Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***ပိတောက်ပန်း*** (ဇော်ဂျီ)

| Sunday, April 6, 2014
ဇော်ဂျီ
 
ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့
ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ် …။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာပင့်လေအဖြူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ် …။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င် ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင် မှန်းကာပါ့ သတိစွယ်
ရည်ရွယ်တော့ သလား …။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ …။


ဇော်ဂျီ 
 
ကျွန်မ ကျောင်းသူဘ၀ကဒီကဗျာလေးကိုရင်းနှီးခဲ့တာပါ
ရင်းနှီးမှုနဲ့အတူ...ဘယ်တော့အခါမှရိုးမသွားတဲ့
ကျွန်မရင်ထဲက ကဗျာတစ်ပိုဒ်ပါပဲ...
စာဖတ်သူများလဲဒီကဗျာကိုသိကြမှာပါ..
မေ့လဲမေ့နိုင်ပါတယ်...ဒါကြောင့်
အားလုံးအတွက်ပြန်လည်ခံစားရအောင်ဖော်ပြပေးတာပါရှင်။
 
Jasmine


4 comments:

{ Aunty Tint } at: April 7, 2014 at 7:32 PM said...

တီတင့်လဲ ဇော်ဂျီရဲ့ ကဗျာလေးတွေ ဖတ်ခဲ့ဘူးတယ် အားကျခဲ့တယ် သဘောကျတယ် ဒါပေမယ့် အခုချိန်ထိ ကဗျာကောင်းတစ်ပုဒ် မစပ်တတ်သေးဘူး ဂျက်ရေ။

မေတ္တာဖြင့်
တီတင့်

{ အမ်တီအန် } at: April 7, 2014 at 9:54 PM said...

နှစ်သက်ခဲ့ရတဲ့ ဆရာဇော်ဂျီရဲ့ ပိတောက်ကဗျာကောင်းလေးတစ်ပုဒ်။

{ blackroze } at: April 8, 2014 at 9:14 PM said...

သင်္ကြန်လည်းနီးပြီး ဂျက်စ်ရေ
သင်္ကြန်နဲ့ ပိတောက်တွဲရက်ပေါ့

Anonymous at: April 8, 2014 at 10:27 PM said...

ဆရာဇော်ဂျီ ကဗျာတွေကို ခံစားချက်တွေ မှိုင်းမိတဲ့ အခါတိုင်း ဖတ်, ဖတ်ဖြစ်တယ်၊
ဘယ်တော့မှ ရိုးမသွားခဲ့သလို တစ်ခါနဲ့တစ်ခါလဲ ရရှိလိုက်တဲ့ အသိက မတူညီခဲ့ဘူးလို့.....

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine