ဘ၀ နုနု နဲ့ ဘ၀ ကြမ်းကြမ်း
တွေ့နေတဲ့အခါ.....
သူက ကြမ်းနေတာလား 
ကိုယ်ကပဲ ကြမ်းနေတာလား
ကိုယ်ကနုနေတာလား 
သူကပဲနုနေတာလား
ကိုယ်တိုင်လဲအဖြေရှာနေဆဲ
မွှေးရနံ့ထုံပြီးလေပြေနုနုတောအုပ်ထဲ
ဘယ်အရာကိုမှ ဂယနဏ မသိနိုင်ခဲ့
ကြီးကျယ်တဲ့ အပြုံးတွေ
ကြီးကျယ်တဲ့ စကားလုံးတွ
ပျံသန်းလာတော့
စိတ်ဒွိဟ ဖြစ်မိသေးတယ်
လက်ဖ၀ါးနဲ့ လက်ဖမိုး
အမြင် ၂ ဖက်ကပဲ
အထင်တွေမှားစေခဲ့တာလား
ကိုယ်ကမည်းပြီး
သူကဖြူနေခဲ့ပြီ
ကျင့်သားရင့်နေတဲ့
မင်းအပြုံးတုနဲ့ အတ္တ တွေကိုတော့
ကျွန်မခွင့်လွှတ်နေတတ်ပြီလို့ပြောပါစေတော့ရှင်။
jasmine
 

 
 

 
 
 
 
 
.jpeg) 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
.jpg) 
.jpg) 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
12 comments:
တခါတလေ..မမကဗျာထဲကလိုပဲ.ကိုယ်ကပဲကြမ်းနေသလားလို့..
တွေးရခက်သေးတယ်...လက်ဖဝါးနဲ့လက်ဖမိုး..ကနဲ့ယလိုပေါ့မမရယ်...သူဘက်ကြည့်တော့ကကြီး ကိုယ့်ဘက်ကကြည့်တော့ယပက်လက်..အားလုံးကိုခွင့်လွှတ်စိတ်ထားတတ်ဖို့ပဲ..လေ့ကျင့်နေတယ်မမရယ်..
ကိုယ်ကမဲပြီး သူကဖြူနေခဲ့ပြီ။ ခုတော့ ကိုယ်ဖြူတုန်း သူက မဲပြန်ရော။
ဒီလိုပါပဲ။
လက်ဖ၀ါးနဲ့ လက်ဖမိုးဆိုတာ
မရောက်ဖြစ်တာ ကြာသွားတယ် ဂျက်ရေ...
ကဗျာလေး လှတာပဲ ... ဖြစ်ရိုးဖြစ်စဉ်လေးတွေကို ရှုထောင့်ပြောင်းပြီး ကြည့်ထားတာ သဘောကျတယ်...
ထုံးစံအတိုင်း သတ်ပုံလေးတွေ ပြင်ခဲ့ပါရစေဦး...
မွေးရနံ့ထုံ - မွှေးရနံ့ထုံ
ဂဂနန - ဂဃနဏ
ခွင့်လွတ် - ခွင့်လွှတ်
မမဂျက်ရေ...မရောက်တာကြာပေမဲ့သတိရလျှက်ပါနော်...ကဗျာတွေကိုလည်း..ခံစားသွားပါတယ်...ဆက်လက်လည်းမျှော်လင့်နေဆဲပါ..အစစအရာရာလည်းအဆင်ပြေပါစေနော်..
ဆရာ(ဦး)ဟန်ကြည်ကိုကျေးဇူးအများကြီးတင်လျှက်ပါ
ပြင်လိုက်ပြီဆရာရေ
အင်း.........
ဘ၀က ပေးတဲ့ အသိတရား
အတွေ့အကြုံ မျိုးတွေပေါ့လေ
ဒီလို ဖြတ်သန်းနေရင်း နဲ့ပဲ
ထုသားပေသားတွေ ကျလို့ နေပါပြီဗျာ ။
ကိုမင်းဧရာရဲ့ ကွန်မက်လေးဖတ်မိတာ တရားတွေကိုအရမ်းကြီးရနေသလိုပါပဲခံစားလိုက်ရတယ်
မကြီးရဲ့ ကဗျာလေးတွေက ဘယ်အချိန်ချိန် ဖတ်ဖတ်ရင်ထဲရောက်တယ်း)
ကဗျာလေးတွေ လာရောက်အားပေးသွားတယ် ဂျက်ရေ... ကဗျာလှလှလေးတွေ မဖတ်ရတာကြာပေါ့ ရှုထောင့်အမျိုးမျိုးကကြည့်ကြတာမို့ အမြင်ချင်းတော့ တူမယ်မထင်ဘူးပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အမရေးတဲ့ ကဗျာတွေကလှတော့ လူလဲလှမှာပဲလို့ တွေးမိတယ်။
တိတ်တခိုး လွမ်း လွမ်းနေရတာနဲ့
အိမ်မက်ဆိုးတဲ့ညတွေကလဲ များ များလာတယ်...း)
မာနမထားဘဲ ချစ်တတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ကြိုးဆိုတာမျိုးကလည်း တင်းလွန်းရင်ပြတ်၊ လျော့လွန်းရင်လည်း ပြတ်တတ်တာမျိုး မဟုတ်လား...
Post a Comment