Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

(ထွက်သွားပေးပါ အမုန်းများ) ရင်တွင်းစာ ***

0
| Friday, March 25, 2011
အကောင်းမြင်နဲ့ အဆိုးမြင် ဘယ်အမြင်ပိုကောင်းလဲ....
အချစ်နဲ့ အမုန်း ဘယ်ဟာက ကောင်းတာလဲ....
ကြွေကျ မြေခ သစ်ရွက်နဲ့ အပင်ပေါ်က စိမ်းစိမ်းစို သစ်ရွက်
ဘယ် အရွက်က ပိုလှသလဲ......
အိပ်မပျော်ည အိပ်ပျော်ည....
ဘယ်ညက အရသာ ရှိလဲ...
အချစ်နဲ့ အမုန်း..ဘယ်အရာက သိမ်းထားဖို့ကောင်းတာလဲ...
အဝေးဆုံး နဲ့ အနီးဆုံး...ဘာကိုလိုချင်ပါသလဲ.....
သစ္စာတရား နဲ့ လိမ်ညာခြင်း....ဘယ်အရာကိုရွှေးမှာလဲ....
တိတ်ဆိတ်ခြင်း နဲ့ ဆူညံခြင်း ဘယ်သင်း က ပိုမှာလဲ.......
သစ္စာ........ အကြင်နာ.......မြတ်နိုးခြင်း.......ယုံကြည်ခြင်း....များစွာနဲ့
ငါလာခဲ့တာပါ......
“ဥပေက္ခာ” ဆိုတာကိုရင်ထဲ မထားပါနဲ့ကွယ်........
(ထွက်သွားပေးပါ အမုန်းများ)

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။   

jasmine ရဲ့ ပေါက်ကရ အလွမ်း (ကိုယ်တိုင်ရေး) ရင်တွင်းစာ ***

လုံလောက်ပါပြီ......*****

2
| Wednesday, March 23, 2011
လွမ်းရမှာကြောက်လို့ ....အချစ်ဆိုတာ ဝေးဝေးရှောင်နေတာ။   
ပန်းနုရောင် ချယ်ရီ မခူးရဲပါဘူး.......
စိန်ပန်း ကြွေရင်တောင် တက်မနင်းခဲ့ပါဘူး...
ပန်းလေးနာကျင်မှာစိုးလို့ပါ။    
ဟစ်ဟော့တွေ ဘယ်လောက်ပဲပေါ်လာ လာ
ချစ်လူမိုက် ကငါ့ နှလုံးသားထဲ ရှင်သန်ဆဲပါနော်..
ချယ်ရီ ကိုသာပန်ပါကွယ်...ရင်ထဲမှာရှိဆဲ။

နွေရာသီ ကို မုန်းတာ အပြစ်လား.....
သစ်ရွက်ကခြောက်...ပန်းကပျောက်..
လေနီကကြမ်း...ရင်မှာလွမ်း...
အလွမ်းကိုမလိုချင်လို့.....နွေကိုမုန်းတာ မဟုတ်ဘူးနော်....
နွေနွေ...
မိုးမိုး.....
ဆောင်းဆောင်း  ....
အလွမ်းကတော့ အလွမ်းပါပဲ...မပြောင်းလဲဘူး။ 

မင်ရဲ့ငိုသံ ငါမကြားလိုက်ဘူး....ဘာကြောင့်လဲဆိုတော့...
ငါ့မျက်ရည်တွေကလည်း ငါတစ်ယောက်ထဲသုတ်လို့မနိုင် ဖြစ်နေလို့ပါ...

ငါ့ခံစားချက်တွေကိုလာပြီး...  မစွက်ဖက်နဲ့...
ကိုယ့်အထာနဲ့ ကိုယ်နေပါ... ဆုံးရှုံးခဲ့တာနှစ်ယေက်စလုံးလေ....
မင်းတစ်ယောက်ထဲ မဟုတ်ပါဘူး......
ခုချိန်မှာ မှားတယ် မှန်တယ် အဖြေမညှိနဲ့......
နှောင်းသွားပြီ.......
ဘ၀မှာ အများကြီးမလိုချင်ဘူး.......
အချစ်စစ်စစ် နဲ့ ချစ်သူရယ်.......ကိုယ့်ကိုမုန်းတဲ့ ရန်သူစစ်စစ်ရယ် ....  
လုံလောက်ပါပြီ......

 
အမြဲအားပေးနေတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်ရှင် ။


***အံ့သြဖွယ်ကောင်းပြီး ကမ္ဘာပေါ်တွင်ထင်ရှားသောရဲတိုက်များ***

1
| Monday, March 21, 2011

6. Château de Beynac


.

5. Mont Saint-Michel Castle



4. Neuschwanstein Castle




3. Matsumoto Castle



2. Castle Coca



1. Hunyad Castle





jasmine ၏ သူငယ်ချင်းအားလုံးအတွက် အင်တာနက်မှ ရှာရှာဖွေဖွေ
ဝင်ရောက်ကြည့်ပေးသော သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်..........

***တ၀ါးဝါး တဟားဟား ရယ်ကြရအောင်နော်*** (ဟာသချစ်သူများအတွက်)

0
|
***ဖွင့်ဆိုချက်***

မေး ။    ။ အရင်းရှင်စနစ်ဆိုတာဘာလဲ
ဖြေ ။    ။ ချမ်းသာမှုကို မမျှမတ ခွဲဝေပေးခြင်း

မေး ။     ။ ဆိုရှယ်လစ်စနစ်ဆိုတာဘာလဲ
ဖြေ ။     ။ ဆင်းရဲမှု ကို မမျှမတ ခွဲဝေပေးခြင်း


***ခွေးပျောက်ရှာ***

မေး ။      ။ ပျောက်သွားတဲ့ ကျွန်တော်ခွေးကို ရှာတွေ့ရင်, ရှာတွေ့တဲ့လူကို ယန်းငွေ တစ်ထောင်ပေးမယ်လို့
                 သတင်းစာမှာ ကျွန်တော် ကြော်ငြာထဲ့ခဲ့တယ်၊ သတင်းလေးဘာလေး မထူးဘူးလား။
ဖြေ ။      ။ လောလောဆယ် ကျွန်တော်လာမှ မြော့နိုင်ပါဘူး ၊ အယ်ဒီတာချုပ်ရော ၊ သတင်းထောက်တွေပါ
                တစ်ယောက်မှ မရှိဘူး ၊ လူကြီးမင်းရဲ့ခွေးကို အရှာထွက်နေကြတယ်။   ။


***ဒီဆရာဝန်ကို မကြိုက်ဘူး***

မိန်းမက ယောက်င်္ကျားကိုပြောသည်။
" မောင်၊ ဆရာဝန်ကပြောတယ်၊ ကမ္ဘာလှည့်ပြီး စိတ်ပြေလက်ပြောက် ခရီးသွားပါတဲ့ ၊
  အဲဒါဆိုရင်ခင့် ရောဂါသက်သာသွားမယ်တဲ့ ၊ ခင်တို့ဘယ်ကိုသွားကြမလဲဟင်"...
       " နောက်ဆရာဝန် တစ်ယောက်ဆီကို "


***အခြေအနေပြောင်သွားလို့***

" ခင်ဗျားဆင်တွေကိုလိုက်ဖမ်းတာကြာပြီလား"
" မကြာသေးပါဘူး ၊ ဒီကိုလာတုန်းက ငှက်တွေကိုဖမ်းဖို့ လာတာပဲ ၊
  ဒါပေမယ့် မျက်မှန်ကျပျောက်သွားလို့ပါ" ။


***ကြောက်တယ်ဆို***

" ကိုဟိုဒင်း ၊ ကျွန်မ ရှင့်ကို ကြောက်တယ်ရှင့်"
" ဘာဖြစ်လို့လဲ"
" ရှင် ကျွန်မ ကို အဓ္မကျင့်မှာစိုးတယ်"
" မဟုတ်တာ ခင်ဗျားက ငါးထပ်ပေါ်မှာ ကျုပ်ကလမ်းပေါ်မှာရှိတဲ့ဥစ္စာ"
 " ကျွန်မ ဆင်းလာမယ်လေ"


***ပြောကြတာပဲ***

" ဟဲလို .........ဌာန ကပါလား၊ ညွန်ချုပ်နဲ့စကားပြောပါရစေရှင် "
  " ညွန်ချုပ် မအားပါဘူးခင်ဗျား "
   " အခုဆက်တာ သူဇနီး လို့ြေ့ပာပါရှင့် "
   " အင်း ၊ အားလုံးဒီလိုပဲ ပြောကြတာပါပဲ ခင်ဗျ"


***ဆရာ့ဆီလာတဲ့ဖုန်း***

   အုပ်ချုပ်ရေးမှူး အခန်းထဲသို့ ရုံးအကူဝင်လာပြီး ပြောသည်။
"ဆရာ၊ ဆရာ့ဆီ တယ်လီဖုန်းလာတယ်ထင်တယ်"
" ဘာဖြစ်လို့( ထင်တယ်) လို့ပြောရတာလဲကွ"
"သြော် ကျွန်တော် တယ်လီဖုန်းကိုကောက်ကိုင်လိုက်တော့ တစ်ဖက်က (ဟေ့ကောင်စုတ်၊မင်းလား)
  ဆိုတဲ့ အသံကိုကြားလိုက်ရလို့ပါ၊"


***ကပ်လာစမ်းပါ***

" ခင်ဗျားခွေးဟာ သူ့ အနားအကပ်ခံ သလားဗျ"
"အကပ်ခံတာပေါ့ နို့မဟုတ်ရင် ခင်းဗျားကို သူဘယ်လို လုပ်ပြီး ကိုက်နိုင်မှာလဲဗျ"


မောင်ကောင်းထိုက်ရဲ့ဟာသများမှ
ဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်.....
jasmine


နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ***

0
|
ပူပြင်း တဲ့ နွေရာသီ ဒဏ်ကို ခံကြ ရသော ဒေသ များမှာ နေရ တဲ့ လူတွေ အဖို့ အပြင် ထွက်ရင် အမြဲ လိုလို ဦးထုပ် ဆောင်း ဖို့၊ ထီးယူဖို့ ကျင့်သား ရနေကြပါပြီ။ နေရောင်ခြည်ဒဏ် ကာကွယ်တဲ့အခါ တကယ့်ကို လိုအပ် တဲ့ အရာတွေမို့ ဘယ်သွား သွား ဘယ်လာလာ ထီးဟာ မပါမဖြစ် ပစ္စည်းဖြစ်လာပါတယ်။ နှစ်ပေါင်း များစွာ နေရောင်ခြည်ဒဏ်ခံရသည် ဖြစ်စေ၊ နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှု ပမာဏများ သည်ဖြစ်စေ အချိန်ကာလ ကြာလာတာနဲ့ အမျှ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့တဲ့ အရေပြားနေရာက မွေးညင်းပေါက် တွေဟာ ပိုကျယ်လာပြီး နေရောင်ခြည် ထဲက ခရမ်းလွန် ရောင်ခြည်က အရေ ပြားရှိ ကိုလေဂျင်အမျှင်များကို ဖြိုခွဲပစ် လိုက်ပါတယ်။ အဲဒီအခါ အရေပြားဟာ မြန်မြန်ပျော့တွဲကျလာပြီး ရောင်ခြယ် ပစ္စည်း (melain) တွေ ထွက်လာတဲ့ အတွက်အသားပိုမဲစေပါတယ်။ အစက် အပြောက်တွေ သိသိသာသာထွက် လာစေပါတယ်။
နေရောင်ခြည် ဒဏ်ကို ဘယ် လို ကာကွယ်မလဲ
နေရောင်ခြည် ဒဏ်ခံရတဲ့ နဖူး သို့ မဟုတ် ပါးပြင်ပေါ်မှာ အစက် အပြောက်အမဲ အစွန်း အထင်း လေးတွေ ဟိုတစ်စဒီတစ်စ ထွက်လာပြီဆိုရင် တော့ပျက်စီးနေတဲ့ အသားအရေကို ထိန်းသိမ်း ဖို့ လိုပါပြီ။ အပြင်မထွက်ခင် Sun Screen လေးတော့ လိမ်းပေး ရမှာပေါ့။ ဒါမှသာ အရေပြားမှာ နောက်ထပ် အစက်အပြောက်တွေ ထပ်ပေါ်မလာတော့ဘဲ အရင်ကရှိနေ တဲ့ အစက် အပြောက်လေးတွေလည်း တဖြည်းဖြည်းလျော့ကျ သက်သာ သွားမှာ ဖြစ်တယ်။ ဖြစ်နိုင် သမျှ အရေပြားကို ထိန်းသိမ်းကာကွယ် ပေးမှသာလျှင် အရွယ်မတိုင်မီ အိုမင်း ရင့်ရော် ခြင်းကို ကာကွယ်နိုင်သလို အိုမင်းခြင်းလုပ်ငန်းစဉ်ကို နှေးကွေးစေ အောင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ နေရောင်ခြည်ဒဏ်ကာကွယ်နိုင်တဲ့ Sun Block တွေလည်း ရှိပါတယ်။ မိမိကြိုက် နှစ်သက် ရာသုံးပေးနိုင်ပါတယ်။
နေကာမျက်မှန်ကလည်း အရေးကြီးပါတယ်
မျက်နှာ အသားအရေတွေ ခန္ဓာ ကိုယ်က အရေပြားတွေတင်မကပဲ မျက်စိတွေကလည်းလူတစ်ယောက် ရဲ့ မြင်ကွင်းကို ပေးစွမ်းတာမို့ အရေး ကြီးလှပါတယ်။ အလင်းပြန်တဲ့အခါ နေရောင်ခြည်ဟာ မျက်စိကို ဒုက္ခပေး နိုင်ပါတယ်။ ပင်လယ်ရေမျက်နှာ ပြင်နဲ့ အနီးကပ်ဆုံး ရှိကြတဲ့ တံငါ ရွာကလေးတွေ၊ ကမ်းခြေဒေသတွေ မှာ နေထိုင်သူဟာ နေရောင်ခြည်ဒဏ် ကြောင့် အတွင်းတိမ်ရောဂါ အဖြစ်များ တတ်ပါတယ်။ ဒါကြောင့် မျက်စိ အန္တရာယ် ကာကွယ်တာလည်းဖြစ်၊ လူကိုလည်း လှပပေါ့ပါးစေတဲ့ နေကာ မျက်မှန်လေး တပ်ဖို့တော့ မပျင်းသင့် ဘဲ တက်တက်ကြွကြွ ဦးစားပေး လှုံ့ဆော်သင့်ပါတယ်။
နေရောင်ခြည်ထိတွေ့မှုဒဏ် အခံရဆုံနေရာတွေကို သိပါသလား
လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ နေရောင်ခြည်ထိတွေ့မှုများတဲ့ နေရာတွေကတော့ မျက်နှာ၊ လည် ပင်း၊ လက်မောင်း၊ လက်ချောင်း၊ ခြေ ထောက်တွေပဲ ဖြစ်ပါတယ်။ မျက်နှာ တစ်ခုတည်းမှာတောင် ထိတွေ့မှု များတဲ့ နေရာတွေကတော့ နဖူး၊ နှာတံ၊ ပါးမို့မို့ နှစ်ဖက်၊ လည်ပင်း၊ ကုတ်သားရယ်၊ လည်ပင်းရှေ့ပိုင်း၊ ရင်ဘတ် အပေါ်ပိုင်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီနေရာအစိတ်အပိုင်းလေးတွေကို ဆယ်ကျော်သက်အရွယ်ကတည်းက ပိုမို သတိထားကာ အသားအရေကို ထိန်းသိမ်းပေးမယ်ဆိုရင် အရွယ်နှင့် မလိုက်အောင် နုပျိုစေနိုင်မှာ ဖြစ်ပါ တယ်။ငယ်စဉ်ကပင်အရေးအကြောင်း နှင့် အစက်အပြောက်များ ကင်းအောင် ထိန်းသိမ်းပြုပြင်နိုင်ခဲ့ခြင်းဟာ သို့မဟုတ် မိမိကိုယ် ကိုမိမိ ဂရုစိုက် ထိန်းသိမ်းနိုင်ခြင်းက သင့်အား ဆုလာဘ်အဖြစ် ရရှိခံစားစေမှာ ဖြစ်ပါတယ်။  
သဘာပတ်ဝန်းကျင်ကို လည်း ထိန်းသိမ်းကြရမှာ လူသားတိုင်းတာဝန်ပါ
ရာသီဥတုတွေ ဖောက်လွဲဖောက် ပြန် ဖြစ်ပျက်နေတာကို နေ့စဉ် တီဗီ သို့မဟုတ် သတင်းစာ၊ဂျာနယ်မဂ္ဂဇင်း စသည်တို့မှာ တွေ့မြင်နေကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝ ပတ် ၀န်းကျင်ကို စိုပြည်စိမ်းလန်းအောင်နှင့် သန့်ရှင်းစင်ကြယ်အောင်စောင့်ရှောက် ပေးခြင်းဖြင့် ရာသီဥတုကို ကောင်း မွန်လာအောင် ကူညီအားပေးသင့် ပါတယ်။ ထို့အတူပဲ ရာသီဥတု ကောင်းမွန်ပါက လူ့ကျန်းမာရေးကို ကောင်းမွန်စေသလို ပျော်ရွှင်ချမ်းမြေ့ တဲ့ ဘ၀တွေ ပိုင်ဆိုင်စေပြီး လူကို စိတ်ပျိုကိုယ်နုစေတဲ့ အကျိုးရလဒ်ကို ရရှိစေမှာ မလွဲပါ။
 သူငယ်ချင်းအားလုံး ကိုကျေးဇူးတင်ပါတယ်ရှင်။  ။
jasmine 

ဂျပ်စတင် ဘီဘာ၏ ဖယောင်း ရုပ်ထု စတင်ပြသ

1
| Sunday, March 20, 2011
ဂျပ်စတင် ဘီဘာ၏ ဖယောင်း ရုပ်ထု စတင်ပြသ

ကမ္ဘာအရပ်ရပ်ရှိ ဖယောင်း ပြတိုက်များတွင် နယ်ပယ်အသီးသီးမှ ကျော်ကြားသူတို့၏ ရုပ်ထုများကို ပြုလုပ် ပြသလေ့ရှိရာ မတ်မတ်ရပ်ကာ လက်နှစ်ဘက်ကို ဘောင်းဘီအိပ်ထဲ ထည့်ထားသော ကိုယ်ဟန်ဖြင့် ၁၇ နှစ်အရွယ် ကနေဒီယံ လူငယ်အဆိုတော် ဂျပ်စတင် ဘီဘာ၏ ဖယောင်း ရုပ်ထုကို အမေရိကန် ပြည်ထောင်စု နယူယောက်မြို့တော်ရှိ Madame Tussauds ဖယောင်းပြတိုက်တွင် ထားရှိပြီ ဖြစ်သည်။
ဂျပ်စတင် ဘီဘာ၏ ဖယောင်း ရုပ်ထုမှာ နောက်ထပ် ပုံစံတူ ရုပ်ထုနှစ်ခု တစ်ပြိုင်နက်တည်း ပြုလုပ်ထားပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်နှင့် နယ်သာလန်နိုင်ငံ အမ်စတာဒမ် မြို့တော်များရှိ Madame Tussauds ဖယောင်းပြတိုက်များတွင်လည်း ပြသမည်ဖြစ်ကြောင်း သိရသည်။
bieber wax figure jpg
bieber wax figure1 jpg
bieber wax figure2 jpg
bieber wax figure3 jpg
bieber wax figure4 jpg
bieber wax figure5 jpg
bieber wax figure6 jpg

| PatheinCity News မှဖော်ပြပါသည်။
ဝင်ရောက်ကြည့်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်.......

*ကမ္ဘာပေါ်တွင် အံ့သြဖွယ် ကောင်းလောက်အောင် လှပပြီး ထူးဆန်းသောရေကူးကန်များ*

0
|

1. The Joule Hotel, Dallas, the USA

 


2. The Neptune Pool, Hearst Castle. California, the USA




3. The Icebergs, Sydney. Australia




4. The Badeschiff, Berlin, Germany




5. The Pimalai Resort swimming pool, Koh Lanta, Thailand




6. Skypark swimming pool, Marina Bay Sands, Singapore



***ကမ္ဘာပေါ်တွင် အံ့သြဖွယ် ကောင်းလောက်အောင် လှပပြီး ထူးဆန်းသောရေကူးကန်များ
 ကို jasmine
သူငယ်ချင်းများအတွက်***
အင်တာနက်မှ /ရှာရှာဖွေဖွေ

အာရု၏ အစိမ်းလန်းဆုံးမြို့တော် (စင်ကာပူ)

0
| Saturday, March 19, 2011
စင်ကာပူ မြို့ကို အာရှ တိုက် အတွင်း သဘာဝ ပတ်ဝန်း ကျင် စိမ်းလန်း စိုပြည်ရေး ထိန်းသိမ်း မှု
အကောင်း ဆုံး အစိမ်းရောင် မြို့တော် အဖြစ် သတ်မှတ် လိုက်ကြောင်း သိရ ပါတယ်။ သတ်
မှတ် ပေးတဲ့ အဖွဲ့အစည်းကတော့ အီလက် ထရောနစ်ပစ္စည်းများနှင့် ပတ်သက်၍ အလွန်ကြီး
မားသော ကုမ္ပဏီကြီးဖြစ် သည့် Siemen မှ အကုန်ကျခံကာ Econnomist Intelligence Unit
(EIU) မှ ပြုလုပ်သော လေ့လာမှု အရ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။


လွန် ခဲ့သော လအနည်းငယ်ခန့်ကစတင် ပြီး EIU ဟာ အာရှတိုက်အတွင်းရှိ မြို့ကြီး ၂၂ မြို့၏
သဘာဝပတ်ဝန်း ကျင်ဆိုင်ရာနှင့် ရာသီဥတုဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ် သက်၍
ရည်ရွယ်ချက်များ၊ အောင် မြင်မှုများကို ခွဲခြမ်းစိတ်ဖြာ လေ့လာ ခဲ့ပါတယ်။

ထိုနိုင်ငံများအထဲမှ စင်ကာပူနိုင်ငံဟာ ၎င်းရည်မှန်းထား သော ပတ်ဝန်းကျင်ဆိုင်ရာ ပန်းတိုင် များ၊ ပန်းတိုင်ကို ရရှိဖြစ်မြောက်စေရန် ထိရောက်သောချဉ်းကပ်နည်းများ ကြောင့် အစိမ်းရောင် အဖြစ်ဆုံးမြို့ အဖြစ် ပိုမိုပေါ်လွင်လာခဲ့ပါတယ်။ (အခြားမြို့တွေက သဘာဝ ပတ် ၀န်းကျင် ထိန်းသိမ်းမှု လုပ်ငန်းများကို မပြုလုပ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါ ဘူး။) အခြားသော အာရှတိုက် အတွင်းရှိ မြို့ တော်များတွင်လည်း ပတ်ဝန်းကျင်ဆိုင် ရာ သတိရှိမှုများနှင့် ရာသီဥတု ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်း ညွှန်ကြားချက် (guldellne) များက အရေးပါတဲ့ အခန်းကဏ္ဍအဖြစ် ရှိနေပါတယ်။
ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွင် ကဏ္ဍရှစ်ခုခွဲကာ တိုင်းတာခဲ့တာ ဖြစ် ပါတယ်။ (၁) စွမ်းအင်နှင့် ကာဗွန်ဒိုင် အောက်ဆိုဒ်၊ (၂) မြေကြီးအသုံးပြုနှုန်း နှင့် အဆောက်အဦများ၊ (၃) သယ်ယူ ပို့ဆောင်ရေး၊ (၄) စွန့်ပစ်ပစ္စည်းများ၊ (၅) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံ ခန့်ခွဲမှုတိုဖြင့် အာရှပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးမြို့တော်စံညွှန်း Aslan Green City Index စံညွှန်း အရ လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ စင်ကာပူမြို့ဟာ စွမ်းအင်လျော့ ကျရေးနည်းဗျူဟာရှိတဲ့အတွက် Index မှာ အမှတ်ပြည့်ရရှိခဲ့ပါတယ်။
နိုင်ငံအတွင်းရှိ အစိမ်းရောင်နေရာများ ကို ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ မကောင်း ကျိုးဘေးဒဏ်မှ ကာကွယ်နိုင်ခြင်း၊ မြို့ ပြ၏ ပြန့်ကျဲမှုများကို ထိန်းသိမ်းထား နိုင်ခြင်းစတဲ့ ၎င်းရဲ့ ကြံ့ခိုင်သော မူဝါဒ အတွက် ပျမ်းမျှထက် ပိုမိုကောင်းမွန် တယ်လို့ သတ်မှတ်ခံရပါတယ်။

ဒါ့အပြင် ၎င်းရဲ့ ကျယ်ပြန့်သော ပြည်သူ လူထုသယ်ယူပို့ဆောင်ရေး ကွန်ရက် ဟာ 0.21 km/square kilometer ပမာဏ ရှိတဲ့အတွက်ကြောင့် အခြား မြို့များရဲ့ ပျမ်းမျှစံချိန် 0.17km/ square kilometer ထက် ပိုမို ကောင်းမွန်နေပါတယ်။ မြို့တော် အတွင်းရှိ ပြည်သူလူထုများ အမှိုက် စွန့်ပစ်သည့်နှုန်းဟာ သတ်မှတ်ထားတဲ့ ပမာဏထက် လျော့နည်းနေတာ တွေ့ရှိရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်များက စွန့်ပစ်ပစ္စည်းများ ကို လိုက်လံစုဆောင်းကြပြီး ဖယ်ရှား ရှင်းလင်းပေးကြတာ ဖြစ်ပါတယ်။
ကုန်းမြေ ရှားပါးသော ကျွန်းနိုင် ငံတစ်ခုတွင် လူဦးရေ ငါးသန်းခန့် နေထိုင်ကြသော်လည်း စင်ကာပူနိုင်ငံ ၏ မြို့ပြနေရာဒေသများတွင် သစ်ပင် ချုံပင်များဖြင့် အလှဆင်ထားပြီး ဥယျာဉ်ပန်းခြံကို ထိန်းသိမ်းစောင့် ရှောက်ထားနိုင်ပါတယ်။ ယခုလေ့လာ မှုအရ စင်ကာပူနိုင်ငံတွင် လူတစ် ယောက်အတွက် အစိမ်းရောင်နယ်မြေ ၆၆ စတုရန်းမီတာရှိပါတယ်။ ကျန်မြို့ များရဲ့ ပျမ်းမျှနှုန်းဟာ ၃၉ စတုရန်း မီတာ ဖြစ်တယ်။ စင်ကာပူအစိုးရကလည်း ၂၀၂၀ ခုနှစ်မှစ၍ မနက်ပိုင်း အချိန်များတွင် ပြည်သူလူထု လမ်းပန်းသွားလာရေး နေရာများ လူကူးမီးပွိုင့်များ (human traffic) ၇၀ ရာခိုင်နှုန်းခန့် ရရှိရန် ရည်မှန်းကာ အစီအစဉ်များ ဆွဲပြီး အကောင်အထည် ဖော်လျက် ရှိပါတယ်။
ဒါပေမယ့် လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ စင်ကာပူမြို့အပါအ၀င် အာရှတိုက်အတွင်းရှိ မြို့တော်များတွင် လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ကြီး (WHO) က သတ် မှတ်ထားသော စံညွှန်းထက် မြင့်မား နေသေးကြောင်း သိရပါတယ်။ အာရှပတ်ဝန်းကျင်စိမ်းလန်းစို ပြည်ရေး မြို့တော်စံညွှန်းဟာ ခံနိုင်ရည်ရှိသော အခြေခံပေါ်မူတည်ပြီး မြို့တော်၏ အခြေခံအဆောက်အအုံ ကျယ်ပြန့်စေရန် လုပ်ဆောင်ရာတွင် ထောက်ပံ့ပေးပါတယ်။
အာရှ၏ အလား အလာရှိသော မြို့ပြစင်တာများကို ကျန်းမာသော ဖွံ့ဖြိုးတိုးတက်မှု အရှိန် အဟုန်နှင့်အတူ ဘ၀အရည်အသွေး မြှင့်တင်ရန် ရည်ရွယ်ပါတယ်လို့ Managing Bord of Siemens AG အဖွဲ့ဝင် ဖြစ်သူ Barbara Kussက ပြော ကြားခဲ့ပါတယ်။

*ကမ္ဘာပေါ်တွင် အလှပဆုံးကမ်းခြေများ*

1
| Friday, March 18, 2011

1. Poipu Beach, Kauai, Hawaii




2. Whitehaven beach, Australia




3. Tulum Beach, Mexico




4. Horseshoe Bay Bermuda




5. Maldives




6. Anguilla




7. Fernando De Noronha, Brazil




ဝင်ရောက်ကြည့်ပေးသော သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်........
လှပသော ကမ်းခြေ များကို အင်တာနက် မှ ရှာရှာဖွေဖွေ ဖော်ပြပါသည်......
jasmine

“ပြည်သူ့ပိုက်ဆံကို ဝေမျှသုံးကြတာလေ” (တွေးတွေးပြီးရယ်)

0
|
     ( ၁)အမေရိကန်တွင် ကလင်တန် သမ္မတဖြစ်စဉ်က ဟာသဖြစ်သည်။

ကလင်တန် လက်ထက်တွင် သူ အဆိုတင်သွင်းမှု အတော်များများ ငြင်းပယ်ခံနေရသဖြင့် ပြည်သူလူထု လိုလားချက်ကို စုံစမ်းရန် ဆုံးဖြတ်ပြီး အတော်ဆုံး စုံထောက်တစ်ယောက် ခေါ်ပေးရန် အိမ်ဖြူတော်အရာရှိကို တာဝန်ပေးလိုက်သည်။ အရာရှိက အရှေ့အလယ်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသော အတော်ဆုံး စုံထောက်ကို ခေါ်ယူပြီး သမ္မတနှင့်တွေ့ဆုံပေးသည်။

ကလင်တန် - “မင်းကို ငါ့အရာရှိကတော့ အတော်ဆုံးလို့ ပြောတာပဲ။ ငါကတော့ မယုံနိုင်သေးဘူး။ ဒီတော့ နိုင်ငံအနှံ့သွားပြီး ငါ့ရုံးခန်းမှာ ဘာအပြောင်းအလဲ ဖြစ်တာကို မြင်ချင်ကြသလဲ စုံစမ်းပေတော့”

စုံထောက် - “ဟုတ်ကဲ့ပါ သမ္မတကြီး”

လေးလခန့်ကြာသောအခါ စုံထောက်ပြန်ရောက်လာပြီး ကလင်တန်ကို ဝင်တွေ့သည်။

ကလင်တန် - “ဘယ်လိုလဲဟေ့။ စုံစမ်းရခဲ့ပြီလား။ ပြည်သူတွေ ဘာလိုလားနေတယ်တဲ့လဲ”

စုံထောက်က တစုံတရာ မပြောဘဲ ကလင်တန်ကို သေနတ်ဖြင့် ထုတ်ပစ်လိုက်လေသည်။   



       ( ၂)ဒတ်ခ်ျ (ဟော်လန်) လူမျိုးနှင့် အမေရိကန်တို့ နိုင်ငံတော် အလံအကြောင်း ပြောနေကြသည်။

အမေရိကန် - ခင်ဗျားတို့ရဲ့ အနီ၊ အဖြူ၊ အပြာ သုံးရောင်ချယ် အလံရဲ့ အဓိပ္ပာယ်က ဘာလဲဗျ။

ဒတ်ခ်ျ - အော် ဒါက နိုင်ငံတော်ရဲ့ အခွန်အခနဲ့ ပြည်သူတွေကို ကိုယ်စားပြုတယ်လေ။ အခွန်အခတွေ အကြောင်းပြောကြတဲ့အခါ ကျုပ်တို့ မျက်နှာတွေ နီလာကြရော။ ဆောင်ရမယ့် အခွန်နှုန်းကို သိရတဲ့အခါ မျက်ဖြူဆိုက်ချင်လာတယ်။ အဲ... တကယ်တန်းဆောင်ရရော ပြာကျပြီသာမှတ်ပေတော့။

အမေရိကန် - ဒါဆို ကျုပ်တို့နဲ့ တူတူပဲပေါ့။ ကျုပ်တို့သာတာကတော့ ကြယ်တွေပါမြင်ယောင်မိတယ်ဗျာ။ 


         ( ၃)အထွေထွေ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ရောက်လာသောစစ်သားကို အရာရှိကဘာကြောင့် တပ်ထဲဝင်လာသနည်းဟုမေးရာ စစ်သားက ရိုးရိုးသားသားဖြေရန် ဆုံးဖြတ်လိုက်သည်။

၁)အချက်အနေနဲ့ အမိနိုင်ငံတော်ကို ကျွန်တော်ကာကွယ်လိုတယ်
၂)အချက်အနေနဲ့ စစ်မှုထမ်းချင်းအားဖြင့် ယောက်ျားပီသလာမယ်
၃)အချက် ကျွန်တော်သဘောတူလား ဘယ်သူမှ မမေးဘူး...  




          ( ၄)တပ်ကြပ်ကြီးသည် တပ်စုတစ်စုကို မိုင်၂၀ ခရီးပြေးခိုင်းသည်။
၁၀ မိုင်ကျော်လာသောအခါ ရှေ့ဆက်မပြေးနိုင်တော့ကြောင်း တပ်သားများ ငြီးငြူလာကြသည်။

ထိုအခါ တပ်ကြပ်ကြီးက “တပ်စုရပ်၊ တန်းစီ၊ ရှေ့ဆက်မပြေးနိုင်တဲ့ရဲဘော် ရှေ့ကို ခြေလှမ်းသုံးလှမ်းတိုး” ဟုပြောရာ မောင်မြမှလွဲပြီး အားလုံးရှေ့ကိုတိုးလိုက်ကြသည်။

ဤတွင် တပ်ကြပ်ကြီးက “ရဲဘော်မောင်မြ တကယ့်စစ်သားဆိုတာ ဒီလိုမှပေါ့ကွ၊ မင်းတစ်ယောက်ပဲဆက်ပြေးနိုင်တယ်။ အားလုံးသူ့ကိုအတုယူကြ” ဟုပြောရာ မောင်မြပြန်ဖြေလိုက်ပုံက “ဘာဆက်ပြေးနိုင်တဲ့လူဟုတ်လား၊ ရှေ့ကိုတောင်ခြေသုံးလှမ်း လှမ်းဖို့အားမရှိတော့လို့ပါတပ်ကြပ်ကြီးရယ်” 




           ( ၅)“ဒီမိုကရက်တစ်တွေနဲ့ ဆိုရှယ်လစ်တွေမှာ ဘုံတူတဲ့ အချက်တစ်ခုရှိတယ်ဗျ”

“ဘာများလဲ”

“ပြည်သူ့ပိုက်ဆံကို ဝေမျှသုံးကြတာလေ” 



Forward mail မှ

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။     ။

လှလှပပ ဒီဇိုင်း အမျိုးမျိုးနှင့် စားချင်စရာ ဂျပန် ဘန်တို(Bento) များ (၂)

0
| Wednesday, March 16, 2011
လှလှပပ ဒီဇိုင်း အမျိုးမျိုးနှင့် စားချင်စရာ ဂျပန် ဘန်တို(Bento) များ (၂)
ဂျပန်လူမျိုးတို့သည် အလှအပနှင့် ဒီဇိုင်းထွင်သည့်နေရာတွင် နာမည်ကြီးသော လူမျိုးဖြစ်သည်။ 
စားစရာများကို မစားရက်စရာဖြစ်လောက်အောင် လှလှပပ ပုံစံအမျိုးမျိုး ပြုလုပ်ကြသော ဂျပန်လူမျိုးတို့၏ 
လက်ရာများတွင် ဘန်တို(Bento) နေလည်စာ ဘူးများသည်လည်း အပါအဝင် ဖြစ်သည်။

ဂျပန် စားစရာများတွင် လူကြိုက်များသော နေ့လည်စာ တစ်မျိုးဖြစ်သည့် ဘန်တို(Bento)ဘူး တစ်ခုသည် 
ပုံမှန်အားဖြင့် ထမင်း နှင့် ငါး သို့မဟုတ် အသား ပါဝင်ကာ ချက်ပြုတ်ထားသော အခြားအသီး 
အရွက်များလည်း ပါဝင်သည်။ ထိုစားစရာကို ဗူးပုံစံ ခွက်ထဲသို့ ထည့်၍ ယူဆောင် စားသောက်လေ့ရှိပြီး 
များသောအာဖြင့် လက်မှု ထွက်ကုန် တစ်မျိုးဖြစ်သော ဂျပန်ယွန်းဘူးများနှင့် ထည့်လေ့ရှိသည်။

ဂျပန် အိမ်ရှင်မများသည်လည်း ၎င်းတို့၏ ခင်ပွန်းသည်နှင့် သားသမီးများအား အတွက် ဘန်တို နေ့လည်စာ ဘူးများကို အချိန်ပေးကာ ဂရုတစိုက် ပြင်ဆင်ပေးခြင်းသည် ၎င်းတို့၏ ချစ်ခြင်း မေတ္တာကို ပြသသည့် သင်္ကေတတစ်ခု ဖြစ်သည်။
ယနေ့ခေတ်တွင် နေ့လည်စာ ဘန်တို ဘူးများကို ဂျပန်နိုင်ငံတွင် စားသောက်ဆိုင်များ၊ ကုန်တိုက်များ၊ ဘန်တိုဆိုင်များ စသော နေရာ တော်တော်များများတွင် အလွယ်တကူ ဝယ်ယူနိုင်ပြီး ပိုမိုပေါ့ပါးသော ထုတ်ပိုးမှု ပုံစံနှင့် စားချင်စဖွယ် ဒီဇိုင်းပုံစံ အမျိုးမျိုး တွင်ကာ ရောင်းချလာကြသည်။ များသောအားဖြင့် ဂျပန်ကာတွန်း ဇတ်ကောင် အမျိုးမျိုး၏ ပုံများ ၊ ကစားစရာ အရုပ်များ၊ တိရိစ္ဆာရုပ်များ စသည်ဖြင့် ဘန်တိုပုံစံ အမျိုးမျိုးကို တွေ့ရသည်။ ထိုသို့သော ဘန်တိုမျိုးကို  kyaraben သို့မဟုတ် “ရုပ်စုံ ဘန်တို” ဟုခေါ်ဆိုကြသည်။
လှလှပပ ဒီဇိုင်း အမျိုးမျိုးနှင့် စားချင်စရာ ဂျပန် ရုပ်စုံ ဘန်တို(Bento) များ အမှတ် (၂)ကို jasmine ပရိသတ်များ ခံစားကြည့်နိုင်ရန် ဖော်ပြလိုက်ပါသည်။
food to go 1 jpg
food to go 2 jpg
food to go 3 jpg
food to go 4 jpg
food to go 5 jpg
food to go 6 jpg
food to go 7 jpg
food to go 8 jpg
food to go 9 jpg
food to go jpg
japanese food 1 jpg
japanese food 10 jpg
japanese food 2 jpg
japanese food 3 jpg
japanese food 4 jpg
japanese food 5 jpg
japanese food 6 jpg
japanese food 7 jpg
japanese food 8 jpg
japanese food 9 jpg
japanese food jpg
japanese takeout 2 jpg
japanese takeout jpg  


ဝင်ရောက်ကြည့်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်  ။    ။    ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine