Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အဆင်ပြေဆဲပါပဲကွယ်

| Wednesday, May 29, 2013

တွန့်လိမ်ကောက်ကွေးနေတဲ့
သံယောဇဉ်
အရောင်တွေ ဖျော့ဖျော့လာတဲ့
အကြင်နာ
မရိုးမရွဖြစ်နေတတ်တဲ့
မျက်နှာထား
ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ့
ချစ်ခြင်းတရား
ခပ်ပါးပါးလေးသာကျန်နေတဲ့
အတွယ်အတာ
ရင်ထဲမှာတော့ အားလုံးဗလာဖြစ်နေပြီ ။
 
စံပယ်တွေ သီချင်းမဆိုတတ်ဘူး
ချယ်ရီတွေ မျက်ရည်မကျတတ်ဘူး
တစ်ယောက်ထဲ
ရိုးပြတ်တောထဲ လမ်းလျှောက်နေတယ်
ဖုန်းဆိုးမြေမှာ အသက်ရှုနေရသလို
ဂီတာအိုက သစ်လွင်တဲ့သံစဉ်တွေပေးလဲ
ငါ့ လက်တွေမစွမ်းသာခဲ့ဘူး
နေ့စဉ်နေ့တိုင်း
ငါ  ကြားနေရတယ်
လက်ခုပ်သံ
အဲတာအတုတွေတဲ့လေ ။

ဘာကိုလဲ ဘာကြောင့်လဲ
ငါ   တကယ်မသိခဲ့ပါဘူးကွယ်
မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုစဉ်းစားသလို
ငါ ပြန်ပြီးစဉ်းစားခဲ့ဖူးတာပဲ
ဘာအရာမှ မရှိခဲ့ဘူး
အကျိုးမရှိတဲ့
သဘောထားများ
အရာဝထ္ထုများကို
ငါ  ဋီကာမချဲ့ခဲ့ပါ
အမှန်တရားတွေကို
ဖုန်းကွယ်ကြတယ်
တခါတရံ ပျောက်ဆုံးစေတယ်
ငါ့ အတွက်
အရာအားလုံး
အဆင်ပြေပါတယ် ။


jasmine

အသစ်တွေစုစည်းမရနိုင်တဲ့အချိန်မှာ 
 ရေးခဲ့တာကြာလှပြီဖြစ်တဲ့ ကဗျာဟောင်းလေးတွေ
ရှာဖွေတင်ရခြင်းဖြစ်ပါသည်။

24 comments:

{ နွေတေးရှင် (မင်းဧရာ) } at: May 29, 2013 at 7:25 PM said...

အတုံးအတုံးတွေဘဲ မြင်နေရတယ် ယောက်ခမ ရေ ဖတ်လို့ရဘူး ညကျမှ လာဖတ်တော့မယ် အဆင်ပြေကြတယ် မို့လား သတိရပါတယ်ဗျာ ။

ပုံ/
တချိန်က သင်၏ သမက်

{ Cameron } at: May 29, 2013 at 10:02 PM said...

ဂျက်စ်...နေရာသီမှာ အဆင်ပြေချောမွေ့စွာ ပျော်ရွှင်စွာနေထိုင်နိုင်ပါစေ

{ ရာဇာထွေး } at: May 30, 2013 at 5:49 AM said...

စံပယ်တွေ သီချင်းမဆိုတတ်ဘူး
ချယ်ရီတွေ မျက်ရည်မကျတတ်ဘူး
တစ်ယောက်ထဲ
ရိုးပြတ်တောထဲ လမ်းလျှောက်နေတယ်
ဖုန်းဆိုးမြေမှာ အသက်ရှုနေရသလို
ဂီတာအိုက သစ်လွင်တဲ့သံစဉ်တွေပေးလဲ
ငါ့ လက်တွေမစွမ်းသာခဲ့ဘူး
နေ့စဉ်နေ့တိုင်း
ငါ ကြားနေရတယ်
လက်ခုပ်သံ
အဲတာအတုတွေတဲ့လေ


ကောင်းလိုက်တဲ့ကဗျာလေးပါ အမဖြူရေ...ကျွန်တော်မဖတ်ရသေးတော့
အသစ်လေးပေါ့ခင်ဗျာ...ကဗျာလေးဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်အမဖြူ..

ခင်မင်စွာဖြင့်
ရာဇာထွေး

{ ရာဇာထွေး } at: May 30, 2013 at 5:54 AM said...

စံပယ်တွေ သီချင်းမဆိုတတ်ဘူး
ချယ်ရီတွေ မျက်ရည်မကျတတ်ဘူး
တစ်ယောက်ထဲ
ရိုးပြတ်တောထဲ လမ်းလျှောက်နေတယ်
ဖုန်းဆိုးမြေမှာ အသက်ရှုနေရသလို
ဂီတာအိုက သစ်လွင်တဲ့သံစဉ်တွေပေးလဲ
ငါ့ လက်တွေမစွမ်းသာခဲ့ဘူး
နေ့စဉ်နေ့တိုင်း
ငါ ကြားနေရတယ်
လက်ခုပ်သံ
အဲတာအတုတွေတဲ့လေ

ကဗျာကောင်းလေးပါအမဖြူရေ...မဖတ်ရသေးတဲ့ကျွန်တော့်အဖို့တော့
အသစ်ကလေးပေါ့ခင်ဗျာ...ကဗျာလေးဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်
အမဖြူရေ...အရာအားလုံးအဆင်ပြေပါစေခင်ဗျာ......

ခင်မင်စွာဖြင့်
ရာဇာထွေး

{ မိုးနတ်ကြယ်စင် } at: May 30, 2013 at 6:32 AM said...

အဟောင်းလေးလဲ ကောင်းတာပါပဲ မ ရေ..:)
မ ကဗျာတွေ အားလုံးကိုနှစ်သက်လျက်ပါ...ဒါထက်
အမ နဲ့ အကို ဘယ်တွေပျောက်နေတာလဲဟင်..?
အဆက်အသွယ်တွေလဲ ပြတ်နေကြသလိုပဲ...:(
ကျန်းမာရေး ကောင်းအောင်နေပါမရယ်...တခါတခါ
ညလေးသိပ်စိတ်ပူမိတယ် မ :)

{ ရင်လှိုင်းခတ်သံ } at: May 30, 2013 at 7:05 AM said...

နေ့ စဉ်နေ့ တိုင်း ကြားနေရတဲ့ လက်ခုပ်သံ အတုတွေကြားမှာ၊ ပျောက်ဆုံးသွားတဲ့ အမှန်တရားတွေ ကြားမှာပဲ အဆင်ပြေအောင် နေ နေကြရတာပဲနော်..။

{ witch83 } at: May 30, 2013 at 8:05 PM said...

ဒီကဗျာ ဖတ်ဖူးသလိုပဲနော်။ အစစအရာရာ အဆင်ပြေပါစေ အစ်မရေ.. take care.

{ ငြိမ်းစိုးဦး } at: May 30, 2013 at 9:16 PM said...

ငါ ကြားနေရတယ် လက်ခုပ်သံ အဲတာ အတုတွေတဲ့လေ ။ တခါတရံ ပျောက်ဆုံး အရာအားလုံး အဆင်ပြေ ... ဆိုပြီး ဖျော့ချထားတဲ့ နူးညံ့စိတ်ကိုတွေ့ခဲ့ပါတယ် ...

{ လေပြေချို } at: May 31, 2013 at 1:54 AM said...

အရာအားလုံးဟာ ဖြစ်ပျက်နေကြတဲ့ သင်္ခါရတွေပါပဲ... ဒီလိုပဲ သဘောထားပြီး လောကကြီးမှာ အဆင်ပြေအောင်နေရတာပဲ မရယ်... ခုတစ်လော အရမ်းစိတ်ပင်ပန်းနေလို့ မလည်ဖြစ်တာတောင်ကြာပြီနော်... သူငယ်ချင်းတွေအားလုံးကို သတိရပါတယ်:)
ချစ်တဲ့
လေပြေ

{ လင်းခေတ်ဒီနို } at: May 31, 2013 at 5:28 PM said...

မဂျက်ရေ . . အမှန်တရားတွေ ဖုံးကွယ်ကြတယ် . . တခါတရံ ပျောက်ဆုံးစေတယ် ၊ ငါ့အတွက် အရာအားလုံး အဆင်ပြေပါတယ် ။


အဆင်ပြေပါစေ မဂျက်ရေ . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

Anonymous at: May 31, 2013 at 7:53 PM said...

မကြီးဂျက်ရယ် .. ရင်ထဲတောင် တော်တော်မကောင်း ဖြစ်သွားတယ် ဖတ်ပြီးတော့ ..

" နားမလည်ပေးနိုင်တဲ့အရာကိုတောင်မှ နားလည်ပေးလိုက် ပါတဲ့ " ဒါ ညီမကိုယ်တိုင် ကျင့်သုံး တဲ့ နည်းလမ်းတစ်ခုပါပဲ မကြီးဂျက် ...

အရာရာအဆင်ပြေပါစေနော် ...

{ roseayemaung } at: June 1, 2013 at 2:16 AM said...

´*•♥♥ စိတ်ကိုနားခွင့်ပေးလိမ့်ပါ ♥♥´*•
ပါလား....မစပါယ်...ချစ်သောနှင်းဆီ

{ ညောင်ညိုရိပ် } at: June 1, 2013 at 6:28 AM said...

နေ့စဉ်နေ့တိုင်း ငါတွေ့နေရတယ်လက်ခုပ်သံ အဲတာအတုတွေတဲ့လေ။ ဟုတ်ကဲ့ တခါတရံတော့ အစစ်တွေ ပါလာကောင်း ပါလာမှာပါဗျာ။ ကျန်းမာပါစေဗျာ

{ Han Kyi } at: June 1, 2013 at 9:07 PM said...

မရောက်တာ အတော်ကြာသွားတယ် ဂျက်ရေ...ဘယ်ရောက်နေကြပြန်ပြီလဲ...အစစ အဆင်ပြေကြမယ်တော့ ထင်ပါရဲ့...ကဗျာဟောင်းဆိုပေမယ့် အတွေးတွေ လက်ဆတ်နေတုန်းပါပဲ...

{ Unknown } at: June 2, 2013 at 3:31 AM said...

ကဗျာလေး အဓိပ္ပါယ် စေ့စေ့တွေး တရေးရေးပေါ်လာတယ်...

{ မိုးမြင့်တိမ် } at: June 3, 2013 at 6:18 AM said...

ဒီ့ထက်မက အဆင်ပြေပါစေ။

မိုးမြင့်တိမ်

{ Yoemyaykya } at: June 10, 2013 at 11:24 PM said...

ဟုတ်မမ။ ညလေးလဲ အဆင်ပြေပါတယ်။ စပယ်တွေ သီချင်းဆိုတတ်ဖူးလား။ သင်ပေးမယ်။

{ Latt Latt } at: June 17, 2013 at 1:52 AM said...

မရောက်တာကြာ စာတွေမဖတ်ဖြစ်တာကြာလို့ လာသွားပါတယ်စံပယ် .. အဆင်ပြေပါစေ

{ blackroze } at: June 24, 2013 at 2:13 AM said...

အစစအဆင်ပြေနေပါစေ ဂျက်ရေ
ခုမှရောက်ဖြစ်တယ်ဂျက်..
ကွန်ပြူတာပျက်တယ်လေ..

{ Unknown } at: June 26, 2013 at 8:35 AM said...

တွန့်လိမ်ကောက်ကွေးနေတဲ့
သံယောဇဉ်
အရောင်တွေ ဖျော့ဖျော့လာတဲ့
အကြင်နာ
မရိုးမရွဖြစ်နေတတ်တဲ့
မျက်နှာထား
ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ့
ချစ်ခြင်းတရား
ခပ်ပါးပါးလေးသာကျန်နေတဲ့
အတွယ်အတာ
ရင်ထဲမှာတော့ အားလုံးဗလာဖြစ်နေပြီ ။

ညလေးတော့သိပ်အဆင်မပြေသေးဘူးးးးးးး

{ မိုးသက် } at: June 29, 2013 at 2:42 PM said...

အရင်ကလည်း ကောင်း.. ခုလည်းကောင်း... ခုထိ နုဖတ် လတ်ဆတ်နေတုန်းပဲ မကြီးဂျက်ရေ..

{ ကြည်ဖြူခင်ခင် } at: July 8, 2013 at 1:04 AM said...

အဆင်ပြေတယ်ဆိုလို့..၀မ်းမြောက်ပါတယ်.. စံပါယ်တွေ သီချင်းမဆိုတတ်ပေမယ့်..
ကဗျာရေးတဲ့နေရာတော့ ထက်တယ်နော်..း)

{ Toe Yee Yee } at: July 25, 2013 at 9:19 PM said...

စပယ်တွေသီချင်းမဆိုတတ်ပေမဲ့ ခံစားတတ်တဲ့ကဗျာတွေကို ရင်ထဲထိအောင်စပ်နိုင်တယ်နော်

Anonymous at: September 5, 2013 at 2:20 AM said...

ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ့
ချစ်ခြင်းတရား
ခပ်ပါးပါးလေးသာကျန်နေတဲ့
အတွယ်အတာ
ရင်ထဲမှာတော့ အားလုံးဗလာဖြစ်နေပြီ ။

ဖတ်သွားပါတယ် မ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine