ကျိုးနေတဲ့မြား ထမ်းထားရတာ
ပခုံးညောင်းပါတယ်
ဘုရားသခင် ဖန်ဆင်းထားပေးတဲ့
လူသားအားလုံးရင်ထဲက မေတ္တာတရား
မင်းရဲ့ရင်ဘတ်ထဲမှာကတော့
ဥပေက္ခာ
ငါ့မှာတော့ မုဒိတာတွေပွား
သူများဖိနပ်ကိုယူစီးပြီး
သူများဖောက်တဲ့လမ်း လျှောက်တဲ့ထဲ
ငါမပါခဲ့ဘူး
သူများထားခဲ့တဲ့ ကြေမွနှလုံးသား
အသစ်အဖြစ်လဲ ငါမသုံးချင်ပါဘူး။
မကောင်းဆိုးဝါးတွေပေးတဲ့
စိတ်ကူးယဉ် အိမ်မက်ရှည်လဲ
မ မက်ချင်ပါဘူး
လိပ်ပြာတွေ ပန်းရနံ့ ရှူရင်းသေတယ်တဲ့
ပိုးဖလန်က မီးကိုတိုးပြီးဘ၀ကူးတာတဲ့......
ငါရဲ့ဘယ်ဖက်ရင်ဘတ်ထဲက နှလုံးသား
ဘာကြောင့် အသက်ရှူရပ်ခဲ့တာလဲ
ဘယ်သူကြောင့်လဲ....အဖြေမသိပေမယ့်
ရင်ဘတ်ကညှိနေတာ ခက်တယ်
ခုတော့ ငါ့ရဲ့အကြင်နာတရားတွေ
ကပိုကရို နဲ့ အရှင်လတ်လတ်ကြီး
သေဆုံးရတော့မှာပါလား။
စာချစ်သူ ကဗျာချစ်သူ များအားလုံးရဲ့
ထာဝရ jasmine
စာချစ်သူ ကဗျာချစ်သူ များအားလုံးရဲ့
ထာဝရ jasmine
32 comments:
အားပေးသွားတယ်နော် မုန်လာထုပ် ရေးသားချက်တွေ မိုက်တယ်ကွာ
လာလည်သွားပါတယ်အစ်မ
ကြမ္မာပျော်ရွှင်ပါစေ....
ဘုရားသခင် ဖန်ဆင်းထားပေးတဲ့ လူသားအားလုံးရင်ထဲက မေတ္တာတရား မင်းရဲ့ ရင်ဘတ်ထဲမှာကတော့ ဥပက္ခာ...
ပုံလေးနဲ့ ကဗျာလေး ကြည့်၊ဖတ်သွားတယ်၊
မ Jasmine ရေ။ အချစ်နဲ့ပတ်သက်ပြီး တော်တော်ခံစားနိုင်တယ်လို့ပြောပါရစေ။ အချစ်အတွက် ပေးဆပ်ရတာ၊ နာကျည်းရတာ၊ ကြေကွဲရတာ၊ ပျော်ရွှင်ရတာ အားလုံးဟာ ကဗျာပါပဲလား။ ကျွန်တော်လည်း မှတ်ခဲ့ဖူးပါတယ်။ ကဗျာဆိုတာနှလုံးသားကလာတာတဲ့။ အသက်ရှူတာတော့ မရပ်ပါနဲ့ဦး။ ကဗျာတွေရေးရဦးမယ်။ စာတွေဖန်တီးရဦးမယ်။ နှလုံးသားကို ရှင်သန်ခွင့်ပေးထားရဦးမယ်ဗျ။
ဒါနဲ့ စကားမစပ် ပုံလေးတွေ သဘောကျမိပါတယ်ဗျာ။
ဘယ်သူကြောင့်လဲမသိပေမယ့် ရင်ဘတ်က ညှိနေတာခက်တယ်..
ဟုတ်တယ် တစ်ကယ်ခက်တယ်....
ဘာလို့ ညှိနေတာလဲ.....ဆိုတာ..
မမရေ ခံစားအားပေးလျှက်..
ကျိုးနေတဲ့မြှား ထမ်းရတာ
ပခုံးညောင်းပါတယ်
လှလိုက်တဲ့ အသုံးအနှုန်း ကဗျာလေးကို အရမ်း ကြိုက်တယ်ဗျာ။
ကပိုကရို ဖြစ်နေတဲ့ ရင်ဘက်ကြီးကို အစီအရီလေးဖြစ်သွားအောင် Defragment လေး ပြန်လုပ်ကြည့်လိုက်လေ.. ဒါဆို အစီအရီလေးဖြစ်သွားမယ်ထင်တယ်နော်... :)
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
မဂျက်ရေ ကပိုကရို အကြင်နာတရားတွ နဲ့ မသေးဆုံးလိုက်ပါနဲ့ဦး.. ညှိနှိုင်းရ ခက်နေတဲ့ သက်မရှိုက် အလွမ်းကဗျာ.. လေးကို ..ငြိမ်သက်ဆွေးမြေ့နေတဲ့.. ပုံလေးကိုကြည့်ရင်း ခံစားသွားပါတယ်.. အားပေးလျှက်...
ဟယ်...ကပိုကရိုကြီးနဲ့လား....၊အစီအစဉ်တကျလေးတော့လုပ်ပါ မစံပယ်ရယ်...၊
စတာနော့...၊စကားလုံးတွေကတော့ပြောစရာမလိုအောင် လှသဗျာ....။
စာတွေအတော်များများ ဖတ်သွားပါတယ်
စပါယ်ချို......
တောင်ကြီးသားမဟုတ်ပေမယ့်
ဒီရက်ထဲတောင်ကြီးကိုအတော်သွား
ချင်နေမိတယ်ဗျာ............။
မင်းရဲ့ရင်ဘတ်ထဲမှာကတော့
ဥပေက္ခာ
ငါ့မှာတော့ မုဒိတာတွေပွား
စာသားလေးအရမ်းကြိုက်တယ်ဗျို့
ကပိုကရို ကဗျာလေးကို ခံစားသွားပါတယ် jasmine ရေ
ခင်မင်လျှက်
အကြင်နာအချစ်တွေ ပြည့်စုံခဲ့တယ်
မင်းရဲ့ ဥပေက္ခာတရားနဲ့
အလင်းပြန်ခြင်းကင်းမဲ့တဲ့
ကြေးမုံပြင်ရဲ့ရောင်ပြန်ကိုမှ
တောင့်တခဲ့မိတယ်
အဆုံးသတ်မှာ
ဖြစ်တည်မှုချစ်ခြင်းတွေ
ကပိုကရိုနဲ့ မင်းအတွက်ဝပ်စင်းလို့။
မဂျက်ရေ.. ကဗျာလေးဖတ်ပြီး အမှတ်တရ စပ်ကြည့်ခဲ့တာ..ဟိ
မမရေ အားပေးလျှက်ပါနော်
မြေမှာကြွေတဲ့ ပန်းကလေးကို မကောက်ယူချင်တဲ့ ပိုးဖလန်လေးကို အားပေးသွားပါတယ်ခင်ဗျာ... :)
အားပါး...ဒီတစ်ပုဒ်လည်းကောင်းတာပါပဲ...တစ်ပုဒ်ပြီးတစ်ပုဒ်ဆေးသားတက်လာတာ အားရစရာကောင်းတယ်... သတ်ပုံလေးတွေ ပြင်ပေးခဲ့ဦးမှ...
“ပိုးဖလန်” - “ပိုးဖလံ”
လိပ်ပြာတွေ ပန်းရနံ့ကိုရှူရင်းသေတယ်တဲ့လား...အင်မတန်ကိုလှတဲ့ တင်စားချက်...၀န်ခံရရင် တစ်ခါမှကို မစဉ်းစားမိခဲ့ဘူး...
ကျွန်တော်လည်း ဘလော့ရေးရင် သေမယ် :D
ကဗျာလေးကမိုက်တယ် မမရေ
ရေးတတ်ချင်လိုက်တာ ခံစားအားပေးသွားပါတယ် :)
အစ်မဂျက်ရေ ကဗျာလေးက အရမ်းကောင်းတယ်ဗျို.။အားပေးနေမယ်နော်။
ခင်တဲ. မောင်မောင်
ဟုတ်ပဂျက်မလေးယေ
တော် ပြောတလိုပဲ..
ခုထိ ကျမ ကတော.လွမ်းကောင်းတုန်း
ဟိုကဖြင်.လက်ထပ်တွားပြီ....ဟင်.
သူကြီးမင်းရဲ့ (ပန်းရနံ့)ကိုတော့ ဘယ်လိပ်ပြာမှ လာမရှူကြပါလား။း)
ခင်မင်လျှက်
ကဗျားလေး ခံစားအားပေးသွားပါတယ် အစ်မ...
စောသေးတယ်နော် စောသေးတယ် ဂလိုဖစ်ဖို့..း)
အသားတွေမဲလာတယ် ရေကန်ထဲမှာဖားပျံအလုပ်ကောင်းလို့း)
ခံစားချက်တွေနဲ့ သီကုံးထားတဲ့ ကပိုကယိုကဗျာလေးကို
ကဗျာကယာ ဖတ်သွားပါတယ်ညီမရေ..။
( ဖတ်နေတုန်း ကွန်နက်ရှင် ကျသွားမှာစိုးလို့.. :)
ဘယ်သူ့ကြောင့်မသိပေမယ့်ရင်ဘတ်က ငြိနေတာတော့ ခတ်တယ်..
ခုတော့ ငါ့အကြင်နာတရားတွေ ကပိုကရိုနဲ့ အရှင်လတ်လတ်ကြီး သေဆုံးရမှာပါလားတဲ့ ရေးချက်ကတော့ မိုက်၏...
တော်တော်လေးမဆိုးပါဘူးဗျာ ကောင်းတဲ့ဘက်ကိုပါနေပါတယ်
အမ လာဖတ်ပြီးတော့ ကပိုကရိုလေးပြန်သွားပြီ
မစပါယ်ရေ.. ရင်ထဲခံစားချက်အတိုင်း ရေးခဲ့တယ်.. ရသစုံတဲ့ ဘလောက်ကောင်းတခုကို ရှာတွေ့ပြန်ပြီ လို့..၀မ်းသာသွားတယ်.. ဖတ်ရမဲ့ ဘလောက်တခု တိုးလာတာပေါ့။ ဘလောက် စာမျက် နှာ စီမံထားတာ ကို က စေတနာပါမှန်းသိသာတယ်.. ရသစုံတယ်.ကိုယ်က အဲဒီလို မရေးတတ် မလုပ်တတ်ဘူးလေ.. ကြိုက်တယ်ဗျာ...အားကျတယ်..
ညိသွားပြီကွယ်း))
သူများတွေက ကျိုးနေတဲ့မြှားကို ထမ်းနေသတဲ့ ။
ငါကကော မြှားကျိုးထမ်းသူလား ။
ကျိုးနေတဲ့မြှားလား ။
အိပ်မက်တွေကို မြှားလို့နာမည်ပေးလို့၇င် ငါ့မှာ မြှားကျိုးတွေ အများကြီးပေါ့ ။
ဒါဆိုရင် ငါလဲ မြှားကျိုးထမ်းသူ တစ်ယောက်ပေပဲ ။
ကျေးဇူးတင်ပါတယ် မစံပါယ်။
ထပ်ပြီး ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့ပါတယ်။
Post a Comment