Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကျေရာကျေကြောင်း

| Monday, March 11, 2013

Friends18.com Orkut Scraps
ဖောက်ပြန်နေတဲ့ ချစ်သူ
မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။

တအုန်းအုန်းထနေတဲ့
အချစ်သစ်တွေနဲ့
ပျော်ပြီးရင်း ပျော်ပါစေတော့
တားမရလဲ
ထားရစ်ပါရစေကွယ် ။

နှလုံးသားထဲက
အပြာရောင်မျက်ရည်
နင် မကြိုဆိုခဲ့ဖူးပါ
မျက်လုံးထဲက အပြုံး
အသိအမှတ်ပြုခြင်းမခံခဲ့ရပါ ။

မင်းရဲ့ မက်လုံး လှလှလေးတွေကိုတော့
အပျက်တွေက အကောင်းထင်တာပေါ့ကွယ် ။

အမှတ်တရ တွေ အဟုတ်တရ တွေ
ခဏခဏ ခလုတ်တိုက်ခံရတာများတော့လဲ
ငါ  နည်းနည်းတော့ ယိုင်ချင်မိတာ ၀န်ခံပါတယ်
ယိုင်ရုံလေး ယိုင်ခဲ့တာပါ
ချစ်သူကိုအံတုပြီး ဘာမှ မပြိုင်ခဲ့ဖူးပါ ။

ချစ်သူနဲ့ ပတ်သက်ပြီး
တခါမှ ခေါင်းမခါခဲ့ဖူးပါ
အသားမာ တက်နေတဲ့
ငါ့  နှလုံးသား
အမြဲပြုံးဖို့ အားတင်းခဲ့တယ် ။

ပလီပလာ စကားတွေကြားထဲ
ငါ့ နာရီတွေ အစားခံလိုက်ရတယ်
မင်းဖြိုချလိုက်လို့
ပြိုကျသွားတဲ့ ငါ့ရဲ့ အိပ်မက်တွေများလှပါပြီ ။

သေမင်းတောင် ကြွေဆင်းရတဲ့
မင်းရဲ့ အပြုံး ကို
ထပ်ပြီး တမ်းတမနေတော့ဘူး
စစ်ခင်းပြီးလဲ မင်းရဲ့ အကြင်နာ
မလိုအပ်တော့ဘူး ။

အချိန် တချိန်ရဲ့ တိုက်စားမှုကိုစောင့်စားရင်း
အလွမ်းရေချောင်းထဲကို
ချစ်သူရဲ့ နောက်ကြောင်းမအေးတဲ့အဖြစ်
မျောလိုက်ပါတော့မယ်။


(၂၀၁၁-၂၀၁၂ pj မှမိတ်ဆွေတယောက်ခံစားချက်အတွက်ရေးသားခဲ့ခြင်းပါ)

jasmine



35 comments:

{ ဝေရည် } at: March 11, 2013 at 2:26 AM said...

မလျှော့သောဇွဲနဲ့ ထပ်ပြီးမန့်တယ်။
:D၊
အချိန်တချိန်ရဲ့တိုက်စားမှုကိုစောင့်နေတယ်..
အင်းအချိန်ကပဲအရာအားလုံးကို ပြောင်းလဲပေးသွားမှာပါ။
:)

{ စံပယ်ချို } at: March 11, 2013 at 2:34 AM said...

ဟုတ်တာပေါ့ ညလေးရေ အချိန်ဆိုတာကလဲ
သမားတော်တမျိုးပါပဲ

{ AH } at: March 11, 2013 at 6:20 AM said...

ကြိုက်၏.... စာသားလေးတွေ မိုက်၏.... :P

{ သူကြီးမင်း (တုံးဖလား) } at: March 11, 2013 at 6:26 AM said...

သူများအတွက် ခံစားမှု သက်သက်တော့ မဟုတ်တန်ရာ။
ခံစားမှုတွေပါနေသလိုဘဲနော်။း)
ကျန်းမာရေးဂရုစိုက် သိလား။

{ စံပယ်ချို } at: March 11, 2013 at 6:56 AM said...

သာဂျီးမင်းကတော့ပို့ပြီနော်.....
မယုံရင်လဲ နေပေါ့ လူပျိုကြီး ဟွင်း တွေ့သေးတာပေါ့

{ မိုးနတ်ကြယ်စင် } at: March 11, 2013 at 8:22 AM said...

သေမင်းတောင် ကြွေဆင်းရတဲ့
မင်းရဲ့ အပြုံး ကို
ထပ်ပြီး တမ်းတမနေတော့ဘူး ဆိုပါလားး
အဟက်ဟက် :)
မိုက်စ်ပါ မ ရေ..
တဂျီးပြောသလို ကျန်းမာရေးတော့
ဂရုစိုက်ပါနော် :)
ချစ်တဲ့...မိုးနတ်

{ ကရင်ပြည်နယ် } at: March 11, 2013 at 10:16 AM said...

ကောင်းလိုက်တဲ့ရိုက်ချက်ရင်ကိုထိမှန်၏

{ ကရင်ပြည်နယ် } at: March 11, 2013 at 10:17 AM said...

အားပေးခဲ့တယ်နော်

{ မင်းအရိပ် } at: March 11, 2013 at 11:24 AM said...

ကဗျာလေး လာဖတ်သွားတယ်မကြီးဂျက်
အရမ်းကောင်းတယ်
ကဗျာတွေရေးတာ ကောင်းချက်နော်
အားကျပါရဲ့

{ အလွမ်းမြို့ } at: March 11, 2013 at 11:38 AM said...

မဂျက်...
ကဗျာလေးက ခံစားဆိုပေမဲ့ တကယ်ကောင်းတယ်။


အချိန် တချိန်ရဲ့ တိုက်စားမှုကိုစောင့်စားရင်း

အလွမ်းရေချောင်းထဲကို

ချစ်သူရဲ့ နောက်ကြောင်းမအေးတဲ့အဖြစ်

မျောလိုက်ပါတော့မယ်။


ချစ်တဲ့
အလွမ်း

{ အိမ်မက်စေရာ } at: March 11, 2013 at 5:47 PM said...

စစ်ခင်းပြီးလဲ မင်းရဲ့ အကြင်နာ
မလိုအပ်တော့ဘူး ။

ဟုတ်တယ်...တကယ်
အဲ့လို မျိုးတွေ ကိုယ်ချင်းစာတယ်..စိတ်မကောင်းဘူး..

{ Unknown } at: March 11, 2013 at 8:14 PM said...

ချစ်သူနဲ့ ပတ်သက်ပြီး
တခါမှ ခေါင်းမခါခဲ့ဖူးပါ
အသားမာ တက်နေတဲ့
ငါ့ နှလုံးသား
အမြဲပြုံးဖို့ အားတင်းခဲ့တယ် ။

ပလီပလာ စကားတွေကြားထဲ
ငါ့ နာရီတွေ အစားခံလိုက်ရတယ်
မင်းဖြိုချလိုက်လို့
ပြိုကျသွားတဲ့ ငါ့ရဲ့ အိပ်မက်တွေများလှပါပြီ ။

သေမင်းတောင် ကြွေဆင်းရတဲ့
မင်းရဲ့ အပြုံး ကို
ထပ်ပြီး တမ်းတမနေတော့ဘူး
စစ်ခင်းပြီးလဲ မင်းရဲ့ အကြင်နာ
မလိုအပ်တော့ဘူး ။

လုပ်ချလိုက်ပြန်ပြီ။။။။။။။
ငိုချင်ပါတယ်ဆို။။။။။။။။။။။။။။။ အဟင့်

{ Cameron } at: March 12, 2013 at 2:32 AM said...

မာန်ပါပါလေး..

{ မိုးညချမ်း } at: March 12, 2013 at 8:55 AM said...

“တအုန်းအုန်းထနေတဲ့
အချစ်သစ်တွေနဲ့
ပျော်ပြီးရင်း ပျော်ပါစေတော့
တားမရလဲ
ထားရစ်ပါရစေကွယ် ။” ... အဟင့် မမနော် ... ခုတစ်လောရေးတဲ့ ကဗျာတွေက ညလေးနဲ့ကွက်စတိ ကွက်စတိတွေဖြစ်နေတယ် ... :P

{ စံပယ်ချို } at: March 12, 2013 at 9:02 AM said...

မိုးညရေ...
ချစ်သူကထားသွားလို့လားဟယ်

{ yinminkhine } at: March 12, 2013 at 10:09 PM said...


ပလီပလာ စကားတွေကြားထဲ
ငါ့ နာရီတွေ အစားခံလိုက်ရတယ်
မင်းဖြိုချလိုက်လို့
ပြိုကျသွားတဲ့ ငါ့ရဲ့ အိပ်မက်တွေများလှပါပြီ ။

{ yinminkhine } at: March 12, 2013 at 10:12 PM said...

ပလီပလာ စကားတွေကြားထဲ
ငါ့ နာရီတွေ အစားခံလိုက်ရတယ်
မင်းဖြိုချလိုက်လို့
ပြိုကျသွားတဲ့ ငါ့ရဲ့ အိပ်မက်တွေများလှပါပြီ ။

{ yinminkhine } at: March 12, 2013 at 10:13 PM said...

ပလီပလာ စကားတွေကြားထဲ
ငါ့ နာရီတွေ အစားခံလိုက်ရတယ်
မင်းဖြိုချလိုက်လို့
ပြိုကျသွားတဲ့ ငါ့ရဲ့ အိပ်မက်တွေများလှပါပြီ ။

{ roseayemaung } at: March 13, 2013 at 6:56 AM said...

မစပယ် ရယ်စာသားလေးတွေအ၇မ်းကိုကောင်းတာပဲ...
နှင်းဆီလဲ စပယ်လိုချစ်တတ်အောင်ကြိုးစားမယ်...

{ Yoemyaykya } at: March 13, 2013 at 10:24 PM said...

ချစ်သူနဲ့ ပတ်သက်ပြီး
တခါမှ ခေါင်းမခါခဲ့ဖူးပါ
အသားမာ တက်နေတဲ့
ငါ့ နှလုံးသား
အမြဲပြုံးဖို့ အားတင်းခဲ့တယ် ။
ဟွန့်ဟွန့် ခုငိုချင်နေတယ်။ ငိုချင်နေတယ်။ မမရယ် အဲဒီအချစ်ဆိုတာကို လက်ဆုပ်လက်ကိုင်ထိလို့ရရင် စိစိညက်အောင်ထောင်းပစ်လိုက်ချင်တာ။

{ စံပယ်ချို } at: March 13, 2013 at 11:16 PM said...

ကေသီရေ
မတွေ့တာကြာပြီ ဖဘ လဲမတက်ပါလား ဘာတွေဖြစ်နေလဲ????????????/

{ witch83 } at: March 14, 2013 at 2:45 AM said...

မုန်းမရပေမဲ့ ပြုံးပြဖို့တော့ ခက်တယ်တဲ့လား။ အချိန်တွေလည်း အကုန်ခံပြီး မျောခဲ့ရတာ ကြာပါပြီကော.. ( အစ်မ ကဗျာတွေထဲက စာသားတွေကို ပေါင်းရေးကြည့်တာ။ :P) ဒါနဲ့ စာဖတ်ရတာ ခံစားချက်တော့ နည်းနည်း ပါသလိုပဲနော်.. take care sis :)

Anonymous at: March 14, 2013 at 7:28 PM said...

စကားလုံးလေးတွေ လှချက် ချစ်မက သူများအတွက် ရေးပေးလည်း ကောင်းတာပဲနော

~ Kk ~

{ အလင်းသစ် } at: March 15, 2013 at 12:44 PM said...

ကဗျာလှလှလေး အားပေးခဲ့တယ် အမတော်ရေ... :)

{ နွေတေးရှင် (မင်းဧရာ) } at: March 16, 2013 at 9:34 AM said...

ယောက္ခမ ရဲ့ကဗျာက သမက်ကို ကွက်ကြည့် ကွက်ကြည့်လုပ်နေတယ်ဗျ တိုက်ဆိုင်မှု့တွေကြောင့်ထင်ပါရဲ့ဗျာ။

{ blackroze } at: March 16, 2013 at 11:11 AM said...

ဂျက်စ်ရေ
ကဗျာတွေကကောင်းပြီးရင်းကောင်းဘဲနော်

{ ရင်ခုန်ရသူ } at: March 16, 2013 at 9:38 PM said...

အချိန် တချိန်ရဲ့ တိုက်စားမှုကိုစောင့်စားရင်း
အလွမ်းရေချောင်းထဲကို
ချစ်သူရဲ့ နောက်ကြောင်းမအေးတဲ့အဖြစ်
မျောလိုက်ပါတော့မယ်

်ကဗျာလေးတွေနဲ့အတူထာဝရပျော်ရွှင်ပါစေမမဂျက်ရေ

{ ညီလင်းနိုင် } at: March 17, 2013 at 4:25 AM said...

ကဗျာချိုချိုလေးတွေနဲ့ အမြဲတမ်း ပျိုမြစ်နေတဲ့ စပယ်ချို....

:) :) :)

ဆက်လက်ထုဆစ်နိုင်ပါစေ မဂျက်။

{ ညီလင်းသစ် } at: March 19, 2013 at 7:58 AM said...

သေမင်းတောင် ကြွေဆင်းရတဲ့ မင်းရဲ့အပြုံးတွေ...

စာသားကိုတော့ ကြိုက်သွားပြီး မစံပယ်ရေ...။း)

{ လေပြေချို } at: March 21, 2013 at 9:42 PM said...

ဖောက်ပြန်နေတဲ့ ချစ်သူ
မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။
အဲ့ဒါက တစ်ဂယ်ကြီးကို မလွယ်တာပဲနာ် မ:((
အလွမ်းများစွာဖြင့် ရောက်လာခဲ့ပါတယ်
ချစ်တဲ့
လေပြေ

{ အိပ်မက်ကောင်းကင် } at: March 22, 2013 at 2:26 AM said...

စကားလုံးတွေက နူးညံ့ပြီး အတုယူစရာကောင်းလှပါတယ်
ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားတယ်နော် မမစံပယ်
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိပ်မက်ကောင်းကင်)

{ roseayemaung } at: April 3, 2013 at 11:30 PM said...

မစပယ်...နေကောင်းတယ်လား...သတိ၇နေတယ်....လေ...ကဗျာတွေလဲမေ၇းတော့ပါလားနော်...မျှော်နေတယ်လေ...မစပယ်ရေ...ဘာတွေဖစ်နေတာလဲ...စိတ်ပူနေတယ်နော်....
စာလေးတစောင်ပို့ပေးပါအုံး.ချစ်တဲံ..့..နှင်းဆီ ရဲ့ စပယ်
ပြန်လာပါနော်..

{ ဆန်းစနေ၀န်း } at: April 4, 2013 at 1:50 AM said...

မရောက်တာကြာတဲ့အတွက် အားရပါးရ အားပေးသွားတယ် sis jasmine ရေ

Anonymous at: April 8, 2013 at 8:30 PM said...

မကြီးလွမ်းရေ .... ခံစားချက်လေး တစ်ခု နားဆင် ခဲ့ပါတယ် .. ခံစားမှုတွေ ရှိနေသေးသရွေ့ ခံစားချက် တွေဖြစ်တည်နေအုန်းမှာမို့ ကဗျာကောင်းလေး တွေလည်း အမြဲ ခံစားမြည်းစမ်းခွင့် ရရှိနေအုန်းမှာပါ :)

{ Toe Yee Yee } at: April 11, 2013 at 6:42 PM said...

ဖောက်ပြန်နေတဲ့ ချစ်သူ
မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။ ဂျက်ရေ ဒါပေမဲ့ မချိပြုံးတော့ပြုံးနေတုန်းပါ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine