Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပေါက်ကရ ဒီဇင်ဘာ အလွမ်း

| Thursday, December 1, 2011

 တစ်ဆောင်းသစ်ခဲ့ပြန်ပြီကွယ်
အတိတ်ဟောင်းက အဖြစ်နှောင်းတွေလဲ
မအေးချမ်းနိုင်ဘူး
အပြင်က ရာသီ
နှင်းတွေမြူတွေဆိုင်းပေမယ့်
ရင်ထဲမှာတော့ လွမ်းရတဲ့ ဝေဒနာတွေနဲ့
သောကရာသီ
စဉ်းစားတိုင်းမောရတာပေါ့
ပြောစရာ အဖော်မရှိ
ပျော်ရာမနေရသူမို့
တော်ရာလဲ မဟုတ်ပြန်
ဒီဆောင်းလေထန်
ချမ်းလဲချမ်း လွမ်းလဲလွမ်းပါဘိနဲ့
သူ့ကိုသာ သတိရမိတယ်
ကြာခဲ့ပါသော်လဲ
အလွမ်း ကဗျာတွေ
တစ်ပုဒ်ပြီး တစ်ပုဒ်
ရင်ထဲက ထုပ်မရပါဘူး
ပန်းလေးတစ်ဆုပ်တော့
မင်း မပေးခဲ့ဘူးပါ
ကြင်နာသူရေ
အိပ်ပျော်တဲ့ည
အိပ်မက်ထဲမှာ မင်းရှိတယ်
အိပ်မပျော်တဲ့ည
အတွေးထဲမှာ မင်းရှိတယ်
ဒီအချိန်
တောင်ပေါ်ကချယ်ရီပင်အောက်
ငါ အရောက်သွားပြီး
မလာမှန်းသိသိနဲ့
လာရာလမ်း တမ်းတ မှန်းဆပြီး
ဆက်ဆက်စောင့်နေမယ် ။
(Jasmine)

ဘာရယ်မဟုတ်ပါဘူး ဒီဇင်ဘာဆိုတော့တောင်ကြီးကိုပိုပြီးလွမ်းမိတာပါ
အဲဒီလိုနဲ့ ပေါက်ကရ ကဗျာလေးတစ်ပုဒ် ရင်ထဲက ထွက်လာတာပါပဲရှင်
မည်သူ့ကိုမျှရည်ရွယ်ပြီးရေးသားခြင်းမဟုတ်ပါ
ပေါက်ကရ စစ်စစ်သာဖြစ်ပါ၏ ။


22 comments:

Anonymous at: December 1, 2011 at 1:26 AM said...

ပေါက်တတ်ကရတွေလို့..
လျှောက်လျှောက်မပြောပါနဲ့နော်
ဟုတ်ရင်ဟုတ်တယ်ပေါ့မာမားရယ်..
ဘယ်သူမှ.ဘာမှမပြောပါဘူး
ဝန်ခံကြည့်လိုက်ပါ..
တာဝန်ယူပါတယ်။ :P

Anonymous at: December 1, 2011 at 1:28 AM said...

မားမား
သားသား
အားအား နဲ့ 
အော်နေပီလေ..
မီးမီး
ဟီးးဟီးးးး..ပြ
စာမေပွဲကျ..တယ်ဆို
းးးးးးးးးးးးးးးးးးးးးးးးးးးးးး

ပေါက်ကရလွမ်းနေပါလား
မုန်လာထုတ်ရ.....
12လ ၇ှိတာနော်
ကြည့်နေ ကြည့်စား
ရေကြီးပီး မိုးရွာအုံးမှားးးး


မားမား
သားသား
အားအားးးးးဘူးးး အီလုပ်ထဲမှာနော်.......တားလေး မောင်တလုံး

{ စံပယ်ချို } at: December 1, 2011 at 1:36 AM said...

မောင်တစ်လုံးက စံစံစာမေးပွဲကျတာကိုပျော်နေတဲ့ပုံပဲနော်
စိတ်ပုတ်လိုက်တာ

{ မဒမ်ကိုး } at: December 1, 2011 at 1:45 AM said...

အဟမ်း အဟမ်း အဟမ်း ဂယ်စောင့်နေမှာလားဟမ်း)

{ ခရစ္စတလ် } at: December 1, 2011 at 2:44 AM said...

ဂျက်ရေ ဒီခေတ်က စောင့်ရတဲ့ ခေတ်မဟုတ်တော့ဘူးနော် :)
ချိုသော ဒီဇင်ဘာမှာ
ချိုသော အချစ်များနဲ့ ပျော်ပါစေအေ
ဟိ ဟိ

{ လွင်ပြင်လှိုင်းငယ် } at: December 1, 2011 at 3:34 AM said...

ဒီဇင်ဘာတဲ့ ဘာလိုလိုနဲ့ ချစ်သူမွေးနေ့တောင်ရောက်တော့မယ်

{ mstint } at: December 1, 2011 at 4:20 AM said...

ဒီဇင်ဘာရောက်ခဲ့လည်း အလွမ်းတောကနေ ရုန်းထွက်ရခက်နေတဲ့ ဂျက်လေးရေ ဇန္နဝါရီရဲ့အလွမ်းတွေ ဆက်စောင့်ပြီးဖတ်တော့မယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ကိုတူး } at: December 1, 2011 at 4:54 AM said...

ဒီဇင်ဘာနံနက်ခင်း လွမ်းတတ်ရင် အမှတ်တရနေရာဟောင်း နှင်းမစဲမီ နေရာဟောင်းလေးသို့တစ်ခေါက်အရောက်သာလာခဲ့ချင်...(သီချင်း)
တို့လည်းပဲ တောင်ကြီးကို လွမ်းပါတယ်...

{ camomilla } at: December 1, 2011 at 5:04 AM said...

ချမ်းချမ်းအေးအေးနဲ့ မဂျက်တို့ကတော့လုပ်ပြီ..
ခင်တဲ့

ဟန်ကြည် at: December 1, 2011 at 5:09 AM said...

ဒီဇင်ဘာရောက်ပြီ ဒီနှစ်ရာသီဥတုကလဲကြမ်းပါဘိ...ဆင်းရဲသားတွေ ဘယ့်နှယ်များ အအေးဓာတ်ကို ရင်ဆိုင်မလဲ စဉ်းစားရင်း အနာဂတ်ကို လွမ်းသွားပါရဲ့ မဂျက်ရေ...ကျန်တာတော့လဲ မလွမ်းရဲပေါင်...အိမ်ရှင်မက အနားမှာ ထိုင်နေသကိုး...းးး)))


ပျော်ရွှင်ငြိမ်းချမ်းပြီး ကောင်းကြီးအပေါင်းနဲ့ပြည့်စုံတဲ့ Sweet December ဖြစ်ပါစေဗျား...

{ လမင်းငယ် } at: December 1, 2011 at 5:49 AM said...

ထပ်တူလွမ်းသွားပါတယ်ရှင့်

{ ညိမ်းနိုင် } at: December 1, 2011 at 6:51 AM said...

ဆောင်းရောက်လို့ ချမ်းရင် လွမ်းတာတော့အမှန်ပဲကွယ်...၊သူရှိရင်စောင်မလို
ဘူးလေ...ခုတော့......:(((

{ Candy } at: December 1, 2011 at 6:56 AM said...

မမဂျက်စ်ချစ်ချစ်ကြီး အထင်လွဲမှာစိုးလို့လား.. အောက်မှာပြန်ရှင်းထားတာ အဟိ အဟိ.. :D
ကဗျာလေးကောင်းတယ်..

Anonymous at: December 1, 2011 at 8:04 AM said...

ကဗျာလေး ကောင်းလိုက်တာ မမ ရာ.. ဒီဇင်ဘာလည်းရောက် ရင်ထဲမှာလည်း လွမ်းသွားတယ်..ဟင့်..
နောက် ၃ ရက်နေရင် တနယ်တကျေးပြောင်းနေရမှာဆိုတော့ မမရဲ့ ကဗျာတွေဖတ်တိုင်း မန်းလေးကို (ဘာမှလည်းဆိုင်ဘူးနော်..အို လွမ်းရမယ့်သူမရှိတော့ မန်းလေး ပစ်လွမ်းလိုက်မှာ...ဟိ) လွမ်းရတော့မယ်...ဟင့်..
ရွှတ်...ရွှတ်...

ချစ်ခင်လျက်
Junemoe

{ Cameron } at: December 1, 2011 at 8:54 AM said...

Sweet December ပါ.... ဂျက်.....း)

ကိုကိုမောင်(ပန်းရနံ့) at: December 1, 2011 at 8:56 AM said...

လွမ်းတာတောင် ပေါက်ကရအလွမ်းတဲ့။ အင်းးး လွမ်းရလွန်းလို့ စိတ်တွေ ပေါက်ကရဖြစ်သွားကုန်ပြီထင်ပါ့။
ရေးပြီးမှ မည်သူ့ကိုမှ မရည်ရွယ်ပါလို့ ရမလား ကက်တ်မင်းလေးရဲ့။း)

{ ချော(အစိမ်းရောင်လွင်ပြင်) } at: December 1, 2011 at 9:04 AM said...

ဒီဇင်ဘာလဟာ လူချစ်လူခင်များတဲ့လ လို့ ပြောရမယ်နော်
ကျန်တဲ့လတွေ ဒီလောက်မဟုတ်ဘူး
ဒီဇင်ဘာရောက်လာရင် လူတွေက လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်.. စိတ်တွေလည်း ကြည်နူးကြတယ်
ဟုတ်ပ ညီမရယ် ဒီချိန်ဆို တောင်ကြီးမှာ နှင်းမှုန်လေးတွေ ဖွဲဖွဲကျနေပြီနော်
လွန်ခဲ့တဲ့ ၄နှစ်လောက်က ဒီဇင်ဘာကြီး တောင်ကြီးသွားဖြစ်တာ
အေးလိုက်တာ မနက်ဆို နှင်းလေးတွေ ဖွဲနေလို့ ပတ်ဝန်းကျင်တောင် ကောင်းကောင်းမမြင်ရဘူး.
ခုဒီမှာလည်း မနက်ခင်းဆို နှင်းတွေ ဖွဲဖွဲလေးကျနေတာ
ကြည့်ရတာ ပျော်စရာကြီး..

{ ...အလင်းစက်များ } at: December 1, 2011 at 10:38 AM said...

တောင်ကြီးကို လွမ်းတာလား တောင်ကြီးသားကို လွမ်းထှာလား ရှင်းရှင်းပြောပါA

{ San San Htun } at: December 1, 2011 at 5:08 PM said...

ပေါက်ကရ လွမ်းသွားပါတယ်..

{ SML (The Chara Project) } at: December 1, 2011 at 8:39 PM said...

အလွမ်းများ ထပ်ဆင့်တိုး ယူဆောင်သွားလိုက်ပါတယ်

{ 8Yar } at: December 1, 2011 at 10:17 PM said...

လူဆိုး သူများကိုလွမ်းအောင်လုပ်သွားတယ်။
အိပ်ပျော်တဲ့ည အိပ်မက်ထဲမှာ မင်းရှိတယ်
အိပ်မပျော်ည အတွေးထဲမှာ မင်းရှိတယ်
ဆိုတာလေးကို အကြိုက်ဆုံးပဲ။

{ သတိုး } at: December 4, 2011 at 8:35 PM said...

မလာမှန်းသိလျှက်နဲ့
လာရာလမ်း
တမ်းတ မှန်းဆရင်း
ဆက်ဆက်စောင့်နေမယ်...
.......ဒီလောက်လွမ်းနေတာတောင် အလွမ်းလို့ ၀န်မခံဘူးလား။ ပေါက်ကရ အလွမ်းလို့ ပြောရက်သလားး)
..... ခံစားအားပေးခဲ့ပါကြောင်း ဗျာ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine