Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နတၳိ

| Friday, April 11, 2014
သေသေသပ်သပ် မရှိတဲ့
အပြုံးတွေ သုံးပြီး တဦးတယောက်က
နုတ်ဆက်ခြင်းကို တကယ်ပဲ မလိုလားခဲ့ဘူး။ ။

ပိပိရိရိ ရှိတဲ့ အကြည်လေးတချက်ပဲဖြစ်ဖြစ်
ရုတ်တရက် ရလိုက်တာကိုပဲ
ကျေနပ်နေရသူပါ ။

လျှောက်နေတဲ့ လမ်းတိုင်း
ပန်းခင်းတဲ့လမ်း မဟုတ်ခဲ့ပါလဲ
အပြုံးမပျက် အမုန်းမဖက်
ရွှင်ရွှင်ပြပြ ဘ၀င်ကျကျ နေတတ်ခဲ့တယ် ။

နှလုံးသားကိုဖွင့်
အပြုံးတံခါးကိုဖွင့်
ရှိသမျှ ပုံအော သွန်ချ
အကုန်ကျဆုံးတော့မှ ငါ
ကဗျာတပုဒ် ရလိုက်တယ် ။

အဝေးဆုံးတနေရာကို ရောက်နေတဲ့
ဟောင်းသွားပြီးတဲ့ အိပ်မက် တချို့
အပြာရင့်ရင့် ဖြစ်သွားခဲ့တဲ့ မျော်လင့်ချက်သေးသေးလေးအတွက်
ဝမ်းနဲခြင်းတွေ ရေလှိုင်းအလား ၀င်ရောက်လာခဲ့ပြီ ။

ပျော်ရွှင်မှုအသေးစားလေးအတွက်
အပင်ပျိုးနေတုန်း
သောကဆိုတဲ့ မုန်တိုင်း အသော့နှင်လာခဲ့ပြီ
အဓိပ္ပါယ်ရှိရှိ နေဖို့အတွက်
ရင်ဘတ်ထဲမှာ သဗွတ်အူလို အမှိုက်များ
ရှိမနေသင့်တာ သိပေမဲ့လဲ
သူတပါးခိုက်အောင် ရေလိုက်ငါးလိုက်
အကြိုက်ဆောင် မနေတတ်ခဲ့တာ
ငါ့ အမှား ။
 
အိမ်မက်ထဲကနေ
အရာများစွာကိုဖမ်းဆုပ်ကိုင်နိုင်ခဲ့ပြီး
မိုးလင်းရောက်တော့ လက်ထဲမှာ
ဗလာ  နတ္ထိ- ဘာမှ တကယ်မရှိတာ သိလိုက်ရတယ် ။
 
 
jasmine
 
 


7 comments:

{ ညောင်ညိုရိပ် } at: April 11, 2014 at 11:57 PM said...

Good poem

{ ညောင်ညိုရိပ် } at: April 11, 2014 at 11:58 PM said...

Good poem

{ Crystal } at: April 12, 2014 at 8:55 AM said...

နတ္တိကို သုညလို့ ခံစား ရည်စူး ... ;)

{ witch83 } at: April 12, 2014 at 8:31 PM said...

အားလုံးရဲ့ အဆုံးသတ်မှာတော့ ကဗျာတစ်ပုဒ် ရလိုက်တာပေါ့လေ..း)

Anonymous at: April 22, 2014 at 1:18 AM said...

ဖတ်ခဲ့ အမဂျက်စ်
မင်္ဂလာနှစ်သစ်လေးပါ.... :)

{ Unknown } at: April 23, 2014 at 4:08 AM said...

နှလုံးသားကိုဖွင့်
အပြုံးတံခါးကိုဖွင့်
ရှိသမျှ ပုံအော သွန်ချ
အကုန်ကျဆုံးတော့မှ ငါ
ကဗျာတပုဒ် ရလိုက်တယ် ။

မကြီးဂျက် မိသဲ ရောက်လာခဲ့ပါတယ်

{ FreeIdea } at: April 29, 2014 at 6:31 AM said...

" ပျော်ရွှင်မှုအသေးစားလေးအတွက်
အပင်ပျိုးနေတုန်း
သောကဆိုတဲ့ မုန်တိုင်း အသော့နှင်လာခဲ့ပြီ "
ဒီ အပိုဒ်လေးတော့ အရမ်းခိုက်တယ်ဗျာ .....
ရှုတ်ထွေးနေတဲ့ စိတ်တွေကို ဖြေဖျောက်နိုင်ဖို့
ကဗျာအိမ်ရိပ်ကို ခိုလှုံမိတဲ့အချိန်မှာဘဲ ဒီစာပိုဒ်လေးက
ဆီကြိုပြီး တရားချနေသလိုလိုပါ ....။

ကဗျာကောင်းများ ဆက်လက်မွေးဖွားပေးနိုင်ပါစေ ...။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine