Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

လူတချို့ရဲ့ ခံစားချက်နဲ့ အမှန်တရား

| Wednesday, March 6, 2013
အရာရာကိုသဘောပေါက်စွာနဲ့
လက်ခံကျင့်သုံးရတဲ့  နေရာ
ဘယ်အရာကိုမှ လွတ်လပ်စွာ
ရွှေးချယ်ပိုင်ခွင့် မရှိတဲ့  နေရာ

လက်မခံချင်ပဲ 
အောက်သက်သက်နဲ့ 
အမှန်တရားလုံးဝ မဟုတ်တဲ့ ကိစ္စတွေအတွက်
မာနတွေ အထက်မှာမရှိတော့ပြီကွယ်

ဒီနေရာကနေ မပျောက်ကွယ်အောင်
ဒီနေရာမှာ မကျရှုံးအောင်
ကာကွယ်ရင်းနဲ့
သိက္ခာဆိုတာ
အမြစ်ပါမကျန် တွန်းလှန်ခြင်းခံလိုက်ရတယ်

လူအခွင့်အရေး
ပြောရေး ဆိုခွင့်
နောက်ပြီးတော့ ဝေဖန်ခြင်းတွေ
ဘယ်နေရာမှ အမှန်တရားဆိုတာ
မရှိတော့ပါ လား
အထိနောက်ကျနေလား
အသိနောက်ကျနေတာလား သေချာစဉ်းစားစမ်းပါအုန်း

သိနေ တော်နေ လွန်းရင်လဲ လူတွေ
သောက်မြင်ကပ်သတဲ့လေ
သိပ်ညံ့နေပြန်တော့လဲ
သောက်သုံးမကျပြန်ဘူးတဲ့
အဲတာတွေဘယ်အရပ်မှာ 
အပြောများသလဲ 

လူအတော်များများ
ငပိရောင်းတဲ့သူတွေအိပ်ကုန်ကြပြီ
ဆားသည်တွေ ယင်ကောင်မာင်းနေကြလေရဲ့
လူတချို့ကတော့
တိုးတက်မှုတွေအတွက် စူးစမ်းနေကြတယ်
အပူဆိုတာ သူတို့တွေရဲ့ ဆန့်ကျင်ဖက်
အဲတာတွေသိတဲ့ အချိန်
ကျွန်တော် ၄၀ နားကပ်နေပါပြီတဲ့လေ
ကျွန်တော် အများကြီးနောက်ကျနေခဲ့တာလား
ကျွန်တော်ကြီးပြင်းတဲ့ပါတ်ဝန်းကျင်ကပဲ
နောက်ကျနေခဲ့တာလား
သိရင်လဲ ဖြေပေးပါသူငယ်ချင်းရေ ။


(မိတ်ဆွေတယောက်ရဲ့ ခံစားချက်လေးကိုပုံဖော်ပေးကြည့်ရုံသက်သက်ပါပဲ-  သူက သူရဲ့ ခံစားချက်လေးတွေပြောပြတယ် ကျွန်မက နားထောင်ပေးတယ် တွေးကြည့်ပေးတယ်
နောက်ဆုံးတော့ ရေးချဖြစ်ခဲ့တယ်)

အားလုံးကိုလေးစားချစ်ခင်တဲ့ 
 jasmine

19 comments:

{ မိုးညချမ်း } at: March 7, 2013 at 2:19 AM said...

“လက်မခံချင်ပဲ
အောက်သက်သက်နဲ့
အမှန်တရားလုံးဝ မဟုတ်တဲ့ ကိစ္စတွေအတွက်
မာနတွေ အထက်မှာမရှိတော့ပြီကွယ် ...”

မမရေ ... မိတ်ဆွေတစ်ယောက်ရဲ့ ခံစားချက်ကို ရေးဖွဲ့ပေးခြင်းဆိုပေမယ့် ညလေး ခုတစ်လောခံစားနေရတာတွေနဲ့ တစ်ထပ်တည်းဖြစ်နေတယ် ...

{ စံပယ်ချို } at: March 7, 2013 at 2:24 AM said...

မိုးညရေ
ကဗျာလေးထဲကအတိုင်းတထပ်တည်းခံစားနေရတယ်
ပေါ့နော်--------
အစစအရာရာ အဆင်ပြေပြီး
မိတ်ဆွေကောင်းတွေ တွေ့ပါစေလို့ဆုတောင်းပေးပါတယ်

{ မိုးနတ်ကြယ်စင် } at: March 7, 2013 at 5:00 AM said...

အဲတာတွေဘယ်အရပ်မှာ
အပြောများသလဲ ?
အဲ့မေးခွန်းလေး သဘောကျတယ် :)))

{ စံပယ်ချို } at: March 7, 2013 at 5:19 AM said...

မိုးနတ်ရေ သဘောကျနေတာလား ရေးသာရေးရတယ်
အပ်ြင်ထွက်ရမှာတောင်နည်းနည်းကြောက်လာတယ်
မြန်မာပြည်ကလူတွေဝိုင်းရိုက်မှာစိုးလို့

{ သဒ္ဓါလှိုင်း } at: March 7, 2013 at 5:23 AM said...

လောကကြီးထဲမှာ ဖြစ်နေတဲ့ ဖြစ်လည်း ဖြစ်နေအုံးမယ့် နိယာမတရားတွေပဲလို့ မြင်မိပါတယ် ဂျက်..
ချစ်တဲ့သဒ္ဓါ

{ roseayemaung } at: March 7, 2013 at 6:30 AM said...

မစပယ်ရယ်.နှင်းဆီလာဖတ်သွားတယ်နော်...ဘာပြော၇ျွှန်းတောင်မသိတော့ဘူး.....

{ လရိပ်အိမ် } at: March 7, 2013 at 5:21 PM said...

အဲဒီစကားတွေက ဘယ်အရပ်မှာအပြောများတာလဲ မစံပယ်။
မစံပယ် ဘယ်တော့ပြန်မှာလဲဟင်။ ခံစားချက်တော့ခံစားချက်ပေါ့။
လျှောက်လျှောက်မရေးနဲ့နော်။

{ Yoemyaykya } at: March 7, 2013 at 10:18 PM said...

မမစံပယ် မတွေ့တာတော်တော်ကြာပီနော်။ နေရောကောင်းရဲ့လား။ ကျန်းမာရေးဂရုစိုက်ပါနော်မမ

Anonymous at: March 7, 2013 at 10:30 PM said...

အင်း ..ခက်သားလား မကြီးဂျက်ရယ် .. ချိုအီတာကို ပိုနှစ်သက်တာကလည်း ကြာလာရင် ရှေးရိုးစွဲဖြစ်လာမှာကိုတောင် စိုးရိမ်မိပါတယ် ..

ဘာဖြစ်ဖြစ် မကြီးဂျက် မိတ်ဆွေကို စစ်မှန်မှုရှိရင် စစ်မှန်မှုတော့ ပြန်ရရှိမှာ အသေအချာပါပဲလို့ ..

နောက်ဆုံး ဘယ်သူ့ဆီကမှ မရလျှင်တောင် ကိုယ့် စစ်မှန်မှုကိုတော့ ကိုယ်တိုင်ခံစား ရရှိမှာပဲလေ ..

:) :)

{ စံပယ်ချို } at: March 8, 2013 at 12:21 AM said...

ထရီဆာရဲ့ အားပေးတတ်တဲ့ကွန်မက်လေးတွေကြောင့်
စိတ်ထဲကနေ ကျေးဇူးတင်မိပါတယ်ရှင်

ကေသီရဲ့ သတိတရမေးမြန်မှုလေးတွေကိုလဲ ၀မ်းသာမိပါတယ်

{ ateateogjelg } at: March 8, 2013 at 1:07 AM said...

ရောက်တဲ့နေရာက စနိုင်ရင်ပဲ မဆိုးဘူးလို့ထင်မိတယ် :)


ခင်တဲ့
မိငြိဏ်းခက်

{ သူကြီးမင်း (တုံးဖလား) } at: March 8, 2013 at 7:08 AM said...

အဲတာတွေဘယ်အရပ်မှာ
အပြောများသလဲ ။

သူကြီးမင်းတို့ရဲ့ ဟောဒီကမ္ဘာလောကကြီးထဲမှာ အပြောများသပေါ့ ကြောင်စမင်းရယ်။း)

{ ချော(အစိမ်းရောင်လွင်ပြင်) } at: March 8, 2013 at 10:29 PM said...

အမှန်တရားဟာ ခါးတယ်..
ဒါကြောင့်တစ်ချို့လူတွေက သကြားခတ်ဖို့ ကြိုးစားကြတယ်
ဒီတော့ အမှန်တရားက ပေါ့ပျက်ပျက်ဖြစ်လာတယ်။
စစ်မှန်တဲ့ အမှန်တရား ရှားပါးလာတယ်။

{ witch83 } at: March 9, 2013 at 6:07 PM said...

ဒီလောကကြီးမှာ အမြဲ ဖြစ်ပျက်နေမဲ့ သဘောတရားတွေမို့ နေတတ်အောင်ပဲ သင်ယူလိုက်တာပဲ ကောင်းပါတယ်လေး။ သင်ယူနေဆဲပေမဲ့ နောက်တော့မကျသေးဘူး ထင်ပါရဲ့း)))
( ခုတလော အလုပ်ရှုပ်နေလို့ စာလာဖတ်ဖြစ်ရင်တောင် ခြေရာချန်ဖို့ နောက်ကျတယ် sis ရေ..)

{ မိုးသူ(တောင်ကြီး) } at: March 9, 2013 at 10:03 PM said...

လူအခွင့်အရေး
ပြောရေး ဆိုခွင့်
နောက်ပြီးတော့ ဝေဖန်ခြင်းတွေ
ဘယ်နေရာမှ အမှန်တရားဆိုတာ
မရှိတော့ပါ လား
အထိနောက်ကျနေလား
အသိနောက်ကျနေတာလား သေချာစဉ်းစားစမ်းပါအုန်း


မကြီးဂျက်ရေ

မိုးသူ ခရီးထွက်နေလို့ ပါဗျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ အလွမ်းမြို့ } at: March 10, 2013 at 2:58 PM said...

မဂျက်..

သိနေ တော်နေ လွန်းရင်လဲ လူတွေ
သောက်မြင်ကပ်သတဲ့လေ
သိပ်ညံ့နေပြန်တော့လဲ
သောက်သုံးမကျပြန်ဘူးတဲ့
အဲတာတွေဘယ်အရပ်မှာ
အပြောများသလဲ

တာမီးလဲတိချင်တယ်။ ဘယ်မှာအပြောများလဲဆိုတာ တာမီးကိုလည်းပြောပြယေ။

ချစ်တဲ့
အလွမ်း

{ နွေတေးရှင် (မင်းဧရာ) } at: March 16, 2013 at 9:36 AM said...

ဒီအထဲက တစ်ချို့အတွေး တစ်ချို့အရေးလေးတွေက
ငေးယူ ရလောက်တယ်ဗျ။

{ ငြိမ်းစိုးဦး } at: April 11, 2013 at 3:01 AM said...

ဆရာမောင်ခိုင်မာကတော့ နည်းနည်းစောပြီး များများနောက်ကျနေတာ လို့ ဆိုပါတယ် ... အမှန်ကို သင်ယူသူတွေများလာရင် ...
( 11 ; 4 ; 2013 )

{ Toe Yee Yee } at: April 11, 2013 at 6:45 PM said...

အောက်သက်သက်နဲ့
အမှန်တရားလုံးဝ မဟုတ်တဲ့ ကိစ္စတွေအတွက်
မာနတွေ အထက်မှာမရှိတော့ပြီကွယ်

ဒီနေရာကနေ မပျောက်ကွယ်အောင်
ဒီနေရာမှာ မကျရှုံးအောင်
ကာကွယ်ရင်းနဲ့
သိက္ခာဆိုတာ
အမြစ်ပါမကျန် တွန်းလှန်ခြင်းခံလိုက်ရတယ် သူ(နန်းရှင်)ကစာရေးတတ်တော့ သူရေးတာဘဲ ဟုတ်သယောင်ယောင်နဲ့ ကိုယ့်သိက္ခာတွေ .............

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine