Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

လက်ရှိ မြင်ကွင်း

| Monday, September 17, 2012
လပြည့်ညတွေ ကြည့်ခဲ့တဲ့ ငါ
အကြိမ်တစ်ရာ မကဘူး
နေ၀င်ချိန်တွေ ကြည့်တဲ့ နင်
အကြိမ်တစ်ရာ မကပါဘူး
အရာအားလုံး တူတူပါပဲ ။

အိပ်လဲမပေါက်ပါဘူး
ဖားတွေရဖို့အတွက်
သူ့ထက်ငါ အတင်းတိုးပြီးရင်းတိုး
ဒေါသတွေ ထိုးထိုးထောင်လောင်
လောဘတွေလဲ မရိုးနိုင်
မောဟတွေအုပ်ကာမိုးပြီး
အတ္တလှောင်ချိုင့်ထဲကနေ
ရုန်းမထွက်နိုင်တော့ပါ ။

အပူ အအေး မမျှတဲ့ ရာသီတွေ
အချို အခါး မမျှတဲ့ ဘ၀တွေ
အနိမ့် မမြင့် မတူ ညီတဲ့ ကံစီမံမှုတွေ
မျက်ကွယ်ပြုမရ ။

တခါတရံ အမှောင်ထု အားကောင်းတယ်
အမှောင်ကို အားထားပြီး
ရှာစားတဲ့သူတွေက
အမှောင်ထုထဲမှာ ပျော်သလိုနေကြပြီး
တခါတရံ လင်းအားကောင်းတယ် 
သူတို့ အလင်းရောင်ကိုမုန်းတီးကြပြီ ။

စုံလွန်းတဲ့ ဘ၀ရဲ့
ဇာတ်ခုံထဲ
လှတာ မမက်ခဲ့လဲ
တခါတရံ
ညစာတွေခက်လာသလို
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
ကာရံတွေမညီခဲ့ဘူးပေါ့ ။

(နေထိုင်ရာနေရာမှ မြင်ကွင်းတချို့ကိုအမှီပြုပြီးရေးသားခြင်းမျှသာ)
jasmine

26 comments:

{ တောက်ပကြယ်စင် } at: September 17, 2012 at 10:30 AM said...

ခွန်ပေါရန်းသီချင်းကို သွားသတိရတယ်။ ဘာတဲ့ "လှတာမက်ရင် ညစာခက်တတ်တယ်"တဲ့။ အခုတော့ လှတာ မမက်လည်း တစ်ခါတစ်ရံ ညစာခက်လာတယ်ပေါ့။

ဘ၀ဆိုတာ ဒီလိုပါပဲ စပါယ်ချိုရယ်။ အရောင်စုံလှတယ်။

{ ချစ်စံအိမ် } at: September 17, 2012 at 5:27 PM said...

ညစာတွေခက်လာသလို
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
ကာရံတွေမညီခဲ့ဘူးပေါ့ ။မမရေ ကဗျာလေးကအခုခေတ်နဲ့ အတော်လေးကိုအန်ဝင်နေတယ်

{ cho cho chit } at: September 17, 2012 at 6:27 PM said...

ကဗျာကောင်းလေး တစ်ပုဒ်ပါ မစံပယ်ရေ ...

{ Yoemyaykya } at: September 17, 2012 at 7:28 PM said...

ဟုတ်ပမမရေ ညစာတွေခက်လာလို့ ရိုးသားခြင်းအလံကိုင်နိုင်တဲ့သူတွေလဲ ရှားလာပြီ။

{ လရိပ်အိမ် } at: September 17, 2012 at 9:32 PM said...

ခုတလော လပြည့်ညတွေ သိပ်မကြည့်ဖြစ်ဘူး။
ညဘက် အိမ်ပြင်မထွက်လို့းP

{ လေပြေချို } at: September 17, 2012 at 10:39 PM said...

စုံလွန်းတဲ့ ဘ၀ရဲ့
ဇာတ်ခုံထဲ
လှတာ မမက်ခဲ့လဲ
တခါတရံ
ညစာတွေခက်လာသလို
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
ကာရံတွေမညီခဲ့ဘူးပေါ့ ။
မတည်မြဲတဲ့ လောကမှာ သံစဉ်တွေမလှတာလဲတခါတရံပါ။
ကာရံတွေမညီတာလဲ တခါတရံပါ။
ကဗျာလေး အားပေးသွားတယ်နော် မ..။

{ မြတ်နိုးသူ } at: September 17, 2012 at 11:15 PM said...

လောဘတွေလဲ မရိုးနိုင်
မောဟတွေအုပ်ကာမိုးပြီး
အတ္တလှောင်ချိုင့်ထဲကနေ
ရုန်းမထွက်နိုင်တော့ပါ
အားပေးသွားပါတယ်အမ

{ Unknown } at: September 17, 2012 at 11:18 PM said...

တခါတရံ
ညစာတွေခက်လာသလို
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ
လူ့ဘ၀မြင်ကွင်းတချို့ကိုရေးသားထားတာလေး
အားပေးသွားပါတယ်ခင်တဲ့အန်တီလေးမေခင်

{ ညီလင်းသစ် } at: September 18, 2012 at 12:25 AM said...

ရိုးသားခြင်း အလံဟာ တချိန်လုံးလိုလို လေတိုက်ခံရ စမြဲပါပဲ၊ ဒီအလံကို ကိုင်တဲ့အခါ လက်မြဲဖို့လိုတယ်လို့ တွေးတောမိသွားတယ် မစံပယ်...။

{ လောင်စာ } at: September 18, 2012 at 1:51 AM said...

ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ....

ကြိုက်မှကြိုက်
ခိုက်မှခိုက်....။

{ roseayemaung } at: September 18, 2012 at 3:35 AM said...

အော်....လောကကြီးရယ်..အနိစ္စ...ဒုခ..သုခ။
စံပယ်ကိုချစ်တနှင်းဆီ...

{ မိုးနတ်ကြယ်စင် } at: September 18, 2012 at 5:04 AM said...

မရေ..ကဗျာကောင်းလေးအားပေးခဲ့တယ်နော်..
ဟုတ်တယ်..မကဗျာက ခုခေတ်နဲ့အတော်တိုက်ဆိုင်နေတယ်..သြော်..တိုက်ဆိုင်ဆို လက်ရှိမြင်ကွင်းကိုး..:P
ခင်မင်နေတဲ့..မိုးနတ်

Anonymous at: September 18, 2012 at 6:23 AM said...

ရေးပြထားတာလေး လှတယ် မမ

~ Kk ~

{ မင်းအရိပ် } at: September 18, 2012 at 10:57 AM said...

ကဗျာလေး အရမ်းကောင်းတယ်နော်
စကားလုံးလေးတွေ ယူသွားတာများ ကြိုက်မှကြိုက် :)

အိပ်လဲမပေါက်ပါဘူး
ဖားတွေရဖို့အတွက်
သူ့ထက်ငါ အတင်းတိုးပြီးရင်းတိုး
ဒေါသတွေ ထိုးထိုးထောင်လောင်
လောဘတွေလဲ မရိုးနိုင်
မောဟတွေအုပ်ကာမိုးပြီး
အတ္တလှောင်ချိုင့်ထဲကနေ
ရုန်းမထွက်နိုင်တော့ပါ ။

{ မောင်ရေခဲ(အဝတ်နီ) } at: September 18, 2012 at 2:06 PM said...

မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး.....
ဒီအပိုဒ်လေးသဘောကျသဗျ
အတွေးလေးတွေလှပါပေရဲ့
ဆက်ကြိုးစားနော်
နော်ကတော့အိပ်လိုက်အုန်းမယ်
အဟစ်

Anonymous at: September 18, 2012 at 2:10 PM said...

ကောင်းပါရဲ့....ဒီစာပိုဒ်ကိုပိုကြိုက်ဖြစ်တယ်


မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး

အတွေးလေးတွေလှလို့
ဒီထက်ပိုရေးဖြစ်ပါစေနော်
(လက်ညောင်းအောင်လို့)
ဟီးးးးး

{ ညီရဲသစ် } at: September 18, 2012 at 7:16 PM said...

ဘဝတွေကိုက ခက်လာတော့လဲ... ညစာတွေလဲ ခက်လာရတာပေါ့ အစ်မရယ်...

{ အိပ်မက်ကောင်းကင် } at: September 18, 2012 at 10:41 PM said...

မျက်စိရှေ့မှာ မြင်တဲ့ မြင်ကွင်းတွေကိုကြည့်ပြီး
ကဗျားထုဆစ်လိုက်တာ တယ်ကောင်းပါလား
မမစံပယ်ချိုတို့က ကောင်းပြီးရင်းကောင်းနေပါလား
အားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

{ mstint } at: September 19, 2012 at 7:48 AM said...

အလုပ်များလို့ မရောက်တဲ့အတောအတွင်း အများကြီးထုဆစ်သွားတာပါလား ဂျက်ရေ။
ကဗျာတစ်ကြောင်းတောင် ဖြောင့်ဖြောင့်စင်းစင်း မစပ်တတ်သူတီတင့်အတွက်တော့ ဂျက်ရဲ့ ကဗျာလေးကို သံစဉ်မလှ ကာရံမညီဘူးလို့ မထင်မိဘူး အဓိပ္ပာယ်နက်နက်နဲ့အတူ ဖတ်လို့ကောင်းနေဆဲပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ စံပယ်ချို } at: September 19, 2012 at 9:42 PM said...
This comment has been removed by the author.
{ မိုးခါး } at: September 19, 2012 at 10:59 PM said...

ရိုးသားခြင်းဆိုတဲ့ တန်ဖိုးက တော်တော်လေး ကြီးတယ်နော် .. ဘ၀တွေ ကာရံလှဖို့ ဆုတောင်းဆဲ

ချစ်ခင်စွာ
မိုးခါး

{ နွေတေးရှင် (မင်းဧရာ) } at: September 20, 2012 at 7:29 AM said...

ရေချိန်မရှိတဲ့ ဘ၀ တွေအနားမှာ
ရိုးသားခြင်းတွေ လွင့်စင်သွားတာလည်း ကြာပါပြီ
မစံပယ်.......

ဝင့်ထယ်လိုမှု့အသွယ်သွယ်နဲ့
မသိသလို မျက်ကွယ်ပြုကြရင်း ပေါ့ဗျာ။

Anonymous at: September 20, 2012 at 11:27 AM said...

လပြည့်ညတွေ ကြည့်ခဲ့တဲ့ ငါ
အကြိမ်တစ်ရာ မကဘူး
နေ၀င်ချိန်တွေ ကြည့်တဲ့ နင်
အကြိမ်တစ်ရာ မကပါဘူး
အရာအားလုံး တူတူပါပဲ ။

{ မိုးသူ(တောင်ကြီး) } at: September 21, 2012 at 12:47 AM said...


တခါတရံ အမှောင်ထု အားကောင်းတယ်
အမှောင်ကို အားထားပြီး
ရှာစားတဲ့သူတွေက
အမှောင်ထုထဲမှာ ပျော်သလိုနေကြပြီး
တခါတရံ လင်းအားကောင်းတယ်
သူတို့ အလင်းရောင်ကိုမုန်းတီးကြပြီ

လှပတဲ့ကဗျာလေးကို သေသေချာချာဖတ်သွားပါတယ်

ဆက်လက်ထုဆစ်နိုင်ပါစေ မကြီးဂျက်ရေ ....

{ kiim } at: September 21, 2012 at 7:42 AM said...

စုံလွန်းတဲ့ ဘ၀ရဲ့
ဇာတ်ခုံထဲ
လှတာ မမက်ခဲ့လဲ
တခါတရံ
ညစာတွေခက်လာသလို
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
ကာရံတွေမညီခဲ့ဘူးပေါ့ ။
အရမ်းကောင်းတယ်...း)

{ မောင်ရေခဲ(အဝတ်နီ) } at: September 21, 2012 at 1:27 PM said...

မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
......
ဒီစာကြောင်းလေးသဘောကျတယ်
ဒါပေမယ့်
ကာရံတွေမည်ီခဲ့ဘူးဆိုတာကြီးက
ဖတ်ရင်းဖတ်ရင်းနဲ့ပိုနေသလိုခံစားရတယ်
အပိုစကားလုံးမျိုးကြီးပေါ့အယ်လိုဖြစ်လာတယ်ဗျ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine