Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

လရိပ်အတွက်မွေးနေ့ ဆုတောင်း

| Friday, February 8, 2013


နေမင်းရဲ့လင်းရောင် ဖြာဖြာကျတဲ့ချိန်
မြူနှင်းတို့ ဝေးရာပြေးတဲ့ချိန်
ဒီအချိန်
အလင်းစက်ကြောင့်
နှင်းရည်တွေ စိုစွတ်ဖို့ခက်နေလေရဲ့

ဟိုအဝေးမှာပေါ့
ပူသလို အေးသလိုနဲ့  စိတ်တွေကိုမြူတဲ့
ဒီအချိန် ဒီရာသီ
လောကအလည်
ရောက်လာတဲ့
လရိပ်
ရင်ကိုငြိမ်းအေးစေတဲ့  အမည်
ပူနေတဲ့ လူကိုငြိမ်းအေးစေတဲ့ လရိပ်
ညအမှောင် ထွန်းလင်းစေတဲ့  လရိပ်
အနေအေးပြီး အဖော်မင်တဲ့ လရိပ်
သူမရဲ့ မွေးနေ့
ကျွန်မ ၀ိုင်ပုလင်းမပို့နိုင်ဘူး
ကိတ်မုန့် မပို့နိုင်ဘူး
ဒါလဲပဲ လရိပ် စိတ်မဆိုးပါတဲ့လေ
ဒီနေ့-ဒီအချိန်မှ စ၍
ဘ၀ရဲ့ ခက်ခဲမှုတွေ
အားလုံးအောင်မြင်ပြီး
ရည်မှန်းချက်တွေလဲပြည့်ဝပါစေ
ချစ်ရသူနဲ့အတူ
လက်တွဲ ခိုင်ခိုင်မြဲပါစေလို့
ဆုတောင်းရင်း
အချစ်များစွာဖြင့်

sis jasmine

(12.2.1013 နေ့တွင်ကျရောက်မည့် ညီမငယ် လရိပ်အိမ်ရဲ့ မွေးနေ့
အကြို ဆုတောင်း(အမှတ်တရ)ကဗျာလေးပါ
၁၂ရက်နေ့မှတင်ပါက ၁၄ ရက်နေ့နှင့်ကပ်နေမည်ဖြစ်ပါသဖြစ်
ကြိုတင်ပြီးတင်လိုက်တာပါရှင် )

12 comments:

{ roseayemaung } at: February 9, 2013 at 2:34 AM said...

'ဒီနေ့ကံကောင်းသွားတယ်.မွေးနေ့ရှင်ကိုမသိပဲကိတ်မုန့်အ၇င်ဆုံးလာစားလိုက်၇တယ်
မစပယ်နှင့်အတူဆုတောင်းပေးခဲ့ပါတယ်ချင့်

{ roseayemaung } at: February 9, 2013 at 2:35 AM said...

မစပယ်...ရေအနမ်း၁၀၀လာပေးသွားတာကျေးကျေးပါချင့်...ချစ်သောစပယ်...နှင်းဆီ

{ မိုးနတ်ကြယ်စင် } at: February 9, 2013 at 7:26 AM said...

မရေ.....မမလရိပ်အတွက် ကဗျာလာဖတ်သွားတယ်ဗျာ...ကိတ်မုန့်ကို
ရို့စ်လေးက မိုးနတ်ထက်အရင်ယူစားသွားတယ်ဟင့်..
အဲဒါ မ ဘယ်လိုဖြေရှင်းပေးမှာလဲဟင် :(

{ ရင်ခုန်ရသူ } at: February 9, 2013 at 6:10 PM said...

ထပ်တူဆုတောင်းပေးသွားပါတယ်
ကိတ်မုန့်လည်းစားသွားတယ်နော်

{ Phyu Lwin } at: February 10, 2013 at 3:44 AM said...

မမရေ မွေးနေ့လက်ဆောင်ကဗျာလေးက ချစ်ဖို့ကောင်းလိုက်တာ..ညီမတောင်ဖတ်ပြီး ကြည်နူးမိတယ်..။ ကဗျာတွေအများကြီး တစ်နေ့ ၅ ပုဒ်ထက်မနည်းရေးနိုင်ပါစေ။ ကဗျာတွေဖတ်ရတာ စိတ်ကို အရမ်းအေးချမ်းစေလို့ပါ :)

{ စံပယ်ချို } at: February 10, 2013 at 6:46 AM said...

အောင်မြတ်လေးစနိုးရေ
၅ရက်နေလို့တပုဒ်တောင်မရေးနိုင်ပါဘူးဟယ်

{ သဒ္ဓါလှိုင်း } at: February 10, 2013 at 9:19 AM said...

လှပတဲ့မွေးနေ့ကဗျာလေးနဲ့အတူ မွေးနေ့ရှင် ကျန်းမာရွှင်လန်းပါစေ...
ကဗျာရေးပေးတဲ့ ဂျက်လည်း ထပ်တူကျန်းမာရွှင်လန်းပါစေ.
ချစ်တဲ့
သဒ္ဓါ

{ Aunty Tint } at: February 11, 2013 at 5:50 AM said...

လရိပ်အတွက် မွေးနေ့ဆုတောင်းကဗျာလေး ဖတ်သွားတယ် ဂျက်ရေ။
မွေးနေ့ရှင်လေးရော ကဗျာရှင်လေးပါ
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေလို့ဆုတောင်းပေးခဲ့တယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ညီလင်းနိုင် } at: February 11, 2013 at 9:52 AM said...

ကဗျာလှလှ ချိုချိုလေးအတွက်

မွေးနေ့ရှင် ကြည်နူးနေမယ် ဆိုတာ

ကျွန်တော် ယုံကြည်ပါတယ်။

Happy Birthday လရိပ်.... :)

{ သူကြီးမင်း (တုံးဖလား) } at: February 11, 2013 at 12:11 PM said...

ပြည်ထောင်စုနေ့မှာ မွေးတာဘဲ။ သူ့ကို မွေးပြီး မိသားစုတွေ ပိုပြီး ညီညွတ်လာလောက်တယ်။

မွေးနေ့ရှင် ကဗျာရှင် နှစ်ယောက်လုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ။

{ လရိပ်အိမ် } at: February 12, 2013 at 2:59 AM said...

မစံပယ်ရဲ့ကဗျာနဲ့ အားလုံးရဲ့ ဆုတောင်းပေးမှုတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

{ နွေတေးရှင် (မင်းဧရာ) } at: February 16, 2013 at 8:18 PM said...

မစံပယ်ရဲ့ ဆုတောင်းကဗျာလေးနဲ့အတူ
သဘော မနော ဖြူလှသူ မလရိပ်တစ်ယောက်
အခုမွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေဗျာ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine