Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရင်ဘတ်ထဲက နှလုံးသား...နှလုံးသားထဲက အလွမ်း

| Monday, May 16, 2011
လလေးတစ်ခြမ်းမပြည့်
ဓူဝံ ကြယ်ပြောက်သွား ကြယ်လေးတွေ မှန်းဆမရ
မိုးကောင်းကင်ကြီး မဲနက်နက်
စိတ်တွေခြောက်ချား
ချစ်မိတာမှားလား  နှလုံးသား အပြစ်များ
ရစ်ပတ်နှောင်ဖွဲ့....ပြစ်ဖို့တော့ မကြံစည်ပါဘူး။


သံယောဇဉ်တွေ မီးပွင့်မတတ်
အလွမ်းတွေ အထပ်ထပ်နဲ့
အိပ်မရ ညများ ၀ိုင်တစ်ပုလင်းနဲ့
ငါ့ကိုထားခဲ့မှာလား။


ရင်ဘတ်ထဲက နှလုံးသား.....နှလုံးသားထဲက အလွမ်း
လူက တစ်နေရာ နှလုံးသားက တစ်နေရာ
အချစ်တွေ ဟောင်းလောင်းနဲ့ ဘယ်မှ မသွားတတ်လို့
မင်း အနားမှာပဲ နေပါရစေတော့။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်လေးစားနေတဲ့
jasmine

9 comments:

{ တောက်ပကြယ်စင် } at: May 12, 2011 at 9:21 AM said...

လာရောက်အားပေးသွားပါတယ်...ကျန်းမာပျော်ရွှင်ပါစေ...jasmine ရေ...

{ ချင်းကလေး } at: May 12, 2011 at 10:54 AM said...

ဒီလောက်ကောင်းတဲ့မမကို ဝိုင်တစ်ပုလင်းနဲ့ထားခဲ့မယ့်သူ ရှိနိုင်မှာမဟုတ်ပါဘူးနော်:P

{ Angelhlaing(May everybody be happy and healthy! } at: May 12, 2011 at 11:36 AM said...

ရင်ဘတ်ထဲက နှလုံးသား.....နှလုံးသားထဲက အလွမ်း
လူက တစ်နေရာ နှလုံးသားက တစ်နေရာ
အချစ်တွေ ဟောင်းလောင်းနဲ့ ဘယ်မှ မသွားတတ်လို့
မင်း အနားမှာပဲ နေပါရစေတော့။...နေနိုင်ပါစေလို့
ဆန္ဒပြုလျှက်..ပါ Jasmine ရေ..

{ ခနွဲ } at: May 13, 2011 at 12:00 PM said...

အားပါးပါး...အိပ်မရညများ ၀ိုင်တစ်ပုလင်းနဲ့ ငါ့ကိုထားခဲ့မှာလား။ တဲ့။ မိုက်တယ်ဗျာ။

{ natthamee } at: May 14, 2011 at 3:33 AM said...

လူကတစ်နေရာ နှလုံးသားက တစ်နေရာ
အချစ်တွေ ဟောင်းလောင်းနဲ့ ဘယ်မှ မသွားတတ်လို့
မင်း အနားမှာပဲ နေပါရစေတော့။

ဒီစာသားလေးကိုကြိုက်ပါတယ်..

{ Unknown } at: May 14, 2011 at 6:01 PM said...

သံယောဇဉ်တွေ မီးပွင့်မတတ်...........

ကြ်ုက်တယ် ညီမရေ..

{ Angelhlaing(May everybody be happy and healthy! } at: May 15, 2011 at 2:51 AM said...

Jasmine ရေ စိတ်မကောင်းမဖြစ်နဲ့ နော်။ အတူတူပဲ ကွန်မန့် (၅)ခုလောက်ပျောက်သွားတယ်သိလား:(
အခုလာပြိး ထပ်မန့်ခဲ့တယ်...:):)
ခံစားအားပေးလျှက်ပါလို့...

{ ကိုဇော် } at: May 17, 2011 at 12:30 AM said...

အဲဒီလိုသာ တောင်းဆိုခွင့် ရှိရင် ဘယ်လောက် ကောင်းလိမ့်မလဲဗျ။ အခုတော့ “ လွမ်းခွင့် မရှိ။ ”

{ လရိပ်အိမ် } at: May 17, 2011 at 3:52 AM said...

အနားမှာနေခွင့်ရရင်နေချင်တယ်။ ခုတော့ကျွန်တော်မှာအချစ်များစွာနဲ့ဘယ်ဆီပြေးရမှန်းမသိဖြစ်နေတယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine