မီးပျက်တဲ့ လကွယ်ည
အလွမ်းတွေ မြင်နေရတယ်
အနားသတ် ပြီးသွားခဲ့ပါပြီ
တခါလာလဲ ဒီ အစ ကိုပြန်ဆွဲထုပ်
တွယ်တာမှု အကုန်ပေးခဲ့လဲ
အပယ်ခံ လိုက်ရတဲ့အချိန်
ညဟာ မှောင်နေတယ်
ညဟာ တိတ်ဆိတ်နေတယ်
နေရာတိုင်း ခြောက်သွေ့နေတယ်
ရင်ဘတ်ထဲ မှာတော့ ရွဲရွဲစိုနေတယ်
နှလုံးသား က ကျလာတဲ့ မျက်ရည်တွေပေါ့ ။
အကြောက်ဆုံး ရာသီ
အချစ်ကိုတွေ့လိုက်ရပြီး
တပြိုင်နက် ဆုံးရှုံးလိုက်ရတဲ့ အချိန်ရာသီပေါ့
အကြောက်ဆုံး အချိန်
ချစ်သူရဲ့ နောက်ကျောကို
မိမိ ဆန္ဒမပါပဲ ကြည့်နေရတဲ့ အချိန် ။
ဘ၀ရဲ့ အစုတ်ပဲ့ ဆုံးအရသာလေးက
ဘာများလဲ လို့ မေးခံခဲ့ရရင်
အချစ် စစ်စစ် ကို လက်လွှတ် လိုက်ရတဲ့ အရသာ ပါပဲ ။
jasmine


10 comments:
ကဗျာကောင်းလေးတွေ အမြဲရေးတဲ့ ဂျက်ကို ချီးကျူးး
လေးစားမိပါတယ်. သတိတရ လာသွားတယ်
ချစ်ခင်လျက်
သဒ္ဓါ
မ ရယ်ကဗျာလေးကိုဖတ်ပြီတမျိုးမျိုး
ခံစားမိတယ်..မ ကိုနိပ်စက်သူရှိရင်ပြောနော်
လက်တီးစာကျွေးပစ်လိုက်မယ်
သတိတရ ရောက်ခဲ့တယ် အမဂျက်
ကဗျာလေး.. လာ.. ဖတ်သွားပါသည်။
btw, စုတ်ပဲ့တာ က တဝင်းပူအသတ် sis ( Ref; http://myanmarwords.pikay.org/2008/12/sa-lone.html#salone39)
ညီမလေးရေ-----ပြင်လိုက်ပါပြီ အမှားကိုမြင်ပြီး ပြင်ပေးခဲ့လို့ကျေးဇူးပါ
ဘ၀ရဲ့ အစုတ်ပဲ့ ဆုံးအရသာလေးက
ဘာများလဲ လို့ မေးခံခဲ့ရရင်
အချစ် စစ်စစ် ကို လက်လွှတ် လိုက်ရတဲ့ အရသာ ပါပဲ ဆိုတဲ့အရသာကို လက်ရှိကိုခံစားနေရလို့ ပါ
ဘ၀ရဲ့ အစုတ်ပဲ့ ဆုံးအရသာလေးက
ဘာများလဲ လို့ မေးခံခဲ့ရရင်
အချစ် စစ်စစ် ကို လက်လွှတ် လိုက်ရတဲ့ အရသာ ပါပဲ ဆိုတဲ့အရသာကို လက်ရှိကိုခံစားနေရလို့ ပါ
"ဘ၀ရဲ့ အစုတ်ပဲ့ ဆုံးအရသာလေးက
ဘာများလဲ လို့ မေးခံခဲ့ရရင်
အချစ် စစ်စစ် ကို လက်လွှတ် လိုက်ရတဲ့ အရသာ ပါပဲ ။" :)
ကွန်မင့်လေးတွေတင်တာ နောက်ကျသွားပါတယ် ဘလော့ထဲမ၀င်ဖြစ်ခဲ့လို့ပါရှင် -------အားပေးတဲ့ ကွန်မက်လေးတွေအတွက် ကျေးဇူးပါ
ဘ၀ရဲ့ အစုတ်ပဲ့ ဆုံးအရသာလေးက
ဘာများလဲ လို့ မေးခံခဲ့ရရင်
အချစ် စစ်စစ် ကို လက်လွှတ် လိုက်ရတဲ့ အရသာ ပါပဲ
ရင်ကိုထိရှသော ကဗျာလေးတစ်ပုဒ်ပါ
~ Kk ~
Post a Comment