Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ချစ်ခဲ့ဖူးပါသည်.....သို့သော်

| Monday, May 30, 2011

သွားခဲ့ဖူးတယ်
ဘယ်ကိုမှ မရောက်ခဲ့ပါ။
စားခဲ့ဖူးတယ်
ဗိုက် မပြည့်ခဲ့ပါ။
ဘုရားရှိခိုးခဲ့ဖူးတယ်
တရားသဘော ဘာမှမသိခဲ့ပါ။
နွေနေ့လည် အကာအကွယ်မပါ
လမ်းလျှောက်ခဲ့ဖူးတယ်
အပူ ဆိုတာနားမလည်ခဲ့ပါ။
အနွေးထည် မပါ ဆောင်းညသန်းခေါင်
အိမ်အပြင် ဂီတာတီးပြီးသီချင်းဆိုဘူးပါတယ်
အေးချမ်းမှု ကိုယ်နဲ့မဆိုင်ပါ။
ထီးမပါ မိုးရေထဲ ကရောင်ကတမ်း ထပြီးသွားပါရဲ့
မိုးရေတွေ စိုတာ ဘာတွေများလဲ...မေးရမလို။
ဆီးနှင်းတစ်ပေါက်ပေါက်
မိုး တစ်ဖျောက်ဖျောက်မှာလဲ
အသည်းတစ်လျှောက်က
စစ်မှန်သော နှလုံးသား တစ်စုံ....
ရင်နှင့် ရင်းပြီး ချစ်ခဲ့ဖူးပါတယ်။

နယူတန် နိယာမ မှားခဲ့တာလား........
အသုံးမကျ ငါ့ဘ၀..နားကြားလွဲခဲ့တာလား
အဖြေမသိပေမယ့် အချစ်ရှိနေတာပါ....
ပြောခဲ့ဖူးတဲ့စကား....အများအပြား ရှိပါ၏
သို့သော် လိုရင်းမရောက်ပဲ
နှလုံးသားပျောက်တဲ့ကိန်း.....
သစ္စာတရား....ပျက်ပါများတော့
နာကျင်ခြင်းတွေ....ဒီရေအလား။
ချိုသော အပြုံး
ကြင်နာသော နှလုံးသား
နွေးထွေးတဲ့ လက်တစ်စုံ
ညင်သာတဲ့ အကြည့်......
အားလုံးငါမှာရှိနေခဲ့တာ....
နောက်တော့လဲ.....အမဲဖျက်သလို
တဲတဲလေးတောင် မကျန်အောင်
ရင်ဘတ်တစ်ခုလုံး နတ္တိ။     ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံး
အစဉ်သဖြင့်ကျေးဇူးတင်လေးစားနေပါတယ်ရှင်။
jasmine

12 comments:

လွင်ပြင် at: May 30, 2011 at 11:09 AM said...

good

နတ်သမီး at: May 30, 2011 at 11:26 AM said...

မမအရမ်းကောင်းပါ၏

လွမ်းငယ်ငယ် at: May 30, 2011 at 11:27 AM said...

so nice

Anonymous at: May 30, 2011 at 11:28 AM said...

အရမ်းမိုက်

Anonymous at: May 30, 2011 at 8:41 PM said...

nyi nyi

အမရေဘယ်သူကိုချစ်ခဲ့ဖုးတာလဲ...
ပြောခဲ့ဖူးတဲ့စကား....အများအပြား ရှိပါ၏
သို့သော် လိုရင်းမရောက်ပဲ
နှလုံးသားပျောက်တဲ့ကိန်း.....
သစ္စာတရား....ပျက်ပါများတော့
နာကျင်ခြင်းတွေ....ဒီရေအလား။

Anonymous at: May 30, 2011 at 10:31 PM said...

ကောမက်ရေးမရဘူးအရမ်းကိုခက်နေတယ်
ဘာဖြစ်လို့လဲအမ.....

{ စံပယ်ချို } at: June 1, 2011 at 3:39 AM said...

သူငယ်ချင်းတို့ရေ
jasmine ဆိုဒ်လေးကွန်မက်ပေးမရဖြစ်နေပါတယ်....
ကူညီဖြေရှင်းပေးပါနော်.....
ကျေးဇူးတင်စွာဖြင့်....

{ လရိပ်အိမ် } at: June 1, 2011 at 8:03 AM said...

နာကျင်ခြင်းတွေ ဒီရေအလား
ဒီစာသားလေးကြိုက်တယ်။

Anonymous at: June 1, 2011 at 9:30 AM said...

ဝေးရပီကွပေးလို့ ..ပေလိုက်မယ်နော...အာဘွား.....ဟဟ
နင်ပေးခိုင်းတာနောမုန်လာထုပ်မ

{ စံပယ်ချို } at: June 2, 2011 at 4:36 AM said...

ကွန့်မက်ပြောတာလေ
ဘာတွေပေးနေတာလဲ
နာစိတ်တိုရင်တော့နာတူငယ်ချင်းချောချောလှလှနဲ့နိကို
မပေးတော့ဘူးနော်....

လ၀န်းလေး at: June 4, 2011 at 3:05 AM said...

ချစ်ခဲ့ဖူးပါသည်....
ရင်ထဲကိုထိအောင်လဲရေးတတ်တယ်နော်
အမရဲ့ကဗျာတွေအားလုံးကိုဖတ်ပါတယ်...

{ ငွေလမင်း } at: June 5, 2011 at 8:50 AM said...

ကဗျာလေး ကောင်းပါတယ်
ကဗျာရေးတတ်တာကို အားကျမှိပါတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine