Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

တစ္ဆေ မိတ်ဆွေတချို့

| Wednesday, October 3, 2012
ဖြူစင်တဲ့
ခင်မင်မှု စစ်စစ်တွေ
မဌားရမ်းနိုင်ပါဘူး
အပိုင်လိုချင်တယ်ဆိုရင်တော့
ကျွန်မထံ 
ခွင့်တောင်းယူနိုင်ပါတယ်
အဲဒါကိုတော့
တန်ဖိုးထားတတ်ပါစေ
မျဉ်းကွေး မျဉ်းကောက်တွေ အကြား
နေသားကျနေတဲ့ သူ
အမှားတွေကို အမှန်ထင်နေတဲ့  သူ
ဖြူစင်မှုတွေ ရာသီတိုင်း
ဖုန်တက်လေပြီး
ရိုးသားခြင်းမရှိလေတဲ့
ပတ်ဝန်းကျင်မှာ
အနေခက်လို့နေမှာပါ ဆိုပြီး
အမြဲ ဖော့တွေး တွေးပေးပါတယ်
မသိခင်အချိန်ထိ
ခင်မင်မှု သံယောဇဉ်
ရင်ထဲငြီနေခဲ့တာပါ

အတ္တတွေ တဖြေးဖြေး
မဲနက်လို့လာတယ်
ဂတိတွေ ပျက်ကွက်လို့လာတယ်
ခင်မင်မှုတွေလဲ
အရောင်လွင့်ပြီး
ဖြူရော်ရော် ဖြစ်လာသလား
ထင်ယောင်မှား
မဟုတ်ဘူးနော်
တိတိကျကျ ကြီး  
ပစ္စုပ္ပန်ပြောင်းလဲလာတယ်
အတိတ်က အရိပ်တွေ 
သစ္တေ ၀င်စားလို့နေတာလား
အနာဂတ် ဆေးကြောမရအောင်
စွန်းထင်းနေမှာပေါ့
ကျောက်ကပ်တွေ အခိုးခံနေရတဲ့
ကမ္ဘာကြီးထဲ
ငါ့ရဲ့ ဖြူစင်တဲ့ 
နှလုံးသား 
မေ့ဆေး မပေးပဲ
ခိုးယူခြင်းခံလိုက်ရပြီ ။ 
jasmine

27 comments:

{ Crystal } at: October 4, 2012 at 12:28 AM said...

ကြည်ကြည်လင်လင်
ဖြူဖြူစင်စင်
မင်းနဲ့ငါရဲ့ မေတ္တာများ
နတ်သမီးအလား သူဖမ်းစားးးး။

တွေ့လား တစ္တေဟုတ်ဘူး ဒါပဲ :)

{ မြတ်နိုးသူ } at: October 4, 2012 at 1:30 AM said...

ကျောက်ကပ်တွေ အခိုးခံနေရတဲ့
ကမ္ဘာကြီးထဲ
ငါ့ရဲ့ ဖြူစင်တဲ့
နှလုံးသား
မေ့ဆေး မပေးပဲ
ခိုးယူခြင်းခံလိုက်ရပြီ ။
အိုမားရဲ့နှလုံးသားလေးကိုဘယ်သူခိုးသွားတာလဲ
ကဗျာလေးခံစားသွားပါတယ်တာမီး

{ Thamee Su } at: October 4, 2012 at 1:33 AM said...

ကျောက်ကပ်တွေ အခိုးခံနေရတဲ့
ကမ္ဘာကြီးထဲ
ငါ့ရဲ့ ဖြူစင်တဲ့
နှလုံးသား
မေ့ဆေး မပေးပဲ
ခိုးယူခြင်းခံလိုက်ရပြီ ။

ရင်ကိုထိတယ် မဂျက်ရေ.....အရမ်းကြိုက်တယ်

{ အလွမ်းမြို့ } at: October 4, 2012 at 1:39 AM said...

မဂျက်...

ဘယ်သူခိုးယူသွားတာတုန်း။အလွမ်းကတော့ ပေါ်တင်
တောင်းတယ်နော်.အဟဲ.အားပေးသွားတယ်။အိမ်လေး
ပြင်ထားတာကိုး။ကျန်းမာရေးလည်းဂရုစိုက်နော်။


ချစ်တဲ့
အလွမ်း

{ Unknown } at: October 4, 2012 at 2:01 AM said...

ဖြူစင်တဲ့
ခင်မင်မှု စစ်စစ်တွေ
မဌားရမ်းနိုင်ပါဘူး
အပိုင်လိုချင်တယ်ဆိုရင်တော့
ကျွန်မထံ
ခွင့်တောင်းယူနိုင်ပါတယ်
အဲဒါကိုတော့
တန်ဖိုးထားတတ်ပါစေ။
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

{ ညီလင်းနိုင် } at: October 4, 2012 at 2:11 AM said...

ကဗျာလန်းလန်းလေးကို

မျှဝေခံစားခဲ့ပါတယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

{ လေပြေချို } at: October 4, 2012 at 2:12 AM said...

ဖြူစင်တဲ့
ခင်မင်မှု စစ်စစ်တွေ
မဌားရမ်းနိုင်ပါဘူး
အပိုင်လိုချင်တယ်ဆိုရင်တော့
ကျွန်မထံ
ခွင့်တောင်းယူနိုင်ပါတယ်
အဲဒါကိုတော့
တန်ဖိုးထားတတ်ပါစေ...။
အရမ်း..အရမ်းလှတဲ့ စာသားလေး.. ဟုတ်တယ်မရေ... တစ်ချို့ကလေ ဖြူစင်တဲ့ ခင်မင်မှုရဲ့တန်ဖိုးကို နားမလည်တော့ ခက်တာပေါ့..
ခင်တက်တဲ့
လေပြေ

{ Yoemyaykya } at: October 4, 2012 at 3:11 AM said...

မငှားပါဘူး။အပိုင်ပဲလိုချင်တာ။ တောင်းပါရစေ။ တကယ်တန်ဖိုးထားမှာ။ အတည်ပြောတာ။
ဟင်ငါ့အစ်မကြီးနှလုံးသားဘယ်သူခိုးသွားတာလဲ။ တွေ့မယ်တွေ့မယ်အဲဒီသူခိုးနဲ့။ တွေ့လို့ကတော့ လက်သီးစာကျွေးမှာ။

{ မိုးနတ်ကြယ်စင် } at: October 4, 2012 at 4:59 AM said...

နောက်ဆုံးအပိုဒ်လေး ရင်ကိုအထိဆုံးပဲ..မှန်တယ်မရေ.
လူတွေက ဒီလိုပါပဲ...နောက်တစ်ခါတော့ အခိုးမခံရ
အောင်သေချာဂရုစိုက်နော်မ...:)
ခင်မင်နေတဲ့..ညီမလေးမိုးနတ်

{ roseayemaung } at: October 4, 2012 at 5:02 AM said...

ကျောက်ကပ်တွေ အခိုးခံနေရတဲ့
ကမ္ဘာကြီးထဲ
ငါ့ရဲ့ ဖြူစင်တဲ့
နှလုံးသား
မေ့ဆေး မပေးပဲ
ခိုးယူခြင်းခံလိုက်ရပြီ ။
**ဘယ်သူခိုးသွားတာ..မဂျက်..ရယ်...
နှင်းဆီ..ခြေတီး..လက်တီး..စာသွားကျွေး..
ပေးလိုက်မယ်နော်**စံပယ် ကိုချစ်တဲ့ နှင်းဆီ..

{ တောက်ပကြယ်စင် } at: October 4, 2012 at 5:59 AM said...

စပါယ်ရေ နှလုံးသားကို သော့အကောင်းစားတွေနဲ့ ခတ်ထားလိုက်ပေါ့။ တစ်ချို့က ခင်မင်မှုတွေကို ငှားရမ်းလို့ရတဲ့ ၀တ္ထုစာအုပ်လို သဘောထားတတ်ကြတယ်။
ခင်မင်တဲ့

{ မိုးသက် } at: October 4, 2012 at 6:05 AM said...

ဟိဟိ တေချာမှ တိမ်းမထားတာ အစ်မဂျက်..။
တားပြောတားပဲ.။

{ လရိပ်အိမ် } at: October 4, 2012 at 6:11 AM said...

ဖြူစင်တဲ့
ခင်မင်မှု စစ်စစ်တွေ
အတင်းမယူဘူး။ ခွင့်တောင်းပြီးမှယူမယ်နော်။

{ mstint } at: October 4, 2012 at 7:02 AM said...

ခေတ်နဲ့လိုက်လျောညီထွေလှတဲ့ ကဗျာလေးတစ်ပုဒ်ပါလား ဂျက်ရေ။ အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ kiim } at: October 4, 2012 at 7:22 AM said...

ဒီကဗျာလေးကတော့ရေရေလည်လည်မိုက်တယ်
အမရေ.. အရမ်းကောင်းတယ်..
အားလုံးကောင်းတယ်...
တကယ်အခိုးခံရတာလားဆိုတာတော့သိချင်ပါ၏..း)

{ ချစ်စံအိမ် } at: October 4, 2012 at 7:37 AM said...

မမဂျယ် ဒီကဗျာလေးတစ်မျိုးလေးပဲ ဘာပဲရေးရေးကြိုက၏

{ ချစ်သူရင်ခွင် } at: October 4, 2012 at 10:45 AM said...

ကဗျာလေးလာရောက်အားပေးသွားပါတယ်ဗျာ

{ Angelhlaing(May everybody be happy and healthy! } at: October 4, 2012 at 12:38 PM said...

မျဉ်းကွေး မျဉ်းကောက်တွေ အကြား
နေသားကျနေတဲ့ သူ
အမှားတွေကို အမှန်ထင်နေတဲ့ သူ...

သူလိုလူ....

Anonymous at: October 4, 2012 at 7:34 PM said...

ညီမလေးကတော့ အပိုင်ယူမှာနော တန်ဖိုးလည်း ထားပါတယ် မမ

~ Kk ~

{ 3rdthameetaw } at: October 4, 2012 at 9:11 PM said...

မနေ့ ကတည်းက ကော်မန့်လာပေးတာမ၀င်ဘူးကွာ နက်လိုင်း ကဆိုးလိုက်တာ
ဂျက်ရေးထားတာလေးကို သေချာဖတ်ကြည့်တယ် ခုခေတ် က ကိုယ်လိုချင်တာရရင်ပြီးရောပဲ
သူများမျက်ရည်ကျတာကို ဂရုမစိုက်ကြတော့ဘူး
လေ မျက်နှာပြောင်တိုက်ပြီး ခိုးတာ မျက်နှာပြောင်တိုက်ပြီး ယူတာ ရှက်စရာလို့ မတွေးတော့ဘူး ရအောင်ယူနိုင်တာ
ကိုပဲဂုဏ်ယူစရာလို့ တွေးကြတာ ကြောက်စရာ
ကောင်းလာတယ်

{ 3rdthameetaw } at: October 4, 2012 at 9:13 PM said...

မနေ့ ကတည်းက ကော်မန့်လာပေးတာမ၀င်ဘူးကွာ နက်လိုင်း ကဆိုးလိုက်တာ
ဂျက်ရေးထားတာလေးကို သေချာဖတ်ကြည့်တယ် ခုခေတ် က ကိုယ်လိုချင်တာရရင်ပြီးရောပဲ
သူများမျက်ရည်ကျတာကို ဂရုမစိုက်ကြတော့ဘူး
လေ မျက်နှာပြောင်တိုက်ပြီး ခိုးတာ မျက်နှာပြောင်တိုက်ပြီး ယူတာ ရှက်စရာလို့ မတွေးတော့ဘူး ရအောင်ယူနိုင်တာ
ကိုပဲဂုဏ်ယူစရာလို့ တွေးကြတာ ကြောက်စရာ
ကောင်းလာတယ်

{ အိပ်မက်ကောင်းကင် } at: October 4, 2012 at 10:54 PM said...

မမစံပယ် လည်း အမှန်တရားတွေကို ရေးထားတာကိုး
အမှန်တရားတွေကိုရေးထားတဲ့ ကဗျာမို့လို့ ခံစားလို့ကောင်းသား
ကဗျာလေးထဲကလို ကိုယ့်အတွက်ပဲ ကြည့်တဲ့ လူတွေအများကြီးပါ

{ မင်းအရိပ် } at: October 5, 2012 at 4:34 AM said...

ကဗျာလေး အရမ်းကောင်းတယ် မကြီး
ပျောက်နေတယ်လာပြောလို့ ကွန်မန့်လာပေးသွားတယ် :D

{ မင်းအရိပ် } at: October 5, 2012 at 4:35 AM said...

ကွန်မန့်လဲ မပေါ်ဘူးဂျာ :(

{ မောင်ရေခဲ(အဝတ်နီ) } at: October 5, 2012 at 10:21 AM said...

အရောင်လွင့်ပြီး
ဖြူရော်ရော် ဖြစ်လာသလား
ထင်ယောင်မှား
မဟုတ်ဘူးနော်
တိတိကျကျ ကြီး....................
ကြိုက်ပါ့ဗျာ

{ ငြိမ်းစိုးဦး } at: October 5, 2012 at 8:50 PM said...

ကတိတွေပျက် အတ္တတွေ နက်မှတော့ အနာဂတ်ဟာ အလင်းမဲ့သလို ခိုးယူခံရတာ ပေါ်လွင်နေပါတယ် ...

{ နွေလ } at: October 6, 2012 at 12:39 AM said...

စာမေးပွဲက အခုမှ ပြီးပြီးပြတ်ပြတ်ပြီးလို့
အခုမှပဲ ရောက်ဖြစ်တော့တယ် အစ်မရေ
Practical Term တွေနဲ့ အလုပ်ရှုပ်နေတာ
ရောက်ရောက်လာချင်းမှာပဲ
ဖတ်လိုက်ရတဲ့ ကဗျာက
တကယ့်ကို အာသီသပြေသွားတာပဲ
နှစ်ပတ်လုံး ဒီအရေးအသားတွေ လွမ်းနေတာဗျ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine