Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဆုံးဖြတ်ပါ ချစ်သူ

| Wednesday, April 4, 2012
ချစ်သူ
တိုးမယ်ဆို-တိုး
ဆုတ်မယ်ဆို-ဆုတ်လိုက်စမ်းပါ
မတိုး- မဆုတ်နဲ့
အလွမ်းတွေ ထုပ်ပိုးထားရတာ
ရင်ဘတ်လေးသကွဲ့
ချစ်သူ
မုန်းမယ်ဆို-မုန်းလိုက်စမ်းပါ
ချစ်မယ်ဆိုလဲ ပြတ်ပြတ်သားသား
ချစ်လိုက်ကြတာပေါ့
မမုန်း- မချစ်
အပျက်ပျက်နဲ့
ငါ့နှလုံးသား
သွေးစိမ်းရှင်ရှင်ထွက်ပါပကော
ချစ်သူ
လမ်းသစ်ကိုလျှောက်မယ်ဆိုလဲ
ရဲရဲသာလျှောက်
နောက်မလှည့်နဲ့
တည့်တည့်သာသွား
စိတ်မတ်မတ်ထား
ဒါပေမယ့်   လမ်းသစ်မှာတော့
မင်းချစ်တဲ့ ခရေ
ကောက်တဲ့သူ  ကောက်
နင်းတဲ့သူ  နင်း
အပျင်းပြေ ဆော့သူဆော့နဲ့
ကြွေတဲ့အပွင့်ကြွေ
ဝေတဲ့အပွင့်လဲဝေ
အဖြူရောင် စံပယ်မွှေးမွှေးတော့
ရှိချင်လဲ ရှိမပေါ့
သိက္ခာတွေ မစွေ
သာမာဓိတွေ မစောင်းပဲ
ဖြူစင်ခြင်းတွေ
ရင်ထဲမှာ ကောင်းကောင်းသိမ်းထားဖို့ပဲ
လိုတာပါ ။

jasmine

27 comments:

{ 8Yar } at: April 4, 2012 at 12:34 AM said...

မှန်လည်းမှန်တယ် ကောင်းလည်းကောင်းတယ် အစ်မ Jas ရေ။ လာလည်ရင်း အားပေးသွားတယ်။

{ Latt Latt } at: April 4, 2012 at 1:04 AM said...

ကောင်းလိုက်တဲ့ကဗျာ၊ စံပယ်တို့ ချစ်သူမောင်နှံက ကဗျာရေးတယ်ကောင်း။ လိုက်ဖက်ပါပေတယ်။

{ Snow May } at: April 4, 2012 at 1:51 AM said...

တစ်ကယ်မှန်တဲ့စာသားတွေကို ရေးဖွဲ့ထားတဲ့ ကဗျာလေးပါ မမ စံပယ်.. အရမ်းကောင်းတယ်.. အားပေးသွားပါတယ်.. ။

{ ဖြိုးဇာနည် } at: April 4, 2012 at 2:25 AM said...

ထိလွန်းတယ်ဗျာ ဂယ်ပဲ ရေးတတ်လေခြင်း

{ ချစ်စံအိမ် } at: April 4, 2012 at 4:20 AM said...

ဖြူစင်ခြင်းတွေရင်ထဲမှာကောင်းကောင်းသိမ်းထားပါတယ်
ကြိုက်တယ် မမရေ

Anonymous at: April 4, 2012 at 4:21 AM said...

“မင်းချစ်တဲ့ ခရေ
ကောက်တဲ့သူ ကောက်
နင်းတဲ့သူ နင်း
အပျင်းပြေ ဆော့သူဆော့နဲ့
ကြွေတဲ့အပွင့်ကြွေ
ဝေတဲ့အပွင့်လဲဝေ”
စားသားလေးတွေအရမ်းလှတယ် မဂျက်ရေ..
အိမ်အသစ်လေးလဲလှတယ်

{ မင်းမုန်းတဲ့သူ } at: April 4, 2012 at 4:41 AM said...

သုံးထားတဲ့စာလုံးလေးတွေကအရမ်းထိမိပြီးကဗျာဆန်တယ်ဗျာ

ကြယ်ပြာ at: April 4, 2012 at 4:43 AM said...

ကဗျာလေး ကောင်းလိုက်တာ ဂျက်ရေ .....

{ လွင်ပြင်လှိုင်းငယ် } at: April 4, 2012 at 5:36 AM said...

အိပ်မက်လေး ကဗျာကောင်းတယ် ဘယ်တုန်းကရေးလိုက်တာလဲ နာတောင်မသိလိုက်ဝူး

{ Cameron } at: April 4, 2012 at 8:14 AM said...

ဟ ဟ လွင်ပြင်က သူ့အိပ်မက်နဲ့ တော်တော်ဝေးပုံရတယ် မသိလိုက်ဘူးဆိုတော့......။

{ မျိုးဆက်သစ်မှတ်တိုင် } at: April 4, 2012 at 8:29 AM said...

ကဗျာလေးမှာ သုံးနှုန်းထားတဲ့

အသုံးနှုန်းစကားလုံးလေးတွေက

အရမ်းလှပပြီး အရမ်းလည်း ခေတ်မှီလေစွ..

{ အောင်အောင် } at: April 4, 2012 at 9:03 AM said...

မမတို့နှစ်ယောက်ကတော့ လိုက်တယ်ဗျာ ကဗျာရေးတာတွေ တော်ကျတယ် ကဗျာကောင်းလေးတစ်ပုဒ်ပဲဗျာ...

{ မိုးသူ(တောင်ကြီး) } at: April 5, 2012 at 1:45 AM said...

သိက္ခာတွေ မစွေ
သာမာဓိတွေ မစောင်းပဲ
ဖြူစင်ခြင်းတွေ
ရင်ထဲမှာ ကောင်းကောင်းသိမ်းထားဖို့ပဲ
လိုတာပါ ။

မဂျက်ရေ...
ကဗျာလေးကို အရမ်းနှစ်သက်ပါတယ်

ခင်တဲ့ 
မိုးသူ(တောင်ကြီး)

{ နွေလ } at: April 5, 2012 at 3:10 AM said...

ရင်ဘတ်လေးအောင်တော့ လာမလုပ်နဲ့
ဟွင်းးးးးးးးးးးးးးးး
ကဗျာလေးခံစားသွားတယ်
ပျော်ရွှင်ပါစေ အစ်မရေ

{ လရိပ်အိမ် } at: April 5, 2012 at 9:40 PM said...

ကဗျာလေးကြိုက်တယ်။
အိမ်လေးက လှနေတယ်။
သင်္ကြန်အငွေ့အသက်လေးရတယ်

Anonymous at: April 5, 2012 at 9:48 PM said...

ဖတ်ရတာခံစားမှု့ အပြည့် ပဲနော်..ကျေးဇူးတင်ပါတယ်

{ H.M.N } at: April 5, 2012 at 11:39 PM said...

ဂွတ်... အားပေးနေတယ်ဗျာ

{ kokoseinygn } at: April 6, 2012 at 8:23 AM said...

ကဗျာလဲဖတ်ရင်း
အိမ်အသစ်လေးကိုလာလည်သွားတယ်စပါယ်ချို

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: April 7, 2012 at 7:01 AM said...

စံပယ်ရေ.. ကဗျာလေး လာဖတ်သွားတယ်။ ကဗျာလှလှလေးတွေ အမြဲဖန်တီးတတ်သူမို့ အားကျမိပါတယ်။

ခင်မင်စွာဖြင့်
မြတ်

{ ရင်ဆူး } at: April 7, 2012 at 8:41 AM said...

Good ! မကြီးဂျက်ရေ ကဗျာလေး အရမ်းမိုက်တယ်.....

{ ဆူးသစ် } at: April 7, 2012 at 11:01 PM said...

မရောက်တာကြာပြီးလာဖတ်လိုက်တာ။ အားပါး-Flow လှတဲ့ကဗျာတစ်ပုဒ်ကို ကျွန်တော်ဖတ်ခွင့်ရလိုက်တယ်။ ကျေးဇူးပါ မဂျပ်စမင်။ အလုပ်ရှုပ်နေလို့ ခဏခဏမလာနိုင်တာ တောင်းပန်ပါရဲ့ဗျာ။

{ မမဝသုန် } at: April 7, 2012 at 11:56 PM said...

အိမ်အသစ်လေးထဲမှာ လှပတဲ့ကဗျာအသစ်လေးဖတ်နေတယ်.. ဒေါ်ဂျက်ရေ .. လက်ဖက်သုတ်လေးကျွေးဘူးလားကွယ် ...

ချစ်တဲ့
ဝသုန်

ဟန်ကြည် at: April 8, 2012 at 12:40 AM said...

မတိုးမဆုတ်နဲ့ ကြိုးရှုပ်မနေနဲ့ချစ်သူ
အချစ်နဲ့ဟင်းချိုဟာ ပူတုန်းသာကောင်းသကွဲ့
အဆုံးအစမဲ့ ကောက်ပင်ရိတ်လှီးချစ်နိုင်ရဲ့...

ဂျက်ရဲ့ကဗျာဖတ်ရင်း ပုံမကျပန်းမကျ ကဗျာထွက်လာလို့ ကောက်ရေးလိုက်မိပါသဗျား...

{ နွေတေးရှင် (မင်းဧရာ) } at: April 9, 2012 at 8:04 AM said...

မစံပယ်...
ကဗျာလေးကောင်းလှသဗျာ
အောက်ဆုံးအပိုဒ်လေးကတော့
ရင်ကိုတောင် ၀င်စိုက်လေရဲ့။

Anonymous at: April 9, 2012 at 11:54 PM said...

ရဲရဲကြီး ဆုံးဖြတ်လိုက်စမ်းဘာာာာာာာ


ကျွန်တော်လည်းကဗျာဖတ်ပြီး ပြောပေးမယ်


မောင်ဘကြိုင်

{ Yoemyaykya } at: May 24, 2012 at 8:34 PM said...

မမရဲ့ ကဗျာစာသားတွေက အရမ်းကောင်းတယ်။

{ ညိုလေးနေ } at: April 23, 2013 at 5:59 PM said...

ဒီကဗျာလေး သိပ်ကြိုက်လို့ ခဏခဏလာဖတ်တယ်
အခုလည်း ဖတ်မိပြန်ပြီ :)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine