Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အလွမ်း တချို့

| Tuesday, October 27, 2015
သံယောဇဉ်တွေ အဟုတ်တိုးပြီးပိုခဲ့လဲ
ပုတ်သိုးတဲ့ ယုယမှုတွေ ငါ ရခဲ့တယ်
ဖြူစင်တဲ့ ချစ်ချင်း တို့နေ၀င်ချိန်ရောက်ပြီ့လေ
ညဆိုတဲ့ မှောင်မိုက်ခြင်းနဲ့အတူ
နေရာအနှံ့ပြန့်ကျဲတဲ့ကြယ်တွေကလဲ
ကိုယ့်အပေါ်စိမ်းကားလွန်းနေတယ်။
 
ရုတ်တရက်တွေးမိလိုက်ပြီ
အယောင်ဆောင်မှုတွေ ကြီးစိုးတဲ့ကာလတခုပေါ့
ချစ်ခြင်းတွေကိုလဲ အပြောင်အပျက်လုပ်သူများနေတယ်
အိုမင်းတဲ့ အပြုံးတွေကို အသက်သွင်းဖို့
ကျွန်မကျိုးစားနေမိတယ်
အခါခါဖြန့်ကြည့်မိတယ်
တဖန်တရာပြန်ခေါက်သိမ်းမိတယ်
ဒီလိုနဲ့ အကြိမ်ကြိမ်
နောက်ကျောမလုံတဲ့ အလွမ်းတချို့
သိမ်းထားဆဲ ။    ။   ။
 


 
ကဗျာဟောင်းလေးကို နှစ်သက်စွာဖတ်ရင်း ပြန်လည်ပြင်ဆင်ရေးဖွဲ့လျှက်။
jasmine
 

4 comments:

{ 3rdthameetaw } at: October 31, 2015 at 2:06 AM said...

နောက်ကျော မလုံတဲ့ အလွမ်းတချို့တဲ့လား ဂျက်ရေ
စကားလုံးလေးတွေ ချစ်စရာကောင်းလိုက်တာ

{ စံပယ်ချို } at: November 1, 2015 at 6:09 PM said...

ဟုတ်တယ်သမီးတော်ရေ အလွမ်းတွေများတော့ ကျောဖက်ရော ရင်ဘတ်ထဲပါ အလွမ်းတွေပြည့်နေတတ်လို့

{ မိုးသူ(တောင်ကြီး) } at: November 9, 2015 at 6:11 PM said...

ရောက်ခဲ့ပြီ မကြီးဂျက်ရေ
လင့်လေးပြန်ယူသွားပါတယ်

ခင်ရပါတဲ့

မိုးသူ(တောင်ကြီး)

{ ကိုစိုင်းငယ်(​​တောင်​ကြီး) } at: January 12, 2016 at 3:21 PM said...

အလွမ်း တစ်ချို့.....

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine