အများကြီး ချစ်မိရင်တော့ တအား
ရင်နာရ တတ်ပါတယ်တဲ့
သံယောဇဉ်တွေက ခပ်ကြီးကြီး
ဘ၀မှာ
အထီး မကျန်ရလေအောင်
ရင်ဘတ်ကိုဖွင့်ပြီး
နှလုံးသားထဲက အကြင်နာကို
အားပါးတရ ပေးလိုက်ပါတယ်
ရော့ ယူလိုက်ပါတော့
ချစ်သူ-----------------
ငါ့မျက်ရည်တစ်စက် က
ရေအေးတစ်ခွက်ဖြစ်ခဲ့ရင်
ချစ်သူ အမောပြေသောက်သုံးဖို့
အဲဒီ မျက်ရည် အမြဲကျပေးနေမိမယ်
ချစ်သူ-------------------
ငါ့ ရဲ့ အပြုံးဟာ မင်းအတွက်
ဗီတာမင်ဆေးဖြစ်ခဲ့ရင်လဲ
မင်းအားဖြစ်စေဖို့အတွက်
သုံးရာသီလုံး ငါပြုံးနေပါ့မယ်
ချစ်သူ---------------------
ဘာအတွက်ပဲ ဖြစ်ဖြစ်
အပြစ်မယူ
ချစ်ခြင်းတွေတူညီစွာနဲ့
ရာသက်ပန် လက်တွဲ ဖို့ကို
ဒီတစ်သက် မခွဲပဲ
ဘ၀ရဲ့ နောက်ဆုံး အချိန်ထိ
တစ်ယောက် စိတ်ရင်း
တစ်ယောက် သိပြီး
နားလည်မှုတွေနဲ့
ပေါင်းစပ်ပါရစေတော့ ။
jasmine
35 comments:
မင်းအားဖြစ်ဖို့ သုံးရာသီလုံးပြုံးမယ် ဆိုတဲ့ စကားလုံးလေးက တစ်ခုခုကို နင့်နေအောင် ခံစားလိုက်ရတယ်။ :'(
မိုက်တယ် အစ်မ တကယ့်ကို တည့်တည့်ထိတယ်.. ။ဆက်ရေးပါဦး အားပေးနေမယ်..
အားပေးခဲ့တယ် မဂျက်ရေ
ခင်မင်လေးစားစွာဖြင့် (လွမ်း)
အများကြီးချစ်ရင် တအားရင်နာရတတ်တယ်ဆိုပေမယ့် အချစ်ဆိုတာ ကန့်သတ်လို့ မရစကောင်းတဲ့အရာမဟုတ်လား အမရေ။ ချစ်တတ်တဲ့သူတွေကတော့ သုံးရာသီလုံးပြုံးနေကြမှာ၊ အကြင်နာတွေကို ဆက်ပြီးပေးနေမိမှာပါ။ :)
ဒီနှစ်ယောက်ကတော့အပြိုင်အဆိုင်ကိုချစ်ပြနေတော့တာပဲး)
လိုက်လဲလိုက်တဲ့စုံတွဲလေး။ ကောင်းတယ်ဂျက်ရေ ကဗျာလေးကထိထိမိမိလေး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မကြီးဂျက်ရေကဗျာလေးခံစားသွားပါတယ်ဗျာ့
ဒီထက်မက ချစ်နိုင်ကြပါစေဗျာ
အချစ်တွေတိုးပွားပြီစထက်မကတည်တန့်ပါစေကြောင်း
နှင့်ကဗျာလေးကိုအားပေးခဲ့ပါ၏
ကဗျာလေးက အရမ်းမိုက်တယ်
ပေးဆပ်သူတို့ရဲ့နှလုံးသားကို လှမ်းမြင်နေရတယ်
အချစ်စစ်တိုင်းဟာ ပေးဆပ်မှုချည်းပဲ တဲ့
ကြားဖူးတာ တစ်ခုပါ
ချစ်ခင်ရပါသော - မောင်ငေး - နွေလ
လှလိုက်တဲ့ ကဗျာလေး
မမလည်း စာရေးကျဲတယ်နော်
နေကောင်းတယ်ဟုတ်...
မရောက်ဖြစ်ပေမယ့် သတိရပါတယ်မမရေ..
မမရေ ..ကဗျာလေး ခံစားအားပေး လျှက်ပါ
စာရေးကျဲနေတာ....နေမကောင်းလို့များလား မမ
သတိရနေတယ်လို့...အာာဘွား..
ဘဝ များစွာထိ ချစ်နိုင် ကြပါစေ ဗျာ ...
Happy Valentine's Day ahead Jasmine.
:)
“အများကြီးချစ်မိရင်တော့ တအားရင်နာရတတ်ပါတယ်တဲ့ ”
ဟုတ်တယ်နော် မဂျက်...
ခင်တဲ့ camomilla
ချစ်သူတွေ တစ်သက်တာ တူမခွဲ အမြဲ ပေါင်းနိုင်ကြပါစေ ဗျား...... :)
ခင်မင်ရတဲ့မမဂျပ်စ်ရေ....ကျနော်အဆင်မပြေလို့မရေးတော့တာပါဗျာ။ ခုလိုသတိတရအားပေးဖော်ရတာကျေးဇူးတင်ပြီးပိုတောင်လေးစားသွားမိတယ်မမရေ.။ မမအစစအရာရာအဆင်ပြေပါစေနော်။ဘလော့လေးကတော်တော်လှသွားတယ်မမ :)
ဆင်တူရိုးမှားအထူးသတိပြုပါ....
အတုတွေရှိပါစေ....အစစ်ကိုမမှီနိုင်ဘူးပါဘူး
အချိန်မတော်စာတွေလာဖတ်သွားတယ်။
နှလုံးသားထဲက အကြင်နာကို
အားပါးတရ ပေးလိုက်ပါတယ်
ရော့ ယူလိုက်ပါတော့
ချစ်သူ----------------
ကဗျာလေးကလန်းတယ်မမရေ
ဖတ်သွားပါတယ်ဗျာ
ချစ်စရာကောင်းလိုက်ကြတာနော်.. ရေးလည်းရေးတတ်ကြပေတယ်..
ဖတ်နေရင်းကို အားတွေကျလာလို့ ..ဟိဟိ
ဂျက်ရေ..နှိပ်စက်ပါ့ ...
ချစ်တဲ့
ဝသုန်
ချစ်သူဆိုတဲ့လူကြီးကတော့ သဘောတွေကို ခွေ့နေတော့မှာပဲ.. :)
ကဗျာလေးကောင်းတယ်ဗျို့..။။
သုံးရာသီပြုံးရုံနဲ့ မလုံလောက်သေးဘူး။
ဒီဘက်မှာက လေးရာသီကြီးများတောင် ရှိတာ။း)
မဂျက် ရေ....
ဒီကဗျာလေး က ချစ်သူ ကိုအလျော့ပေးလွန်းအားကြီးနေတယ်နော်
အရမ်းချစ်တတ်လို့ ပဲ ထင်ပါရဲ့ 
နှလုံးသား တစုံကို ရော့ ယူလိုက်လို့...ချစ်သူကို အကုန်ကုန် ပေးပြီးတော့ အွန်လိုင်းပေါ်ကနေ ပျောက်မသွားနဲ့နော်...ထာဝရ သူငယ်ချင်းတွေ ဖြစ်ချင်တယ်။
ဇက်ဗီ
ချစ်သူ အားဖြစ်စေဖို့ သုံးရာသီလုံး ပြုံးနေပါ့မယ်တဲ့လား... ချစ်တတ်လိုက်ကြတာနော်... အားကျမိတယ်...
ငါ့ရဲ့အပြုံးဟာ မင်းအတွက် ဗီတာမင်ဆေးဖြစ်ခဲ့ရင်လည်း မင်းအားဖြစ်စေဖို့ သုံးရာသီလုံး ငါ ပြုံးနေပါ့မယ်
သိပ်လှတယ်.. အဲဒီအပိုဒ်လေး..း))
ခင်မင်လျက်
နေ၀သန်
ကဗျာ ရေးတတ်လိုက်တာ။
ကဗျာလေးက သိပ်လှတယ်
ကောင်းတယ် အစ်မရေ။ အခုပဲ အစ်ကိုလွင်ပြင် ဆီမှာဖတ်လာသေးတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။
နေကောင်းပါသလား jassmineရေ...။ ခရီးသွားရင်းဆိုတော့ သိပ်မရောက်ဖြစ်ဘူး..။
မလေးရောက်မယ်နော်...။
ကဗျာလေးကို အရမ်းနှစ်သက်ပါတယ်
ချစ်သူအပေါ်ကို နားလည်မှုအပြည့်အ၀ ရှိပုံပဲ ကဗျာလေးကတော့....
V' day မှာပျော်ရွှင်ပါစေ မစံပါယ်ချို....
ပျော်ရွှင်မှုအပေါင်းခညောင်းပါစေဗျားး)
ပျော်စရာအချိန်တွေပါဘဲစပါယ်ချို
ယနေ့မှနှစ်တရာတိုင်အောင်
အမုန်းမဖက်ဘဲရွှေလက်မြဲမြဲတွဲနိုင်ပါစေ။
ကဗျာလေးလန်းတယ်ဗျာ...
အရမ်းကြိုက်လို့  ယူသွားပါတယ် ဒီထက်မက
အောင်မြင်ပါစေ fri
Post a Comment