Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သူငယ်ချင်းရင်ထဲက ကောင်မလေး

| Monday, December 10, 2012
မဗေဒါ ဘဲအုပ်တွေကြား
ပျော်နေမလား
ပိုးဖလံ မီးကိုတိုးနေတာလား
အရာရာ ကံကိုသာပုံချ
တမ်းတစရာ မေတ္တာစစ်စစ်
တကယ်မရှိ
အသိနောက်မကျပါဘူး ကောင်မလေးရေ။

သင်းကွဲနေတဲ့ 
ကောင်မလေးရဲ့ သိက္ခာတွေ
တစစီပြန်ကောက်
မင်းရဲ့ နောက်က အရိပ်
ငါ ဖြစ်ချင်မိတယ်။

ဂတိစကားတွေမရှိ
အသိတရားလဲ မထား
အကြင်နာမဲ့အသိတွေက
ကောင်မလေးရဲ့ ဘ၀ကို
တစ်စစီဆွဲစုတ်
မှောင်နေတဲ့ဘဝ
အနက်ရောင်တွေထပ်တိုး
ကောင်မလေးအနာဂတ်
ဆိုးပြီးရင်း ဆိုးလဲ
အားလုံးကိုခ၀ါချလို့
ငါ့ ရင်ခွင်ထဲ
ရဲရဲကြီးသာဝင်ခဲ့ပါ.......ကောင်မလေးရေ

jasmine 

(ကဗျာလေးဖတ်ပြီးရင် ခရစ်စမတ်လက်ဆောင်လေးယူပါရှင်)
 


21 comments:

{ Unknown } at: December 10, 2012 at 2:33 AM said...

အရာရာ ကံကိုသာပုံချ
တမ်းတစရာ မေတ္တာစစ်စစ်
တကယ်မရှိ။
ခင်တဲ.အန်တီလေးမေခင်

Anonymous at: December 10, 2012 at 5:23 AM said...

ယူသွားပါတယ်ခင်ဗျာ
ကျေးဇူးလည်းတင်ပါတယ်ဗျာ.....။

{ kiim } at: December 10, 2012 at 6:02 AM said...

ကဗျာလေးလာဖတ်သွားပါတယ် အမရေ..
မှောင်နေတဲ့ဘဝ
အနက်ရောင်တွေထပ်တိုး
ကောင်မလေးအနာဂတ်
ဆိုးပြီးရင်း ဆိုးလဲ
အားလုံးကိုခ၀ါချလို့
ငါ့ ရင်ခွင်ထဲ
ရဲရဲကြီးသာဝင်ခဲ့ပါ.......ကောင်မလေးရေ...

{ Phyu Lwin } at: December 10, 2012 at 6:20 PM said...

ခုမှပဲ ရောက်ဖြစ်ပြီး ကဗျာလေး ခံစားသွားတယ်မမ.. ကဗျာလေးထဲက ကောင်လေးရဲ့အချစ်စစ်တွေကို တွေ့မိတယ်

{ လရိပ်အိမ် } at: December 10, 2012 at 7:04 PM said...

ဟင် မဝင်ရဲဘူး မစံပယ်။ ကြောက်စရာကြီး။

{ လရိပ်အိမ် } at: December 10, 2012 at 7:06 PM said...

အဲ မှားလို့။ ဘယ်သူ့ရင်ခွင်ထဲဝင်ရမှာလဲ။

{ Thamee Su } at: December 11, 2012 at 1:21 AM said...

ကဗျာလေးဖတ်ပြီး လက်ဆောင်ယူသွားပြီ မဂျက်

{ ညီလင်းနိုင် } at: December 11, 2012 at 3:10 AM said...

ကဗျာလှလှလေးလည်း ခံစားခဲ့တယ် ....

လက်ဆောင်တွေလည်း ယူသွားခဲ့တယ် .....

မဂျက်အိမ်ကလေးဆီ လာလည်ရတာ တန်လိုက်တာ ။

:):):)

{ 8Yar } at: December 11, 2012 at 5:03 AM said...

ကဗျာလေးကောင်းတယ် အစ်မ Jas ရေ... ကောင်မလေးမှာ အဲလိုနားလည်ပေးနိုင်တဲ့သူရှိတာ အရမ်းကံကောင်းတာပဲ...

{ ချစ်စံအိမ် } at: December 11, 2012 at 7:56 AM said...

သင်းကွဲနေတဲ့
ကောင်မလေးရဲ့ သိက္ခာတွေ
တစစီပြန်ကောက်
မင်းရဲ့ နောက်က အရိပ်
ငါ ဖြစ်ချင်မိတယ်။
ကောင်းလိုက်တာမမရေ..

{ Yoemyaykya } at: December 11, 2012 at 8:37 PM said...

အနော့်နောက်က အရိပ်တကယ်ဖြစ်ချင်တာလား။ဖြစ်စေဗျား။
ခရစ်စမတ်နေ့မှာ ဘာကျွေးမှာလဲမမ။

Anonymous at: December 11, 2012 at 9:05 PM said...

ကဗျာလေးကို ခံစားခဲ့ပါတယ်ရှင်။။။။။။။။။။

{ စံပယ်ချို } at: December 11, 2012 at 9:35 PM said...

ကေသီရေ နဲ့ သူငယ်ချင်းအားလုံး စားချင်တာလဲကျွေးမယ်
သောက်ချင်တာလဲတိုက်မယ်........

{ လေပြေချို } at: December 11, 2012 at 11:35 PM said...

ကဗျာလေးလာဖတ်တာ မမရေ.... လက်ဆောင်လေးလည်း ယူမယ်နော်.. အဲ့ထဲမှာ ဘာရှိလဲသိချင်လိုက်တာ :)
ချစ်တဲ့
လေပြေ

{ Unknown } at: December 12, 2012 at 6:14 AM said...

မိုက်တယ်ဗျာ အချစ်လှလှလေး

{ မိုးသူ(တောင်ကြီး) } at: December 12, 2012 at 4:38 PM said...


သင်းကွဲနေတဲ့
ကောင်မလေးရဲ့ သိက္ခာတွေ
တစစီပြန်ကောက်
မင်းရဲ့ နောက်က အရိပ်
ငါ ဖြစ်ချင်မိတယ်။

မကြီးဂျက်ရေ

ကဗျာလှလှလေးခံစားဖတ်ရှုသွားပါတယ်ဗျ

ခင်တဲ့

မိုးသူ(တောင်ကြီး)

Anonymous at: December 13, 2012 at 1:45 AM said...

အမူးသမားကဗျာ မရှိဝူးလား ယောက်ခမ..အချစ်ကဗျာမဖတ်ချင်ဝူး

{ အိပ်မက်ကောင်းကင် } at: December 13, 2012 at 2:44 AM said...

ကဗျာကောင်းလေးကိုခံစားရင်း လက်ဆောင်ထုပ်ပေးကိုယူသွားတယ်နော်
နှစ်ထုပ်လုံးယူသွားတာ ^_^
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

{ Unknown } at: December 13, 2012 at 9:22 PM said...


ကဗျာလေးကိုနှစ်သက်ခံစား
ဖတ်ရှုခဲ့ ပါတယ်ရှင်..။

{ Unknown } at: December 13, 2012 at 9:44 PM said...

ကဗျာလေးကို
နှစ်သက်ခံစား အားပေးခဲ့ပါတယ်ရှင်။

Anonymous at: December 13, 2012 at 9:46 PM said...

ကဗျာလေးကို
နှစ်သက်ခံစားဖတ်ရှုခဲ့ ပါတယ်..။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine