Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပေါက်ကရ ကဗျာ (ဟိုရောက်ဒီရောက်)

| Friday, February 1, 2013
ဆုတ်ယုတ်နေတဲ့ခေတ်ထဲ
ယုံကြည်ခြင်းတွေ အဟုတ်ထင်ခဲ့တဲ့ ငါ

ပလီပလာနဲ့ တီတီတာတာ
သူ့စကားကြောင့်
ငါ  လမ်းတွေမှားခဲ့ရတယ်

ကြင်နာခြင်းဆိုတဲ့ ပင်ပျိုတွေ
ရေလောင်း ပေါင်းသင်
၂၀ ရာစုကအတွေးတွေနဲ့
ကိုယ့် ကိုကိုယ် မြေတောင်မြှောက်နေဆဲ

ပြောခဲ့ဖူးတဲ့ ၀ါကျတွေ
ဘောင်ခတ်ထားလို့ရရင်
ဒါမှ မဟုတ်မိတ္တူပွားထားလို့ရရင်
တခုခုပေါ့နော်

သစ္စာဖောက်ခြင်း
သစ္စာပျက်ခြင်း
ပြုလုပ်တတ်သူကတော့
အခွင့်အရေးကို
အမြဲစောင့်စားနေတာပေါ့

ငါ  ဆိုတဲ့ငပိန်းရဲ့ အတွေးကတော့
အမြဲအိပ်ငိုက်နေလေရဲ့
ယုတ္တိမတန် စိတ်သေးတဲ့သူတွေ
တချို့က ယောက်င်္ကျားမှ မိန်းမ
တချို့က မိန်းမမှ ယောက်င်္ကျား
ငြင်းကျ ခုန်ကျ
ဘယ်သူမှန်သလဲ
ငါ လဲအဖြေကိုရှာဆဲ
သေချာတာတော့
အဲတာ ငါ့ အထာမဟုတ်ဘူး

ဒီနေ့တော့ မာယာတွေကို
အရည်ဖျော်
ကော်ရည်ခေါက်ဆွဲချက်စားကြစို့ ။

jasmine


27 comments:

{ မိုးနတ်ကြယ်စင် } at: February 1, 2013 at 6:45 AM said...

ဒီနေ့တော့ မာယာတွေကို
အရည်ဖျော်
ကော်ရည်ခေါက်ဆွဲချက်စားကြစို့ ... :P

အဲ့အစီအစဉ်ကောင်းသားပဲ မ
ကော်ရည်ခေါက်ဆွဲပဲလား...တခြား အချိုပွဲလေးရော
မပါဘူးလားးးးးးးးးး
ဘယ်အချိန်လဲ မသိဘူးးးးးးးး
ဝမ်းနှုတ်ထားချင်လို့.....ဟယ် ၉နာရီ ၁၃ ရှိပြီရှင့်
ဒီနေ့အဖို့တော့ မမှီတော့ဘူးထင်တယ် :(((
သွားပါပြီ မရယ် :D
တခါတခါ အဲလိုဟိုရောက်ဒီရောက် စိတ်ပေါက်ပေါက်
နဲ့ရေးတာတွေ အားကြီးလွပ်လပ်တယ် အဟုတ် :P
ချစ်တဲ့....မိုးနတ်

{ စံပယ်ချို } at: February 1, 2013 at 6:55 AM said...

ကော်ရည်ခေါက်ဆွဲစားချင်နေတာကြာပေါ့
မချက်တတ်သေးလို့ငြိမ်နေတာ
ချက်ပြီးတဲ့အခါ ဖဘ မှာလာစားနော်

{ San San Htun } at: February 1, 2013 at 7:18 AM said...

ကော်ရည်ခေါက်ဆွဲ စားချင်သွား၏..း)

{ Thamee Su } at: February 1, 2013 at 8:36 AM said...

ဒီနေ့တော့ မာယာတွေကို
အရည်ဖျော်
ကော်ရည်ခေါက်ဆွဲချက်စားကြစို့ ။
ကော်ရည်ခေါက်ဆွဲသိပ်ကြိုက်တာ မကြီးဂျက်ရေ စားချင်သွားပြီ

{ ချစ်စံအိမ် } at: February 1, 2013 at 2:33 PM said...

ဒီနေ့တော့ မာယာတွေကို
အရည်ဖျော်
ကော်ရည်ခေါက်ဆွဲချက်စားကြစို့ ။

မိုက်တယ် မမရေ ကြိုက်တယ်

{ သူကြီးမင်း (တုံးဖလား) } at: February 1, 2013 at 5:26 PM said...

ကော်ရည်ခေါက်ဆွဲဆို ဟုတ်လှပါပြီ။ ဘယ့်နှယ်လုပ် မာယာကို အရည်ဖျော်ထည့်ရသတုန်း။ ရွံစရာကြီး။း)

{ သဒ္ဓါလှိုင်း } at: February 1, 2013 at 10:51 PM said...

ကော်ရည်ခေါက်ဆွဲ စားချင်တယ်..
မာယာတွေ..မာယာတွေ..

{ Unknown } at: February 1, 2013 at 10:58 PM said...

သစ္စာဖောက်ခြင်း
သစ္စာပျက်ခြင်း
ပြုလုပ်တတ်သူကတော့
အခွင့်အရေးကို
အမြဲစောင့်စားနေတာပေါ့
တီလေးကတော.ကော်ရည်ခေါက်ဆွဲစားဘို.
စောင်.စားနေမယ်နော်။
ခင်တဲ.အန်တီလေးမေခင်

{ Phyu Lwin } at: February 2, 2013 at 2:41 AM said...

ပြောခဲ့ဖူးတဲ့ ၀ါကျတွေ
ဘောင်ခတ်ထားလို့ရရင်
ဒါမှ မဟုတ်မိတ္တူပွားထားလို့ရရင်
တခုခုပေါ့နော်

.... ဟုတ်တယ်.. စကားတွေ မိတ္တူပွားထားလို့ရရင် လျှာအရိုးမရှိတိုင်း ပြောရဲကြမှာ မဟုတ်တော့ဘူး.. :D

{ roseayemaung } at: February 2, 2013 at 2:59 AM said...

ဒီနေ့တော့ မာယာတွေကို
အရည်ဖျော်
ကော်ရည်ခေါက်ဆွဲချက်စားကြစို့

ဗိုက်ဆာနေတာနဲ့အတော်ပဲ
ချက်ပြီးပီလား...လာစားတော့မယ်
စပယ်ကိုချစ်နဲ့နှင်းဆီ

{ 3rdthameetaw } at: February 2, 2013 at 4:16 AM said...

ချက်တာ ၀ါသနာ ပါတဲ့ သူလို့  မပြောရဘူး
ကဗျာထဲမှာတောင် ကော်ရည်ခေါက်ဆွဲ ကို
ချက်စားနေသေးတယ်
လေးစားတယ် တကယ်
မိန်းမ ပီသ တဲ့ သူတွေကိုပေါ့..:)

{ လေပြေချို } at: February 2, 2013 at 8:03 AM said...

ကော်ရည်ခေါက်ဆွဲတော့ကြိုက်ပါတယ်... မာယာတွေကို အရည်ဖျော်ထည့်မယ်ဆိုတော့ မကြိုက်ချင်ပေမယ့် အဲ့မာယာတွေကို ကော်ရည်ထဲက ကန်စွန်းရွက်တွေလို သဘောထားပြီး စားပါ့မယ် ဟီးဟီး...
မရေ... ပေါက်ကရကဗျာကလည်း အဲ့လောက်ကောင်းတာပဲနော်...
ချစ်တဲ့
လေပြေ

{ မိုးသက် } at: February 2, 2013 at 12:39 PM said...

မိုက်တယ် အစ်မဂျက်..
ကော်ရည်ခေါက်ဆွဲချက်ပြီးရင် လက်တို့လိုက်ဦးနော်.။

{ ညောင်ညိုရိပ် } at: February 2, 2013 at 11:22 PM said...

ကော်ရည်ခေါက်ဆွဲ ချက်ကြတာပ :) ကျန်းမာ နေကောင်းပါစေဗျာ

{ ညီလင်းနိုင် } at: February 3, 2013 at 1:25 AM said...

အားစိုက်ထားတဲ့ ကဗျာလို့ ယုံကြည်ပါတယ်။

ဆက်လက်ထုဆစ်နိုင်ပါစေ မဂျက်။

{ Yoemyaykya } at: February 3, 2013 at 8:28 PM said...

ကော်ရည်ခေါက်ဆွဲကြိုက်တယ်မမ။စားချင်လာပီနော်။
သစ္စာဖောက်ခြင်း၊သစ္စာပျက်ခြင်း
ပြုလုပ်သူတွေကတော့ အခွင့်အရေးကို စောင့်နေတာပေါ့။

Anonymous at: February 3, 2013 at 11:49 PM said...

မဂျက်ရေ ..အဲ့ကော်ရည်လေးကတော့ မာယာနဲ့ ရောထားတယ်ဆိုတော့ ပိုပျစ်နေမလားပဲနော် :P

စတာပါ မဂျက်ရေ ..

ကဗျာလေး အရမ်းမိုက်တယ် မကြီးဂျက်ရေ... Realism တွေချည်းပဲကွယ် :)

{ witch83 } at: February 4, 2013 at 6:26 AM said...

အွန်.. ဖတ်ရင်း ဖတ်ရင်းနဲ့ နောက်ဆုံးကျတော့ ကော်ရည်ခေါက်ဆွဲ ချက်စားကြဖို့ ပြောထားတာကို :P

{ ရင်ခုန်ရသူ } at: February 4, 2013 at 9:35 AM said...

ဒီနေ့တော့ မာယာတွေကို
အရည်ဖျော်
ကော်ရည်ခေါက်ဆွဲချက်စားကြစို့ ။

.;) .;) .;)

နောက်ကျသွားတယ်မမကြီးရေ

အားပေးခံစားလျှက်ပါ

{ Han Kyi } at: February 4, 2013 at 11:29 AM said...

နောက်ဆုံး တစ်ပါဒ အရသာရှိလိုက်တာ...

သွားရည်ကိုကျရော...

စကားမစပ် ဂျက်ရေ...
ချစ်သောအညာ( ၃ )ကို နှစ်ခါပြန်တင်ပြီး ပထမတစ်ခုကို ဖျက်လိုက်တော့ လင့်ခ်တွေမှာ There is no such title တွေချည်း ပေါ်ကုန်လို့ စိတ်ကူးပေါက်တုန်း ဦးဟန်ကြည်ရဲ့ အညာကို လာလည်ရင် မျက်စိမလည်ရအောင် လင့်ခ်ကလေး ချန်ထားခဲ့လိုက်တယ်...

http://hankyi.blogspot.com/2013/02/blog-post_3.html

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: February 4, 2013 at 12:50 PM said...

ပေါက်ကရ ကဗျာသာပြောတယ် လေးနက်မှုတွေအပြည့်ပဲ .. ဘယ်လိုဖြစ်ဖြစ် ဖတ်ရတာကျေနပ်တယ်.. နောက်မှ ဂျက်စ် လက်ရာလေး စားပြီး ဂျက်စ် ရဲ့ကဗျာတွေကို အေးအေးလူလူ ဖတ်နိုင်အောင် ဂျက်စ် ရှိတဲ့ဆီ လာလည်ဦးမယ်..

ချစ်တဲ့
ဝသုန်

{ မင်းအရိပ် } at: February 4, 2013 at 4:53 PM said...

ရောက်ခဲ့တယ်မမစံပယ်ချိုရေ
အလုပ်များနေလို့ ဘလော့ဘက်မလှည့်နိုင်တာကြာပါပြီ
အခုတော့ ပြန်လုပ်နိုင်မယ်ထင်ပါရဲ့
အချိန်ကို စနစ်တကျသုံးတတ်လာရင်ပေါ့
ဒါနဲ့ ကော်ရည်ခေါက်ဆွဲချက်ပြီးရင် အကြောင်းကြားလိုက်ဦးနော် :P

{ kokoseinygn } at: February 4, 2013 at 10:26 PM said...

အလည်ေ၇ာက်တယ်စပယ်ချို
အစားအသောက်တွေလဲကောင်းတယ်
ချက်တာပြုတ်တာတွေကလည်းတော်
ကျန်းမာေ၇းလဲဂရုစိုက်အုံး

{ Unknown } at: February 5, 2013 at 5:53 PM said...


ဆုတ်ယုတ်နေတဲ့ခေတ်ထဲ
ယုံကြည်ခြင်းတွေ အဟုတ်ထင်ခဲ့တဲ့ ငါ

ပလီပလာနဲ့ တီတီတာတာ
သူ့စကားကြောင့်
ငါ လမ်းတွေမှားခဲ့ရတယ်

ကြင်နာခြင်းဆိုတဲ့ ပင်ပျိုတွေ
ရေလောင်း ပေါင်းသင်
၂၀ ရာစုကအတွေးတွေနဲ့
ကိုယ့် ကိုကိုယ် မြေတောင်မြှောက်နေဆဲ

ပြောခဲ့ဖူးတဲ့ ၀ါကျတွေ
ဘောင်ခတ်ထားလို့ရရင်
ဒါမှ မဟုတ်မိတ္တူပွားထားလို့ရရင်
တခုခုပေါ့နော်

သစ္စာဖောက်ခြင်း
သစ္စာပျက်ခြင်း
ပြုလုပ်တတ်သူကတော့
အခွင့်အရေးကို
အမြဲစောင့်စားနေတာပေါ့


ကဗျာက အရမ်းမိုက်တယ်ဂျာ။ တည့်တည့်ကိုထိတယ်။ ဒါပေမဲ့ ကော်ရည်ခေါက်ဆွဲတော့ ကြိုက်ဘူး။ အဟင့်

{ နွေတေးရှင် (မင်းဧရာ) } at: February 6, 2013 at 5:17 AM said...

မယာတွေအရည်ဖျော်ပြီး လုပ်ထားတဲ့ ကော်ရည်ခေါက်ဆွဲက အတော်ကောင်းမှာဗျး)

တစ်ခါတစ်ခါတော့ သည်လိုပါဘဲ ယောက္ခမရာ ။

{ Toe Yee Yee } at: February 6, 2013 at 8:31 PM said...

ဆုတ်ယုတ်နေတဲ့ခေတ်ထဲ
ယုံကြည်ခြင်းတွေ အဟုတ်ထင်ခဲ့တဲ့ ငါ

ပလီပလာနဲ့ တီတီတာတာ
သူ့စကားကြောင့်
ငါ လမ်းတွေမှားခဲ့ရတယ်

ကြင်နာခြင်းဆိုတဲ့ ပင်ပျိုတွေ
ရေလောင်း ပေါင်းသင်
၂၀ ရာစုကအတွေးတွေနဲ့
ကိုယ့် ကိုကိုယ် မြေတောင်မြှောက်နေဆဲ

ပြောခဲ့ဖူးတဲ့ ၀ါကျတွေ
ဘောင်ခတ်ထားလို့ရရင်
ဒါမှ မဟုတ်မိတ္တူပွားထားလို့ရရင်
တခုခုပေါ့နော်

သစ္စာဖောက်ခြင်း
သစ္စာပျက်ခြင်း
ပြုလုပ်တတ်သူကတော့
အခွင့်အရေးကို
အမြဲစောင့်စားနေတာပေါ့
သွေးထွက်အောင်မှန်သောစာသားများကို ရင်နင့်အမျှခံစားသွားပါတယ်နော် ပြီးတော့ ကော်ရည်ခေါက်ဆွဲလဲ စားသွားတယ်နော်

{ ateateogjelg } at: February 7, 2013 at 2:05 AM said...

သစ္စာဆိုတာ ထားတက်သူတွေအတွက်ပဲ . . သစ္စာရှိတာ sis jas ရဲ့ . . သစ္စာမဲ့မှုနဲ့မာယာ တိုက်ရိုက်အချိုးကျတဲ့အခါ ( . . .)

ခင်တဲ့
မိငြိဏ်းခက်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine