Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အချစ်သည် တခါတရံ ပင်ပန်းတတ်၏

| Thursday, September 13, 2012
တွယ်တာမှုတွေ အပြည့်အ၀နဲ့
ရင်မှာ နွယ်ခဲ့ရတာပါ
သံယောဇဉ်တွေ ပုံအောပြီး
ယုံကြည်ခြင်းတွေကို
လည်ဆွဲလုပ်လို့ပေါ့
မင်း   အပြုံးတွေ
ခပ်ကျဲကျဲရှိနေပေမယ့်လဲ
ငါ့  မှာတော့
သဲကြီး မဲကြီးရွာချနေတဲ့
အချစ်မိုးတွေ

မထင်ခဲ့ပါဘူးကွယ်
ရှင်သန်နေတဲ့ အကြင်နာ
နွယ်ယှက်တွေ
အမြစ်က ဖြတ်ခံရမယ်လို့
ခုတော့လဲ
တစိမ်းပြင်ပြင်
သစ္စာတရားတွေ ချနင်းခံရလဲ
လည်စင်းပေးနေဦးမယ်
တောင်ကြီးရဲ့ ဖ၀ါးအောက်မှာ
လမ်းစတွေ မပျောက်စေပဲ
ချစ်ရသူကို
မျှော်ကာစောင့်နေပါ့မယ်

အချစ် စစ်စစ်တွေအတွက်
ရင်မှာ ဒဏ်ရာဖြစ်လဲ
အမာရွတ်ကျန်သည်အထိ
သေချာ ဂရုစိုက်သိမ်ထားကာနေပါ့မယ်
ချစ်ရသူရဲ့  ဝေးနေတဲ့ 
နှုတ်ခမ်း လွမ်းပြီးရင်းလွမ်းနဲ့
အက်ကွဲနေတဲ့ မျှော်လင့်ချက်တွေ
နာနာ ကျင်ကျင် ဖြစ်နေရပြီး
ပြွတ်သိပ်နေတဲ့ 
သံယောဇဉ်တွေက
အဝေးကို ထွက်သွားဖို့
နောက်ပြန်ဆွဲနေလေရဲ့

ကမ္ဘာကြီး မောပန်းနေတာလား
လူတွေ နွမ်းနယ်နေကြတာလား
ငါ့  နှလုံးသားတွေကတော့
ချစ်သူကို ချစ်ရတာ
အနားမရလို့
သေမတတ် ပင်ပန်းနေပြီကွယ် ။

jasmine

24 comments:

{ တောက်ပကြယ်စင် } at: September 13, 2012 at 4:32 AM said...

သဲကြီးမဲကြီး ရွာချနေတဲ့ အချစ်မိုးတွေပေါ့ စပါယ်ရေ။

{ လေပြေချို } at: September 13, 2012 at 4:35 AM said...

ကမ္ဘာကြီး မောပန်းနေတာလား
လူတွေ နွမ်းနယ်နေကြတာလား
ငါ့ နှလုံးသားတွေကတော့
ချစ်သူကို ချစ်ရတာ
အနားမရလို့
သေမတတ် ပင်ပန်းနေပြီကွယ် ။

အဲ့လောက်တောင်ပဲချစ်တက်တာလား မရယ်..
ဘာပဲဖြစ်ဖြစ် ဦးဆုံးမန့်ရလို့ ပျော်တယ်..
ပျော်ရွှင်ပါစေနော်.
ခင်တဲ့
လေပြေ

{ 3rdthameetaw } at: September 13, 2012 at 5:10 AM said...

မထင်ခဲ့ပါဘူးကွယ်
ရှင်သန်နေတဲ့ အကြင်နာ
နွယ်ယှက်တွေ
အမြစ်က ဖြတ်ခံရမယ်လို့

အဲ့နားလေးက သမီးတော်ရင်ထဲကို
ထိတယ်ကွာ

{ မိုးနတ်ကြယ်စင် } at: September 13, 2012 at 5:22 AM said...

နောက်ဆုံးပိုဒ်လေးကြိုက်တယ်မရေ...
ဆက်လက်ထုဆစ်နိုင်ပါစေ..
ခင်မင်နေတဲ့...မိုးနတ်

{ မိုးသူ(တောင်ကြီး) } at: September 13, 2012 at 5:56 AM said...

ကမ္ဘာကြီး မောပန်းနေတာလား
လူတွေ နွမ်းနယ်နေကြတာလား

မကြီးဂျက် ကဗျာလေးက ရေလည်လန်းတယ်ဗျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ ဆောင်းနှင်းရွက် } at: September 13, 2012 at 6:07 AM said...

ငါ့ နှလုံးသားတွေကတော့
ချစ်သူကို ချစ်ရတာ
အနားမရလို့
သေမတတ် ပင်ပန်းနေပြီကွယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

{ AH } at: September 13, 2012 at 7:11 AM said...

အရမ်းကြိုက်တယ်.. ကဗျာလေး အရမ်းကောင်းတယ် မဂျက်စ်...

{ kiim } at: September 13, 2012 at 7:56 AM said...

ကဗျာလာဖတ်သွားပါတယ်...
တွယ်တာမှုတွေ အပြည့်အ၀နဲ့
ရင်မှာ နွယ်ခဲ့ရတာပါ
သံယောဇဉ်တွေ ပုံအောပြီး
ယုံကြည်ခြင်းတွေကို
လည်ဆွဲလုပ်လို့ပေါ့
မင်း အပြုံးတွေ
ခပ်ကျဲကျဲရှိနေပေမယ့်လဲ
ငါ့ မှာတော့
သဲကြီး မဲကြီးရွာချနေတဲ့
အချစ်မိုးတွေ........း)

{ ချစ်စံအိမ် } at: September 13, 2012 at 9:23 AM said...

ကမ္ဘာကြီး မောပန်းနေတာလား
လူတွေ နွမ်းနယ်နေကြတာလား
ငါ့ နှလုံးသားတွေကတော့
ချစ်သူကို ချစ်ရတာ
အနားမရလို့
သေမတတ် ပင်ပန်းနေပြီကွယ် ။ထိတယ်..မမရေ

Anonymous at: September 13, 2012 at 7:19 PM said...

အဲလိုပဲ ရွာရွာချနေမိတယ် မမရေ

~ Kk ~

{ cho cho chit } at: September 13, 2012 at 8:30 PM said...

မစံပယ် ရေ ...
ခံစားပေးသွားတယ်နော် ..

{ cho cho chit } at: September 13, 2012 at 8:34 PM said...

မစံပယ် ရေ ..

အမြဲတမ်းအားပေးလျှာက်ပါနော်

{ Yoemyaykya } at: September 13, 2012 at 9:55 PM said...

အက်ကွဲနေတဲ့ မျှော်လင့်ချက်တွေ
နာနာ ကျင်ကျင် ဖြစ်နေရတယ်။
နောက်ဆုတ်ဖို့ ကြိုးစားပေမယ့် ခြေလှမ်းတွေက ရှေ့ရောက်ရောက်သွားတာခက်တာပဲ။ ဆက်လျှောက်ရင်းနဲ့ ငါတကယ်နာကျင်နေရတယ်

{ အိပ်မက်ကောင်းကင် } at: September 13, 2012 at 11:16 PM said...

ပင်ပန်းနေတဲ့ အချိန်ရေလေးသောက်လိုက်ပါ ဟဲ
ကဗျာလေးကလည်းကောင်းပြီးရင်းကောင်း
ရေးတိုင်းလည်း မကုန်နိုင်တာ ကဗျာဆရာမဂျီးဂျက်က
တော်တော်လက်စွမ်းထက်တာကိုး ^_^
အားပေးသွားပါတယ်
ခင်တဲ့(အိမ်မက်ကောင်းကင်)

{ ညီလင်းသစ် } at: September 14, 2012 at 12:12 AM said...

မစဲတဲ့ ဒီမိုးတွေအောက်မှာ နှလုံးသားတွေ မောပန်း နေပြီပေါ့...၊း) ကဗျာလေး ဖတ်သွားတယ် မစံပယ်ရေ..။

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: September 14, 2012 at 1:50 AM said...

မရောက်တာလည်းကြာပြီအမရာ..
ကဗျာတွေလည်းဖတ်ဖို့အကြွေးတင်နေတယ်..
ဒီနေ့တော့ဒီကဗျာပဲဖတ်သွားပါတယ်..
နေကောင်းလားအမ..
နောက်မှကဗျာတွေလာဖတ်ဦးမယ်..
ကဗျာကရိုးရိုးလေးပေးမယ့်ရင်ထဲရောက်တဲ့ကဗျာလေးပါပဲအမ...

{ မိုးခါး } at: September 14, 2012 at 2:39 AM said...

တခါတရံ၌ အချစ်သည် ....

တခါတရံမို့ပဲ တော်ပါတော့တယ် မဂျက်ရယ်
အမြဲတမ်းသာဆိုလို့ကတော့

{ roseayemaung } at: September 14, 2012 at 4:41 AM said...

တောင်ကြီးရဲ့ ဖ၀ါးအောက်မှာ
လမ်းစတွေ မပျောက်စေပဲ
ချစ်ရသူကို
မျှော်ကာစောင့်နေပါ့မယ်
...မစံပယ်..၇ယ်.၇င်ထဲတော်ဘယ်လိုဖစ်သွားလဲမသိဘူးကဗျာလေးကိုဖတ်ပြီးသနားလိုက်တာလေ...။

{ 8Yar } at: September 14, 2012 at 6:28 PM said...

ကောင်းလိုက်တဲ့ ကဗျာလေး မဂျီးဂျက်ရေ။ ဖတ်ခွင့်ရလို့ ကျေးဇူးပါ။ အိမ်လေးကလဲ အရမ်းလှတယ်။ မရောက်တာကြာလို့ Sorry ပါခင်ဗျာ။

{ mymother } at: September 15, 2012 at 5:05 AM said...

"အချစ် စစ်စစ်တွေအတွက်
ရင်မှာ ဒဏ်ရာဖြစ်လဲ
အမာရွတ်ကျန်သည်အထိ
သေချာ ဂရုစိုက်သိမ်ထားကာနေပါ့မယ်"

အရမ်းကြိုက်ပါတယ်--ကဗျာဆိုတာ ခံစားချက်တို့ရဲ့ တံခါးပေါက်လို့ကြားဖူးတယ်

{ မြတ်နိုးသူ } at: September 16, 2012 at 1:25 AM said...

ကမ္ဘာကြီး မောပန်းနေတာလား
လူတွေ နွမ်းနယ်နေကြတာလား
ငါ့ နှလုံးသားတွေကတော့
ချစ်သူကို ချစ်ရတာ
အနားမရလို့
သေမတတ် ပင်ပန်းနေပြီကွယ် ။
အရမ်းချစ်တော့လည်းနဲနဲတော့အပင်ပန်းခံရမှာပေါ့နောအမအားပေးသွားပါတယ်

{ Unknown } at: September 16, 2012 at 4:04 AM said...

ချစ်သူကိုချစ်ရတာအနားမရလို.
ပမ်းနေပြီလားစံပယ်လေးရေ
အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

{ မောင်သီဟ } at: September 16, 2012 at 9:35 AM said...

အချစ်ကိုအချစ်လို့ ခံစားတတ်တဲ့အချိန်ကစပြီး
ကိုယ့်အချစ်က တပါးသူအတွက် အပိုဖြစ်နေရင် အချစ်ဟာပင်ပန်းတတ်သတဲ့လေ
း)

အပိုဖြစ်နေလို့ ကိုယ့်အချစ်ကို ကိုယ့်ချစ်တဲ့သူကိုမပေးတော့ပဲ ကိုယ့်ကိုချစ်တဲ့သူဆီ မျှဝေလိုက်ရတယ်း)း)

{ နွေတေးရှင် (မင်းဧရာ) } at: September 20, 2012 at 7:33 AM said...

ကိုဘကြိုင် ပြောသွားသလိုပါဘဲဗျာ
အချစ်ဆိုတာ ယူချင်တိုင်း ယူလို့မရသလို
ပေးချင်းတိုင်း ပေးခွင့်မရှိတဲ့ အရာလေ

အရာအားလုံးကတော့ ရီဝေေ၀ပါဘဲ မစံပယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine