Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဖြူစင်တဲ့ အနာဂတ်

| Friday, July 27, 2012
ရာသီတွေ မပီမသနဲ့
ဒဏ်ရာတွေကတော့
ဗလပွ ပါပဲ
ပြတ်ရွေ့ အက်ကွဲကြောင်းတွေကိုလဲ
အဖြစ်သည်းပြီး မပြောတော့ပါဘူးကွယ် ။

လောကကြီး ရွှေးချယ်စရာတွေပုံလို့
ဘ၀ရဲ့ ဈေးကွက်လား
အချစ်ရဲ့ ဈေးကွက်လား
ဈေးတော့ အပြောင်းအလဲ
ကစားနေကြလေရဲ့
အရှက်တွေလဲ ခွါချကြ
ယုံကြည်ချက်တွေက နေရာမရ
ကိုယ်တိုင်လဲ
ကျေးကျွန်မှန်း သခင်မှန်းမသိကြတော့
ရလဒ်တွေ လုံးပါးပါးတဲ့
ဈာပန အခမ်းအနား တစ်ခုလိုပါပဲကွယ် ။

 စိန်ခေါ်မှုတွေ နဲ့စခဲ့ရတဲ့ဘဝ
မျက်နှာကြီးရာ ပါသွားတဲ့အသားတုံးတွေ
ယှဉ်ပြိုင်မှု ဆိုတာ စကားအဖြစ်ကျန်နေရစ်တာပဲ ။

ဒဏ်ရာတွေ ကင်းတဲ့ ရင်တွင်း
ဘယ်မှာရှိမလဲ
အမှန်နဲ့ အမြဲတွဲနေတဲ့
အမှားတွေကို ကန်ထုတ်
အဖြူနဲ့ လာလာပြီးရောတဲ့
အမဲတွေကိုလဲ
သုဿန်ပို့
ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော် ။
jasmine

24 comments:

{ အလွမ်းမြို့ } at: July 27, 2012 at 5:43 AM said...

စံပယ်ရေ..

နော်...ဆိုတော့ ဘယ်သူ့ကို ရည်ညွှန်းတာလဲ ဟင်။
သများကိုများလားလို့ ရင်ခုန်တွားတယ်။အဟဲ
လာလည်ပြီး အားပေးသွားတယ်။


ခင်တဲ့
အလွမ်း

{ AH } at: July 27, 2012 at 6:21 AM said...

ကိုလွင်ပြင်အတွက်ပဲ ဖြစ်ရမယ် ... :P

{ roseayemaung } at: July 27, 2012 at 7:01 AM said...

ချယ်ရီပင်ကြားကချော့နေတယ်လေ...အမြန်သွား...
မစံပါယ်...ရေ..အမြန်သွားလိုက်နော်။။ဟိ

{ mstint } at: July 27, 2012 at 8:40 AM said...

ဖြူစင်တဲ့အနာဂါတ်အတွက် ယုံကြည်ချက်ကိုယ်စီနဲ့ မယိမ်းမယိုင်လျှောက်လှမ်းနိုင်ကြမယ်လို့ ထင်မိတယ် ဂျက်ရေ။ (လွင်ပြင်လေးကိုစိတ်ကောက်နေတယ်ဆို :P)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ...အလင်းစက်များ } at: July 27, 2012 at 11:42 AM said...

ကတောက် ဒါငါ့ပြောဒါဖြစ်မယ်။ ငါအသားမဲမှန်း သူသိလို့  ငါ့ကိုဆော်ဒါ။ လုံးဝ တင်းတယ် လုံးဝပဲ။ :D

ခင်မင်စွာဖြင့်
ကြောင်တောင်တောင်

{ ချစ်စံအိမ် } at: July 27, 2012 at 6:54 PM said...

ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော် ။

{ Yoemyaykya } at: July 27, 2012 at 8:21 PM said...

အချစ်ဈေးကွက်မှာပေါက်ဈေးဘယ်လောက်ရှိလဲမမ

{ လရိပ်အိမ် } at: July 27, 2012 at 8:51 PM said...

ကဗျာကောင်းလေးကိုခံစားသွားပါတယ်နော်

{ Latt Latt } at: July 27, 2012 at 10:04 PM said...

တွဲလက်တွေခိုင်မြဲ အရောင်တွေမစွက်တဲ့
ဖြူစင်တဲ့အနာဂတ် ကိုပိုင်ဆိုင်နိုင်ကြပါစေ

{ လေပြေချို } at: July 27, 2012 at 11:48 PM said...

ဒဏ်ရာတွေ ကင်းတဲ့ ရင်တွင်း
ဘယ်မှာရှိမလဲ
အမှန်နဲ့ အမြဲတွဲနေတဲ့
အမှားတွေကို ကန်ထုတ်
အဖြူနဲ့ လာလာပြီးရောတဲ့
အမဲတွေကိုလဲ
သုဿန်ပို့
ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော် ။
အဲ့ဒီအပိုဒ်လေးကို အရမ်းကြီးကြိုက်တယ်..:)
စံပယ်ရေ...နှလုံးစိတ်ဝမ်း အေးချမ်းပါစေနော်
ခင်တဲ့
လေပြေချို

{ အိပ်မက်ကောင်းကင် } at: July 28, 2012 at 12:37 AM said...

ကဗျာလေးထဲကအတိုင်း ကဗျာမောင်နှံနှစ်ဦး တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ပြီး
ဘ၀ခရီးကိုပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ နော် ^_^

{ မြတ်နိုးသူ } at: July 28, 2012 at 3:09 AM said...

အမှန်နဲ့ အမြဲတွဲနေတဲ့
အမှားတွေကို ကန်ထုတ်
အဖြူနဲ့ လာလာပြီးရောတဲ့
အမဲတွေကိုလဲ
သုဿန်ပို့
ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော်
တဲ့လက်ကိုမြဲမြဲကိုင်ထားပေးနော်အစ်မ

{ ဝေဖြိုးဟန်(အင်းစိန်) } at: July 28, 2012 at 3:42 AM said...

စိန်ခေါ်မှုတွေနဲ့ စခဲ့ရတဲ့အပါလည်း ဖြူစင်တဲ့ အနာဂတ်ကို အရမ်းတောင့်တမိပါတယ် အစ်မစံပယ်ရေ။ ရှယ်ကဗျာတွေ ဆယ်ကမ္ဘာတိုင် ရေးနေနိုင်ပါစေဗျာ။

{ ကြည်ဖြူခင်ခင် } at: July 28, 2012 at 4:52 AM said...

ကဗျာလေးက စကားလုံးတွေ လှသရှင့်. စံပါယ်ရေ.. :)

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: July 28, 2012 at 5:11 AM said...

မျက်နှာကြီးရာ ပါသွားတဲ့အသားတုံးတွေ...
အမစံပယ်လဲမျက်နှာကြီးအောင်လုပ်အမစံပယ်ရာ
အဲဒါမှအသားတုံးတွေများများစားရမှာ...အဟီး
စတာနော်...ကဗျာလေးလာဖတ်သွားပါတယ်..

{ Iora } at: July 28, 2012 at 8:05 AM said...

အားပေးသွားတယ်ဂျက်ရေ။
အိုင်အိုရာ

{ ပဥာက် } at: July 28, 2012 at 1:58 PM said...

သူလည်းကိုယ့်ချစ် ကိုယ်လည်းသူ့ချစ်နဲ့ဆို ခရီးလမ်း ဘယ်လောက်ကြမ်းကြမ်းကျနော်ကတော့လှမ်းမယ်

{ မောင်ဘုန်း } at: July 28, 2012 at 8:55 PM said...

ကဗျာလေး ခံစားသွားပါတယ် ...

{ နွေလ } at: July 28, 2012 at 10:06 PM said...

တို့လည်း လိုက်မယ် ချန်မထားနဲ့
မမသွားတော့ ပျင်းလှတယ်

အားလုံး အားလုံး ဖြူစင်တဲ့ အနာဂတ်ဆီသို့

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: July 29, 2012 at 12:59 AM said...

နှစ်သက်စွာ ခံစားသွားပါတယ် စံပယ်ရေ ...

{ မိုးသူ(တောင်ကြီး) } at: July 29, 2012 at 2:26 AM said...

မဂျက်ရေ ကဗျာတွေပေါ်ထားတဲ့စေတနာနဲ့ 

အတွေးတွေ ကြောက်ခမန်းလိလိကောင်းလာတယ်

ဆက်လက်ထုစစ်နိုင်ပါစေ ....

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ kiim } at: July 29, 2012 at 4:02 AM said...

အရမ်းကောင်းတယ်...။
ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော် ။
အားလုံးကြိုက်တယ်.. ဒါပေမယ့်
ဒီအပိုဒ်ကိုတော့အကြိုက်ဆုံးပဲ...အမရေ.. :)

{ မိုးညချမ်း } at: July 30, 2012 at 7:06 AM said...

“ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော် ။ ” ... မမ ... အနာဂတ်လမ်းကို ဖြောင့်ဖြောင့်လျှောက်နိုင်ဖို့ ကဗျာလေးကို လာအားပေးသွားတယ်နော် ... :)

{ မောင်ရေခဲ(အဝတ်နီ) } at: September 21, 2012 at 1:32 PM said...


စိန်ခေါ်မှုတွေ နဲ့စခဲ့ရတဲ့ဘဝ
မျက်နှာကြီးရာ ပါသွားတဲ့အသားတုံးတွေ
ယှဉ်ပြိုင်မှု ဆိုတာ စကားအဖြစ်ကျန်နေရစ်တာပဲ ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine