Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဘုရားသခင်ရဲ့ လက်ဆောင်

| Friday, June 22, 2012
ဘာကြောင့် ကဗျာတွေရေးတာလဲ?
အဲဒီမေးခွန်း အတွက်
ခြေလှမ်းနဲနဲ ယိုင်ခဲ့ဖူးပါတယ်
မမျော်လင့်တဲ့မေးခွန်းဖြစ်ခဲ့လို့ပါ ။

ကျွန်မရဲ့ ရင်ခုန်သံတိုင်း
အလွမ်းရနံ့တွေ ပါပါနေတယ်
တအိအိ တဖွဲဖွဲ နဲ့
စွေတဲ့မိုးကိုလဲ မုန်းတယ်
မိုးပီသစွာ ရွာချလိုက်စမ်းပါ
တ၀ုန်းဝုန်းနဲ့ပေါ့ ။

စိန်တွေကို မီးခံသေတ္တာထဲ 
သိမ်းလို့ရပါရဲ့ကွယ်
စိတ်ခံစားချက်တွေကို
ပိတ်လှောင်လို့ရတဲ့ အရာ မဟုတ်ဘူး
ဖွင့်ပေးလိုက်စမ်းပါ
နှလုံးသားက ခံစားချက်တွေ
ကျလာလိမ့်မယ် ။

အရှုံးတွေနဲ့ကြုံရလဲ
ချစ်သူနဲ့
ပတ်သက်တဲ့ငါ့ အပြုံး
အမြဲရှင်းသန့်နေတယ်
မုန်းသူတွေတိုက်ခိုက်လဲ
စံပယ်ရနံ့ ထာဝရသင်းပျံ့လို့လေ
လမ်းလျှောက်ရင်းလမ်းမှားဖူးတယ်
လမ်းလျှောက်ရင်းနဲ့ပဲ လမ်းပျောက်ဖူးတယ်
ခဏခဏ ပါပဲ
လကွယ်ည
မကောင်းဆိုးဝါးပါတဲ့
အိပ်မက်လဲ 
မကြာခဏ မက်ဖူးပါတယ်လေ
သို့ပေသော်လဲ
ချစ်ရသူ အားပေးစကား
ရင်ထဲထားလို့
အမှားတွေ ပြင်နိုင်ခဲ့ရတယ်
နှလုံးသားထဲ
စီးဝင်လာတဲ့
ချစ်သူရဲ့ ဂီတသံ သဲ့သဲ့
ရင်ထဲက စာသားများ
နူးညံ့တဲ့လက်ကွက်တွေ
သံစဉ်တွေဖြစ်ပြီး
အမြဲကြားနေရတဲ့
ခု ငါ့ဘ၀ပါပဲ
ဘုရားသခင်ပေးတဲ့
အကောင်းဆုံးလက်ဆောင်ပေါ့နော် ။

jasmine



27 comments:

{ 3rdthameetaw } at: June 22, 2012 at 10:08 PM said...

ချစ်ခွင့်မရှိတဲ့နှလုံးသားမှာအားငယ်..
အဲံသီချင်းလိုပဲ..သူတို့တွေ က ချစ်ချစ်ပြနေကြတာ
များနေပြီကွာ..
တို့ လည်း အားကျလာပြီ..ဟိ

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: June 22, 2012 at 10:42 PM said...

ချစ်ရသူ အားပေးစကား
ရင်ထဲထားလို့
အမှားတွေ ပြင်နိုင်ခဲ့ရတယ် ....
ဟုတ်တယ်အစ်မစံပယ်..
အမှားတွေပြင်နိုင်ဖို့အတွက်...အလိုအပ်ဆုံးပဲ...
သူ့ရဲ့စကားလေးတခွန်း...

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: June 22, 2012 at 10:44 PM said...

ချစ်ရသူ အားပေးစကား
ရင်ထဲထားလို့
အမှားတွေ ပြင်နိုင်ခဲ့ရတယ် ....
ဒီစာသားလေးကိုထောက်ခံပါတယ်ခင်ဗျာ....
တကယ်အလိုအပ်ဆုံးပါပဲ...သူရဲ့အားပေးစကားလေးတွေ

{ AH } at: June 23, 2012 at 1:18 AM said...

အားကျချက်... ချစ်နိုင်ကြပါစေဗျာ.. ကဗျာလေးတွေက နုနုလေးတွေဆိုတော့ ဖတ်ရတဲ့သူက ဖွဖွလေး ဖတ်နေရတယ်... မဟုတ်ရင် အရသာ ပျက်သွားမှာစိုးလို့..

{ Unknown } at: June 23, 2012 at 2:06 AM said...

ချစ်ရသူ အားပေးစကား
ရင်ထဲထားလို့
အမှားတွေ ပြင်နိုင်ခဲ့ရတယ်
နှလုံးသားထဲ
စီးဝင်လာတဲ့
ချစ်သူရဲ့ ဂီတသံ သဲ့သဲ့
ရင်ထဲက စာသားများ
နူးညံ့တဲ့လက်ကွက်တွေ
သံစဉ်တွေဖြစ်ပြီး.......

မမရဲ့ ကဗျာလေးတွေ ဖတ်လိုက်တိုင်း ကိုယ်တိုင် အချစ်ဆိုတာကို မြည်းစမ်းချင်လာတယ်.. :)


ချစ်တဲ့
နော်

{ ချော(အစိမ်းရောင်လွင်ပြင်) } at: June 23, 2012 at 7:02 AM said...

အကောင်းဆုံးလက်ဆောင်ကို ထာဝရ ပိုင်ဆိုင်ခွင့်ရပါစေ..

{ ချစ်စံအိမ် } at: June 23, 2012 at 8:28 AM said...

မမရေး အားပေးသွားပါတယ်...

{ ချစ်စံအိမ် } at: June 23, 2012 at 8:29 AM said...

ပေးထားတာဘယ်ပျောက်သွားလဲသိဘူး..

{ Han Kyi } at: June 23, 2012 at 1:06 PM said...

ကဗျာအရေးအသား အတော်ကောင်းလာတယ် ဂျက်ရေ...အပေါ်ပိုဒ်တွေကို ဖတ်ရတာ စာသားရော...နရီပါ အတော်အရသာတွေ့တယ်...စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ပစ်လိုက်ရင် နှလုံးသားက ခံစားချက်တွေ ကျလာမယ်ဆိုတဲ့ နိမိတ်ပုံဆန်ဆန်အရေးအသားကို အကြိုက်ဆုံး...

အောက်ဆုံးပါဒမှာတော့ သို့ပေသော်လည်း ဆိုတဲ့စာလုံးကြီးက နည်းနည်းခိုးလိုးခုလုဖြစ်နေတယ်လို့ ခံစားရတာကလွဲရင် အတော့်ကို ပြေပြစ်တဲ့ သိင်္ဂါရဖွဲ့ကဗျာတစ်ပုဒ်လို့ အမွှမ်းတင်ချင်တာပါပဲ...

{ Angelhlaing(May everybody be happy and healthy! } at: June 23, 2012 at 1:36 PM said...

အခုလောလော ညလေး အသဲကွဲနေတယ်နော်မမ ဘယ်လိုလုပ်မလဲ မခံစားနိုင်ဘူး :P:P အဟတ် ..ဟတ် ..:):)

{ roseayemaung } at: June 23, 2012 at 2:56 PM said...

စိတ်ခံစားချက်တွေကို
ပိတ်လှောင်လို့ရတဲ့ အရာ မဟုတ်ဘူး
ဖွင့်ပေးလိုက်စမ်းပါ
နှလုံးသားက ခံစားချက်တွေ
ကျလာလိမ့်မယ် ။

{ roseayemaung } at: June 23, 2012 at 2:59 PM said...

စိတ်ခံစားချက်တွေကို
ပိတ်လှောင်လို့ရတဲ့ အရာ မဟုတ်ဘူး
ဖွင့်ပေးလိုက်စမ်းပါ
နှလုံးသားက ခံစားချက်တွေ
ကျလာလိမ့်မယ် ။

Anonymous at: June 23, 2012 at 8:45 PM said...

အဆင်ပြေနေတာပဲ ယောက်ခမတို့ ကတော့..ပြောချင်ဘူး

{ Moe Ye } at: June 23, 2012 at 11:07 PM said...

ဘုရားသခင်ရဲ့လက်ဆောင်
ထာဝရအချစ်
ချစ်သူနဲ့
ပတ်သက်တဲ့ငါ့ အပြုံး
မဆုံးတော့ဘူး .... ။
သိမ်းထားပါရစေ ...... ။

{ နွေတေးရှင် (မင်းဧရာ) } at: June 24, 2012 at 12:12 AM said...

ခက်တယ် ခက်တယ် သိပ်ခက်တယ်....
မစံပယ်တို့က အဲသည်လိုလေးတွေရေးချ
လူပြိုကြီးတွေက အင်းးးးးးးး

ခက်လှတယ်း)။

{ စံပယ်ချို } at: June 24, 2012 at 2:38 AM said...

လောင်စာရေ
လောင်စာရေးတဲ့ ကွန်မက်ကဖျက်လိုက်တာမဟုတ်ဘူးနော်
spam ထဲရောက်သွားလို့ပါ

{ mstint } at: June 24, 2012 at 7:46 PM said...

ကဗျာလေးတွေဖတ်တိုင်း ဂျက်နဲ့လွင်ပြင်လေးတို့ကို မျက်လုံးထဲမှာ ယှဉ်တွဲပြီးမြင်လေ့ရှိခဲ့တာ။ ဝါသနာတူချင်း ခံယူချက်ခြင်းတူပြီး နားလည်မှုအပြည့်အဝနဲ့ မျှဝေခံစားတတ်သူနှစ်ဦးအတွက် ကြည်နူးပီတိဖြစ်မိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ Unknown } at: June 24, 2012 at 8:55 PM said...

လမ်းလျှောက်ရင်း လမ်းပျောက်နေတယ်မမရေ…။
အားပေးမယ့်သူလဲရှိဘူး။ ၀မ်းနည်းလိုက်တာ။

{ Cameron } at: June 24, 2012 at 8:55 PM said...

ကဗျာတွေတော်တော်ရေးနိုင်တာ ချီးကျူးစရာပဲ...။

{ Unknown } at: June 24, 2012 at 8:56 PM said...

လမ်းလျှောက်ရင်း လမ်းပျောက်နေတယ်မမရေ…။
အားပေးမယ့်သူလဲရှိဘူး။ ၀မ်းနည်းလိုက်တာ။

{ Unknown } at: June 24, 2012 at 9:05 PM said...

လမ်းလျှောက်ရင်း လမ်းပျောက်နေတယ်မမရေ…။
အားပေးမယ့်သူလဲရှိဘူး။ ၀မ်းနည်းလိုက်တာ။

{ အမ်တီအန် } at: June 25, 2012 at 2:41 AM said...

ကဗျာအတွက် စကားလုံးတွေ မွေးဖွားနေနိုင်တာကိုက အားရစရာ...။

{ စံပယ်ချို } at: June 25, 2012 at 2:47 AM said...

မိမိရဲ့ ရှားပါးလှတဲ့အချိန်တွေကိုအသုံးပြုပြီး
ကဗျာတွေလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

{ Latt Latt } at: June 25, 2012 at 2:51 AM said...

စံပယ် ရဲ့ အကောင်းဆုံးလက်ဆောင် လွင်ပြင်

{ မိုးညချမ်း } at: June 27, 2012 at 12:55 AM said...

ဘုရားပေးတဲ့ဆုလာဒ်အတွက် အပြန်အလှန်ရေးဖွဲ့ထားကြတာ အားကျစရာကောင်းလိုက်တာ မမရေ ... :)

{ အိပ်မက်ကောင်းကင် } at: July 3, 2012 at 11:01 PM said...

မမ စံပယ်ရေ သည်ကဗျာလေးကအရမ်းကောင်းတယ်နော်
အားကျလိုက်တာ ^_^

Anonymous at: November 2, 2012 at 2:17 AM said...

ကဗျာကြိုက်တယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine