Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အျမဲ ထပ္တူ

| Monday, July 30, 2012
လကြယ္ညမွာ
ချစ်သူအရိပ်တွေ
ဘယ်များတွယ်ကပ်နေမလဲ
စိတ်ပူတဲ့ အရူးတစ်ယောက်လို
အရှိုက်ကို ထိုးနှက်ခံခဲ့ရလို့
လူမမြင်နိုင်တဲ့
ရင်ဘတ်ထဲ
တစစီဖြစ်ခဲ့ရပြီ
အဲတာ
အတွင်းကြေ။

နှလုံးသား မှတ်တမ်းတွေ
ထားစရာနေရာမရှိတာလား
ည  ည ငါ့အခန်းထဲ
ငါတစ်ယောက်ထဲ
ကဗျာတွေနဲ့ ရှုပ်နေတာ
အဲတာ အလုပ်တခုပေါ့
လဲမကျဖူးတဲ့ ခြေလှမ်း
ဘယ်များရှိမလဲ
ခဏခဏ လဲကျတယ်
ခဏခဏ ပြန်ထတယ်
မကြာခဏ အရှုံးနဲ့ရင်ဆိုင်ရတယ်
မကြာခဏ အနိုင်ရပြန်တယ်
အဲတာလူ့လောက ။

မင်းအကြောင်း
ကောင်းသတင်း
မကောင်းသတင်း
အစုံ ကြားနေရမှာ
ကောင်းသတင်းပြောသူများကို ချစ်ခင်ပြီး
မကောင်းသတင်းပြောသူများကိုလဲ 
ကြင်နာပါ မမုန်းမိပါစေနဲ့
လူတိုင်းမှာ
အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ
မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ
ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ
ငါ့နှလုံးသား
ခံစားချက် စစ်စစ်တွေ
လူချင်းနီးနေလဲ
စိတ်ချင်းဝေးတဲ့ ဘ၀ ငါမလိုချင်ဘူးကွယ်
တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ
နှလုံးသားထပ်တူနဲ့ 
ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ ။


jasmine









30 comments:

{ ပန်းချီ } at: July 30, 2012 at 8:03 AM said...

ကဗျာလာဖတ်ပါတယ် အစ်မစံပယ်..နောက်ဆုံးကစာကြောင်းကလေး ကြိုက်လိုက်တား)

{ mstint } at: July 30, 2012 at 8:40 AM said...

အနေရှုပ်ထွေးတဲ့ လောကကြီးအလယ်မှာ
တစ်ယောက်နဲ့တစ်ယောက် အလှမ်းဝေးနေလည်း
နှလုံးသားချင်း ထပ်တူကျနေရင် အားလုံးပြီးပြည့်စုံပါပြီ ဂျက်ရေ။ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ သိင်္ဂါကျော် } at: July 30, 2012 at 9:12 AM said...

တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ
နှလုံးသားထပ်တူနဲ့
ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ
:):)

{ သခင့်စေရာ } at: July 30, 2012 at 10:02 AM said...

အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ
မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ
ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ....


အတွင်းကြေဆိုတော့ ဖြူဖြူကျော်သိန်းပေါ့နော်.

အားပေးတွားတယ် စံပယ်ရေ။ တကယ်ကောင်းတဲ့
ကဗျာလေးပါ...


ချစ်တဲ့
အလွမ်း

{ အလွမ်းမြို့ } at: July 30, 2012 at 10:04 AM said...

ခုန မန့်တာ အကောင့်မှားလို့...သများအကောင့်
လုပ်ပေးရင် မန့်မိတယ် စံပယ်ရေ။
ကဗျာလေးက အရမ်းကောင်းတယ်။
အတွင်းကြေဆိုတော့ (ဖြူဖြူကျော်သိန်းပေါ့နော်)

အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ
မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ
ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ

{ Angelhlaing(May everybody be happy and healthy! } at: July 30, 2012 at 12:54 PM said...

အရှိုက်ကို ထိုးနှက်ခံခဲ့ရလို့
လူမမြင်နိုင်တဲ့
ရင်ဘတ်ထဲ
တစစီဖြစ်ခဲ့ရပြီ
အဲတာ
အတွင်းကြေ။.....ဟုတ်တယ်နော်မမ အဲ့ဒါ အတွင်းကြေ...:)))
ခံစားအားပေးလျှက်..

{ roseayemaung } at: July 30, 2012 at 2:34 PM said...

လူချင်းနီးနေလဲ
စိတ်ချင်းဝေးတဲ့ ဘ၀ ငါမလိုချင်ဘူးကွယ်
*ကဗျာလေးအ၇မ်းကောင်းတာပဲတခါတမျိုးမရိုးနိုင်ဘူး...
အရိုးထဲကိုစိမ့်ဝင်သွားဒတာပဲ..*မစံပါယ်ရယ်..

{ ချစ်စံအိမ် } at: July 30, 2012 at 5:04 PM said...

ငါ့နှလုံးသား
ခံစားချက် စစ်စစ်တွေ
လူချင်းနီးနေလဲ
စိတ်ချင်းဝေးတဲ့ ဘ၀ ငါမလိုချင်ဘူးကွယ်
တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ
နှလုံးသားထပ်တူနဲ့
ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ ။


အဲစာသားလေးအရမ်းကြိုက်တယ်မမရေ

{ မဒမ်ကိုး } at: July 30, 2012 at 7:40 PM said...

ဆက်လက်ကြည်ဖြူချစ်ရည်တူကြပါစေ မမစံပယ် ရေ

ချစ်တဲ့
ဂျာရစ်

{ မိုးသူ(တောင်ကြီး) } at: July 30, 2012 at 8:56 PM said...

လူတိုင်းမှာ
အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ
မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ
ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ

ရင်မှာခံစားသူမမြင်နိုင်ပေ ....

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ Unknown } at: July 30, 2012 at 10:35 PM said...

ကွန့်မန့်လေး ပေးရဖို့ ရှာလိုက်ရတာ...မော

ခံစားချက်အတုတွေနဲလာဖတ်သွားပါတယ်...အဟဲ

ခင်မင်တဲ့
seesein

{ Unknown } at: July 30, 2012 at 10:38 PM said...

ကွန့်မန့်လေးရေးဖို့ရှာလိုက်ရတာ......ဟောဟဲမော

ခံစားချက်စစ်စစ်တွေကို ခံစားချက်အတုတွေနဲ့လာဖတ်သွားပါတယ်

ခင်မင်တဲ့
seesein

{ Yoemyaykya } at: July 30, 2012 at 11:05 PM said...

လူမမြင်နိုင်တဲ့ရင်ဘတ်ထဲ တစ်စစီဖြစ်ခဲ့တာ ကြာပါပြီ။ ဟုတ်ပါတယ် အဲဒါ အတွင်းကြေ တကယ့်အတွင်းကြေ စစ်စစ်ကြီးရယ်။

{ ကြည်ဖြူခင်ခင် } at: July 30, 2012 at 11:37 PM said...

ကဗျာကလေးက ခံစားချက်အစစ်တွေနဲ့ဆိုတော့ စကားလုံးတွေလည်း ထိမိလိုက်တာ.. စံပါယ်ရေ.. :)

{ Latt Latt } at: July 31, 2012 at 1:53 AM said...

ချစ်ခြင်းတွေ အမြဲထပ်တူကျပါစေ

{ လေပြေချို } at: July 31, 2012 at 2:10 AM said...

လဲမကျဖူးတဲ့ ခြေလှမ်း
ဘယ်များရှိမလဲ
ခဏခဏ လဲကျတယ်
ခဏခဏ ပြန်ထတယ်...

ကောင်းသတင်းပြောသူများကို ချစ်ခင်ပြီး
မကောင်းသတင်းပြောသူများကိုလဲ
ကြင်နာပါ မမုန်းမိပါစေနဲ့...

စကားလုံးတွေက လက်ရာမြောက်လိုက်တာစံပယ်ရာ.
အားပေးခဲ့ပါတယ်နော်။
ခင်တက်တဲ့
လေပြေချို

{ Phyu Lwin } at: July 31, 2012 at 3:49 AM said...

ည ည ငါ့အခန်းထဲ
ငါတစ်ယောက်ထဲ
ကဗျာတွေနဲ့ ရှုပ်နေတာ
အဲတာ အလုပ်တခုပေါ့ .. မီးကိုစောင်းပြောနေသလိုပဲ :))

{ မိုးသက် } at: July 31, 2012 at 5:59 AM said...

လဲမကျဖူးတဲ့ ခြေလှမ်း
ဘယ်များရှိမလဲ
ခဏခဏ လဲကျတယ်
ခဏခဏ ပြန်ထတယ်
မကြာခဏ အရှုံးနဲ့ရင်ဆိုင်ရတယ်
မကြာခဏ အနိုင်ရပြန်တယ်
အဲတာလူ့လောက ။
သိပ်ကိုမှန်တဲ့စကားလေးပဲ အစ်မဂျက်.။

{ Unknown } at: July 31, 2012 at 6:22 AM said...

တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ
နှလုံးသားထပ်တူနဲ့
ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ ။

ခံစားသွားတယ် အမရေ...:-)

{ blackroze } at: July 31, 2012 at 11:03 AM said...

ကောင်းလိုက်တဲ့ ကဗျာလေး ဂျက်စ်ရေ
ထပ်တူခံစားသွားပါတယ်နော်..

Anonymous at: July 31, 2012 at 8:11 PM said...

လူတိုင်းမှာ
အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ

အဲ့ဒါလေးတော့ အရမ်းမှန်တယ် မဂျက်ရေ...

{ Frozen jelly } at: July 31, 2012 at 8:41 PM said...

လာလည်သွားပါတယ်...နောက်လည်းလာလည်ပါဦးမယ်
ဟိုး...နောက်ထပ်နောက်ထပ်လည်းလာပါမယ်...ဟီးဟီး...ပထမဆုံးရောက်တာပါ..ကဗျာလေးတွေဖတ်သွားပါတယ်....

{ လရိပ်အိမ် } at: July 31, 2012 at 9:58 PM said...

ရေးတတ်လိုက်တာ။အရမ်းကြိုက်တယ်

{ အိပ်မက်ကောင်းကင် } at: July 31, 2012 at 10:27 PM said...

မမစံပယ်တို့ကတော့ ဘယ်ချိန်ရေးရေး
ကဗျာလေးကကောင်းနေတာပဲ

{ မိုးဇက် } at: August 1, 2012 at 3:31 AM said...

မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ

{ ဖြိုးဇာနည် } at: August 1, 2012 at 10:56 AM said...

ရင်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားမူလေးကို
ကဗျာထဲမှာသောင်းကျန်းမိသူလေးပေါ့

{ kiim } at: August 1, 2012 at 10:22 PM said...

နှလုံးသား မှတ်တမ်းတွေ
ထားစရာနေရာမရှိတာလား
ည ည ငါ့အခန်းထဲ
ငါတစ်ယောက်ထဲ
ကဗျာတွေနဲ့ ရှုပ်နေတာ
အဲတာ အလုပ်တခုပေါ့
လဲမကျဖူးတဲ့ ခြေလှမ်း
ဘယ်များရှိမလဲ
ခဏခဏ လဲကျတယ်
ခဏခဏ ပြန်ထတယ်
မကြာခဏ အရှုံးနဲ့ရင်ဆိုင်ရတယ်
မကြာခဏ အနိုင်ရပြန်တယ်
အဲတာလူ့လောက ။
အမှန်တရားတွေပါပဲ အမရေ..
လာအားပေးသွားတယ်နော်..း)

{ Yin Sue } at: August 2, 2012 at 5:48 AM said...

လူတိုင်းမှာ
အကြောင်းပြချက်တွေ
အများကြီးရှိနေတဲ့ ကမ္ဘာ
အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ
မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ
ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ
ငါ့နှလုံးသား
ခံစားချက် စစ်စစ်တွေ
လူချင်းနီးနေလဲ
စိတ်ချင်းဝေးတဲ့ ဘ၀ ငါမလိုချင်ဘူးကွယ်
တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ
နှလုံးသားထပ်တူနဲ့
ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ ။

ဒီအပိုဒ်လေး အရမ်းမိုက်တယ်ဗျာ........

{ kokoseinygn } at: August 5, 2012 at 9:21 AM said...

စာလာဖတ်ပါတယ်.........
ခရီးလွန်တာတွေ မအားတာတွေ
အထွေထွေကိစတွေများလို့
တစ်ခါတစ်လေမှ စာတွေပေါင်းဖတ်ဖြစ်
လို့ စိတ်မရှိပါနဲ့လို့

{ မောင်ရေခဲ(အဝတ်နီ) } at: September 21, 2012 at 1:31 PM said...

ခဏခဏ လဲကျတယ်
ခဏခဏ ပြန်ထတယ်
မကြာခဏ အရှုံးနဲ့ရင်ဆိုင်ရတယ်
မကြာခဏ အနိုင်ရပြန်တယ်
အဲတာလူ့လောက ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine