ငယ်ငယ်ကနေခဲ့တဲ့ကျွန်မတို့အိမ်ရှေ့က စိန်ပန်းပြာပင်ကြီးပွင့်ချိန်ဆိုရင် အပြာရောင်လွင်ပြင်ကျယ်ကြီးအဖြစ်မြင်နေရတဲ့မြင်ကွင်း ဒီနေ့ထိမျက်စိထဲမြင်တုန်း အတွေးထဲမှာရှိနေတုန်း.
ကောက်ညင်းပေါင်းနဲ့အကြော်ဘယ်နားကဆိုင်ကောင်းတယ် တိုဖူးနွေးဘယ်ဆိုင်ကပိုကောင်းတယ် ငြင်းကြခုန်ကြနဲ့၊ တခါကတော့ တောင်ကြီးဟိုတည်မှာ ရှမ်းခေါက်ဆွဲစားဖြစ်ခဲ့တာမှတ်မှတ်ရရ...(စားလို့မကောင်းတဲ့အဖြစ်ကို) သတိတရရှိနေခဲ့ပြီးတို့၂ယောက်ရယ်မောခဲ့တဲ့ပုံရိပ်တွ ဝေေ၀၀ါးဝါးရှိနေခဲ့သေးတာကို
ထင်ထင်ရှားရှားမှတ်မိနေခဲ့အောင်ကိုမှတ်ဥာဏ်တွေကောင်းနေဆဲ၊ ကမ္ဘာကြီးရဲ့အနောက်ခြမ်းမှာသူနေပြီး အရှေ့ခြမ်းမှာကျွန်မနေပါတယ်။ သူ့ဖက်ကနေ၀င်ကိုယ့်ဖက်ကနေထွက် သူ့အရပ်မှာနွေရာသီ သစ်ပင်တွေအရိုးပြိုင်းပြိုင်းနဲ့နွေသရုပ်ပြနေခဲ့တာ၊ ကိုယ့်ဖက်မှာတော့ အဲဒီအချိန်ပတ်ဝန်းကျင်မြင်မြင်သမျှ
အကုန်လှတဲ့မြင်ကွင်း သူကလဲဒီကောင်းကင်အောက် ကိုယ်ကလဲဒီကောင်းကင်အောက် တို့၂ယောက်တပြိုင်တည်းဒီကောင်းကင်ကြီးကိုမော့ကြည့်မိမလားလို့တခါတလေတွေးမိသေးတယ်၊
မကြာခင် လှပလွန်းတဲ့ နွေဦးရာသီကိုရောက်ပါတော့မယ် .. သူရှိနေတဲ့နေရာမှာတော့ ပူလို့ တောင်တန်းကြီးငိုနေပြီတဲ့လေ... တွေ့ဖို့ခက်ခက် မြင်ဖို့ခက်ခက် လွမ်းတသက်သက်နဲ့
တမ်းတရင်းတမ်းတနေမိတာကိုက ကျွန်မရဲ့ အားနဲချက်များဖြစ်နေမလား ဘယ်တော့ပြန်ဆုံမလဲ
ဒီနှစ်လား နောက်နှစ်လား ဘယ်တော့လဲ ? မေးခွန်းတွေနဲ့ ချာချာလည်နေရပါပြီ ၊ အလွမ်းတွေကြီးလွန်းတော့ နှလုံးသားကမခံနိုင် ပေမဲ့ ဒီမြို့လေးက ကျွန်မကိုထုံဆေးထိုးပေးထားတယ်
ကျွန်မရဲ့ ထုံဆေးများနဲ့မြို့ လို့လဲတင်စားထားပြီးသားမို့ ခံနိုင်ရည်ရှိနေမှာပါချစ်သောသူငယ်ချင်းရေ။
jasmine
3 comments:
တချိန်ချိန်တော့ ကမ္ဘာ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမျက်နှာချင်းဆိုင်ပြုံးပြ လက်ဆွဲနှုတ်ဆက်နိုင်မှာပါ
ကျေးဇူးကေသီရေ
Post a Comment