ခါးသက်သက် ၀ီစကီ
ရေမရောပဲ
ပြင်းရှရှ အရသာ
ဘယ်သူသောက်မလဲ
အေးမြတဲ့ ကိုကာကိုလာ
ရောလိုက်လေ
ရေခဲထဲ့
ကောင်းလိုက်တဲ့ အရသာ
ပီသတဲ့အချစ်.......
ခရစ်စ္စမတ်ကျရောက်တော့မည်ဖြစ်ပါ၏
သူငယ်ချင်းအများစုလဲ မူးကျမည်ဟု အရှိန်ယူနေပါ၏
ထို့ကြောင့်အမှတ်တရဤ ကဗျာအဟောင်းလေးကို
ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည် ။
ကဗျာဖတ်ပြီးပါက လက်ဆောင်လေးတွေယူနိုင်ပါတယ်ရှင်
34 comments:
အရင်ဆုံးသောက်ခဲ့ပါတယ်
နောက်ကျရင်ရေများတာနဲ့တိုးမှာစိုးလို့ပါ
မူးနေတော့ လက်ဆောင်ယူဖို့မေ့သွားပါတယ်
ပြန်လာယူတာပါခင်ဗျာ
သဂျီးမရှိရင်ရွာဆူ..အမြည်းမရှိရင်အာပူမှာမို့..အမြည်းလေးတော့စီစဉ်ပေးပါအုံး...မဂျက်ရယ်...ဖြစ်သလို ဘာဘီကျုဖြစ်ဖြစ်၊ဆာတေးဖြစ်ဖြစ်ပေါ့ဗျာ.:D
ဟီး... စိတ်ထဲကအကြံ မမ ဘယ်လိုသိပါလိမ့်..
စောစောစီးစီး တစ်ပုလင်းလာဆွဲသွားတယ်နော်... တော်ကြာ မကျန်မှာစိုးလို့...:P
ချစ်ခင်လျက်
Junemoe
ဝီစကီသောက်နည်း နိဿနည်းထဲမှာ ၀ီစကီကို ရေကလွဲလို့ ကျန်တာမရောရဘူးလို့ ဆိုထားတယ် ဂျက်ရေ...သောက်တာတောင်မှ ဖင်ထူထူ ဖန်ခွက်အပုနဲ့ သောက်ရတယ်ဆိုပဲ...
ခရစ်စမတ်အမီ တစ်ပုလင်း ရှယ်ယာဝင်သွားပါရဲ့ဗျား...
မတောက်ပါး)))
တူညားတောက်ရင်လည်း..မကြိုက်ပါ :P
ဟက်ပီး.ခရစ်စမတ်လေးဖြစ်ပါစေရှင်
တောက် .....နာတယ်ကွာ
အရက်ဖြတ်ထားမှ ဒီကဗျာတင်တယ်
နင် နော် နာ နော်
မ မ ဂျက် ရဲ့ ဝီ စီ ကီ တောက် တာ များ တွား လို့.. မူး တွား ဘီ..
းဝဝ
အစ်မဂျက်ရေ... ကျွန်တော် လာသွားတယ်..။ကဗျာလေးကို
တော့ ခံစားသွားပါတယ်..။ အရက်ကတော့ မသောက်တတ်လို့
ကိုကာကိုလာ ပဲ သောက်သွားတယ်အစ်မ..။ ကျေးဇူးနော်..။
ကောင်းလိုက်တဲ့အရသာ
အဲဒါဝီ....ေိေိ
ဘီအီးတစ်ခွက်ရဲ့ အချစ်လည်း ရှိပါသေးတယ် ...း)
မမဂျက်စ်က အရသာသိတယ်ဆိုတော့ သောက်ဖူးတယ်ပေါ့ အဟိ :D
မမလမင်းသောက်ဘူးနော်လွမ်းပဲလွမ်းတော့မယ် :P
ကဗျာလေးဖတ်ပြီး လက်ဆောင်လေးတွေ မြန်မြန်ယူမှ ...:P:P
တော်ကြာ လူတွေများလာလို့ ကိုယ်ဖို့ မကျန်ပဲနေမယ်...:):)
ဝီစကီ ရီဝေဝေလေးနဲ့ ခရစ်စမတ်ပွဲတော်လေးကို
ဖြတ်သန်းမလို့လား ဂျက်ရေး) ပျော်ရွှင်ဖွယ်
ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်လေးဖြစ်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အရက်မူးတော့ ကျွဲခိုးပေါ်တဲ့ အဲလို မဖြစ်စေနဲ့နော် ..အေ့...
မသောက်ပဲ မူးနေတယ် :)
သောက်ချင်လိုက်တာ
သောက်ရင်းနဲ့ ရေးထားတာ ထင်တယ်... :D
ဘယ်ကလာ သောက်ရင်းနဲ့ ရေးရမှာလဲ။ ရေးရင်းနဲ့ သောက်နေတာ။း)
အဲ.. ၀ီစကီရနံ့လေးတောင် ရနေသလိုလို........
ကိုကာကိုလာပဲသောက်မယ် ရှလွတ် ရှလွတ်...နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဂျက်စ်မင်းချိုရယ်
သောက်တော့မသောက်သွားဘူး မကြိုက်လို့ ဒါပေမဲ့ လက်ဆောင်တော့ယူသွားတယ် မမဂျက် ကျေးဇူးအများကြီးတင်ပါတယ်
ဝီစကီတော့ ကြိုက်တယ်ဗျာ။ အများကြီးတော့မကြိုက်ဘူး။ နည်းနည်းလောက်ဆိုကြိုက်တယ်။ ကဗျာလေးအားပေးသွားတယ်ခင်ဗျာ။
မသောက်တဲ့သူကဘိုလုပ်ရမဲ မတန်ဘူးဗျ မမစံပယ်ရဲ့း(
ဝီစကီတဲ့ ဂျက်မတော့ မလွယ်ကြောပဲ။ သောက်ဖူးပုံရတယ်။ :P
ပျော်ရွင်ဖွယ် ခရစ်စ်မတ် ကာလလေး ဖြစ်ပါစေဗျား။
ဟဲ... တို့ အစ်ကတော့ လာသတိပေးနေပြန်ပြီ... ဟုတ်တယ် ခရစ်စမတ်က ဝီစကီလေးနဲ့ မှ လိုက်တာ... အစ်မရေ... အစ်မ ကွန်မန့် က spam ထဲရောက်သွားလို့ ပါ ခုပေါ်နေပါပြီ ကျေနပ်လိုက်ပါတော့။ လာလည်တဲ့အတွက် ကျေးဇူးနော် အစ်မ...
ခါးသက်သက် ပျင်းရှရှ ဘယ်သူသောက်မလဲ
ဟေ့ဟေ့ နာသောက်မယ် နာသောက်မယ်...
ဝီကနဲ စီကနဲ နှစ်သစ်မှာ အောင်မြင်ပါစေ...
စပယ်နဲ့ ဆောင်း မပြောင်းခင်
နှလုံးသား ဖယောင်းကပ်ပြီး
ဒီဇင်ဘာ ခရစ်စမတ်
ဆုတောင်းပွဲလေး ကျင်းပလိုက်ချင်ရဲ့...။
စပယ်က မွှေး
ဆောင်းက အေး
ဒီဇင်ဘာညလေးကို
ခရစ်စမတ်လေးနဲ့
ဆွေးမယ်နော်.......။
ခင်မင်စွာ နှလုံးသားမှာ
မှတ်ချက်ရေးလို့ တက္ကသိုလ်မြတ်မင်းအတွက်
ခရစ်စမတ် အမှတ်တရ ပေးခဲ့အုန်းနော်....။
ခင်မင်စွာဖြင့်
တက္ကသိုလ်မြတ်မင်း
Punch လုပ်သောက်မယ်။ ၀ီစကီရော လက်ဆောင်ရောယူသွားမယ်နော်။
ပျော်ရွှင်သောခရစ်စမတ်ဖြစ်ပါစေ။
အိုင်အိုရာ
လန်ထွက်နေတာဘဲ ကျွန်တော်ကတော့ ဘက်လက်ဘေဘယ်ဘဲကြိုက်တယ် :P
ဝီစကီ ကြိုက်ဘူး.. ဘီယာပဲ ကြိုက်တယ်။ ဒါပေမယ့် ဆောင်းတွင်းဆိုတော့... ခပ်ပြင်းပြင်း ဝီစကီနဲ့မှ လိုက်တယ်။.........
:P
ဝီ လား..........သိပ်ကြိုက်.....၊နို့ပေမယ့် သောက်တော့ပါဘူးကွယ်....၊မကြိုက်
ဘူးတဲ့ အရက်သောက်တာတဲ့....၊တစ်ခါတစ်လေ ဘီဘီလောက်ပဲချပါတဲ့...။
အဲ့ဒါကြောင့်နော်...၊အော်.....ဘယ်သူကအရက်မသောက်စေချင်တာလည်း
ဆိုတာပြောဖို့မေ့သွားတယ်...။အမေလေ....အမေ.....:)))
ကျွန်တော်က အရက်မသောက်သူဖြစ်လို့ အရက်အကြောင်းတော့မသိပါဘူး။ ဒါပေမဲ့ ကဗျာကိုတော့ သောက်သွားပါတယ်။
ဒီနေရာမှာ မှတ်ချက်ရေးပေးပြီးသားလို့ ထင်ပါတယ်။ ဘယ်ရောက်သွားလဲလို့တော့ မသိဘူး။ ရေခဲထည့်က ည သတ်နဲ့ပေါင်းရပါတယ် မဂျပ်စမင်။ ကျွန်တော်က အရက်မသောက်တတ်လို့ သိပ်မသိပါဘူးဗျာ။ ဒါပေမဲ့ နောက်ဆုံးပြောသွားတဲ့အချစ်ဆိုတာနဲ့တင် အရက်ကဗျာလို့ မမြင်ဘဲ အချစ်ကိုတင်စားထားတဲ့ကဗျာလို့ နိမိတ်ပုံလိုတွေးလိုက်ပါတယ်။ လက်ဆောင်လည်း ယူသွားပါတယ်။
Post a Comment