Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ထွက်သွားပေးပါ အမုန်းများ

| Friday, September 23, 2011
အကောင်းမြင်နဲ့ 
အဆိုးမြင် 
ဘယ်အမြင်ပိုကောင်းလဲ....
အချစ်နဲ့ အမုန်း 
ဘယ်ဟာ က ကောင်းတာလဲ....
ကြွေကျ မြေခ 
သစ်ရွက်နဲ့ အပင်ပေါ်က
စိမ်းစိမ်းစို သစ်ရွက်
ဘယ် အရွက်က ပိုလှသလဲ......
အိပ်မပျော်ည 
အိပ်ပျော်ည....
ဘယ်ညက 
အရသာ ရှိလဲ...
အချစ်နဲ့ အမုန်း..ဘယ်အရာက 
သိမ်းထားဖို့ကောင်းတာလဲ...
အဝေးဆုံး နဲ့ အနီးဆုံး...
ဘာကိုလိုချင်ပါသလဲ.....
သစ္စာတရား နဲ့ လိမ်ညာခြင်း....
ဘယ်အရာကိုရွှေးမှာလဲ....
တိတ်ဆိတ်ခြင်း နဲ့ ဆူညံခြင်း 
ဘယ်သင်း က ပိုမှာလဲ.....
သစ္စာ....အကြင်နာ......
  မြတ်နိုးခြင်း....ယုံကြည်ခြင်း....
များစွာနဲ့
ငါလာခဲ့တာပါ...
“ဥပေက္ခာ” 
ဆိုတာကိုရင်ထဲ 
မထားပါနဲ့ကွယ်
အဲတာကြောင့်
အတုံးအရုံးလှဲမကျခင်
(ထွက်သွားပေးပါ အမုန်းများ)
jasmine

20 comments:

{ မေသိမ့်သိမ့်ကျော် } at: September 23, 2011 at 7:29 AM said...

အကောင်းတွေချည်းပဲတော့လိုချင်ကြတာပေါ့။ ဒါပေမယ့် အမြဲမရနိုင်တော့လည်း ဟင်းးး သက်ပြင်းချပြီး အိပ်မရညတွေကို ကျော်ဖြတ် ၊ ဝေးကွာခြင်းတွေကို ရင်ဆိုင်ခဲ့ရတာလဲ မနည်းဘူး။ အမုန်းတွေ ကွယ်ပျောက်ပါစေ။ ကဗျာလေးတွေ ပိုပိုဖတ်လို့ ကောင်းလာတယ်။

ခင်တဲ့
မေသိမ့်

{ မိုးမြင့်တိမ် } at: September 23, 2011 at 7:36 AM said...

စွဲလမ်းခြင်းတွေရှိနေသမျှ တမ်းတခြင်းတွေသီးပွင့်နေလိမ့်မယ်။
ခံစားခြင်းတွေရှိနေသမျှ လွမ်းဆွတ်ခြင်းတွေတဖွဲဖွဲကြွေလိမ့်မယ်။
အချစ်တွေရှိနေသမျှ အမုန်းတွေအပင်ပေါက်လိမ့်မယ်။
စိုးရွံ့ခြင်းတွေဝေနေသမျှ ညတာတွေကရှည်ကြလိမ့်မယ်။
စိတ်ကိုရိုးရိုးလေးပဲခင်းကျင်းကြည့်ပါ။
ဗလာဖြစ်သွားတဲ့ခွက်တစ်ခုမှာ အမုန်းမရှင်သန်နိုင်ဘူး။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous at: September 23, 2011 at 8:03 AM said...

မိုးမြင့်တိမ်
ပြောသွားသလိုပဲဗျာ}}}ဝ

{ ကိုကြည်နိုင် } at: September 23, 2011 at 8:40 AM said...

“ကြွေကျ မြေခ
သစ်ရွက်နဲ့ အပင်ပေါ်က
စိမ်းစိမ်းစို သစ်ရွက်
ဘယ် အရွက်က ပိုလှသလဲ......”

အင်း ကဗျာအချို့ ဖတ်သွားဖြစ်ပါတယ်။

ချမ်းမြေ့ပါစေ
ကိုကြည်နိုင်

{ ညီရဲ } at: September 23, 2011 at 10:30 AM said...

အိပ်မပျော်ည
အိပ်ပျော်ည....
ဘယ်ညက
အရသာ ရှိလဲ...

အလွမ်းတွေနဲ့ အိပ်မပျော်တဲ့ ညတွေထက် အိပ်ပျော်တဲ့ညက ပိုအရသာရှိတယ် အစ်မ...

{ မောင်(စွယ်စုံကျမ်း) } at: September 23, 2011 at 11:09 AM said...

အင်းပြောရတော့ခပ်ခက်ခက်ပဲကွာ..ဖြန်း..ပါးရိုက်ခံရပြန်ပီ....ဟဟ

{ လရိပ်အိမ် } at: September 23, 2011 at 11:45 AM said...

အိပ်မပျော်တဲ့ညတွေများနေတယ်။ ကြွေကျ မြေခ သစ်ရွက်လေးကိုကြိုက်နေမိတယ်။

လွမ်းတယ် at: September 23, 2011 at 1:20 PM said...

ကဗျာလေးတွေကောင်းလိုက်တာဗျာအနော်တောင်မျက်နှာငယ်ကောင်းတယ်ဗျာ

{ San San Htun } at: September 23, 2011 at 3:35 PM said...

ဂျက်...ကဗျာလေးတွေ မိုက်တယ်...ရေးတတ်လိုက်တာ...

{ shwewunyatana } at: September 23, 2011 at 5:24 PM said...

jasmine..ရေထွက်သွားပေးပါအမုန်းများ...ကဗျာလေးကိုခံစားသွာပါတယ်..jas..ကျန်းမာပါစေ.....

ရွှေဝန်းရတနာ....

{ mstint } at: September 23, 2011 at 5:25 PM said...

ကဗျာလေးကကောင်းတယ် စံပယ်လေးရေ။ 'အတုံးအရုံးလှဲမကျခင်
ထွက်သွားပေးပါ အမုန်းများ'
မှန်ကန်တဲ့အတွေးလေးပါး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ လင်းခေတ်ဒီနို } at: September 23, 2011 at 6:23 PM said...

အချစ်နဲ့ အမုန်း..ဘယ်အရာက
သိမ်းထားဖို့ကောင်းတာလဲ...

“ဥပေက္ခာ”
ဆိုတာကိုရင်ထဲ
မထားပါနဲ့ကွယ်
အဲတာကြောင့်
အတုံးအရုံးလှဲမကျခင်
(ထွက်သွားပေးပါ အမုန်းများ)

ကဗျာကောင်းလေးတစ်ပုဒ်ကို ဖတ်လိုက်ရတဲ့အတွက် ကျေးဇူးပါဗျာ

{ Candy } at: September 23, 2011 at 7:57 PM said...

မမစံပယ်...ကဗျာလေးအရမ်းမိုက်တယ်... ဘယ်လိုရေးရေးကောင်းနေတော့လည်း ခက်သား.. :P

{ မောင်မောင် } at: September 23, 2011 at 10:48 PM said...

အစ်မ တောင်ကြီးသူရေ ကဗျာတွေ တော်တော်ကောင်းတယ်နော်။ ထွက်သွားပေးပါ အမှန်းများတဲ. မောင်မောင်မှာက အချစ်လည်းမရှိတော. ထွက်စရာ အမှန်းမရှိသေးဘူး-- ဟဲ အားပေးနေမယ်နော် အစ်မ။
ခင်တဲ.
မောင်မောင်

Anonymous at: September 24, 2011 at 2:22 AM said...

အင်း...ပြောချင်တယ်သူ့ကို..
“အတုန်းအရုံးလဲမကျခင်ထွက်သွားပေးပါ” လို့
အပျိုကြီး မခံစားနိုင်လို့း(
ဂျက်လည်း ပျော်ရွှင်ပါစေရှင်။
ချစ်ခင်စွာဖြင့်
သမီးစံ

{ မဒမ်ကိုး } at: September 24, 2011 at 5:27 AM said...

ဟားးးးးးးးးးးစာတွေကပိုပိုလန်းလာတယ်နော် မမစံပယ်..
ထွက်သွားပေးပါ အမုန်းတရားများ
(နာကျည်းခြင်းများ )

ချစ်တဲ့
မဒိုးကန်

{ ညိမ်းနိုင် } at: September 24, 2011 at 6:33 AM said...

ကဲ ထွက်သွားပါပြီဗျား.....အမုန်းတွေပြောတာ....:)))
စတာနော်....ကဗျာတွေ တပုဒ်ထက်တပုဒ်ပိုပို လှလာတယ်...သိပ်တော်တယ်..။
ကိုယ်တွေဆို ဒီလိုမျိုးရေးတတ်ပါဘူးဗျာ....။

{ ahphyulay } at: September 24, 2011 at 6:49 AM said...

အင်း...
သီချင်းနဲ့  ကဗျာကို တွဲမိသွားတယ်လေ..။
အိပ်မပျော်ည ဆိုတာတော့  လူတိုင်း ရှိနေတတ်ပါတယ်။
မိုးလင်းသွားတဲ့ ညဆိုပါတော့ ဗျာ.။
မစပါယ်က ခံစားပြီးရေးနေလေသလားလို့ ၊
ဆိုလိုတာက ရေးတတ်လို့ ရေးတာနဲ့  ဆွေးတတ်လို့ 
ရေးတာ အဲ့ ဒါကိုပါ။
နဲနဲ သက်သာတုံး အော်ကြလို့  ဧရာဝတီအတွက် ထ,ရေးခဲ့ တယ်။

{ မောင်သီဟ } at: September 24, 2011 at 7:08 AM said...

အမုန်းဆိုတာ ကောင်းကိုကောင်းဖူး
ကိုယ်လည်းသူများကိုမမုန်းချင်ဖူး
သူများလည်းကိုယ့်ကိုမမုန်းစေချင်ဖူး

ဆွေလေးမွန် at: September 24, 2011 at 9:02 AM said...

ကဗျာလေးဖတ်သွားပြီ..
ရင်ဘတ်ထဲရှိသလောက် ကဗျာလေးထဲအပြည့်များထည့်ထားသလားထင်ရတယ်

:) :) :)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine