Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကြယ်ကြွေ ဆုတောင်း

| Monday, March 4, 2013
ပဋိပက္ခများ နေတဲ့အဖြစ်ထဲ
သံသယ ကလဲထားလိုက်မိတယ် 
ချစ်ပြီးမှတော့ ဘယ်သူကခွဲချင်မလဲကွယ်

တိမ်ပြာတွေ ပြိုရင်
အဆင်းတော့လှပါရဲ့
အရောင်မှိန်မှိန်နဲ့ အိုသွားတဲ့နေမင်း
အနောက်အရပ်သို့ ၀င်ခဲ့ပြီ
ဒီအချိန်လေးမှာပဲလေ
သူက 
သံယောဇဉ်တွေကို ကျောခိုင်း
အတိုင်းမသိ အကြင်နာခေါက်ကာသိမ်း
ဥပေကာ ယာဉ်ကိုစီးနင်းပြီး
ဆန့်ကျင်ဖက် လားရာဆီသို့ 
ခရီးဆက်ခဲ့တယ်

ရုတ်တရက်မြင်တွေ့ရတဲ့ သူ့  ကျောပြင်
ဘယ်ခါမှ မမေ့တော့ပါဘူးကွယ် 
အတွေးတွေ ရောက်ယှက်ခပ်
သောကတွေနဲ့ ဘ၀မှာ မောလှပါပြီလို့
မငြီးညူချင်လဲ အသံတိုးတိုးလေးနဲ့
ကြယ်ကြွေညတိုင်းဆုတောင်းမိပြီ
အဖန်တရာ အဆက်ဆက်
ချစ်ရသူနဲ့ မခွဲပါရစေနဲ့ကွယ် ။


သိမ်းထားတဲ့ကဗျာလေးပါ
ခုတော့ တင်ချင်စိတ်လေးပေါ်လာတာမို့ ကဗျာချစ်သူများအတွက်
တင်လိုက်ပါတယ်ရှင်


jasmine

24 comments:

{ စံပယ်ချို } at: March 4, 2013 at 4:22 AM said...

ဂျက်မှာရေးပြီးသိမ်းထားတဲ့ ကဗျာ
ရေးလက်စ ကဗျာ
ရေးရင်းနဲ့ တိုလိုတန်းလန်းဖြစ်နေတဲ့ ကဗျာ
ဟိုတကြောင်း ဒီတကြောင်း ရေးနေတဲ့ ကဗျာ
အားလုံး ၂၀၀ ကျော်လောက်ရှိမယ်ထင်ပါတယ်
အဲတာတွေကို စာဖတ်သူ(ကဗျာချစ်သူ)များအား တဖြေးဖြေး နဲ့ ဖော်ပြပေးပါမည်

{ Unknown } at: March 4, 2013 at 4:55 AM said...

သောကတွေနဲ့ ဘ၀မှာ မောလှပါပြီလို့
မညူးချင်လဲ အသံတိုးတိုးလေးနဲ့
ကြယ်ကြွေညတိုင်းဆုတောင်းမိပြီ
အဖန်တရာ အဆက်ဆက်
ချစ်ရသူနဲ့ မခွဲပါရစေနဲ့ကွယ် ။
ကြယ်ကြွေဆုတောင်းကဗျာလေးးအားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

{ နွေတေးရှင် (မင်းဧရာ) } at: March 4, 2013 at 5:06 AM said...

သည်ကဗျာလေးကို နှစ်သက်မိတယ်ဗျာ
အကြောင်းတစ်ချို့နဲ့လည်း တိုက်ဆိုင်နေတယ်ထင်လို့ပါ အချို့လူတွေအတွက်ပြောပါတယ်း))။

တဖြေးဖြေးနဲ့ ပေးဖတ်လာမည့် ကဗျာတွေကို
ခံစားနေမည်ဖြစ်ပါကြောင်းဗျာ။

{ သူကြီးမင်း (တုံးဖလား) } at: March 4, 2013 at 5:43 AM said...

သိမ်းထားတဲ့ကဗျာလေးပါ
ခုတော့ တင်ချင်စိတ်လေးပေါ်လာတာမို့...ဆိုတော့ အကြောင်းတစ်ခုခုက ကဗျာလေးကို တင်ချင်စိတ်ရှိလာအောင် နိုးဆော်ပေးနေပုံဘဲ။း)

ဒီကဗျာက မဟုတ်မှလွဲရော... ဟို ယခင် ချစ်လင်တော်နဲ့ မနီးစပ်ခင်က ကဗျာလေးတွေထင်ပါရဲ့။

လွင်ပြင်ရယ်
စံပယ်ရယ်
ကဗျာရယ်

ဿရီးအင်ဝမ်း တွေဘဲ မဟုတ်လား။

{ မိုးနတ်ကြယ်စင် } at: March 4, 2013 at 7:47 AM said...

ရုတ်တရက်မြင်တွေ့ရတဲ့ သူ့ ကျောပြင်
ဘယ်ခါမှ မမေ့တော့ပါဘူးကွယ် .... :)))

ကဗျာရူး မိမိုးနတ်တစ်ယောက် မ ကဗျာတွေကို
ဖတ်ဖို့ ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြောင်းပါရှင် :)

{ Yoemyaykya } at: March 4, 2013 at 5:56 PM said...


ချစ်ရသူနဲ့ မခွဲချင်ဘူးမမ။ ဒါ့ထက် မချစ်မနှစ်သက်သူက လာပတ်သက်တဲ့ ဒုက္ခကလဲ တကယ်မသေးတာနော်။ ကြယ်ကြွေတိုင်းဆုတောင်းပြည့်တာ တကယ်လားဟင်။

{ Han Kyi } at: March 4, 2013 at 10:36 PM said...

မညူးချင်လဲ ဆိုတဲ့ စကားလုံးလေးလှတယ်...ရိုးရိုးလေးနဲ့ ဆန်းသား...

သိမ်းထားတာကြာနေပေမယ့် ချက်ချင်းလက်ငင်းကြီး တင်ချင်စိတ်ပေါက်သွားတယ်ဆိုတော့ မှန်း...လွင်ပြင်ကြီးက ဘာတွေများ လက်ဆောင်ဝယ်ပေးလိုက်တယ် မသိဘူးး)

Anonymous at: March 4, 2013 at 10:36 PM said...

မကြီးဂျက်ရေ ..မျှော်နေမယ်နော် ..ကျန်းမာရေး လည်းဂရုစိုက်ပါအုန်းနော် ... :)

{ Phyu Lwin } at: March 4, 2013 at 10:59 PM said...

ကဗျာတွေအများကြီးရေးနိုင်တာ အားကျတယ် မမ. ညီမလေးလဲရေးချင်တာ မရေးတတ်လို့ကို ဘာမှမရှိတာ. :D

{ ရွှေအိမ်စည် } at: March 4, 2013 at 11:05 PM said...

တိမ်ပြာတွေ ပြိုရင်
အဆင်းတော့လှပါရဲ့
အရောင်မှိန်မှိန်နဲ့ အိုသွားတဲ့နေမင်း
အနောက်အရပ်သို့ ၀င်ခဲ့ပြီ

အဲ့ဒါလေး လှလိုက်တာ :))

{ စံပယ်ချို } at: March 5, 2013 at 5:18 AM said...

to me
ငြိမ်းစိုးဦး has left a new comment on your post "ခေတ် ရန်သူ":

အလွယ်ကို လွယ်ထားရင် အရှုပ်ထုပ်တွေများလာမှာ ...
mail ထဲရောက်ဆရာငြိမ်းစိုးဦးရဲ့ ကွန်မက်လေးပြန်တင်ထားတာပါ

{ မောင်ရေခဲ(အဝတ်နီ) } at: March 5, 2013 at 10:09 AM said...

မကြီးဂျက်ရေ
တကယ်တော့သိမ်းဆည်းထားတာထက်စာရင်
မျှဝေတာကပိုအကျိုးရှိပါတယ်ဗျာ
ပျော်ရွှင်ပါစေနော်

{ မင်းအရိပ် } at: March 5, 2013 at 10:25 AM said...

မကြီးဂျက်ရေ
ကဗျာလေး အားပေးခဲ့တယ်ဗျ...
ဆက်တင်မယ့် ကဗျာလေးတွေလည်း စောင့်မျှော်နေပါဦးမယ်...
ကျွန်တော်လဲ ကဗျာလေးတွေ ရေးချင်ပါတယ်...
ဒါပေမယ့် နှလုံးမခုန်တော့တာ ခက်တယ်ဗျာ...

{ roseayemaung } at: March 5, 2013 at 11:54 AM said...

ပဋိပက္ခများ နေတဲ့အဖြစ်ထဲ
သံသယ ကလဲထားလိုက်မိတယ်
ချစ်ပြီးမှတော့ ဘယ်သူကခွဲချင်မလဲကွယ်


မစံပယ်...၇ယ်....ခံစား၇တယ်လေ

{ Thu } at: March 5, 2013 at 6:14 PM said...

ပဋိပက္ခများ နေတဲ့အဖြစ်ထဲ
သံသယ ကလဲထားလိုက်မိတယ်
ချစ်ပြီးမှတော့ ဘယ်သူကခွဲချင်မလဲကွယ်...

ကိုယ့်များပြောနေသလား..
ကဗျာတွေအများကြီးရေးနိုင်တဲ့မမကိုအားကျတယ်...
အသူကိုလာလာအားပေးလို့လဲ ကျေးဇူးတင်တယ်နော်..အာဘွား :*

{ ညောင်ကိုင်းသား } at: March 5, 2013 at 9:43 PM said...

နွေတေးရှင်ပြောသလိုပါပဲ စာတွေလိုက်မဖတ်ဖြစ်တာကြာလို့ ကဗျာတွေလာဖတ်ပါတယ်။ ကျန်းမာပါစေ

{ Unknown } at: March 5, 2013 at 9:47 PM said...

တိမ်ပြာတွေ ပြိုရင်
အဆင်းတော့လှပါရဲ့
အရောင်မှိန်မှိန်နဲ့ အိုသွားတဲ့နေမင်း
အနောက်အရပ်သို့ ၀င်ခဲ့ပြီ
ဒီအချိန်လေးမှာပဲလေ
သူက
သံယောဇဉ်တွေကို ကျောခိုင်း
အတိုင်းမသိ အကြင်နာခေါက်ကာသိမ်း
ဥပေကာ ယာဉ်ကိုစီးနင်းပြီး
ဆန့်ကျင်ဖက် လားရာဆီသို့
ခရီးဆက်ခဲ့တယ်

ကဗျာလေးဖတ်ရင်း ခံစားရလာပြန်ပြီ။ ငိုမိတော့မယ်။း(

{ Phyu } at: March 6, 2013 at 3:23 AM said...

မျှော်လင့်ချက် မထားဘဲ ချစ်တတ်တဲ့ သူတစ်ယောက်ရဲ့ ခံစားချက်ကို ကဗျာမှာ ခံစားရလိုက်တယ်...

{ လရိပ်အိမ် } at: March 6, 2013 at 4:06 AM said...

မစံပယ်
ကဗျာစာအုပ်ထုတ်ပါလား။ ( အကြံပေးခြင်းသာ )
ကြယ်ကြွေဆုတောင်း ခေါင်းစဉ်ကြိုက်လို့ ရောက်လာခဲ့တာပါ မစံပယ်။
မအားလို့ မရောက်ဖြစ်ရင် ခွင့်လွှတ်ပါ။

{ စံပယ်ချို } at: March 6, 2013 at 5:39 AM said...

လရိပ်ရေ
၉- ၁၀ တန်းလောက်က ထုတ်ဖူးတယ် သူငယ်ချင်း ၃ယောက်ပေါင်းပြီးလေ
ကဗျာထက်
သီချင်းတွေရေးချင်ခဲ့တာမို့ ထပ်ပြီးမလုပ်ချင်တော့ဘူး
ချယ်ရီတို့ သောကြာတို့လဲ ကဗျာတွေရေးဖူးတယ်
သီချင်းရေးတဲ့သူ ဖြစ်ချင်တယ်

{ အလွမ်းမြို့ } at: March 6, 2013 at 8:56 AM said...

မဂျက်ရေ..
တဖြေးဖြေးနဲ့ဖော်ပြမယ်ဆိုတော့ တဖြေးဖြေးနဲ့
စောင့်ဖတ်ပါမယ်။
လိုက်ဖက်တဲ့စုံတွဲ ရေးတတ်လိုက်တဲ့ ကဗျာတွေ.
အဟင့်...မနာလိုတောင် ဖြစ်လာပြီနော်..အဟား

ချစ်တဲ့
အလွမ်း

{ witch83 } at: March 6, 2013 at 2:45 PM said...

ချစ်တဲ့သူတွေနဲ့  မခွဲချင်သော်လည်း သေကွဲကွဲရခြင်း၊ ရှင်ကွဲကွဲရခြင်းတွေကတော့ မရှောင်နိုင်ပါဘူးလေ....အင်း.. ကြယ်ကြွေတိုင်းဆုတောင်းပြည့်မယ်ဆိုရင်လည်း ကောင်းသားနော်။း)

{ Toe Yee Yee } at: April 11, 2013 at 6:46 PM said...

ကြယ်ကြွေညတိုင်းဆုတောင်းမိပြီ
အဖန်တရာ အဆက်ဆက်
ချစ်ရသူနဲ့ မခွဲပါရစေနဲ့ကွယ်
ဆုတောင်းပြည့်ချင်ပါတယ်ဂျက်ရယ်

{ ရင်လှိုင်းခတ်သံ } at: May 1, 2013 at 3:41 AM said...

ကြယ်ကြွေချိန် တောင်းတဲ့ဆုက ပြည့်တယ်လို့ ပြောကြတယ်...။ ဆုတောင်းလေး ပြည့်ပါစေ...။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine