Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရိုးမြေကျ အတွက်မွေးနေ့ဆုတောင်း(အကြို)

| Friday, February 15, 2013

Friends18.com Orkut Scraps
သူမနဲ့ ကျွန်မ
အကြိုက်ခြင်းတွေ တူကြတယ်
သူမကလဲ တစ်ဦးတည်းသောသမီးတဲ့
ကျွန်မကလဲ တစ်ဦးတည်းသောသမီးပေါ့
သူမ စာရေးဆရာမ ဂျူးကိုရူးသွပ်တယ်တဲ့
သူမ ဖြူဖြူကျော်သိန်းကိုလဲ ကြိုက်တယ်တဲ့
သူမနဲ့ကျွန်မ နေရာဒေသ
ဇာတိ မွေးနေ့ မွေးလ
မတူလေသော်လဲ
နှလုံးသားချင်း ဆက်နွယ်မှု
စိတ်များရဲ့ စွမ်းအား
တူနေကြတယ်
ဖေဖ၀ါရီလမှာ သူမကိုမွေးခဲ့တာပါတဲ့
နှင်းတွေ အဝေးထွက်ပြေးတဲ့အချိန်လေးပေါ့
မြူတွေကလဲ အထုပ်အပိုးတွေနဲ့
သူရဲ့ အိမ်ကိုပြန်တဲ့အချိန်ပေါ့
အပူရှိန်လေးက မခို့တခို့နဲ့
ဝင်လာတဲ့အချိန်
နွေဆိုတဲ့ မသိတသိလေးအချိန်မှာ
အေးချမ်းတဲ့ သူမရဲ့ မွေးနေ့လေးပေါ့
နာမည်လေးအလွန်လှတယ်
သံယောဇဉ် မင်မင်မှု အထပ်ထပ်နဲ့
ရိုးမြေကျ ပါကွယ်
ချစ်ခြင်းတွေ အပ်ကြောင်းထပ်အောင်လဲ
သူမ ပြောတတ်မှာပါ
အမုန်းတွေကိုတော့ 
သူမလဲ မုန်းတယ်တဲ့လေ
ရိုးမြေကျရဲ့
မွေးနေ့ မွေးရက်မှ စ၍
စိတ်ချမ်းသာမှုတွေနဲ့အတူ
အေးငြိမ်းမှု အားလုံး
ဘုရားသခင်ပေးတော်မူပါ ။  


Friends18.com Orkut Scraps 
 
အချစ်များစွာဖြင့်  jasmine

20 comments:

{ ရင်ခုန်ရသူ } at: February 15, 2013 at 9:30 PM said...

ထပ်တူဆုတောင်းပေးပါတယ်နော်
ပျော်ရွှင်စွာဖြင့်ဘဝခရီးလျှောက်လှမ်းနိုင်ပါစေဗျာ

ခင်တဲ့


ရင်ခုန်

{ witch83 } at: February 15, 2013 at 9:36 PM said...

ma jas က တစ်ဦးတည်းသောသမီးဆိုတာ ခုမှ သိတယ်။ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်းတွေ အများကြီး ရပါစေ။း)

{ roseayemaung } at: February 15, 2013 at 9:38 PM said...

သူမနဲ့ကျွန်မ နေရာဒေသ
ဇာတိ မွေးနေ့ မွေးလ
မတူလေသော်လဲ
နှလုံးသားချင်း ဆက်နွယ်မှု
စိတ်များရဲ့ စွမ်းအား
တူနေကြတယ်
***
ရိုးမြေကျရဲ့
မွေးနေ့ မွေးရက်မှ စ၍
စိတ်ချမ်းသာမှုတွေနဲ့အတူ
အေးငြိမ်းမှု အားလုံး
ဘုရားသခင်ပေးတော်မူပါ ။
မစပယ်နှင့်အတူဆုတောင်းပေးခဲ့ပါ၏...မရိုးမြေ..ရေ
ကဗျာလေးလှတယ်စပယ်ချစ်တဲ့နှင်းဆီ

{ မိုးနတ်ကြယ်စင် } at: February 16, 2013 at 3:38 AM said...

မွေးနေ့ရှင်ရော ဆုတောင်းပေးသူပါ
စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ လိုရာဆန္ဒတွေ
ပြည့်ဝပါစေရှင်...:)))

{ Aunty Tint } at: February 16, 2013 at 7:26 AM said...

မွေးနေ့ရှင် ရိုးမြေကျနဲ့ တောင်းဆုရှင် ဂျက်တို့ ထပ်တူကျဘို့ ခဲယဉ်းလှတဲ့ ဆန္ဒနဲ့ဘဝ အနီးစပ်ဆုံးတူညီကိုက်ညီကြပါစေလို့နော်-
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မိုးညချမ်း } at: February 16, 2013 at 7:32 PM said...

မွေးနေ့ကဗျာလှလှလေးကို လာဖတ်သွားပါတယ် မမရေ ... မွေးနေ့ရှင် မမရိုးမြေရော မွေးနေ့ကဗျာလေးဖန်တီးလက်ဆောင်ပေးတဲ့ မမဂျက်ရော ရှေ့ဆက် ကဗျာလှလှလေးတွေ ဖန်တီး ထုဆစ်နိုင်ကြပါစေနော် ...

{ နွေတေးရှင် (မင်းဧရာ) } at: February 16, 2013 at 8:40 PM said...

မရိုးမြေကျရော
မစံပယ်ရော သည်မွေးနေ့လေးမှသည် စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေဗျာ။

{ လရိပ်အိမ် } at: February 16, 2013 at 9:41 PM said...

ဆုတောင်းပေးသူ မစံပယ် နှင့် မွေးနေ့ရှင် ရိုးမြေကျ ထာဝရ ပျော်ရွှင်နိုင်ပါစေ။

{ Thu } at: February 16, 2013 at 10:50 PM said...

မွေးနေ့ရှင်ကော မမစံပယ်ကော..ပျော်ရွှင်နိုင်ပါစေ :)

{ Phyu Lwin } at: February 17, 2013 at 1:21 PM said...

မွေးနေ့ဆုတောင်းကဗျာလှလှလေးကို facebook မှာလဲ တွေ့မိလို့ ဖတ်ပြီးပြီ မမ။ ဒီမှာလည်း တစ်ခါထပ်လာအားပေးတယ် :)

{ ချစ်စံအိမ် } at: February 17, 2013 at 3:14 PM said...

ကဗျာလေးခံစားရင် မွေးနေ့ ရှင်အပြုံးလေးကိုမြင်ယောင်မိပါတယ်..

{ Yoemyaykya } at: February 17, 2013 at 6:03 PM said...

မမရေ ဒီနေ့မှ ဆိုဒ်လေးကို လာလည်ရတယ်။ ပိတ်ရက်တွေမှာဆို ညလေးက အမြဲ offline ဖြစ်နေတာဆိုတော့ ခုမှ ပုံလေးတွေကြည့်ရတယ်။ ပုံလေးတွေက ကြိုက်တယ်မမ။ ညလေးအပေါ်ထားတဲ့ မမစေတနာကို မြင်ရတယ်။ အာဘွား

{ Unknown } at: February 17, 2013 at 6:44 PM said...

မဂျီးဂျက်ရော မရိုးမြေရော ပျော်ပါစေဂျာ

{ Thamee Su } at: February 18, 2013 at 7:08 AM said...

ညီမလေးရိုးမြေကျရော မကြီးဂျက်ရော ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေ

{ သူကြီးမင်း (တုံးဖလား) } at: February 18, 2013 at 4:41 PM said...

အမုန်းတွေကိုတော့
သူမလဲ မုန်းတယ်တဲ့လေ။

သူကြီးမင်းလဲ မုန်းတယ်။း)

{ Angelhlaing(May everybody be happy and healthy! } at: February 19, 2013 at 8:00 AM said...

Happy Birthday ပါ မွေးနေ့ရှင်လေးရေ..
မမရေ.. ညလေးရောက်တယ်လို့..:)

{ လေပြေချို } at: February 19, 2013 at 7:41 PM said...

စိတ်ထားဖြူဖြူလေးနဲ့ ပန်းစပယ်တွေဝေနေတဲ့အိမ်ကို ဒီနေ့မှပဲရောက်ဖြစ်တော့တယ်... အလုပ်များနေလို့ မရောက်ဖြစ်ပေမယ့် အမြဲတမ်းသတိရနေပါတယ်မရေ... ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းကျလို့ ဘ၀ရဲ့အနာဂါတ်မှာ လှပတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ရင်း ပျော်ရွှင်ပါစေလို့ မွေးနေ့ရှင်အတွက် ဒီနေရာကနေပဲ ဆုတောင်းပေးလိုက်ပါတယ်...
ချစ်တဲ့
လေပြေ

{ အမ်တီအန် } at: February 19, 2013 at 8:01 PM said...

မွေးနေ့ရှင်ရော..
မွေးနေ့ဆုတောင်းသူ ဂျက်ရော..
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
အစဉ်အမြဲ ပျော်ရွှင်ပါစေလို့..

{ လောင်စာ } at: February 22, 2013 at 7:08 AM said...

လည်လည်ရောက်ခဲ့တယ်နော့်အစ်မ...။ ကဗျာတွေက အရမ်းချစ်စရာကောင်းတာပဲ။ မွေးနေ့မှာ ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုတောင်းပါတယ်။
ဆုတောင်းပေးတဲ့အစ်မလဲ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုတောင်းပေးပါတယ်။

{ Unknown } at: February 23, 2013 at 1:11 AM said...

တောင်းဆုအတိုင်း ပြည့်စေ ဂျက်ရေ...

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine