ့အချိန်များစွာထဲကပဲ ဒီကဗျာလေးကို ခပ်သုတ်သုတ်လေး
ဖန်ဆင်းခဲ့ပါတယ် ရှေ့လျှောက်ပိုပြီးမအားတော့မှာမို့ပါ)

jasmine


ဟိုရောက် ဒီရောက်(၄)

33
| Saturday, August 11, 2012
အတူတူ လက်မတွဲရတဲ့သူတွေအတွက်
အမှတ်တရဆိုတာ
အဆိပ် တစ်ခွက်ပါပဲ ။

၂၀၀၆ ဆိုတဲ့ ခုနှစ်
ဘေးကျပ်နံကျပ်ရပ်ကွက်ထဲ
ပဲ့နေတဲ့ စာရွက်စုပ်လေးတောင်ရှာမရလို့
ကဗျာလေးရေးဖို့ အတွက်
အိပ်မက်ထဲမှာ
 ငါ တပ်မက်ခဲ့ဖူးတယ် ။

အတွေးတွေကနီးနီးလာတယ်
လူချင်း ဝေးဝေးသွားတာဘာကြောင့်လဲ
ခေတ်ကြောင့်လား စနစ်ကြောင့်လား
ပျားရည်လိုဘ၀မျိုး
တည်ဆောက်ဖို့ပါပဲ
အားလုံး အဖိတ်အစဉ်တွေပါပဲ
အကွဲကွဲ အပြဲပြဲနဲ့
လဲသေဖို့ကောင်းနေပြီ ။

တစ်ယောက်နဲ့ တစ်ယောက်ချစ်ပြီးဝေးတာရှိသလို
ဝေးပြီး ချစ်နေကြတာလဲရှိနေတာပဲလေ
တို့ နှစ်ယောက် နီးရက်နဲ့လဲ လွမ်းနေတယ် ။

ဝိုင်တစ်ခွက် ဒါမှ မဟုတ်
ကော်ဖီတစ်ခွက်
ဇိမ်ရှိရှိ သောက်လိုက်ချင်တယ် 
အင်း...........ကော်ဖီနဲ့ ၀ိုင် 
ဘယ်တစ်ခုရွှေးမလဲ
ဖြေရခက်တဲ့ မေးခွန်းတွေ
မမေးပါနဲ့ တောင်းပန်ပါတယ်
ကော်ဖီကိုလဲချစ်တယ် ၀ိုင် ကိုလဲမမုန်းဘူးနော် ။

ပန်းတွေရဲ့ သဘောထား
အထာမကိုင်ပါနဲ့
ဝေနေတုန်းလှပေမယ့်လဲ
ထာဝရ မဟုတ်ပါ
ကြွေတဲ့နေ့ ရောက်လာတော့မယ် ။

ငါ မပျော်မိတာကြာခဲ့ပြီ
အဖော်တွေလဲ မရှိတော့ဘူး
ငါ မပြုံးတတ်တော့တာ ကြာခဲ့ပြီ
နင်အဝေးကိုထွက်သွားကတဲကပေါ့ ။
ပုံစံခွက်ထဲ ကြီးပြင်းခဲ့ရတဲ့ငါ
ဘ၀ကို လွတ်လွတ်လပ်လပ်နေချင်မိတယ်
ပြိုင်ဖက်မရှိ အပြတ်အသတ်ချစ်ခဲ့တာ
နင်သိရင် ငါကျေနပ်တဲ့ ဘ၀ဆိုတာ
ဒါပဲလေ ။

ဦးနှောက် ထဲက အသိတရား
ဘာတွေ မှားနေခဲ့ သလဲ
မြင်တွေ့နေရတဲ့ လက်တွေ့ဘ၀မှာ
လူတိုင်းကို ကြောင်ထင် ယုံထင်
ဖြစ်နေရပြီး
ခံစားချက်အားလုံးပေါင်းစီးလိုက်တော့
ချစ်သူတွေအတွက် 
သစ္စာတရားဆိုတာ
ဘာလဲ?

jasmine

ချစ်သူကို စိတ်မပျက်ချင်သူ

33
| Wednesday, August 8, 2012

တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
မင်းရဲ့ မာယာတွေတိုက်စားလို့
လှိုက်စားလာတဲ့ရင်ဘတ်ထဲ
နှလုံးသားလဲ ကင်ဆာဖြစ်ရပြီ
ဘာကိုယုံရမလဲ
ပုံကာပေးထားတဲ့ 
သံယောဇဉ်နွယ်
တစ်ပင်ထဲ ငြီတွယ်နေပြီလေ
အမှန်တရားတွေကွယ်ပျောက်လို့
စိတ်ထွေကာ ချောက်ချား
ကွယ်ရာမှာ ဖောက်ပြားနေပြီလား
အကြင်နာ အရောင် ခပ်ကျဲကျဲ
မသိခဲ့လို့
နှလုံးသားကိုလည်မှာဆွဲခဲ့တာလေ
ရင်းထားခဲ့တဲ့နှစ်တွေနဲ့
ဘ၀ရဲ့ အောင်မြင်ပြည့်စုံကာမှ
စိတ်ကုန်စရာလုပ်ရပ်တွေ
ရပ်တန်းက ရပ်ပါတော့
ချစ်သူကို အမြဲ စိတ်မပျက်ချင်ဘူး
အပိုအလုပ်လဲ ကိုယ်မလုပ်ဘူး
ဟန်လုပ်စကားလဲ ကိုယ်မပြောဘူး
မေတ္တာတွေ အစစ်အမှန်နဲ့
အသစ်တဖန်ပြန်ပြီးချစ်ကြတာပေါ့
ချစ်သူကိုလွမ်းရမယ်ဆိုလဲ
အဖန်တရာတိုင်ပါစေ
ဘယ်တော့မှ တမ်းတခြင်းတွေကို
အန်ထုတ်မှာမဟုတ်ပဲ 
ရင်ဘတ်ထဲအမြဲ သိမ်းထားပါ့မယ်

jasmine

မောင်နွေလ၏တဂ်ပို့

18
| Tuesday, August 7, 2012
ပျက်အစဉ် ပြင်ခဏ
ပျက်တာမှန်ရင် ပြင်ရင်ရပေမယ့်
 ဖျက်လို့ ပျက်ရင်
ပြင်ရပေမယ့်
ရင်ဝမှာတော့
ဒဏ်ရာ ဗလပွနဲ့
တသက်တာတော့ ဒဏ်ရာရဲ့ နာကျင်မှု့
အမာရွတ်ကတော့ ကျန်နေအုံးမှာပါ ။

အရင်တလောလေးက မောင်နွေလက သူ့လလော့လေးပျက်သွားလို့ ကျွန်မစီဘောက်မှာ လာငိုသွားပါတယ် (တကယ်လဲ သူအရမ်းဝမ်းနည်မယ်ဆိုတာကို ကိုယ်ချင်းစာမိပါတယ်) ။သူလာတဂ်တုန်းက ချက်ချင်းရေးပေးချင်ပေမယ့် ချူချာလွန်းတဲ့
ကျွန်မမိဂျက် အစာအိမ်နာ သွေးပါတိုးနေလို့ မရေးဖြစ်ခဲ့တာကို နားလည်ပေးပါ မောင်နွေလရေ ။အခုတော့ လင်တော်မောင်က
ဂရုတစိုက်ပြုစုလို့ သက်သာသွားပြီဆိုတော့ ကျွန်မရင်ထဲကအတိုင်း မောင်နွေလ အမေးလေးတွေကို ဖြေပေးပါတော့မယ် ။

(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?

  Tuesday, February 14, 2011 ချစ်သူများနေ့မှာ တည်ထောင်ဖြစ်ခဲ့တာပါ။ ကျွန်မချစ်လင်ကိုလွင်ပြင်က သူအလုပ်သွားချိန်
ကျွန်မတစ်ယောက်ထဲအိမ်မှာ အထီးကျန်နေမှာစိုးလို့ဆိုပြီး ကျွန်မ၀ါသနာပါတဲ့ ကဗျာရေးလို့ရအောင် ချစ်သူများနေ့မှာ အမှတ်တရပေးခဲ့တာပါ ။
                        ******************************************
(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?

ရည်ရွယ်ချက်ကြီးကြီးမားမားတော့မရှိပါဘူး ကဗျာရေးတာဝါသနာပါတော့  မှတ်စုလေးအနေနဲ့ ရေးဖြစ်တာပါ ။အခုတော့ ဘလော့ဂ်သူငယ်ချင်းတွေနဲ့ ပျော်စရာကမ္ဘာလေးတစ်ခုပေါ့ ။
                           *******************************************

  (၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
ရည်မှန်းချက်ကတော့ ရင်ဘတ်ထဲကခံစားချက်တွေကို ချရေးရရင်ကျေနပ်ပါပြီ ။ မြတ်နိုးတန်ဖိုးထားတာကတော့ အရမ်းပဲ ပြောမပြတတ်ဘူး ။
                  ****************************************

 (၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
 
တခါပျောက် ဖူးတယ် ။
                         **************************************
(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
 
အရမ်းခံစားရတာပေါ့ မေးလ်ကို ဖွင့်မရ ဆိုဒ်ကိုဖွင့်မရနဲ့ အရူးတစ်ယောက်လိုပဲ ငိုယိုပြီး သူ့ဆီဖုန်းဆက် ထိုင်ရမလို ထရမလိုနဲ့
သူကလဲ အိမ်ကို ချက်ချင်းပြန်လာပြီး ဘယ်လိုလုပ်လိုက်လဲတော့မသိဘူး ငါးမိနစ်လောက်နေတော့ ပြန်ရတယ် ပြန်ရတော့
ဘယ်လိုကြည်နူးမှန်းကိုမသိဘူး အရမ်းပျော်တာပဲ ။
                             **********************************

မောင်နွေလရေ အမတော့ရင်ထဲကအတိုင်းရေးချပေးလိုက်ပြီနော် လူသားအားလုံး ၀မ်းနည်းခြင်းမှ ကင်းကြပါစေ

jasmine
 

ချစ်သူ မရှိတဲ့ည

31
| Friday, August 3, 2012
ဂယောင်ချောက်ခြားမှုများစွာနဲ့
အာရုံတွေကလဲ အထွေထွေ အပြားပြား
ကောင်းကင်က လမင်း
ရုတ်တရက်ပြုတ်ကျလာတာလား
ဘာရယ်တော့ သေချာမသိပေမယ့်
ငါ့အသဲ ပြားချပ်ချပ်ဖြစ်နေတာ
အသေအချာပါ 
အမှောင်တွေ ပိုနေတာလား
အရာအားလုံး
ယောင်ယောင် မှားမှားနဲ့
မျက်ကန်း လမ်းပျောက်နေသလို
လင်းခနဲ လက်ကနဲ
ကြယ်တွေကြွေတာလား
မျက်ရည်မိုး တသည်းသည်း
နှလုံးသားက မိုးခြိမ်းသံ
အရောင်တွေ မဲနေသလို
အဲတာ ချစ်သူထွက်ခွါသွားတဲ့ညပေါ့ ။

jasmine

အမြဲ ထပ်တူ

30
| Monday, July 30, 2012
လကွယ်ညမှာ
ချစ်သူအရိပ်တွေ
ဘယ်များတွယ်ကပ်နေမလဲ
စိတ်ပူတဲ့ အရူးတစ်ယောက်လို
အရှိုက်ကို ထိုးနှက်ခံခဲ့ရလို့
လူမမြင်နိုင်တဲ့
ရင်ဘတ်ထဲ
တစစီဖြစ်ခဲ့ရပြီ
အဲတာ
အတွင်းကြေ။

နှလုံးသား မှတ်တမ်းတွေ
ထားစရာနေရာမရှိတာလား
ည  ည ငါ့အခန်းထဲ
ငါတစ်ယောက်ထဲ
ကဗျာတွေနဲ့ ရှုပ်နေတာ
အဲတာ အလုပ်တခုပေါ့
လဲမကျဖူးတဲ့ ခြေလှမ်း
ဘယ်များရှိမလဲ
ခဏခဏ လဲကျတယ်
ခဏခဏ ပြန်ထတယ်
မကြာခဏ အရှုံးနဲ့ရင်ဆိုင်ရတယ်
မကြာခဏ အနိုင်ရပြန်တယ်
အဲတာလူ့လောက ။

မင်းအကြောင်း
ကောင်းသတင်း
မကောင်းသတင်း
အစုံ ကြားနေရမှာ
ကောင်းသတင်းပြောသူများကို ချစ်ခင်ပြီး
မကောင်းသတင်းပြောသူများကိုလဲ 
ကြင်နာပါ မမုန်းမိပါစေနဲ့
လူတိုင်းမှာ
အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ
မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ
ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ
ငါ့နှလုံးသား
ခံစားချက် စစ်စစ်တွေ
လူချင်းနီးနေလဲ
စိတ်ချင်းဝေးတဲ့ ဘ၀ ငါမလိုချင်ဘူးကွယ်
တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ
နှလုံးသားထပ်တူနဲ့ 
ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ ။


jasmine









Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine